← Chapters

ဖော်ထုတ်ခံရခြင်း

Vol. 017 Ch. 1619

ဖော်ထုတ်ခံရခြင်း

Vol. 017 Ch. 1619

ယဲ့မန်က ရီဖူရှင်းကို အေးစက်စွာ ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အငွေ့တို့ ရှိနေသည်။

သို့သော် ထိုအချိန်တွင် သူမသည် ရီဖူရှင်းကို လျစ်လျူရှုထားရဟန် တူသည်။ အားလုံးသော တန်ခိုးရှင်များ၏ မဟာလမ်းစဥ် စွမ်းအားများသည် သူမနှင့် ရိထျန်းယွီကို လွှမ်းခြုံထားသည်။

“ကျွန်မက သူနဲ့အတူ အထက်ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်မှာ ကျင့်ကြံနေတယ်။ သူက ချိပ်စည်းကို ဘယ်လိုဖွင့်ရမလဲ မသိဘူးဆိုတာ ကျွန်မ အာမခံပေးနိုင်ပါတယ်။ ဖြစ်ပျက်သမျှ အရာအားလုံးက တကယ်ပဲ တိုက်ဆိုင်သွားတာပါ။” ယဲ့မန်က လူအုပ်ကို ကြည့်ကာ ရှင်းပြလိုက်သည်။ သူတို့က အားလုံး၏ ပစ်မှတ်ဖြစ်လာခဲ့လျှင် အမှန်ပင် ပြဿနာ ဖြစ်ပေလိမ့်မည်။

ဟူး...

နတ်ဓားတစ်လက်က သူတို့ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။ မည်သည့် စကားမှ မဆိုပါဘဲနှင့် တစ်စုံတစ်ယောက်က စတင် တိုက်ခိုက်လိုက်လေသည်။

ထို့နောက် ကြောက်မက်ဖွယ် ဖိအားများ ထွက်ပေါ်လာပြီး ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့သည်။ မုန်တိုင်းက အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံသွားကာ လူတိုင်းကို ရစ်ပတ်သွားခဲ့သည်။

ရီဖူရှင်းသည် တိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ အားကောင်းသည့် မုန်တိုင်းကြောင့် သူ၏ အဝတ်များနှင့် ဆံပင်ရှည်တို့က လေပြင်းကြား လွင့်ပျံနေသည်။

ဤနေရာသို့ ရောက်လာကြသည့်

ကောင်းကင်အာဏာစက် ပြည်ထောင်၏ တန်ခိုးရှင်များစွာ ရှိနေပြီး သူတို့သည် နှင်းနတ်ပြည်ထောင်နှင့် မဟာမိတ်ဖွဲ့ထားခဲ့ကြသည်။ သူတို့ကြားတွင် ရန်ဟောင်အဆင့် တစ်ယောက်ရှိနေပြီး သူတို့၏ မဟာမိတ်အင်အားစုက ဤနေရာတွင် အစွမ်းထက်သည်ဟု ပြောနိုင်ပေသည်။ သို့သော် သူတို့၏ လူအများအပြားက သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်ကာ ယခု ဤသို့ ဝန်းရံခံရသည့် အခြေအနေအောက်တွင် ကောင်းကင်အာဏာစက် ပြည်ထောင်က အားကောင်းလျှင်ပင် သူတို့က ယခုအခြေအနေအောက်၌ ဖိနှိပ်ခံနေရဆဲ ဖြစ်သည်။.

“မင်း မသွားဘူးလား” အသံတစ်ခုက မေးလိုက်သည်။ ထိုအသံရှင်မှာ နတ်နဂါးကလန်မှ လုံချန်ဖြစ်ကာ သူက ရီဖူရှင်း၏ ဘေးသို့ လျှောက်လာခဲ့၏။

“လိုအပ်လို့လား။” ရီဖူရှင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “မင်းကရော အဲဒီနတ်လက်နက်တွေအတွက် မတိုက်ခိုက်ဘူးလား။”

လုံချန်က ခေါင်းကို ခါလိုက်သည်။ “မင်းလည်း မလုပ်ဘူးလေ။”

