← Chapters

ဟွမ်ရှစ်၏ ဒဏ္ဍာရီ

Vol. 17 Ch. 252

ဟွမ်ရှစ်၏ ဒဏ္ဍာရီ

Vol. 17 Ch. 252

အခန်း (၂၅၂) : ဟွမ်ရှစ်၏ ဒဏ္ဍာရီ

ဖန်ချန်း စစ်နတ်ဘုရား စင်မြင့်ပေါ်တွင် စိတ်လွတ်နေသည့်ပုံစံဖြင့် ထိုင်နေသည်။

သုံးမိနစ်…

ဘာလို့ အဲလောက်ထိတောင် မြန်နေရတာလဲ

သုံးမိနစ်တိုက်ပွဲဟု မခေါ်နိုင်ဘဲ ထိုငရှုပ်လေးမှ ဖန်ချန်းကို ခေါင်းမှ အဖုထွက်လာသည်အထိ တစ်ဖက်သတ် ရိုက်နှက်သွားသော တိုက်ပွဲ ဖြစ်နေသည်။

လေးထောင့်စည်းတံဆိပ်ဖြင့် ဖန်ချန်း၏ နောက်စေ့ကို ရိုက်လိုက်သည့်အချိန်တွင် သူ့ နတ်ဘုရားအသိစိတ်ကို ဒီထက်ပိုပြီး အသုံးပြုလို့ မရနိုင်တော့ဘူးဟု ဖန်ချန်း ခံစားလိုက်ရသည်။

သူ့ မျက်စိရှေ့ကမြင်ကွင်း ဝါးတားတား ဖြစ်သွားကာ နားလည်း အူသွားသည်။

ထို လေးထောင့်စည်းတံဆိပ်က ကျင့်ကြံသူများ၏ ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းရှိသည့်အတွက် အရမ်းထူးခြားကြောင်း သေချာသည်။

လေးထောင့်စည်းတံဆိပ်ဖြင့် အရိုက်ခံရပြီးနောက် ဖန်ချန်း အခွင့်သာသည်များ ပျောက်ဆုံးသွားကာ ထိုငရှုပ်လေး၏ သုံးမိနစ်အကြာ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။

အဆုံးတွင် ကြင်နာတတ်သော မျှော်နန်းဆောင် ဝိညာဉ်မလေးက ဖန်ချန်း အန္တရာယ်ကျနေတာကို မကြည့်နိုင်တော့ဘဲ စမ်းသပ်ချက်ကို ရပ်တန့်ကာ ဖန်ချန်း၏ နာကျင်မှုကို အဆုံးသတ်ပေးလိုက်သည်။

သို့သော် ဖန်ချန်း၏ ခေါင်းပေါ်တွင် ယောင်နေသော အဖုများ ကျန်ရှိနေခဲ့သည်။

သူသာ ဘုန်းကြီးဝတ်ရုံ ဝတ်ဆင်ထားပါက သူ့ကို ကောင်းကင်ဘုံမှ ဗုဒ္ဓဟု ပြောလျှင်ပင် ယုံကြည်ကြလိမ့်မည်။

“ ရက်စက်တဲ့ ငရှုပ်လေးပဲ။ သူက ဘယ်သူလဲ”

ဖန်ချန်းက အံကြိတ်ညည်းတွားရင်း ခေါင်းကို ဆေးထည့်နေသည်။

စစ်နတ်ဘုရား မျှော်နန်းဆောင်က သူ့ကို တစ်ကြိမ် ကုသပေးပြီးပြီဖြစ်သည့်အတွက် ထပ်ပြီး ကုသမှုခံယူလိုပါက ကုန်ကျစရိတ်ကို ပေးရတော့မည် ဖြစ်၏။ စမ်းသပ်ချက်ကို ဖြတ်ကျော်ရန် အရေးကြီးသည့်အတွက် ထိုကဲ့သို့သော အရေးမပါသည့် ဒဏ်ရာအတွက် စစ်နတ်ဘုရားအမှတ်များကို ဖြန်းတီးမပစ်သင့်ဘူးဟု ဖန်ချန်း သတ်မှတ်ထားသည်။

မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံ ထွက်ပေါ်လာသည်

“ ပါရမီရှင်ငယ်လေး မင်းရဲ့ညာဖက်မှာရှိတဲ့ ကျောက်ပြားကို ဘာလို့ မကြည့်ရတာလဲ”

