တာဝန်ခွဲဝေပေးခြင်း
Vol. 32 Ch. 479
ကိုင် က သူ့ရဲ့ စီပွားရေး ကိစ္စတွေကို မကြာခင်မှာပဲ လုပ်ဆောင်ပြီးသွားတဲ့ အချက်က ဆန်နီ အတွက်တော့ ကံကောင်းသွားးခဲ့ပါတယ်။ပြီးတာနဲ့..သူတို့က ရုပ်ရှင်ရုံကနေ ထွက်ခွာပြီး သီးသန့်နေရာတစ်ခုဆီကို ထွက်ခွာလာနိုင်ခဲ့ကြတယ်..။
…မဟုတ်ရင်တော့..အလင်းနဲ့အမှောင်ရဲ့သံစဉ် ပြပွဲမှာ..လူသတ်မူတွေ ဖြစ်လာတော့မှာပါ..။အဲဒီသောက်ကျိုးနဲ့ စာရေးသူက ဆန်နီရဲ့ ပုံစံအမှန်ကို စားသောက်ဆိုင်တစ်ခုလုံး သိသွားအောင် ကြေညာပြီးတဲ့ အချိန်မှာတော့..လူတွေအများကြီးက..သူ့ကို ‘ မင်းရူးနေတာလား..’ လို့ပြောပေးဖို့အတွက် တောင်းဆိုခဲ့ကြတယ်။ဒီလူတွေရဲ့ မျက်နှာတွေက သူ့ရဲ့ နှုတ်ခမ်းတွေကို ထိလုနီးပါးပါပဲ..။
ဘယ်လိုပဲဖြစ်ဖြစ်..မကြာခင်မှာပဲ.သူတို့က..ကိုင် နဲ့ အီကို တို့ ကုမ္ပဏီရဲ့ ခေတ်မှီတဲ့ ဧည့်ခန်းတစ်ခုထဲကို ရောက်လာခဲ့ကြပါတယ်.။သေးသွယ်တဲ့ မိန်းကလေးက..ဖက်ရှင်ကျတဲ့ ဝတ်စုံနဲ့ အတော်လေးကို ကြည့်ကောင်းနေခဲ့တယ်..။ပြီးတော့..လွတ်လပ်ပြီး ခင်မင်ဖို့ကောင်းတဲ့ ကိုင် အနားကိုချည်းကပ်လာချင်တဲ့ လူတွေကို နှစ်ခါပြန်စဉ်းစားစေလောက်တဲ့ အရှိန်အဝါမျိုး ထုတ်လွတ်ပေးထားခဲ့ပါတယ်..။
သူတို့ နေရာယူပြီးတဲ့ အချိန်မှာတော့..အိုင်ဒေါဖြစ်သူ က နောင်တရတဲ့ အမူအရာနဲ့ သူတို့ကိုု မေးလာခဲ့တယ်.။
“ကောင်းပြီလေ..အင်း…ဒါက သိပ်တော့လည်း မဆိုးပါဘူး..။ဟုတ်တယ်မလား..”
အယ်ဖီ သူ့ကို ပြုံးပြလိုက်ပြီး ချိုသာစွာပြောလိုက်တယ်..။
“သေချာတာပေါ့..သေချာတာပေါ့..။ပြီးတော့ ရှိသေးတယ်.။ နင်အခုချိန်အထိ မသေသေးတာက..ငါ့ရဲ့ ဝီးချဲကို သွေးတွေပေကျံပြီး ပြန်သန့်ရှင်းရေးလုပ်ရမှာကို မကြိုက်လို့ပဲ..”
ကိုယ်က ကြောက်ရွံ့စွာရယ်မောလိုက်ပြီး..ဆန်နီကို ကြည့်လိုက်တယ်..။
“ မင်းကရော..”
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
“ တကယ်တော့ ..ငါ ဂရုမစိုက်ပါဘူး..။ငါက ကိုးရိုးကားရား နိုင်တဲ့ အရူးတစ်ယောက်လို ဖော်ပြခံရတာကို သဘောကျပါတယ်..”
ခန့်ညားတဲ့ လေးသည်တော်က မျက်တောင်ခတ်လိုက်ပြီး..
“တကယ်လား..”
ဆန်နီ သူ့ကို လေးနက်စွာ ခေါင်းညိမ့်ပြလိုက်ပြီး..
