ဒီမှာ ဘယ်သူက မိစ္ဆာဂိုဏ်းလဲ
Vol. 18 Ch. 256
အခန်း (၂၅၆) : ဒီမှာ ဘယ်သူက မိစ္ဆာဂိုဏ်းလဲ
“ ငါက ကြောက်မယ် ထင်နေလား”
အနီဝတ်ဂိုဏ်းသခင်က သူ့စိတ်ထဲမှ မသက်မသာဖြစ်မှုအား ချိုးနှိမ်ထားကာ ထေ့ငေါ့ပြောလိုက်သည်။
သူက ထိုစကားများကို ရေရွတ်လိုက်ပြီးနောက် သူ့မျက်နှာအထက် အထိတ်တလန့် အမူအယာ ဖြတ်ပြေးသွားသည်။ အကြောင်းမှာ သူက အာကာပြင်မုခ်ဝတစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်၏။ ထိုမုခ်ဝက တောအုပ်ဆီ ဦးတည်နေသည်။
သို့သော် ထိုအရာက အရေးအကြီးဆုံး မဟုတ်ချေ။ အဓိကအချက်မှာ တောအုပ်အတွင်း အနီရင့်ရင့် မျောက်ဝံအုပ်စု ရှိနေလေသည်။
ထိုမျောက်ဝံများက မြင့်မားကာ ထွားကျိုင်းကြပြီး ခက်ထန်ကြမ်းတမ်းသည့် အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။
အနီဝတ်ဂိုဏ်းသခင်က ထိုသားရဲအမျိုးအစားကို ချက်ချင်း သတိပြုမိလိုက်သည်။ သူတို့က ချီသန့်စင်ရေး ကျင့်ကြံသူနှင့် ညီမျှသည့် အခြေခံအဆင့် သားရဲမျှသာ ဖြစ်၏။ အကယ်၍ သူ့တွင်သာ စွမ်းအား ရှိနေသေးလျှင် ထိုပါးမွှားမျောက်ဝံများကို လုံးဝလျစ်လျူရှုထားနိုင်ပေမည်။ သူက လက်တစ်ချောင်း မ လိုက်ရုံဖြင့် သူတို့အားလုံးကို သတ်ပစ်နိုင်သည်။
ကံဆိုးစွာဖြင့် သူ့စွမ်းအားများက ယခုလက်ရှိ စည်းပိတ်ခံထားရသည်။ သူက မိုးကြိုးသံကြိုးများနှင့်ပါ ချည်နှောင်ခံထားရသောကြောင့် မနည်းလှုပ်ရှားနေရသည်။ ယခု ထိုမျောက်ဝံများအတွက် ပြိုင်ဖက် မဟုတ်နေပေ။
ထိုသို့ဆိုလျှင်ပင် အနီဝတ်ဂိုဏ်းသခင်က သိပ်မတုန်လှုပ်ပေ။ အကြောင်းမှာ သူက သူတော်စင်အဆင့် ရုပ်ခန္ဓာပိုင်ဆိုင်ထားသည် မဟုတ်ပါလော။
သူ့စွမ်းအားကို စည်းပိတ်ထားလျှင်ပင် ထိုမျောက်ဝံများအနေနှင့် သူ့ကို သတ်ဖို့ ခက်ခဲပေဦးမည်။ သို့သော် ကြောက်စရာအကောင်းဆုံးက ထိုသားရဲအမျိုးအစားက လူသတ်ဖြတ်ရခြင်းကို မနှစ်သက်ပေ။
အချုပ်အားဖြင့်ဆိုရလျှင်တော့ သူတို့က လူတွေကို အရမ်းသဘောကျ၏။
ထိုမျောက်ဝံ သားရဲအမျိုးအစားကို မီးတောက်နီ မျောက်ဝံဟု ခေါ်ဆိုကြသည်။ သူတို့က သဘာဝအားဖြင့် ကာမစိတ်ပြင်းပြကြပြီး လူသားများအပေါ် ဗလက္ကာရပြုကျင့်ရသည်ကို အထူးနှစ်ခြိုက်ကြသည်။
ပို၍ ဆိုးသည်က မီးတောက်နီ မျောက်ဝံများသည် လူသားပစ်မှတ်၏ လိင်အမျိုးအစားအပေါ် ဂျီးမများကြပေ။
ထိုသို့သားရဲအမျိုးအစား၏ နတ်ဆိုးအမြုတေက ကာမအားတိုးဆေး ပြုလုပ်ရာ၌ တန်ဖိုးမြင့် ပါဝင်ပစ္စည်းတစ်ခုလည်း ဖြစ်ပေသည်။ ဆေးဆရာအများစုက ထိုသားရဲများကို အမဲလိုက်တတ်ကြ၏။ တချို့သောဂိုဏ်းများက သူတို့ကို ဖမ်းဆီးကာ မွေးမြူတတ်ကြသေးသည်။