ထိုအခါမှ ဖန်ချန်းက သူ့ညာဘက်တွင်ရှိသော စစ်နတ်ဘုရားကျောက်ပြားကို သတိထားမိသွားသည်။

ကျောက်ပြားပေါ်မှ နာမည်တစ်ချို့ကို ဖန်ချန်း ယခင်ကတည်းက ကြားဖူးပြီးပြီ ဖြစ်သည်။

“၁… ဟွမ်ရှစ် ကြယ်ခြောက်ပွင့် ပါရမီရှင်။ ၂… ပေချန်းရွှမ် ကြယ်ငါးပွင့်ပါရမီရှင်။ ၃… ယောင်ယုရှီး ကြယ်ငါးပွင့် ပါရမီရှင်။ ၄… ချူးလုံဟယ် ကြယ်ငါးပွင့်ပါရမီရှင်”

“ ၁၀…ခုံမုန့် ကြယ်ငါးပွင့် ပါရမီရှင်”

“ ၁၁…ယဲ့မီထန်း ကြယ်ငါးပွင့်ပါရမီရှင်”

ဖန်ချန်းက စစ်နတ်ဘုရားကျောက်ပြားကို ပထမဆုံးမှ အောက်ဆုံး အယောက်တစ်ရာမြောက်အထိ သေချာကြည့်ရှုပြီးသွားသည်။

“ ကျွန်တော် ကြည့်ပြီး သွားပြီ နောက်တော့ရော…လူကို ဘာလို့ တန်းလန်း ထားထားရတာလဲ မေးနေတယ်လေ”

ခဏနေပါဦး…

ဖန်ချန်း တစ်စုံတစ်ခုကို သတိရသွားပြီး စစ်နတ်ဘုရားကျောက်ပြားပေါ်ရှိ အမြင့်ဆုံးအဆင့် နာမည်ကို အလျင်အမြန်ကြည့်လိုက်သည်။

ဟွမ်ရှစ်တဲ့လား

အဲဒီငရှုပ်လေးက ဟွမ်ရှစ်ငယ်ငယ်တုန်းကပေါ့

ဟွမ်ရှစ် ငယ်ငယ်လေးနဲ့ တိုက်ခိုက်ပြီး သင်ယူခွင့်ရတာကို ဂုဏ်ယူတာလား

ငါသာ တခြားသူတွေကို ပြောမယ်ဆိုရင် ပါရမီရှင်တွေ တော်တော်များများက ငါ့ကို အားကျလိမ့်မယ်။ တန်တယ်…စစ်နတ်ဘုရားအမှတ်တစ်ထောင် ဆုံးရှုံးရတာတောင် ထိုက်တန်တယ်

ဟွမ်ရှစ်က ပါရမီရှင်ငယ်များထဲတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည့်အတွက် ဖန်ချန်း စိတ်မကောင်းဖြစ်တာမျိုး မရှိတော့ပေ။

ဟွမ်ရှစ်က လွန်ခဲ့သော နှစ်ပေါင်း ၈ ထောင်တုန်းက မိစ္ဆာဝိညာဉ်များ ရှုံးနိမ့်ပြီး ပြန်ဆုတ်သွားရသည့်အချိန်တုန်းက မွေးဖွားခဲ့ခြင်း ဖြစ်သည်။ နယ်မြေငါးခုနှင့် လွင်ပြင်ရှစ်ခုလည်း ဒုက္ခရောက်ပြီး အန္တရာယ်ရှိနေသော အချိန် ဖြစ်သည်။

ထိုအချိန်တုန်းက စွမ်းအားကြီးသော မိစ္ဆာဝိညာဉ်များက နယ်မြေငါးခု၏ နေရာတိုင်းလိုလိုတွင် ပုန်းအောင်းနေခဲ့ပြီး ကျင့်ကြံသူအများစုကလည်း မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ကျန်ရစ်သူများအဖြစ် ဟန်ဆောင်ပြီး မကောင်းမှုကို ကျူးလွန်ကြသည်။

ထို့အပြင် ဂိုဏ်းအများစုက သူတို့၏ အရင်းအမြစ်များကို အသုံးပြုလိုက်သည့်အတွက် မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိုက်ခိုက်ပြီး အရေအတွက်လည်း လျော့နည်းလာခဲ့သည်။