“ကျုပ်သာ လိုချင်ရင် အချိန်မရွေး ယူလို့ရတယ်။ အခု ဝင်တိုက်ဖို့ ဘာလို့ လိုတော့မှာလဲ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

“ငါ မင်းကို ယုံတယ်။” လုံချန်က ပြောလိုက်သည်။ ရီဖူရှင်းက သူ့ကို ကြည့်လိုက်၏။ သူသည် နတ်နဂါးကလန်မှ ဤခရမ်းသွေးနတ်နဂါးက သူ့ကို အမှန်ပင် ယုံကြည်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

“မင်းက ကောင်းကင်အာဏာစက်ဘုံက ရီဖူရှင်းလား။” ဘေးဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်းက ထိုနေရာသို့ လှည့်ကြည့်လိုက်လျှင် သူတို့ထံ လာနေသည့် ဘုန်းကြီးတစ်စုကို တွေ့လိုက်ရသည်။ သူတို့၏ မျက်လုံးများက ကြည်လင်သော်လည်း မှန်းဆ၍ မရသော အရှိန်အဝါကို ပေးစွမ်းသည်။

“ခင်ဗျားတို့က....” ရီဖူရှင်းက မေးလိုက်သည်။

“ကျုပ်တို့က တောင်တန်းဘုံက လာခဲ့တာ။” ဘုန်းကြီးက ပြန်ဖြေလိုက်၏။

“တောင်တန်းဘုံရဲ့ ဘယ်​ကျောင်းတော်ကများလဲ။” သောကျောက်က သူတို့ကို ကြည့်ကာ မေးလိုက်သည်။

“ကျုပ်တို့က တောင်တန်းတွေမှာ လှည့်လည်ပြီး လမ်းစဥ်ရှာဖွေနေတဲ့ သူတွေပါ။” ဘုန်းကြီးတစ်ပါးက ပြန်ဖြေလိုက်သည်။

“ကျောင်းတော် မရှိဘူးလား” သောကျောက်က သူ့ကို ​စူးစမ်းသလို ကြည့်ပြီးနောက် ပြောလိုက်သည်။ “ရှန်ရှင်းကလန်က ဘုန်းကြီးတွေ မဟုတ်ဘူးလား။”

“အတိအကျပါပဲ” ထိုဘုန်းကြီး ခေါင်းညိတ်ကာ ပြောလိုက်သည်က သောကျောက်ကို အံ့အားတသင့် ဖြစ်သွားစေသည်။ ဤအဖွဲ့က လူညစ်ကတုံးအဖွဲ့သာ ဖြစ်လေသည်။

ရီဖူရှင်းက သောကျောက် ပြောသည်ကို ကြားသည့်အခါ သူ့ကို ကြည့်လိုက်သည်။ “ရှန်ရှင်းကလန်ရဲ့ မူလအစက ရှန်ရှင်းကျောင်းတော်ဖြစ်ပေမယ့် သူတို့က စည်းမျဥ်းတွေကို မလိုက်နာတာကြောင့် တောင်တန်းဘုံရဲ့ ဘုန်းကြီးတွေဆီကနေ နှင်ထုတ်ခံလိုက်ရတာ။ သူတို့ကို ကျောင်းတော်တည်ခွင့် မပေးထားတာကြောင့် ရှန်ရှင်း. ကျောင်းတော်ကနေ ရှန်ရှင်းကလန် ဖြစ်လာခဲ့တယ်။ ဒီ ငညစ်ကတုံးတွေ ဒီနေရာရောက်လာတာ ကောင်းတာတော့ ဖြစ်မှာ မဟုတ်ဘူး။ သူတို့က မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့ပြီးတော့ တွေးထားတာထက် ပိုပြီး လောဘကြီးကြတယ်။ သူတို့က ဘာသာရေးကို စော်ကားနေတာပဲ။ အဲဒါကြောင့် သူတို့ကို တောင်တန်းဘုံမှာ သူပုန်ကတုံးတွေလို့ ခေါ်ကြတယ်”

