← Chapters

ကျောက်စိမ်းရေကန်၏ ဂိုဏ်းချုပ် အံ့ဖွယ်မိုးကောင်းကင်သို့ အလည်လာခြင်း

Vol. 17 Ch. 255

ကျောက်စိမ်းရေကန်၏ ဂိုဏ်းချုပ် အံ့ဖွယ်မိုးကောင်းကင်သို့ အလည်လာခြင်း

Vol. 17 Ch. 255

အခန်း (၂၅၅) : ကျောက်စိမ်းရေကန်၏ ဂိုဏ်းချုပ် အံ့ဖွယ်မိုးကောင်းကင်သို့ အလည်လာခြင်း

အရှေ့ပိုင်းလွင်ပြင်ရှိ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေတွင်…

ဂိုဏ်းချုပ်၏ စံအိမ်တော်အလယ်တွင် ကောင်းမွန်သော ပိတ်ကျဲစ အကာအရံတစ်ခု ရှိသည်။

ပုလ္လင်ပေါ်တွင် ကျက်သရေရှိသော ပုံရိပ်တစ်ခု ပျင်းရိစွာ လဲလျောင်းပြီး ရောင်စဉ်တန်းများဖြင့် တောက်ပနေသည်ကို ပိတ်ကျဲစကို ဖြတ်ပြီး မြင်နိုင်သည်။

ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ရှောင်လင်းတို့က ပုလ္လင်ရှေ့တွင် ရပ်ကာ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို အခြေအနေများ တင်ပြနေသည်။

“ ဆိုလိုတာက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရှန်ထျန်းက စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ စစ်ဆေးမှုကို အောင်မြင်သွားတယ်လို့ ပြောချင်တာလား”

ပိတ်ကျဲစအနောက်ရှိ အမျိုးသမီး၏ အသံက နတ်ဘုရားမတစ်ပါးကဲ့သို့ လူတစ်ယောက်၏ နှလုံးသားကို လှုပ်ခတ်သွားစေသော်လည်း ဘယ်သူမှ သူမကို မလေးမစား မလုပ်ရဲပေ။

ထိုအမျိုးသမီးက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်ဖြစ်ပြီး အရှေ့ပိုင်းလွင်ပြင်ရှိ စွမ်းအားအကြီးဆုံး အမျိုးသမီးများထဲတွင် တစ်ယောက်အပါအဝင် ဖြစ်၏။

သူမ၏ ရာထူး၊ ခွန်အား၊ အရည်အချင်းနှင့် မရေတွက်နိုင်သော စွမ်းဆောင်နိုင်မှုများက သူမကို ပိုပြီး အရေးပါသူတစ်ယောက် ဖြစ်လာစေသည်။ များပြားသော အထွတ်အမြတ်မြေ ၁၂ခု၏ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများက ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို လေးစားသူများ ဖြစ်ပြီး သူတို့ငယ်ရွယ်စဉ်က သူမကို အရူးအမူး ချစ်ခဲ့ကြသည်။

ယခုတွင်လည်း သူတို့က သူမနှင့် ပတ်သက်လျှင် တမ်းတမ်းစွဲ ဖြစ်နေကြဆဲသာ ဖြစ်သည်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က အရှေ့ပိုင်းလွင်ပြင်တွင် စွမ်းအားအကြီးဆုံးဂိုဏ်းချုပ် မဟုတ်သော်လည်း မဆန့်ကျင်သင့်သည့် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်။

တစ်စုံတစ်ယောက်သာ သူမကို စော်ကားစွာ ပြုမူပါက ထိုလူသည် တစ်နေ့နေ့တွင် သူတော်စင်အရှင် အုပ်စု၏ ရိုက်နှက်ခြင်းကို ခံရမည် ဖြစ်သည်။

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က အပေါ်သို့ တက်လာကာ ပြောလိုက်သည်

“ ဟုတ်တယ်…တိကျတဲ့ သတင်းအရင်းအမြစ်တွေအရဆိုရင် ရှန်ထျန်းက စစ်နတ်ဘုရား မျှော်နန်းဆောင်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ လက်လွှဲပေးလိုက်ပြီးတော့ နယ်မြေငါးခုမှာ ရှိတဲ့သူတိုင်းကို လာရောက်ခွင့်ပေးထားတယ်တဲ့”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ပြုံးကာ ပြောလိုက်သည်

“ ကျန်းလုံယွမ်က တကယ်ကို ရတနာလေးတစ်ပါးကို ရထားတာပဲ။ သူက လအနည်းငယ်လေးလောက်နဲ့တင် အထွတ်အမြတ်မြေဆီကို များပြားတဲ့ အကျိုးအမြတ်တွေကို ယူဆောင်လာပေးတာပဲ”