မိစ္ဆာဝိညာဉ်ဂိုဏ်း ရှုံးနိမ့်သွားတော့ ဂိုဏ်းတွေက အကျိုးအမြတ်ရဖို့ စတင်တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ဂိုဏ်းအများစု ပျက်စီးသွားခဲ့ရသည်။

နယ်မြေငါးခုလုံးလည်း ရှုပ်ထွေးသွားခဲ့ရသည်။

ထိုရှုပ်ထွေးနေသည့် ကာလတွင် ရေတွက်လို့ရသည့် ပြိုင်ဘက်ကင်း ပါရမီရှင်များ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တုန်းက ဟွမ်ရှစ်သည်လည်း ပြိုင်ဘက်ကင်း ဖြစ်တည်မှုမျိုး ဖြစ်သည်။

သူက မဟာကန္တာရရှိ သာမန်မျိုးနွယ်မှ မွေးဖွားလာခဲ့သည်။ ကျောက်တုံးလူသား တစ်ယောက်အနေဖြင့် မကောင်းသောနိမိတ်ဟု သတ်မှတ်ခံရကာ မြေကြီးပေါ်သို့ ပစ်ချခံခဲ့ရသည်။

အဆုံးသတ်တွင် ကျောက်တုံးမျက်နှာပြင် ကွဲအက်သွားကာ အထဲမှ ကလေးတစ်ယောက် ထွက်ပေါ်လာသည်။ ကလေးက အရမ်းလှပြီး ဖြူစင်သည်။ သူက ငိုလည်းမငိုခဲ့သလို ဒေါသလည်း မထွက်ခဲ့ဘဲ အရမ်းချစ်ဖို့ကောင်းနေခဲ့သည်။

မျိုးနွယ်စုဝင်များကို ထိတ်လန့်စေခဲ့သည်က ကလေး၏ လည်ပင်းတွင် ဆွဲထားသော ခိုဥအရွယ်လောက်ရှိသည့် ကြေးတံဆိပ်တစ်ခု ဖြစ်သည်။

ကလေး ပြုံးလိုက်သည့်အခါ ကြေးတံဆိပ်မှ ရွှေရောင်အလင်းတန်းဖြင့် တောက်ပလာပြီး အင်မတန် ဆန်းကြယ်လှသည်။

ကျောက်တုံးလူသား တစ်ယောက်ဖြစ်ပြီး ရတနာကလည်း သူနှင့် အတူ တွဲနေသည့်အတွက် ဆန်းကြယ်ပြီး ပြိုင်ဘက်ကင်းဖို့အတွက် ကံကြမ္မာ ဖန်လာခဲ့သည်။

ဟွမ်ရှစ် မွေးဖွားလာသော မျိုးနွယ်စုက အပြင်လောကနှင့် အရမ်းဝေးကွာပြီး အဆက်အသွယ် ပြတ်နေသည်။

ထို့ကြောင့် သူ့မွေးဖွားမှုက ဘယ်လောက်ပင် ဆန်းကြယ်နေပါစေ အပြင်လောကမှ အာရုံစိုက်မှုကို မရရှိခဲ့ပေ။

ဟွမ်ရှစ် အသက်အရွယ်ရလာသည့်အခါ သူက သာမန်လူများနှင့်မတူ ခြားနားလာသည်။

တစ်နှစ်အရွယ်တွင် ပေါ့ပါးစွာ လမ်းလျှောက်နိုင်ပြီး လူကြီးများပင် အခက်တွေ့သော ကျောက်တုံးကြီးများကိုပင် သယ်ဆောင်နိုင်ခဲ့သည်။

သူ သုံးနှစ်အရွယ်တွင် နို့မပြတ်သေးသော်လည်း သူ့မိခင်တွင် ဆက်လက် တိုက်ကျွေးစရာ နို့ရည်ကုန်ခမ်းသွားသည်။ ထို့ကြောင့် ဟွမ်ရှစ်က တောတောင်များထဲသို့ သွားကာ ကျား၊ ဝံပုလွေ စသည်တို့၏ နို့ရည်ကို လိုက်လံရှာဖွေခဲ့သည်။

မဟာကန္တာရ သားရဲများမှာ အင်မတန်ကြောက်ဖို့ကောင်းပြီး ရက်စက်ကြသည်။ နေနှင့်လ၏ အဆီအနှစ်ကို စုပ်ယူကာ နတ်ဆိုးသားရဲ ဖြစ်လာနိုင်သည့် သားရဲမျိုး မရှားချေ။