“ ကျန်း … ကျန်းလုံယွမ် ဘာလုပ်ချင်တာတုန်း ”
အနီဝတ်ဂိုဏ်းသခင်၏ အသံက တုန်တုန်ယင်ယင် ဖြစ်လာရှာသည်။
သူတို့နှစ်ယောက်လုံးက ဉာဏ်များသော လူအိုကြီးများဖြစ်၍ သန့်ရှင်းချင်ယောင်ဆောင်နေစရာ မလိုချေ။
ထိုမီးတောက်နီ မျောက်ဝံများ ပေါ်လာသည်နှင့် ဂိုဏ်းသခင်က ထိတ်ထိတ်လန့်လန့် ဖြစ်လာမိသည်။
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး …
တစ်ချက်ကြည့်လိုက်ရုံဖြင့် မျောက်ဝံအထီး တစ်ဒါဇင်လောက်ကို မြင်လိုက်ရသည်။ ထို့အပြင် သူတို့အမွေးအမျှင်များက နီရဲနေသောကြောင့် စိတ်ကြွနေကြောင်း ထင်ရှားလှသည်။
ကျန်းလုံယွမ် လူယုတ်မာ … ငါ့ကို ဒီမီးတောက်နီ မျောက်ဝံတွေပြတာ စိတ်ထဲ ဘယ်လိုအကြံဆိုးရှိနေတာတုန်း …
မင်းတို့ သမာသမတ်ဂိုဏ်းတွေက ဒီလိုမျိုးလား … မင်းတို့က ယုတ်မာရက်စက်နေကြတာ … ဒီမှာ ဘယ်သူက မိစ္ဆာဂိုဏ်းတုန်း ပြောကြပါဦး …
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါများနှင့် ကောင်းကင်အရှိန်အဝါများက အသာလှုပ်ခတ်နေသည်။ သူ့အသံက ပျော့ပျောင်းကာ ဂရုမစိုက်ဟန် ဖြစ်နေသည်။
သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ ရောင်းရင်း သိပ်မလန့်ပါနဲ့။ ဒီမီးတောက်နီ မျောက်ဝံတွေက အခြေခံအဆင့် သားရဲလေးတွေပါ။ မင်းကို မထိခိုက်စေပါဘူး … မင်းက ဘာမှထုတ်မပြောဘဲ တင်းခံနေတာကိုလည်း ဘာမှအတင်းဖိအားမပေးဘူး။ ဒါပေမဲ့ အဲဒီအစား မင်းကို ကြာပြာကောင်းကင်အသျှင် မွေးထားတဲ့ ဒီမျောက်ဝံလေးတွေနဲ့ မိတ်ဖြစ်ဆွေဖြစ် တွေ့ပေးမယ်လေ။ ဒီမီးတောက်နီ မျောက်ဝံတွေက အရမ်းတက်ကြွနေကြတာဆိုတော့ မင်း သူတို့ကို သဘောကျမှာပါ ”
ထိုသို့ပြောပြီးနောက် ထိုမုခ်ဝက အနီဝတ်ဂိုဏ်းသခင်ဆီ တိုးဝင်လာသည်။
ဝုန်း …
ရုပ်ပိုင်းဆိုင်ရာရော စွမ်းအားရော ချုပ်နှောင်ခံထားရသည့်အတွက် အနီဝတ်ဂိုဏ်းသခင်က မျောက်ဝံအုပ်ကြား ကျသွားလေသည်။
“ အို ”
“ ဝို ဝိုး … ”
“ အာဝူး … အာဝူး ”
အကြည့်အားလုံးက ဂိုဏ်းသခင်ဆီ ကျရောက်လာလေသည်။ ထိုအကြည့်များက မီးတောက်ပြင်းပြင်း တောက်လောင်နေသလိုမျိုး ဖြစ်နေသည်။
တုတ်ခိုင်သန်မာသော မီးတောက်နီ မျောက်ဝံအားလုံးက စိတ်လှုပ်ရှားစွာ ရင်ဘတ်တီးနေကြသည်။
လူသား …. နူးနူးညံ့ညံ့ လူသားလေး … အချစ် အချစ် အချစ်လေး …
အနီဝတ်ဂိုဏ်းသခင်က မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားလေပြီ။ သူက လေထဲတွင် လွှင့်မျှောနေသည့် သလင်းကျောက်ကို ကြည့်လိုက်၏။ ဤသည်မှာ ပုံရိပ်ဖမ်း သလင်းကျောက် ဖြစ်၏။ သူ့ဒုက္ခများကို ပိုဆိုးရွားအောင် လုပ်နေသောအရာလည်း ဖြစ်ပေသည်။