ကျောက်စိမ်းရေကန်နှင့် အံ့ဖွယ်မိုးကောင်းကင်တို့၏ ဆက်ဆံရေးက အမြဲတမ်း ရင်းနှီးမှု ရှိခဲ့သည်။ သူတို့ဂိုဏ်းသားများလည်း တာအိုလက်တွဲဖော်များ ဖြစ်လာကြသည်။ ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင်မှာ တစ်ခုခုဖြစ်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းရေကန်က အရင်သိလေ့ ရှိသည်။

အပြန်အလှန်အနေဖြင့် ကျောက်စိမ်းရေကန်တွင် အတင်းပြောပါက အံ့ဖွယ်မိုးကောင်းကင် တပည့်များက အလျင်အမြန်သိကြသည်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ ကောလဟာလများကို ကြားထားပြီးပြီဖြစ်သော်လည်း ကောလဟာလအများစုက သူ့ကို ဆန်းကြယ်သူအဖြစ် ပြောဆိုထားကြသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ မဝင်ခင်ကတည်းက နှစ်ပေါင်းတစ်သောင်းကျော် ပျောက်ဆုံးနေခဲ့သော မိုးကြိုးတော်ဝင်ကျမ်း၏ ပျောက်ဆုံးနေသော အခန်းကို ရှာတွေ့ခဲ့သည်။

ဒီအကျိုးပြုမှုတစ်ခုတည်းဖြင့် ရှန်ထျန်းရဲ့နာမည်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အကျိုးပြုစာရင်းမှာ သွင်းဖို့ လုံလောက်နေပြီ

အဲဒါပြီးတော့ ချက်ချင်းပဲ အဲဒီကလေးက မြူခိုးဟင်းလင်းပြင်ထဲမှာ သူတော်စင်အရှင် ဖြစ်ခါနီး နွယ်ပင်နတ်ဆိုးရဲ့ သားရဲတွင်းကို လုယူပြီးတော့ တန်ဖိုးရှိတာတွေ အများကြီး ရရှိခဲ့တယ်။ ပြီးတော့ ရှောင်လင်းကိုလည်း ထာဝရရေစင် နတ်ဘုရားဂူကိုလည်း ရှာတွေ့အောင် ကူညီခဲ့သေးတယ်

အဲဒီလအနည်းငယ်အတွင်းမှာကိုပဲ အဲဒီကလေးက ကံအပြောင်းအလဲ အခွင့်အရေးတွေကို ဆက်တိုက်ကြုံနေခဲ့ရတာ …

ခရမ်းစံအိမ် အထွတ်အမြတ်မြေက ချီရှောက်ရွှမ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တောင် ရှန်ထျန်းက နောက်ကျ ကျန်ခဲ့မှာမဟုတ်ဘူး

အဲလိုတပည့်မျိုးက တခြားသူတွေကို တကယ်အားကျအောင် လုပ်တယ်

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ဆက်ပြောလိုက်သည်

“ ဒီတစ်ခေါက် မိစ္ဆာဝိညာဉ်ဂိုဏ်းက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေလည်း ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲကို ခိုးဝင်ခဲ့တယ်တဲ့။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက ပြန်လည်ဝင်စားခြင်း ဂိုဏ်းချုပ်ရဲ့ ပိတ်ဆို့ခြင်းကို ခံခဲ့ရတဲ့ အထက်ဘုံတက်လှမ်းခြင်းကို ရောက်ဖို့ တစ်ဆင့်ပဲ လိုတော့တဲ့ မိစ္ဆာဝိညာဉ်အရှင်ကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောကြတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူတို့အစီအစဉ် ပျက်အောင် လုပ်လိုက်တာတဲ့။

ဒီထက်ပိုပြီးတော့ တိုက်ဆိုင်သွားတာက သူ့ကို မြို့လေးဆီသို့ ပြန်ပို့တဲ့ ပို့ဆောင်ရေးကလည်း ချို့ယွင်းသွားခဲ့တာ။

အဲဒီမှာပဲ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ သွေးသတ်ဖြတ်ရေး ဝိဇ္ဇာရှိတဲ့နေရာကို တိုက်ရိုက်ပို့ဆောင်ခံလိုက်ရပြီး သူ့ကို ရှာတွေ့သွားခဲ့တာ။

မဟုတ်ရင် သူတို့ရဲ့ ဖုံးကွယ်ခြင်းပညာရပ်ကြောင့် ရှာတွေ့ဖို့ ခဲယဉ်းတယ်”