“ဒါပေါ့..မင်းကို အရူးလို့ ထင်နေတဲ့လူတွေကို အရူးပြန်လုပ်ရတာက အရမ်းလွယ်ကူတယ်လေ..။ဒီတော့ ငါ စိတ်မရှိဘူး..”
ကိုင် ..ရှက်ရွံ့စွာ အကြည့်လွဲလိုက်တယ်..။
“ဘာပဲဖြစ်ဖြစ်ပါ..တကယ်တော့ မင်းတို့အရမ်းကြီး..စိတ်ပူနေစရာ မလိုပါဘူး..။ဒီလို ရုပ်ရှင်တွေ ဆိုတာက အများအားဖြင့် လူထုရဲ့ စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့အရာတွေပဲ..။ဘယ်သူကမှ ဒီဟာတွေကို အလေးအနက်ထားပြီး စဉ်းစားကြတာ မဟုတ်ဘူး..။နိုးထသူတွေနဲ့ ပတ်သက်လာရင် စိတ်ကူးယဉ်မူတွေ နဲ့ အစစ်အမှန်အခြေအနေက ဘယ်လောက်တောင် ကွာဟမူ ရှိသလဲ ဆိုတာကို သာမန်လူတွေတောင် သိကြတယ်လေ..”
ဆန်နီ ရယ်မောလိုက်တယ်..။
“သေချာတာပေါ့..။သူတို့ အဲလိုစဉ်းစားကြမှဦပါ..”
ဘာပဲဖြစ်ဖြစ် ..သူက ဘဝရဲ့ အချိန်အများစုကို သာမန်လူတစ်ယောက် အဖြစ်နဲ့ ဖြတ်သန်းနေထိုင်ခဲ့ရတာပါ။သူက မြို့ပြင်မှာ ကြီးပြင်းလာရတယ် ဆိုပေမယ့်လည်း..ဒီကမ္ဘာပေါ်က တစ်ခြားလူတွေနည်းတူပဲ..စေ◌ျးပေါတဲ့ ဖျော်ဖြေရေးတွေကို တော့ အသုံးပြုခဲ့ပါသေးတယ်..။ဟုတ်တယ်…ဝါဒဖြန့်ရေးတွေကို သူက သိထားပြီး..ဒီအရာတွေကို အလေးအနက် မထားရဘူးဆိုတာကိုလည်း နားလည်ထားပါတယ်။သိုပေမယ့် တစ်ချိန်တည်းမှာပဲ..အမှန်တရားနဲ့မသက်ဆိုင်တဲ့အရာက သူ့ရဲ့စိတ်ထဲကို ဝင်ရောက်လာကြပြီဆိုရင် တိတ်တဆိတ်ဆိုသလိုပဲ ယုံကြည်မူအဖြစ် ပြောင်းလဲသွားတာမျိုးတွေ ရှိပါတယ်..။
ဒါက မှားယွင်းတဲ့ ဝါဒဖြန့်မူတွေ အလုပ်လုပ်တဲ့ ပုံစံမျိုးပါပဲ..။
သူတို့က အချိန်တစ်ချို့ကြာအောင် ဇာတ်ကားထဲက ရယ်စရာအဖြစ်အပျက်တွေကို ပြောပြီး..စနောက်နေခဲ့ကြတယ်။ပြီးတော့..သင့်တော်တဲ့ အချိန်တစ်ခုကို ရောက်တဲ့အချိန်မှာ ဆန်နီ ပြောလိုက်ပါတယ်။
“စကားမစပ်..ငါ ကတ်စီနဲ့စကားပြောပြီးသွားပြီ။သူမက ဝင်ပါလိမ့်မယ်..။ဒါပေမဲ့..ငါတို့က အဲတာကို ဆောင်းရာသီမတိုင်ခင်မှာ လုပ်ဖို့တော့ လိုအပ်လိမ့်မယ်..။ဒီတော့..ပြင်ဆင်ဖို့အတွက် တစ်လ လျော့သွားတာပေါ့..”
အယ်ဖီ ပြုံးလိုက်ပြီး..
“သတင်းကောင်းပဲ..။ဒါဆိုလည်း..ငါ စပြီးပြင်ဆင်လိုက်တော့မယf..။ငါက အခု ဘတ်ရှင်ရဲ့ေတာင်ဘက်ခြမ်းမှာ ရှိနေတာ..။ဒီတော့..ငါ ချိန်းကျွန်းစုကို ရောက်ဖို့ဆိုရင် နှစ်လ..သုံးလ လောက်တော့ ကြာလိမ့်မယ်..။တကယ်လို့ နင်တို့က ဒေသခံ သူတော်စင် တစ်ယောက်နဲ့ မရင်းနှီးဘူး ဆိုရင်ပေါ့..”