မြေကြီးပင် တုန်ခါသွားကာ အနီဝတ်ဂိုဏ်းသခင်လည်း သိမ့်သိမ့်တုန်သွားလေသည်။
ဒီအံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လူမဟုတ်ဘူး … နတ်ဆိုးပဲ
ဒီလိုကြောက်စရာကောင်းပြီး ကြက်သီးထစရာကောင်းတဲ့ ပြစ်ဒဏ်မျိုးကို တွေးမိတာလဲ …
ဘယ်သူကများ ဒါကို တောင့်ခံနိုင်မှာလဲ … ငါ များလား …
ဂိုဏ်းသခင်က သူတော်စင်အဆင့် ရုပ်ခန္ဓာပိုင်ဆိုင်ထားသော်လည်း သူ တောင့်ခံနိုင်လျှင်ပင် တော်တော်ဆိုးရွားသော အတွေ့အကြုံ ဖြစ်နေဆဲ ဖြစ်၏။
နတ်ဆိုးပဲ … နတ်ဆိုး
ကိစ္စများက ပြစ်ဒဏ်ဆိုလျှင် သိပ်ဆိုးမည် မဟုတ်ပေ။ ထိုလူက ပုံရိပ်ဖမ်း သလင်းကျောက်ဖြင့် ဖြစ်ရပ်တစ်ခုလုံးကို မှတ်တမ်းတင်ထားပေဦးမည်။ သူက အခြားမိစ္ဆာဝိညာဉ်ဂိုဏ်းသားများကို ကြည့်ခိုင်းဖို့ ရည်ရွယ်ထားခြင်းသာ ဖြစ်ရမည်။
ဖွီ ငါ သေရင်တောင် အေးအေးချမ်းချမ်း အနားမယူနိုင်ဘူး …
အထွားကျိုင်းဆုံး မျောက်ဝံကြီးက သူ့ဆီ ချည်းကပ်လာသည်။ မျောက်ဝံကြီးက သူ့ကို ခြေထောက်မှ ဖြည်းဖြည်းချင်း မ လိုက်ပြီး သူ့မျက်ဝန်း၌ ရေကဲ့သို့ နွေးထွေးကာ ညင်သာနေသော်လည်း တစ်ပြိုင်နက် မီးတောက်ကဲ့သို့ တောက်လောင်နေသည်။
သူက ဂိုဏ်းသခင်၏ မျက်နှာလေးကို အသာတို့လိုက်ပြီးနောက် သူ့အမွေးကြမ်းများက ဂိုဏ်းသခင်အား ကြောက်အောင် လန့်နေသည်။
“ ပြန်သွားမယ်”
“ ပြန်သွားမယ် … ငါ အရှုံးပေးပြီ။ အညံ့ခံပြီ ”
အနီဝတ်ဂိုဏ်းသခင်က ကောင်းကင်တုန်လုမတတ် အော်ပြောလိုက်ပြီး မျက်ဝန်းမှ မျက်ရည်အပြည့် ဖြစ်နေသည်။
ဗြိ …
သွေးနီရောင်ဝတ်ရုံမှာ စုတ်ဖြဲခံလိုက်ရလေပြီ။
ထိုစဉ် မိုးကြိုးချက် တစ်ချက် ကျဆင်းလာပြီး အနီဝတ်ဂိုဏ်းသခင်ရှေ့တွင် မုခ်ဝတစ်ခု ပေါ်လာကာ သူ့အား ဆွဲခေါ်သွားသည်။
မျောက်ဝံကြီးက သူ့နောက် ကျယ်လောင်စွာ ဒေါသတကြီး အော်ဟစ်နေ၏။
“ နတ်ဆိုး နတ်ဆိုးကောင် … ဒီလိုယုတ်မာရက်စက်တဲ့ နည်းလမ်းကို ဘယ်လိုများ တွေးမိတုန်း”
ဂိုဏ်းသခင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အား စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာမှာ စာရွက်တစ်ရွက်လို ဖြူဖျော့နေပြီး တုန်လှုပ်နေဆဲ ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ် ကောင်းကင်အရှိန်အဝါက ညင်ညင်သာသာ လှုပ်ခတ်သွားကာ