သောကျောက်က ထိုအ​ကြောင်းကို စိတ်ချင်းဆက်သွယ်၍ ပြောခြင်းမဟုတ်ဘဲ အသံထွက်ကာ ခပ်ကျယ်ကျယ် ပြော ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှန်ရှင်းကလန်မှ ထိုသူများသည်လည်း မကြားဘဲနေမည် မဟုတ်ပေ။

သို့သော် ရှန်ရှင်းကလန်မှ ဘုန်းကြီးများက သူပြောသည်ကို ကြားသည့်အခါတွင် စိတ်အနှောက်အယှက် ဖြစ်သွားပုံမပေါ်ဘဲ သာမန်စကားများကို ကြားနေရသကဲ့သိုပင် သူတို့၏ မျက်လုံးများအတွင်း ဒေါသဟူ၍ ဖြစ်မလာပေ။

စည်းမျဥ်းများကို လိုက်နာခြင်းက မည်သည့် ကောင်းကျိုး ရှိပါသနည်း။ ကျင့်ကြံခြင်းလောကသည် ရက်စက်လှသည့် လောကဖြစ်သည်။ သူတို့သည် စည်းမျဥ်းများကို လိုက်နာသည့် ဘုန်းကြီးများနှင့်မတူဘဲ တိုးတက်ရန် အခွင့်အရေးကို လိုက်စား၍ ကျင့်ကြံသည့် လမ်းစဥ်ကို လျှောက်လှမ်းနေရုံသာ ဖြစ်သည်။

ထိုသည်က သူတို့ မည်သို့ လုပ်ဆောင်နေသည်ဟူ၍ ဖြစ်ကာ သူတို့သည် အခြားသူများ၏ စကားကို အရေးမလုပ်ကြပေ။

“ခင်ဗျား ကလန်ရဲ့ ဂုဏ်သတင်းကို ကြားဖူးတာ ကြာပါပြီ။” ရီဖူရှင်းက ​အပြုံးတုနှင့် ပြောလိုက်သည်။ “ဒါပေမယ့် ကျုပ် ဘာများကူညီပေးရမလဲ ကြီးမြတ်တဲ့ ဆရာသခင်တို့။”

“အရှင်ရီ အရင်က ပြောခဲ့တဲ့ စကားတွေကို တခြားလူတွေ မယုံပေမယ့် ကျုပ်တို့က ယုံကြည်ပါတယ်။” တခြားတစ်ယောက်က ပြောလိုက်သည်။

“ဘာကိုလဲ” ရီဖူရှင်း၏ မျက်နှာထက်၌ အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။

“အရှင်ရီ ပြောခဲ့တဲ့ ချိပ်စည်းဖွင့်ရတာ လွယ်တယ်ဆိုတဲ့စကား ကျုပ်တို့ ယုံတယ်။” ဘုန်းကြီးတစ်ပါးက အပြုံးနှင့် ပြောလိုက်သည်။ ရီဖူရှင်းက တစ်ဖက်ကို ပြန်ပြုံးပြကာ မေးလိုက်၏။ “ပြီးတော့ရော ဘာဖြစ်လို့လဲ။”

“အရင်က ခန်းမထဲမှာ ဘယ်သူမှ သတိမပြုမိခဲ့ပေမယ့် ကျုပ်က အရှင်ရီရဲ့ စိတ်စွမ်းအားကို ခံစားမိခဲ့တယ်လေ။ ကျုပ် ခန့်မှန်းရသလောက် ကောင်းကင်အာဏာစက် ပြည်ထောင်က ချိပ်စည်းတွေ ဖွင့်နိုင်ခဲ့တာ အရှင်ရီရဲ့ အကူအညီကြောင့်မလား။” မျက်နှာချင်းဆိုင်မှ ဘုန်းကြီးက ပါးစပ်မဖွင့်ဘဲ သူက ရီဖူရှင်းကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