ထိုအချိန်တွင် ၃နှစ်အရွယ် ဟွမ်ရှစ်က ကျားမနှင့် ကျားသစ်များကို ရိုက်နှက်ပြီး အောင်နိုင်ခဲ့သည်။

သူက ကျားမများနှင့် ကျားသစ်မများ၏ ရင်သားကို ဖက်တွယ်ရင်း နို့အာဟာရဓာတ် ဖြည့်တင်းတော့သည်။

ထိုအချိန်တွင် ဟွမ်ရှစ်က ထိုသားရဲများ၏ အသက်ရှူပညာရပ်နှင့် ပတ်သက်ပြီး အထိအတွေ့ ရှိလာခဲ့သည်။

သာမန်လူတစ်ယောက်အတွက် ကျင့်ကြံရေး လမ်းကြောင်းကို လိုက်နေစဉ် ချီစွမ်းအားကို အာရုံခံဖို့ ခက်ခဲသော်လည်း ဤလောကတွင် အရည်အချင်းရှိသော ပါရမီရှင်များ မရှားပေ။

ဟွမ်ရှစ်က သားရဲများ၏ အသက်ရှူ ပညာရပ်ပေါ် မှီခိုရင်း စတင်ကျင့်ကြံခဲ့သည်။

ကြီးမြတ်သောလွင်ပြင်မှ ထွက်သွားပြီးနောက် ဂိုဏ်းအမျိုးမျိုးထဲ ဝင်ခဲ့ပြီး ဆန်းကြယ်နယ်ပယ်အဆင့်တွင် မရေတွက်နိုင်သော စစ်ဆေးမှုများကို ကြုံတွေ့ခဲ့သည်။

ဒုက္ခများသော အချိန်များနှင့် ပြိုင်ဘက်ကင်း အရည်အချင်းရှိသူ တစ်ယောက်ဖြစ်သည့်အတွက် တခြားသူများ ဟွမ်ရှစ်ကို လိုချင်စိတ်ပြင်းပြမှာ သေချာသည်။ လမ်းတစ်လျှောက်တွင် အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံခဲ့ရပြီး လူဆိုးများက သူ့ကို လိုချင်ခဲ့သည့်အတွက် တခြားသူများက အသက်ကို စတေးကာ သူ့ကို ကယ်ခဲ့ပြီး သူ့အဖွဲ့ဝင်တချို့ သေဆုံးသွားခဲ့ရသည်။

သို့သော် သူ့အသက် တစ်ရာတွင် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအောင်မြင်ပြီး သူတော်စင်အရှင်အဖြစ်သို့ အောင်မြင်စွာ ရောက်ရှိသွားကာ နယ်မြေငါးခု၏ မှတ်တမ်းကို စံချိန်ချိုးလိုက်နိုင်သည်။

အံ့ဩမှင်သက်စရာကောင်းသည်က သူ၏ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်တွင် ထူးထူးဆန်းဆန်း မိုးကြိုးပစ်ချက် ၈၁ ချက် ရှိခဲ့သည်။

ဟွမ်ရှစ်က စမ်းသပ်ချက်မှ အသက်ရှင်ပြီး ပိုမိုသန်မာလာသော်လည်း ပိုမိုများပြားသောသူများက သူ့ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားလာကြသည်။

အဆုံးသတ်တွင် သွေးချောင်းစီးသော တိုက်ပွဲတစ်ခုချင်းစီကြောင့် သူ ပိုပြီး စွမ်းအားကြီးလာသည်။

အပြင်လောကမှ ထာဝရမိစ္ဆာဝိညာဉ်ပင် ဟွမ်ရှစ်၏  ဝေဟင်ပိတ်စည်းချခြင်းဖြင့် လုံးဝ သုတ်သင်ရှင်းလင်းခံလိုက်ရသည်။

ထိုအချိန်မှစတင်၍ ဘယ်သူမှ သူ၏ ပြိုင်ဘက်ကင်း ခွန်အားနှင့် အာဏာကို နယ်မြေငါးခုလုံးတွင် ဘယ်သူမှ မေးခွန်းမထုတ်ရဲကြတော့ပေ။