“ ရောင်းရင်း အထင်လွဲနေပြီ။ ဒီအကြံကို ငါ ရလာတာ မဟုတ်ဘူး ။ လွန်ခဲ့တဲ့နှစ်တုန်းက ဆရာတူအစ်ကို ကြာပြာက မိစ္ဆာဝိညာဉ်ဂိုဏ်းခွဲတစ်ခုကို ဖျက်စီးခဲ့တုန်းက အဲဂိုဏ်းက သုံးတဲ့ နည်းလမ်းကို အမှတ်မတင် တွေ့သွားတာ။ အဲဒီရမ်းကားပျော်ပါးဂိုဏ်းက အဲဒီနည်းလမ်းနဲ့ ငါတို့တပည့်တွေအပေါ် သုံးခဲ့တယ်လို့ ကြားထားတယ်။ ရလဒ်ကလည်း တော်တော်ကောင်းတယ်တဲ့ …
အဲဒီမင်းတို့ဂိုဏ်းခွဲရဲ့ နည်းလမ်းဆိုတော့ မိတ်ဖြစ်ဆွေဖြစ် အသုံးပြုပြတာလေ ”
အနီဝတ်ဂိုဏ်းသခင်၏ မျက်နှာက ရှုံ့မဲ့သွားသည်။
“ ဟိုဖာခေါင်းတွေ …. ”
မိစ္ဆာဝိညာဉ်ဂိုဏ်းသားများကို တစ်ဂိုဏ်းတည်းသားအဖြစ် မြင်ကြသော်လည်း အတိအကျပြောရလျှင် သူတို့က စည်းလုံးမှု မရှိပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က မိစ္ဆာဝိညာဉ်များ ဆင်းသက်လာခဲ့သည်။ တချို့မှာ သတ်ဖြတ်ရေး မိစ္ဆာဝိညာဉ်များ ဖြစ်ကြပြီး တချို့မှာ တဏှာမိစ္ဆာဝိညာဉ်များ ဖြစ်ကြသည်။ တချို့မှာမူ ကြိုးကိုင်ခြယ်လှယ်သည့် မိစ္ဆာဝိညာဉ်များ ဖြစ်ကြသည်။
ထိုမိစ္ဆာဝိညာဉ်များက လူသားနောက်လိုက်များစွာကို ဆွဲဆောင်ကာ သူတို့၏ မိစ္ဆာနည်းလမ်းများကို ဆင့်ကမ်းပေးခဲ့ကြသည်။ ရလဒ်အနေနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်းအောက်တွင် ဂိုဏ်းခွဲအမျိုးမျိုး ထွက်ပေါ်လာသည်။
အစပိုင်းတွင် ဂိုဏ်းခွဲများက တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း အပြည့်အဝ မှီခိုအားထားကြ၏။
သို့သော် မိစ္ဆာဝိညာဉ်များ ထွက်ခွာသွားပြီးနောက် ဂိုဏ်းခွဲများက စတင် ပစ်မှတ်ထားခံရကာ ဖျက်စီးခံခဲ့ရသည်။ လက်ကျန် မိစ္ဆာဝိညာဉ်ဂိုဏ်းသားများက ထွက်သွားရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
သူတို့က အရေအတွက် တိုးများအောင် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းလိုက်ကြသည်။ ထိုကြောင့်သာ သူတို့က နှစ်တစ်သောင်းလုံး တည်ရှိခဲ့ခြင်း ဖြစ်၏။ ဂိုဏ်းခွဲများမှ အမျိုးမျိုးသော နောက်လိုက်များက တူညီသော ဂိုဏ်းကြီးတစ်ခုလုံး၏ ညီအစ်ကိုများ ဖြစ်ကောင်း ဖြစ်ကြသော်လည်း သူတို့က တစ်ယောက်နှင့် တစ်ယောက် အပြည့်အဝ သစ္စာမရှိကြပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း ကြံစည်မှုများ လုပ်ကြံမှုများ အမျိုးမျိုး ဖြစ်ပွားခဲ့သည်။ ကိစ္စများက အပေါ်ယံမှ မြင်နေသလိုမျိုး ချောမွေ့မနေပေ။
အနီဝတ်ဂိုဏ်းသခင်က အားနည်းသော ဂိုဏ်းခွဲတစ်ခုဖြစ်သည့် သွေးသတ်ဖြတ်ရေးဂိုဏ်းမှ ဖြစ်၏။ ဂိုဏ်းသခင်က ထိုဂိုဏ်းခွဲအတွင်း တစ်ဦးတည်းသော သူတော်စင်အရှင် ဖြစ်ပေသည်။