“ချိပ်စည်းသုံးခုကို အတွေးတစ်ချက်နဲ့ ဖွင့်နိုင်တဲ့ စွမ်းရည်မျိုးက ခန်းမတစ်ခုလုံးကို ဖွင့်ရင်လည်း ပြဿနာရှိလိမ့်မှာ မဟုတ်ဘူး။ ခင်ဗျားက နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေကိုတောင် ခြေချနိုင်တဲ့ ပါရမီရှင်ဆိုတာ မအံ့သြတော့ပါဘူး။” တစ်ဖက်လူက ဆက်ပြောလိုက်လျှင် ရီဖူရှင်း၏ မျက်လုံးများထဲ၌ အေးစက်သည့် အရိပ်အယောင်များ လင်းလက်လာသည်။

သူသည် အခြားသူများ သတိပြုမိသွားမည်ဟု ထင်မှတ်မထားမိသော်လည်း ဤငညစ်ကတုံးများ သိရှိသွားရာ သူတို့က အလွန် အားကောင်းသည်ဟု ဆိုရပေမည်။

ထို့ပြင် သူတို့သည် ယခင်က ကိစ္စအချို့ကိုပင် သိရှိထားသေးသည်။

“ပြီးတော့ရော” ရီဖူရှင်းက ဆက်၍ စစ်မေးလိုက်သည်။

“ဒီနေရာ ကျုပ်တို့ရဲ့ အင်အားက အတော်လေး သန်မာတယ်။ ပြီးတော့ ရန်ဟောင် ငါးယောက်မှာ တစ်ယောက်ကလည်း ကျုပ်တို့လူ။ အလုပ်ကို အတူတူ ပူးပေါင်း ကြမယ်ဆိုရင် ဘယ်လိုလဲ။” ဘုန်းကြီးက ရီဖူရှင်းကို ကြည့်မနေခဲ့ပေ။ ရီဖူရှင်း၏ ဘေးမှ လူများက ဘုန်းကြီးကို ကြည့်လိုက်ပြီး သူတို့နှစ်ယောက်က စိတ်ချင်းဆက်သွယ်၍ စကားပြောနေသည်ကို သိလိုက်ကြသည်။

“ကျုပ်က သဘောမတူရင်ရော” ရီဖူရှင်းက မေးလိုက်သည်။

“အရှင်ရီနဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ ရန်ငြိုးက နက်ရှိုင်းတယ်။ ဒါပေမယ့် ကောင်းကင်အာဏာစက် ပြည်ထောင်က ဘာလို့ ဒီလိုမျိုး ဝန်းရံခံထားရတာလဲ။” ဘုန်းကြီးက အပြုံးနှင့် တုန့်ပြန်လိုက်သည်။

သိသာစွာပင် ထိုသည်က ခြိမ်းခြောက်မှု ဖြစ်သည်။ သူက ပူးပေါင်းရန် ငြင်းဆန်လျှင် သူတို့က ဝန်းရံတိုက်ခိုက်လာမည်လား။

“ကျုပ် စဥ်းစားဦးမယ်” ရီဖူရှင်းက ပြောလိုက်သည်။ သူသည် ချိပ်စည်းကို မည်သို့ ဖွင့်ရမည်ဟု တွေးနေခဲ့သော်လည်း ထိုမျှ မြန်မြန် ဖော်ထုတ်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အမှန်ပင် သူက သူ့ကိုယ်သူ အထင်ကြီးမနေသင့်ပေ။ ဤနေရာ၌ နေရာပေါင်းစုံမှ လူများ ရောက်ရှိနေပြီး တောင်တန်းဘုံမှ ဤဘုန်းကြီးများသည် ယခင်က နှိမ့်ချစွာ နေခဲ့ကြခြင်း ဖြစ်သည်။ ယခင်က သူတို့၏ တည်ရှိမှုကို မည်သူမှ သတိမထားမိခဲ့ကြပေ။

သို့သော် ကြည့်ရသည်မှာ သူတို့သည် ပုန်းလျှိုးကွယ်လျှိုးဖြင့် လူတိုင်း၏ အပြုအမူတိုင်းကို အာရုံစိုက်ကာ လေ့လာနေခဲ့သည်။