ဆန်နီက သူတော်စင် တိုင်းရစ်ကို စိတ်ထဲမှာတွေးမိလိုက်ပြီး တိတ်ဆိတ်နေခဲ့လိုက်ပါတယ်..။
မရဘူး..ဒီအမျိုးသမီးကို အကူအညီတောင်းဖို့ ဆိုတာက အတော်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ..။ပထမဆုံးအကြိမ်တုန်းက မာစတာဂျက်က သူမကို ဘယ်လိုသွားပြီး အကူအညီတောင်းခဲ့တာလဲ ဆိုတာကိုတောင်..သူ သိချင်မိပါသေးတယ်..။
ကိုင် ခေါင်းညိမ့်လိုက်တယ်..။
“ငါတို့..ဘတ်ရှင် မှာ ဆုံပြီး မြောက်ဖက်ဆီကို အတူတူ ခရီးဆက်လို့ရတယ်..။အဲတာက ပိုပြီး လုံခြုံလိမ့်မယ်..”
အဲ့အချိိန်မှာတော့..အီကိုက သူတို့ကို ရှုပ်ထွေးတဲ့အမူအရာ နဲ့ ကြည့်နေခဲ့တယ်။
“မြောက်ပိုင်းကို ခရီးထွက်မှာလား..။ဆောင်းရာသီ မတိုင်ခင် လုပ်ကြမယ်ပေါ့..။နင်တို့ ဘာအကြောင်းတွေကို ပြောနေကြတာလဲ..”
ခန့်ညားတဲ့ လေးသည်တော်ရဲံ့ မျက်နှာပေါ်မှာ ရုတ်တရက် နောင်တရတဲ့ အမူအရာ ပေါ်လာခဲ့ပါတယ်..။
“ဒါက..အာ..ငါ အရင်က မပြောရသေးဘူး..။ဒါပေမဲ့..အကြမ်းပြင်းပြောရမယ်ဆိုရင်..ငါက ဆန်နီ ၊ အယ်ဖီ နဲ့ ကတ်စီ တို့နဲ့ ပူးပေါင်းပြီး..ဒုတိယအိပ်မက်ဆိုးကို စိန်ခေါ်တော့မှာ..”
အီကို..က သူ့ကို အံ့ဩတဲ့အမူအရာ နဲ့ ကြည့်နေခဲ့တယ်..။
“ဆန်နီ ရဲ့ စကားကို ခိုးပြီးပြောတာတော့ မဟုတ်ဘူး..ဒါပေမယ့်.. နင်ရူးနေပြီလား..။နင် အေဂျင်စီကိုရော ပြောပြီးပြီလား..”
ကိုင်က အားနည်းစွာ ပြုံးလိုက်ပြီး..
“..မပြောရသေးဘူးလား..။တကယ်တော့.ငါက နင် ငါ့အစားပြောပေးဖို့ကို မျော်လင့်ထားတာ..။သူတို့က နင့်စကားကို ဆိုရင် နားထောင်ကြလိမ့်မယ်..။တကယ်တော့ ဒါက ကောင်းတဲ့ အရာပဲ မဟုတ်ဘူးလား..။လူထုဆက်ဆံရေး အတွက်..။ငါသာ မာစတာတစ်ယောက်ဖြစ်လာမယ် ဆိုရင်..အိပ်မက်ကမ္ဘာထဲကို နေ့တိုင်းသွားနေစရာတောင် မလိုအပ်တော့ဘူး..”
သေးငယ်တဲ့ မိန်းကလေးက ပြန်ပြောလိုက်တယ်။
“ နင် အသက်ရှငိနေသေးရင်ပေါ့..”
ယင်းနောက် သူမက ဆန်နီ နဲ့ အယ်ဖီ ဘက်ကို လှည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။
“အာ..ငါက ဘယ်သူ့ကို စနောက်နေမိတာလဲ..ငါက အလုပ်လက်မဲ့ ဖြစ်ပြန်တော့မယ် ထင်တယ်..။နင်တို့ ခနလောက်ပျော်လိုက်ကြဦး ..။ငါ နည်းနည်း သွားသောက်လိုက်ဦးမယ်..”