ကျောက်စိမ်းရေကန်၏ ဂိုဏ်းချုပ်က အကြောဆန့်ကာ ပုလ္လင်ပေါ်မှ ထလာသည်။

“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူ့ကြောင့် ကြီးပွားလာတာ မဖြစ်နိုင်ဘူးလားလို့။ ရှင်းရှင်းပြောရရင် ငါ အဲဒီလူငယ်လေးကို နည်းနည်း စိတ်ဝင်စားမိတယ်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အဲလိုရတနာမျိုး ရထားမှတော့ အိမ်နီးချင်း အထွတ်အမြတ်မြေအနေနဲ့ သူတို့ကို သွားတွေ့ပြီး ကိုယ်တိုင် ဂုဏ်ပြုပေးရမယ်”

ဖုံးအုပ်ထားသော ပိုးသားကို ဖယ်လိုက်သည့်အခါ လှပပြီး ကျက်သရေရှိသော ပုံရိပ်တစ်ခု ထွက်လာသည်။ သူမက ကျက်သရေရှိလှပြီး မိုးကြိုးအရှိန်အဝါကလည်း သူမကို ဖုံးလွှမ်းထားသည်။

“ ညီမလေး ရဲရဲနီကကြိုး ညီမလေး နှင်းပွင့်ကကြိုးနဲ့ ညီမလေး ဝိညာဉ်မြူခိုးတို့ကို ခေါ်လိုက် … အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို အတူတူသွားရအောင်”

……………

ထိုက်ပိုင်ချိုင့်ဝှမ်း၏ အနောက်ဘက်တောင်တွင်…

လီချန်းကောက ရေတံခွန်အောက်တွင် ဓားရေးကို ကျင့်ကြံနေဆဲဖြစ်ပြီး အထွတ်အထိပ်ရှင် ကျီယန်လည်း သူ့ဘေးမှာ ရှိနေသည်။

လူလတ်ပိုင်း အမျိုးသားတစ်ယောက်က ရေတံခွန်ဘေးတွင် မတ်တပ်ရပ်ကာ သူ့ခန္ဓာကိုယ်မှ လျင်မြန်ပြီး ထိတ်လန့်စရာကောင်းသော ဓားအရှိန်အဝါကို ထုတ်လွှတ်နေသည်။

“ မြန်မြန် မြန်မြန် လွှဲ။

“ ဓားပညာရပ်အားလုံးက ဓားသမားတစ်ယောက်အတွက် စိတ်ကူးယဉ် လိမ်ညာမှုပဲ။ ပိုပြီး မြန်ဆန်၊ သန်မာ၊ ထက်လာမှ အောင်မြင်မှုကို ရရှိနိုင်မယ်။

ရှန်အောင်းက သူ့ညီလေးနဲ့ အချိန်ကုန်ချင်တာနဲ့ပဲ ငါ့ဆီကနေ သင်ယူဖို့ကို လက်လွတ်ခံလိုက်တယ်။ သူက ငါသင်ပေးတာနဲ့ မထိုက်တန်ဘူး။

မင်း သူ့ဆီကနေ မသင်ယူနဲ့။ ဓားအသုံးပြုတဲ့နည်းက ရေစီးကြောင်းကို ဆန်ပြီး ရွက်လွှင့်သလိုမျိုး အဆုံးထိ ကြိုးစားရမယ်ဆိုတာကို သိထားသင့်တယ်။”

အထွတ်အထိပ်ရှင် ကျီယန်က စတင်ပြီး အဆက်မပြတ်အပြစ်တင်တော့သည်။

ငါက လျန်းအာကို ပြန်ခေါ်လာခဲ့ပေမဲ့ သူမ မရိုးမသား လုပ်ပြီးတော့ ရှန်ထျန်းကို သွားရှာချင်လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။

အစ်ကိုချန်းဟယ်က ဒေါသထွက်ပြီးတော့ လျန်းအာကို အခန်းပိတ်ပြီး ဘူးပင်ပဲ စိုက်ခိုင်းထားတယ်။ ပြီးတော့ ငါ့ကိုလည်း ဒေါသတကြီး လေ့ကျင့်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်

ငါ့တပည့် ရှန်အောင်းရေ … ငါ အရမ်းမှားသွားပြီ

အထွတ်အထိပ်ရှင် ကျီယန်က သက်ပြင်းချကာ ပြောလိုက်သည်

“ အစ်ကို ဒီတစ်ခေါက်စစ်ဆေးမှုမှာ ကမ္ဘာဦးတိုက်ပွဲနယ်မြေက စစ်နတ်ဘုရားမျှော်နန်းဆောင်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ရရှိသွားတယ်လို့ ကျွန်တော် ကြားထားတယ်။