ယခုတွင် သူသည် သူ၏ အစီအစဥ်ကို ပြန်စဥ်းစားရန် လိုလာပြီ ဖြစ်၏။

“အရှင်ရီက ထက်မြက်တဲ့လူပဲ။” ဘုန်းကြီးက ပြုံးကာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။ သူတို့က ရီဖူရှင်းကို အတင်းအကျပ် မတိုက်တွန်းဘဲ စဥ်းစားရန် အချိန် ပေးထားခဲ့သည်။

ထိုသို့သော အခြေအနေအောက်တွင် သူတို့နှင့် ပူးပေါင်းခြင်းကသာ အကျိုးအရှိဆုံး ဖြစ်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

သူသည် ရီဖူရှင်းက အမှန်ကန်ဆုံး ရွေးချယ်မှုကို ပြုလုပ်လိမ့်မည်ဟု ယုံကြည်ပေသည်။

“မင်းတို့ နှစ်ယောက် ဘာပြောနေတာလဲ” သောကျောက်သည် သူတို့နှစ်ဦး မည်သည်တို့ ပြောနေခဲ့သည်အား အလွန်အမင်း သိချင်နေခဲ့သည်။

သူ သိသလောက် ဤငညစ်ကတုံးတို့မှာ ကောင်းသတင်းမရှိချေ။

“စကားစမြည်ပြောရုံပါ။” ရီဖူရှင်းက သာမန်အတိုင်း ပြောလိုက်ပြီး လေထဲမှ တိုက်ပွဲကို ကြည့်လိုက်သည်။  ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် နှင်းနတ်ပြည်ထောင် မဟာမိတ်မှာ အလွန် အားကောင်းသည့် ခုခံနိုင်မှု ရှိသော်လည်း အရာထင်ခဲ့ခြင်း မရှိပေ။ သူတို့က ပြင်းထန်စွာ ဖိနှိပ်ခံနေရပြီး တိုက်ပွဲတွင်း၌ သူတို့၏ လူအများအပြား သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သည်။

“မင်းသမီး” နှင်းနတ်ပြည်ထောင်မှ တန်ခိုးရှင်တစ်ဦးက ယဲ့မန်နှင့် စိတ်ချင်း ဆက်သွယ်လိုက်သည်။ သူတို့က မဟာမိတ်များ ဖြစ်သော်လည်း ဤမျှ ကြီးမားသည့် စတေးမှုမျိုး ပြုလုပ်ရန် ဆန္ဒမရှိခဲ့ပေ။

ယဲ့မန်၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ် အကြည့်တို့ ရှိနေခဲ့သည်။

“ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး။ ဒီက ထွက်သွားတော့။” ရိထျန်းယွီက ပြောလိုက်သည်။ သူက လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပြီး နောက်သို့ ပြန်ကန်ထွက်သွားသည်။ သူက ဝန်းရံထားသည့် လူအုပ်ကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ် ဒီနတ်လက်နက်ကို လက်လျှော့ပေးနိုင်တယ်။ ပြီးတော့ ခန်းမထဲက ပစ္စည်းတွေအတွက် တိုက်ပွဲမှာလည်း ဝင်မပါတော့ဘူး။ ဒီလောက်ဆိုရင် အရင်က ကျုပ် ခင်ဗျားတို့ တွေးသလို ဘာမှ မလုပ်ခဲ့ဘူးဆိုတာ ယုံကြည်ဖို့ လုံလောက်ပြီလား။”

သူက ရှုံးနိမ့်သည်ကို ဝန်မခံလိုသော်လည်း ဤသို့သော အခြေအနေအောက်တွင် တိုက်ပွဲဆက်လက် တိုက်ခိုက်နေလျှင်ပင် ကောင်းကင်အာဏာစက် ပြည်ထောင်မှ နတ်လက်နက်ကို ပိုင်ဆိုင်မည်ဟူသော အာမခံချက်မရှိပေ။ အကြီးမားဆုံး ဖြစ်နိုင်ချေမှာ သူ၏ အဖွဲ့သားများအားလုံး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရခြင်းသာ ဖြစ်နိုင်ပေသည်။