ဒီလိုပြောပြီးတာနဲ့..သူမက ဘား ရှိတဲ့နေရာကို လျောက်သွားလိုက်ပါတယ်။
ဆန်နီ ခနလောက်စဉ်းစား ပြီးကာမှ ထရပ်လိုက်တယ်..။
“ငါ သူမကို အဖော်သွားပြုပေးလိုက်မယ်..”
ကိုင်က ကျေးဇူးတင်စွာ ပြုံးလိုက်ပြီး..
“လေးစားပါတယ်..”
‘ သူက ငါ ဘာလုပ်မယ်လို့ ထင်နေတာလဲ..’
ဆန်နီက သူ့ရဲ့သူငယ်ချင်းကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး..အီကိုနောက်ကို လိုက်သွားခဲ့ပါတယ်..။
ဒါပေါ့..သူက ဒါကို နှစ်သိမ့်ပေးဖို့အတွက် လုပ်နေတာ မဟုတ်ပါဘူး..။တကယ်တော့..သူက သူမကို သီးသန့်စကားပြောစရာ ကိစ္စရှိနေလို့ပါ..။
သူ က ဘား နားကိုလျောက်သွားပြီး..သေးငယ်တဲ့မိန်းကလေး အနားမှာ ရပ်လိုက်တဲ့ အချိန်မှာ..သူမက..သူ့ကို မကောင်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။
“အဲတာက ဘာကိစ္စပဲ ဖြစ်ဖြစ်..နိုး ပဲ…။ငရဲလိုပဲ..မလုပ်နိုင်ဘူး..”
ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..
“နင်က ဘာကိုဆိုလိုတာလဲ..”
အီကို အေးးစက်စွာ ပြုံးလိုက်တယ်..။
“ငါ နင့်ရဲ့ အကြည့်တွေကို သိတယ်..။ပြီးခဲ့တဲ့ အခေါက်တုန်းက နင်အဲဒီလို ကြည့်တဲ့အချိန်မှာ..ငါ နဲ့ စတိဗ်တို့က သွေးအရှင်သခင်ကြောင့်..သေဆုံးဖို့ နည်းနည်းပဲ လိုတယ်လေ..။ခနလေး..နင်က နင့်ရဲ့ ကိုယ့်ကိုကို သတ်သေတဲ့ ခရီးစဉ်မှာ ငါ့ကိုပါ ပါဝင်စေချင်နေတာလား..”
သူ ခေါင်းခါယမ်းလိုက်တယ်..။
“မ..မဟုတ်ပါဘူး..။အဲဒီ ကိစ္စတွေမဟုတ်ဘူး။တကယ်တော့..အဲတာက နင့်ရဲ့ အလုပ်အကြောင်းပဲ..”
သေးငယ်တဲ့ မိန်းကလေးက မျက်ခုံးပင့်တင်လိုက်ပြီး..
“အိုး..”
ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။
“ကောင်းပြီလေ..နင့်ရဲ့ ဝင်ငွေတစ်စိတ်တစ်ပိုင်းကို လျော့ကျသွားဖို့ ဖြစ်နိုင်ချေတွေ ရှိနေပြီ ဆိုမှတော့..။ကိုင်ကလည်း နင်က စီမံခန့်ခွဲတဲ့ နေရာမှာ အတော်လေးကိုကျွမ်းကျင်တယ်လို့ ပြောထားတယ်..။နင်က ငါ့ရဲ့ စီးပွားရေး အသစ်ကို ကူညီပေးရင်ရော ဘယ်လိုလဲ..”
အီကိုက သူ့ကို သံသယဖြစ်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..
“နင်က လုပ်ကြံသတ်ဖြတ်ရေး အေဂျင်စီ တည်ထောင်ထားတာလား..”
သူ သည်းမလိုတောင် ဖြစ်သွားခဲ့တယ်..။
“ဘာလဲ..။နင်က ဘာလို့များ အဲလို တွေးလိုက်တာလဲ..။ငါက ဒီတိုင်း..အစစ်အမှန် ကမ္ဘာနဲ့ အိပ်မက်ကမ္ဘာကြားထဲမှာ ပစ္စည်းတွေကို သယ်ယူတဲ့ နည်းလမ်းကိုတွေ့ထားခဲ့တာ..။တကယ်လို့ နင်သိဖို့လိုအပ်တယ်ဆိုရင်..ငါ့ရဲ့အိပ်မက်က..အဆင့်မြင့် မှတ်သားမူ စတိုးဆိုင် ပိုင်ရှင်တစ်ယောက် ဖြစ်လာဖို့ပဲ…”
သေးငယ်တဲ့ မိန်းကလေးက သူ့ကို ပြူကျယ်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပြီး..