တစ်ဖက်တွင် ရမ်းကားပျော်ပါးဂိုဏ်းက မိစ္ဆာဝိညာဉ်ဂိုဏ်းအတွင်း အကျော်ကြားဆုံး ဂိုဏ်းခွဲ တစ်ခု ဖြစ်၏။ ရမ်းကားပျော်ပါးဂိုဏ်း၏ တပည့်များသည် လက်လွတ်စပယ် လူတကာနှင့် လိင်ဆက်ဆံကြသလို မိစ္ဆာဝိညာဉ်ဂိုဏ်းအတွင်း၌လည်း ရောင်းရင်းများ ပေါများလှသည်။
သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်သည် သူ ခံစားရသည်မှာ ထိုရမ်းကားပျော်ပါးဂိုဏ်းမှ မအေဘေးများကြောင့် ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်လည်း စိတ်လျော့ထားလိုက်သည်။
“ ဒီတစ်ခါ အရှုံးပေးလိုက်ပြီ။ ဒါပေမဲ့ ဘာသိချင်တာလဲ။ ငါ့စိတ်ထဲ မှတ်ဉာဏ်စည်းပိတ်ထားတာဆိုတော့ ဌာနချုပ်နဲ့ ပတ်သတ်ပြီး ဘာမှထုတ်ဖော်လို့ ရမှာ မဟုတ်ဘူး ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က တဖန် လှုပ်ခတ်သွားပြန်သည်။
“ ငါ ဘာသိချင်တာလဲဆိုတာ အရေးမကြီးပါဘူး။ ဒါပေမဲ့ မင်းကို ဘယ်လိုလုပ် သိသွားတာလဲဆိုတာ မသိချင်ဘူးလား။ မင်းက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲကို မိစ္ဆာဝိညာဉ်သခင်ကြီးကို လွှတ်ပေးဖို့ သွားခဲ့ပေမဲ့ ထျန်းအာလက်ထဲ အဖမ်းခံလိုက်ရတယ်။
မင်းတို့တွေ တောင်ကြားအတွင်းပိုင်းထဲ ပုန်းအောင်းပြီး အစီအရင်နဲ့တောင် ပိတ်ဆို့ထားတာကို ဆရာတူအစ်ကိုကြာပြာက တွေ့ဖြစ်အောင် တွေ့သွားသေးတယ်လေ …
ဒါတွေအားလုံး တိုက်ဆိုင်လွန်းတယ်လို့ မထင်မိဘူးလား ”
သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်၏ မျက်လုံးများ ပြူးကျယ်လာကာ “ ငါ့နောက်လိုက်ထဲ သူလျိုရှိနေတယ်လို့ ပြောချင်တာလား ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သာ အေးအေးဆေးဆေး ပြောလိုက်သည် “ အရူး … ဒီလိုအခြေအနေဖြစ်သွားတာ မဆန်းတော့ဘူး။ သေချာစဉ်းစားကြည့်ပါဦး … မင်း သေသွားရင် မင်းဂိုဏ်းသားတွေက ခေါင်းမပါတဲ့ နဂါးလို ဖြစ်ရတော့မယ်။ ဘယ်မိစ္ဆာဝိညာဉ်ဂိုဏ်းခွဲက မင်းတို့ကို အပိုင်သိမ်းသွားမှာလဲ။ ဘယ်သူက အကျိုးမြတ်အရဆုံး ဖြစ်မှာလဲ …
မင်းအကြံအစည်သာ အောင်မြင်သွားပြီး မိစ္ဆာဝိညာဉ်သခင်ကြီးကို လွှတ်ပေးနိုင်ခဲ့မယ်ဆိုရင် မင်းတို့ဂိုဏ်းခွဲက အားကောင်းလာပြီးတော့ ရပ်တည်မှုတစ်ခု ရလာမှာ ကျိန်းသေပဲ။ အဲဆိုတော့ မင်းတို့ စွမ်းအားကြီးလာတဲ့အခါ ဘယ်သူက အကျိုးမဲ့မှာလဲ ”
စကားတစ်ခွန်းစီ ကြားလိုက်တိုင်း သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်၏ မျက်နှာမှာ ခက်ထန်လာတော့သည်။
ငါ ကျရှုံးတာ မဆန်းတော့ပါဘူး … နောက်ဆုံးတော့ ငါ သိသွားခဲ့ပြီ