ထို့ကြောင့် သူက ထိုသို့ ဆုံးဖြတ်ရန် လိုပေသည်။

ရိထျန်းယွီပေါ်တွင် ကြောက်မက်ဖွယ် ဖိအားများ ရှိနေခဲ့သည်။ ယဲ့မန်သည် ရိထျန်းယွီအား နားလည်ပေသည်။ သူ့လို မာနကြီးသည့် လူတစ်ယောက်အနေနှင့် သူ့ကို အညံ့ခံရန် ဖိအားပေး၍ အညှာအတာမဲ့ ဝန်းရံတိုက်ခိုက်မှုတို့ကြားတွင် ပြစ်ဒဏ်ခံယူရန် ရွေးချယ်ခဲ့သည်။ သူက အမွေအနှစ်ပစ္စည်းအတွက် တိုက်ခိုက်သည့် စစ်မြေပြင်မှပင် နှုတ်ထွက်မည်ဟု ကမ်းလှမ်းခဲ့၏။

“သူက တကယ်ပဲ စွမ်းအားနဲ့ ချိပ်စည်းတွေကို ဖျက်နိုင်တယ်ဆိုရင် သူ့ကို အန္တရာယ်တွင်း တွန်းပို့နိုင်တာ သိသိချည်းနဲ့ နတ်လက်နက်သုံးခုကို ချိပ်ဖွင့်ခဲ့ပါ့မလား။” ယဲ့မန်သည်လည်း ဝင်​ရောက် ပြောဆိုခဲ့သည်။ “ဒါက သူ့ကို ထိခိုက်စေချင်တဲ့ တစ်စုံတစ်ယောက်က ပျက်စီးရာပျက်စီး​ကြောင်း လုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။”

“တိုက်ခိုက်ဖို့ ရန်စတာ မင်းမဟုတ်ရင် ဘယ်သူဖြစ်မှာလဲ။” တစ်ယောက်က ရန်လိုစွာ ပြောလိုက်သည်။ ယဲ့မန်ပြောသည်မှာ အမှန်တချို့ ပါဝင်သည်ဆိုသော်ငြား သူတို့က အလွယ်တကူ လွှတ်မပေးလိုက်နိုင်ပေ။

“ဒီမှာ ချိပ်စည်းကို အတွေးတစ်ချက်နဲ့ ဖွင့်နိုင်ပါတယ်လို့ ကြုံးဝါးခဲ့တဲ့လူ မရှိဘူးလား။ ဘာလို့ သူ မဖြစ်နိုင်ရမှာလဲ။” ယဲ့မန်က အေးစက်စွာ ပြောလိုက်သည်။

ယဲ့မန်က မည်သူ့ကို ပြောနေသည်အား သိသည့်အခါ လူအများက မျက်မှောင်ကြုတ်လိုက်သည်။

ရီဖူရှင်း၏ လေလုံးထွားပြီး အရူးချေးပန်းလျှောက်ပြောနေသည့် စကားများကို မည်သူက ယုံကြမည်နည်း။