“တကယ်ပြောတာလား..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
“ဟုတ်တယ်..တကယ်ပြောတာ..။ငါ့မှာ ဘာလို့အိပ်မက် မရှိနိုင်ရမှာလဲ..။စဉ်းစားကြည့်စမ်း..လှလှပပ အလှဆင်ထားတဲ့ စတိုးဆိုင်လေးထဲမှာဆိုရင်..အိပ်မက်ကမ္ဘာထဲမှာလိုမျိုး အသက်ရင်းပြီး လုပ်ဆောင်နေစရာ အကြောင်းမရှိတော့ဘူး..။ပြီးတော့ ရိုးရိုးရှင်းရှင်းပဲ ပိုက်ဆံတေွ အများကြီးက ငါ့လက်ထဲကို ရောက်လာနေဦးမှာ..။ဒါက အိပ်မက်မက်လို့ ရတဲ့ အရာတွေပဲ..မဟုတ်ဘူးလား..ၑ
အီကို က အံ့ဩနေတဲ့ မျက်နှာအမူအရာနဲ့ ခေါင်းခါယမ်းလိုက်တယ်..။
“ အဲလိုထင်တာပဲ..”
ဆန်နီ ပြုံးလိုက်ပြီး…
“နင် နားလည်ရဲံလား..။တစ်ခြားလူတွေက ရူးသွပ်တယ်လို့ ထင်နိုင်ပေမဲ့..နင့်လို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကတော့..ဒီလို မထင်ဘူးဆိုတာကို ငါသိတယ်..။ဘာပဲဖြစ်ဖြစ်..ငါက အတော်ကြာတဲ့အချိန်အထိ စတိုးဆိုင်အကြီးကြီး ဖွင့်ဖို့တော့ မှတ်သားမူတွေ အလုံအလောက်ရှိဦးမှာ မဟုတ်သေးဘူး..။ဒါပေမဲ့…ငါက စတိုးတစ်ခုကိုေတာ့ ဖန်တီးနိုင်သေးတယ်လေ..။ဒီတော့..ငါသတ်ခဲ့တဲ့ နတ်ဆိုးကနေ ရခဲ့တဲ့ ကျရှုံးမူအဆင့် အမြုတေ လေးခုကို အဲဒီမှာရောင်းချခဲ့တယ်..။ဒါပေမယ့် အကြောင်းပြချက်တစ်ချို့ကြောင့်..အဲဒီခွေးသား အမြုတေတွေက စေ◌ျးကောင်း မရခဲ့ဘူး..”
အီကို သူ့ကို မျက်မှောင်ကျုတ်ကာ ကြည့်လိုက်တယ်။
“ကောင်းပြီလေ..နင်က ဘယ်လို ခေါင်းစဉ်နဲ့လိုင်စင်ကို လျောက်ထားတာလဲ..။နင့်ရဲ့ ရာဖြတ်က ဘယ်သူလုပ်ပေးတာလဲ..။နင် သွားနေတဲ့ လုပ်ဆောင်မူ ဗျူဟာက ဘာလဲ..။SEO ချည်းကပ်မူကရော..။အတည်ပြုပေးတဲ့ ထောက်ခံမူတွေရော..”
သူက ခနလောက်တွေဝေလိုက်ပြီးကာမှ ပြောလိုက်တယ်..။
“..သိတယ်မလား..နင်က တကယ်အများကြီးပြေားသွားတာပဲ..။အများစုက ရင်းနှီးနေပုံရပေမယ့်..နင်ဘာကို ဆိုလိုတာလဲ ဆိုတာကို ငါတကယ်နားမလည်ဘူး..”
“သူမက ဘယ် ငရဲ အကြောင်းတွေကို ပြောနေတာလဲ..။SEO ချည်းကပ်မူ ဆိုတာ ဘာကိုပြောတာလဲ..။လိုင်စင်တွေက အမျိုးမျိုးရှိကြတာလား..။ခနလေး..ငါက လိုင်စင် လိုအပ်သေးတာလား..။ငါက အခွန်လည်းဆောင်ဖို့ လိုသေးတယ်လို့တော့ မပြောနဲ့နော်..”