အခု စစ်နတ်ဘုရား မျှော်နန်းဆောင်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ထားရှိပြီးတော့ နယ်မြေငါးခုကသူတွေ လာလို့ရတယ်တဲ့။ အဲဒီအထဲမှာ သေမျိုးလောကနဲ့ နတ်ဘုရားလောကရဲ့ မရေတွက်နိုင်တဲ့ ပုံရိပ်ယောင် ပါရမီရှင်တွေ အများကြီးရှိတယ်။

အစ်ကိုရဲ့ အရည်အချင်းနဲ့ဆိုရင် စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲဝင်သွားပြီးရင် ပါရမီရှင်တွေ အကုန်လုံးကို သေချာပေါက် အနိုင်ယူနိုင်ပြီးတော့ ကျော်ကြားလာမှာ။

အစ်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်ကို သွားမကြည့်ချင်ဘူးဆိုတာ သေချာရဲ့လား”

ပါရမီရှင်တွေ အားလုံးကိုအနိုင်ရပြီးတော့ ကျော်ကြားလာမှာတဲ့လား

လီခန်းလန်၏ အကြည့်တို့ တောက်ပသွားသည်။

အဲလိုသာဆိုရင် ငါ့ဆီကနေ ဓားရေးသင်ယူချင်တဲ့သူ မရှိမှာကို စိတ်ပူစရာ မလိုတော့ဘူး

အဟင်း…ဟင်း…

လီခန်းလန်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်

“ ဉာဏ်တိမ်လိုက်တာ။ ကျော်ကြားလာမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒါက ဓားရေးကျင့်ကြံသူတွေ စိတ်ဝင်စားရမဲ့ အရာလား။

မခံချင်စိတ်နဲ့ အတားအဆီးတွေကို ရှင်းထုတ်ဖို့အတွက် ငါတို့ရဲ့ လက်ထဲမှာ ဓားတစ်ချောင်းပဲ ရှိဖို့လိုအပ်တယ်။

မင်းက ကျော်ကြားမှုနဲ့ ကံကောင်းမှုတို့ရဲ့ ချည်နှောင်ခြင်းကို ခံထားလိုက်ရပြီဆိုရင် မင်းရဲ့ ဘဝမှာ စစ်မှန်တဲ့ ဓားတာအိုကို ရဖို့အတွက် မစဉ်းစားနဲ့တော့”

အထွတ်အထိပ်ရှင် ကျီယန်က ပြောလိုက်သည်

“ အစ်ကိုပြောတာက လုံးဝ မှန်ကန်ပါတယ်။ ကျွန်တော် မှားသွားပါတယ်”

လီခန်းလန်က ဆက်ပြောလိုက်သည်

“ ဒါပေမဲ့ စစ်နတ်ဘုရား မျှော်နန်းဆောင်မှာ မရေတွက်နိုင်တဲ့ ပါရမီရှင်တွေရဲ့ ပုံရိပ်ယောင်တွေ ရှိတယ်ဆိုတော့ ဓားရေး၊ ဓားတာအို၊ ဓားနှလုံးသားနဲ့ ဓားအငွေ့အသက်တို့ကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံးနေရာပဲ။ ကျီယန်၊ ချန်းကော…မင်းတို့ကို လေ့ကျင့်ပေးလာတာ ကြာပြီဆိုတော့ မင်းတို့နှစ်ယောက်အတွက် တကယ့်ပါရမီရှင်အစစ်တွေနဲ့ တိုက်ခိုက်ကြည့်ဖို့ အချိန်ရောက်ပြီ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သွားပြီးတော့ နတ်ဘုရားလောကကနေ ကျလာတဲ့ အဲဒီရတနာကို ခံစားကြည့်လိုက်ရအောင်”

ပြောပြီးနောက် ချန်းဟယ် ဓားအသျှင်က အားကောင်းသော ဓားအငွေ့အသက်ကို ထုတ်လွှတ်လိုက်သည့်အခါ တိမ်တိုက်များကိုပါ ထိုးဖောက်ထွက်သွားသည်။ အရှည်အားဖြင့် ပေတစ်သောင်းရှိသော ဓားပုံသဏ္ဌာန် အဖြူရောင်တိမ်တိုင်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီသို့ တိုက်ရိုက်ညွှန်ပြနေသည်။

ကြီးမားသော ဓားတိမ်တိုက်က မိုင် ၃ သောင်းရှည်လျားပြီး နေရာတိုင်းမှ မြင်တွေ့နိုင်သည်။