“ရှင်တို့တွေက သူ့ကို တကယ်ပဲ အရှက်မရှိတဲ့ အူကြောင်ကြောင် လူတစ်ယောက်လို့ တွေးထားတာလား။” ယဲ့မန်က ဆက်ပြောလိုက်သည်။ “ရီဖူရှင်း ကောင်းကင်အာဏာစက်ဘုံမှာ ရှိစဥ်က ကောင်းကင်အာဏာစက်ဘုံက ပါရမီရှင်တွေ အားလုံး သူ့ကို တစ်ယောက်မှ မယှဥ်နိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူ ကောင်းကင်လမ်းစဥ်နတ်ခန္ဓာပိုင်ရှင်လို့ ကြွေးကြော်ခဲ့ဖူးသူတစ်ယောက်ပဲ။ နောက်ပိုင်း သူက ကောင်းကင်နတ်တံခါးရဲ့ ထူးခြားလမ်းစဥ်ကို ဆက်ခံခဲ့ပြီး နတ်ဘုရားနန်းတော်ကို ဝင်ရောက် ကျင့်ကြံဖို့ ပံ့ပိုးပေးခဲ့တဲ့ အရှင်ထိုက်ရွှမ်ရဲ့ အာရုံစိုက်မှုကိုလည်း ဖမ်းစားနိုင်ခဲ့တယ်။ ဒီနှစ်တွေထဲမှာ နတ်ဘုရားနန်းတော်ရဲ့ ဘိုးဘေးနယ်မြေကို ဝင်ရောက်နိုင်တဲ့သူက တစ်ယောက်ပဲ ရှိခဲ့တယ်။ ရီဖူရှင်းက နတ်ဘုရားနန်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်ပေမယ့် ဘိုးဘေးနယ်မြေကို ဝင်ရောက်နိုင်ခဲ့ပြီး သူ့ရဲ့ ဓားတစ်လက်နဲ့ နတ်ဘုရားနန်းတော်က တပည့်တွေ အားလုံးကို ရှုံးနိမ့်စေခဲ့တယ်။”

ရီဖူရှင်း၏ မျက်နှာထက်၌ ထူးဆန်းသည့် အကြည့်တို့ ပေါ်ပေါက်လာသည်။ ဤအမျိုးသမီးက သူ ရိထျန်းယွီအပေါ် ပြောခဲ့သမျှကို သူ့ဆီ ပြန်တွန်းပို့ချင်နေသည်လား။

ယဲ့မန်သည် သူ လုပ်ခဲ့ခြင်းဖြစ်ကြောင်း အမှန်တကယ်တွင် မသိရှိသော်လည်း အားလုံး၏ အာရုံစိုက်မှုအား ရီဖူရှင်းထံ ပို့ဆောင်ချင်နေခြင်း ဖြစ်သည်။

“သောမျိုးနွယ်စုက ထိပ်သီးပါရမီရှင်တွေတောင်မှ သူ့နောက်က လိုက်နေတာ ရှင်တို့ ဘယ်လိုထင်ကြလဲ။ သူက တကယ်ပဲ စိတ်ကြီးဝင်နေတဲ့ ခပ်တုံးတုံးလို့ တကယ် ထင်နေက တာလား။” ယဲ့မန်၏ စကားလုံးတိုင်းက လူတိုင်း နားအတွင်း ဝင်ရောက်သွားပြီး လူအများ၏ အာရုံက ရီဖူရှင်းဘက်သို့ ရောက်ရှိလာသည်။

ယခင်က သူတို့သည် ရီဖူရှင်းကို အလွန် အရှက်မဲ့သည်ဟုသာ ထင်မြင်ခဲ့ကြသည်။

“အရင်က ကျီဝေးနန်းတော်၊ သောမျိုးနွယ်စုနဲ့ ဝရိန်ခုနစ်ပါးကလန်တို့က သူဆက်ခံခဲ့တဲ့ အမွေအနှစ်အတွက် တိုက်ခိုက်ခဲ့ကြဖူးတယ်။ အဲဒါကြောင့်...” ကျီဝေးနန်းတော်မှ ပေချန်က ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ၏ စိတ်ထဲမှ သံသယတို့က စတင်ပူလောင်လာသည်။ သောကျောက်က အလွန် မာနကြီးသူ ဖြစ်သော်လည်း ရီဖူရှင်းနောက်သို့ လိုက်ရန် ဆန္ဒ ရှိပေသည်။ သူတို့ ထွက်သွားပြီးနောက် မြေအောက်နန်းတော်၌ မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။

“အခုလိုဆိုမှ ကျုပ်လည်း တစ်ခုခုကို သွားသတိရမိတယ်။ အရင် ကျုပ်တို့ ဓားမြို့တော်မှာ ဒီလူကသူနဲ့အတူ လာတဲ့ လူတစ်ယောက်ကို နတ်ဓားဆက်ခံစေဖို့  ကိုယ်စားယူပေးခဲ့တယ်။”