သေးငယ်တဲ့ မိန်းကလေးက ခနလောက် မျက်လုံးတွေကို ပိတ်ထားလိုက်တယ်..။
“မရှိဘူးမလား..။နင် ဒီအရာတွေ တစ်ခုမှ မရှိဘူးပေါ့..”
ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။
“ နင် အဲဒီအမြုတေကို ရောင်းထွက်သွားတာကတောင် အတော်လေး ဆန်းကျယ်နေပြီ..”
သူ ပြုံးလိုက်ပြီး..
“ဒါကြောင့်လည်း..နင့်လို ဉာဏ်ကောင်းပြီး..ဗဟုသုတနဲ့ ပြည့်စုံတဲ့လူတစ်ယောက်က ငါ့ကို ကူညီပေးဖို့ လိုအပ်နေတာလေ..။ရောင်းချမူတိုင်းအတွက် ငါး ရာခိုင်နှုန်းကို ပေးမယ်..။တွေးကြည့်စဉ်းပါဦး..။နိုးထသူတွေ ဘယ်လောက်ကများ သူတို့ရဲ့ အမြုတေတွေကို အစစ်အမှန် ကမ္ဘာဆီကို သယ်လာနိုင်ကြမှာလဲ..။ပြီးတော့ ဘယ်သူက ဟင်းခတ်မှုန့်တွေကို အိပ်မက်ကမ္ဘာဆီကို သယ်သွားနိုင်လို့လဲ..။ငါတို့က ခနလေးနဲ့တင် ချမ်းသာသွားမှာ..”
အီကို သက်ပြင်းချလိုက်ပြီး ခနလောက်တိတိဆိတ်နေခဲ့တယ်..။
“ဒါက မခန့်မှန်းနိုင်တဲ့ အချက်နှစ်ခုပေါ်မူတည်နေတဲ့ အတွက်..အတော်လေးကိုစွန့်စားမူ များတဲ့ စီးပွားရေးတစ်ခုလို့ ပြောလို့ရတယ်..။နင်က အသက်ရှင်လျက်နေပြီး အိပ်မက်ဆိုးသားရဲနေတွေကို အဆက်မပြတ် အမဲလိုက်နေဖို့ လိုအပ်သေးတယ်လေ..။ဒါက..တစ်ခုနဲ့တစ်ခု ကျိုးကြောင်းဆီလျော်မူ မရှိတော့ဘူး..။ဒီတော့..သာမန်အခြေအနေမှာ ဆိုရင် ငါ က ငြင်းလိုက်မှာ..။ဒါပေမဲ့ အဲတာက နင်ဖြစ်နေတယ်..။ပြီးတော့..နင်က အစစ်အမှန် နာမည်က…နိုးထသူ သုံးယောက်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိနေပြီး..ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အဖွဲ့ဝင်ဟောင်းတွေနဲ့လည်းသိထားသေးတယ်..။ပြီးတော့..နင်က ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်နေပြီလေ..”
အီကို ပုခုံးတွန့်လိုက်ပြီး အတော်ကြာအောင် စဉ်းစားနေခဲ့ပါတယ်..။ယင်းနောက် သူမ ပြောလာခဲ့တယ်။
“ဆယ်ရာခိုင်နှုန်း..”
ဆန်နီ ပြုံးလိုက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့ အတွက် သူမကို လက်ကမ်းပေးလိုက်ပါတယ်..။
“အကောင်းဆုံးပဲ..။ဆန်နီရဲ့ အံ့ဩစရာ ကုန်စည်ပြပွဲကနေ ကြိုဆိုပါတယ်..”
သေးငယ်တဲ့ မိန်းကလေးက သူ့ကို အံ့ဩသင့်စွာ ကြည့်လိုက်ပြီး..
“ခနလေး..နင်ကတကယ်ပဲ ဆိုင်နာမည်ကို ..အံ့ဩစရာ ကုန်စည်ပြပွဲလို့ ပေးထားတာလား..။နာမည်က ပြောင်းလို့ရနိင်သေးလား..”
သူ ခေါင်းခါယမ်းလိုက်တယ်..။
“ဟင့်အင်..။ဒါကတော့ ညှိနှိုင်းလို့ မရဘူး..။ဒါပေမဲ့ နာမည်က ဘာမှားနေလို့လဲ..။ဒါက တကယ်ကောင်းတဲ့ နာမည်ပဲ…။ငါကတော့..သိတယ်မလား..အံ့ဩစရာကောင်းတယ်လို့ ထင်တယ်..။