ထို့နောက် လူတိုင်း ပါဝင်ခွင့်ရှိသည့် မဟာကန္တာရ နတ်ဘုရားတိုင်းပြည်နှင့် အလယ်ပိုင်းနယ်မြေတွင် ကျိရှားကျောင်းတော်ကို တည်ထောင်လိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်း ခုနစ်ထောင်တုန်းက ဟွမ်ရှစ်ကို နယ်မြေငါးခု၏ ဘုရင်ဟု သတ်မှတ်နိုင်သည်။

ယခု နှစ်ပေါင်းခုနစ်ထောင် ကြာသွားပြီးနောက် သူ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ဘယ်သူမှ မသိတော့ပေ။

သို့သော် လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ကတည်းက မဟာကန္တာရ နတ်ဘုရားတိုင်းပြည်၏ ရာထူးက အထွတ်အမြတ်မြေ အသီးသီး၏ အထက်တွင် ရှိခဲ့သည်။ ထို့အပြင် ဟွမ်ရှစ် တည်ထောင်ခဲ့သော ကျိရှားကျောင်းတော်သည်လည်း အဓိက အထွတ်အမြတ်မြေများနှင့် ပူးပေါင်းကာ ပါရမီရှင်များ ဝင်နိုင်ဖို့ စိတ်ကူးယဉ်ရသည့် အလားအလားကောင်းသော အထွတ်အမြတ်မြေတစ်ခု ဖြစ်လာသည်။

ဟွမ်ရှစ်၏ တည်ရှိမှုက လုံးဝထူးခြားပြီး နယ်မြေငါးခုတွင် သူ့ကို မလေးစားသောသူ မရှိပေ။

ငယ်ရွယ်သော ဟွမ်ရှစ်နှင့် တိုက်ခိုက်ပြီး အကြိမ်တစ်ရာအထက် အရိုက်ခံရလျှင်ပင် ဖန်ချန်းအတွက် အမှတ်ရစရာတစ်ခု ဖြစ်နေသည်။

“ မျှော်နန်းဆောင် ဝိညာဉ်မလေး… မျှော်နန်းဆောင် ဝိညာဉ်မလေး…ကျွန်တော် ဟွမ်ရှစ်နဲ့ ထပ်ပြီးတော့ တိုက်ခိုက်လို့ရမလား” ဖန်ချန်းက သူ့ခေါင်းပေါ်မှ ယောင်နေသော အဖုများကို လက်ဖြင့် ထိတွေ့ရင်း မေးလိုက်သည်။

စစ်နတ်ဘုရားမျှော်နန်းဆောင်၏ ခုနစ်ထပ်မြောက်ရှိ ယဲ့ချန်းခန် လုံးဝ နားမလည်နိုင်ဖြစ်သွားသည်။

ဒီငတုံးက ခေါင်းထိပြီး ရူးသွားတာလား။ သူ ထပ်ပြီးတော့ အရိုက်ခံချင်နေတာတဲ့လား

“ ဘာလို့လဲ”

ဖန်ချန်းက စိတ်အားထက်သန်စွာဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်

“ ဘာလို့လဲဆိုတော့ ဟွမ်ရှစ်က ကျွန်တော်ဘဝကို အလင်းပြတဲ့သူ ဖြစ်ပြီးတော့ ကျွန်တော်ရဲ့ စံပြတစ်ယောက်ပဲ။ စီနီယာက ဘယ်လောက်ထိ စွမ်းအားကြီးတဲ့သူလဲဆိုတာကို ချီးကျူးနိုင်ဖို့ သူ ငယ်ငယ်တုန်းက ပုံရိပ်နဲ့ ထပ်ပြီးတော့ တိုက်ခိုက်ချင်ပါတယ်”

ယဲ့ချန်းခန်က အတွေးထဲ နစ်မြောရင်း ပြောလိုက်သည်

“ ဒါဆို သူက အဲဒီကလေးကို လေးစားသူပေါ့”

ဖန်ချန်းသာ ရှင်းမပြပါက ယဲ့ချန်းခန် နားမလည်နိုင် ဖြစ်နေရလိမ့်မည်။

မင်းရဲ့ စံပြပုဂ္ဂိုလ်နဲ့ ရင်းနှီးချင်တယ်ပေါ့လေ

ဒါက သေချာပေါက်ဖြစ်နိုင်တာပေါ့

ဒါပေမဲ့ အပိုတော့ ထပ်ကုန်လိမ့်မယ်

All Chapters