ကောင်းကင်ဓားခန်းမမှ ရှန့်ထိုငရဲဓား သည်လည်း လက်ရှိတွင် ရှိနေခဲ့သည်။ သူက ကောင်းကင်ဓားခန်းမ မည်သို့ ဖြစ်ခဲ့သည်ကို ပြန်တွေးသောအခါတွင် ထိုအချိန်က ဖြစ်ခဲ့သည့်အရာအားလုံးကို ရှင်းလင်းလာခဲ့သည်။

ထိုဓားသမား နတ်ဓားကို ဆက်ခံနိုင်ရန် ကူညီ၍ လုယူပေးသူမှာ ရီဖူရှင်းသာ ဖြစ်ပေသည်။ ဆက်ခံခြင်းလျှို့ဝှက်ချက်ကို သူက ဖုံးက်ယ်မထားခဲ့ပေ။ ကျီဝေးနန်းတော်မှ တန်ခိုးရှင်များ ​ပြောခဲ့သည်အရ ဤလူသည် အမွေအနှစ်ပစ္စည်းများ ဖော်ထုတ်ရာ၌ ထူးခြားသည့် အရည်အချင်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်သည်။

ရိထျန်းယွီ နှင့် ယဲ့မန်တို့၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ယခင်က သူတို့သည် ရီဖူရှင်းကို သံသယဝင်ခဲ့ခြင်း မရှိပေ။ သို့သော် နှစ်ဖက်စကားများကို နားထောင်ပြီးနောက် သူတို့သည် ရီဖူရှင်းက ဤကိစ္စကို တမင်သက်သက် စီစဥ်ခဲ့သည်ဟု ခံစားလာရပေသည်။

ချိပ်စည်းများကို အမှန်တကယ် ချိုးဖျက်နိုင်သူက သူဖြစ်နေသည်လား။

သံသယ ဝင်ခြင်းမဟုတ်ဘဲ ယဲ့မန်၏ စကားများက ယုံချင်စရာ မဖြစ်နေလျှင်ပင် အခြားသော ထိပ်သီး အင်အားစုကြီး နှစ်ခုကလည်း ရီဖူရှင်းနှင့် ရန်ငြိုးရှိသည့်အတွက် ရည်ရွယ်ချက်ရှိရှိ ထောင်ချောက်ဆင်ခြင်း မဖြစ်နိုင်ပေ။

ထို့ကြောင့်.....

သူ ယခင်က ပြောခဲ့သော စကားမှာ အရူးလို လေထွားခြင်း မဖြစ်နိုင်တော့ပေ။

သောကျောက်သည် သူ့ဘေးမှ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ၏ အမူအရာက အံ့အားသင့်​နေခဲ့သည်။ ဤနတ်လက်နက်သုံးခု၏ ချိပ်စည်းကို ဖွင့်ခဲ့သည့်သူက ရီဖူရှင်း ဖြစ်နေသည်လား။

သို့သော် သူသည် ရီဖူရှင်း လှုပ်ရှားလိုက်သည်အား မြင်တွေ့ဖူးခဲ့ခြင်းမရှိပေ။

အင်အားစု သုံးခုလုံး၏ စကားများကို နားထောင်ရလျှင် ထိုသည်မှာ တိုက်ဆိုင်မှု မဖြစ်နိုင်တော့ပေ။ လူတိုင်း၏ အာရုံက ရိထျန်းယွီထံမှ ရီဖူရှင်းဆီ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။

ရီဖူရှင်းသည် ထိုနေရာ၌ ရပ်နေခဲ့ပြီး မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်ထားကာ သူသည် အဖက်ဖက်မှ အကျပ်ကိုင်ခံနေရသလို ခံစားမိပေသည်။

အမှုမဲ့ အမှတ်မဲ့နှင့် ယဲ့မန်၊ ကျီဝေးနန်းတော် နှင့် ကောင်းကင်ဓားခန်းမတို့မှ ပြောခဲ့သော စကားများက အမှန်တရားကို ခလုတ်တိုက်မိပြီး သူ့ကို ဖော်ထုတ်မိစေခဲ့ပေသည်။

***

All Chapters