ထိုအခိုက်အတန့်တွင် ပျော့ပျောင်းသော မိန်းကလေးသံလေး တစ်ခု ထွက်ပေါ်လာသည်။

“ ဖေဖေ … အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သွားမလို့လားဟင်။ သမီးကိုရော ခေါ်သွားပေးပါလားဟင်”

သူ့ဓားအငွေ့အသက်တို့ ချက်ချင်း ပျောက်ကွယ်သွားရသည်။

…………

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် စစ်နတ်ဘုရား မျှော်နန်းဆောင် ရှိလာသည့်အတွက် အရှေ့ပိုင်းလွင်ပြင်၏ အဓိကဂိုဏ်းများက စိတ်လှုပ်ရှားနေကြသည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ရင်းနှီးသော ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေနှင့် ထိုက်ပိုင်ချိုင့်ဝှမ်းကတော့ သူတို့ကို ဂုဏ်ပြုဖို့ အလည်သွားပြီးပြီ ဖြစ်သည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် သာမန်ဆက်ဆံရေးသာ ရှိသူများက လေ့လာနေကြဆဲ ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ရှန်ထျန်းက မိုးကြိုးအပြစ်ပေးနေရာသို့ ရောက်ရှိနေသည်။

မိုးကြိုးကြာပွတ်နှင့် အရိုက်ခံရသော “ရဲရင့်ပြီး အကြောက်အလန့်ကင်းသည့်” အနီဝတ်ဂိုဏ်းသခင်ကို ကြည့်ပြီး ရှန်ထျန်း မျက်စိဆံပင်မွေးစူးနေသည်။

အံ့အားသင့်စရာကောင်းသည်က  အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက တစ်ချိန်လုံး တည်ငြိမ်နေသည်

“ သွေးသတ်ဖြတ်ရေး…မင်းကို ငါ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေတာလား”

အနီဝတ်ဂိုဏ်းသခင်ကို လှောင်ရယ်ကာ ပြောလိုက်သည်

“ ဒါဆိုလည်း လုပ်နိုင်တာကို လုပ်လေ။ ငါက မိစ္ဆာဝိညာဉ်ဂိုဏ်းသားဆိုတော့ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ သရဲအဖြစ်ပဲ သေသွားမယ်။ မင်း ငါ့ကို ကြာပွတ်နဲ့ အကြိမ်သုံးထောင် ရိုက်ရင်တောင် မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး”

ဂိုဏ်းချုပ်က ခေါင်းယမ်းပြကာ ညာဘက်လက်ကို ဖြည်းဖြည်းချင်းမြှောက်ရင်း လေထဲသို့ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် မိုးကြိုးကြာပွတ်အားလုံး ပျောက်ကွယ်သွားသည်။

“ မင်း လေ့ကျင့်နေတဲ့ ထူးခြားတဲ့ ကျင့်စဉ်ကြောင့် အဆက်မပြတ် တိုက်ခိုက်ခံရလေလေ ခွန်အားတိုးလာလေလေ ဖြစ်တယ်ဆိုတာကို ငါ သတိထားမိပါတယ်။ မင်းအတွက် ဒီကြာပွတ်တွေက နာကျင်စေမှာ မဟုတ်ဘူး။ မင်းရဲ့ ခန္ဓာတည်ဆောက်ပုံကြောင့် အဲဒါကို သာယာမှုအဖြစ်ပါ ပြောင်းလဲလို့ ရတယ်”

အနီဝတ်ဂိုဏ်းသခင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ မင်း သိတော့ ဘာလုပ်ရမှာလဲ။ ငါ့ကို ကြိုက်တဲ့နည်းနဲ့ နှိပ်စက်လိုက်စမ်းပါ”

ဂိုဏ်းချုပ်က အနီဝတ်ဂိုဏ်းသခင်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်

“ မင်းက နာကျင်မှုကို မကြောက်မှတော့ ငါလည်း အချိန်ဖြုန်းမနေတော့ဘူး။

ငါတို့ လောင်းကြေးထပ်ရင် ဘယ်လိုလဲ။ ၁၅မိနစ်… မင်းကို ၁၅မိနစ်အတွင်းမှာ အကုန်ဝန်ခံလာအောင် လုပ်ပေးမယ်”

အနီဝတ်ဂိုဏ်းသခင်က မိုးကြိုးအရှိန်အဝါ လွှမ်းခြုံထားသော အင်မတန် အေးစက်နေသည့် ဂိုဏ်းချုပ်ကို ကြည့်ကာ မကောင်းတာတစ်ခုခု ဖြစ်တော့မလိုမျိုး ခံစားရပြီး ကြက်သီးထလာသည်။

All Chapters