← Chapters

အလုပ်များတဲ့ အချိန်ဇယား..

Vol. 32 Ch. 480

အလုပ်များတဲ့ အချိန်ဇယား..

Vol. 32 Ch. 480

အဲဒီညပြီးတဲ့နောက်မှာတော့..ဆန်နီ အတော်လေးကို အလုပ်ရှုပ်လာခဲ့တယ်။

‘တာဝန်ခွဲဝေပေးတာ…အဲတာက အောင်မြင်မူရဲ့လျို့ဝှက်ချက်ပဲ..’

အီကို က..အံ့ဩစရာကုန်စည်ပြပွဲကို မန်နေဂျာအဖြစ်ပူးပေါင်း ပြီးတဲ့နောက်မှာ..သူ ပထမဆုံးတွေးမိလိုက်တာပါ..။သူမရဲ့ အကူအညီနဲ့ သူ့ရဲ့ အင်တာနက် စတိုးဆိုင်ကို ပိုပြီးစည်ကားလာဖို့အတွက်..စာရွက်စာတမ်း ကိစ္စကို လုပ်ဆောင်နိုင်ခဲ့တယ်။မြင့်မြတ်နယ်မြေက..လူတွေဆီက ယူဆောင်လာခဲ့တဲ့ အမြုတေတွေကို အရောင်းစာရင်းတင်လိုက်တဲ့ အချိန်မှာကွာခြားမူကို သူ တွေ့မြင်ခဲ့ရပါတယ်..။ဒီအရာတွေက လျင်လျင်မြန်မြန်ရောင်းချနေရယုံတင်မကပဲ..စေ◌ျးကလည်း သူထင်ထားတာထက် ကို မြင့်မားနေခဲ့တယ်။

သူက..အရောင်းပိုင်း ၊ ပို့ဆောင်ခြင်းအပိုင်း နဲ့ ဝယ်ယူမူအပိုင်းတွေမှာလည်း မလိုအပ်ပဲ အချိန်တွေ ဖြုန်းနေစရာ မလိုအပ်တော့ပါဘူး..။အီကို က..သူပေးထားတဲ့ ပစ္စည်းတွေနဲ့ ..ဘယ်နိုးထသူကတော့..အိပ်မက်ကမ္ဘာထဲမှာ သူ့ဆီက ဘယ်ပစ္စည်းကို ယူချင်တယ် ဆိုတဲ့ အချက်အလက်တွေကို လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်နေခဲ့တယ်။ပြီးတော့..ကျန်တဲ့အပိုင်းတွေကိုလည်း သူမပဲ လုပ်ဆောင်သွားခဲ့တာပါ။

ရောင်းအားက အရမ်းကြီးများပြားနေတာမျိုး မဟုတ်ပေမယ့်..အံ့ဩစရာကုန်စည်ပြပွဲက..ဖောက်သည်အရေအတွက် ဖြည်းဖြည်းခြင်း မြင့်တက်လာနေပြီး..အဆက်မပြတ်စီးဆင်းနေတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ဆန်နီကတော့..ဒီတိုင်းပိုက်ဆံတွေကို သိမ်းယူပြီး..သူတော်စင်ကို ကျွေးဖို့ အဆင့်နိမ့်..မှတ်သားမူတွေကို ဝယ်ယူဖို့အတွက်သာ..လိုအပ်ပါတယ်..။

ကောင်းပြီလေ..ပြီးတော့..ဒါပေါ့..အသက်ရှင်လျက်နဲ့ ဝိဥာဉ်အမြုတေတွေကို စုဆောင်းဖို့လည်း လိုအပ်သေးတာပေါ့..။

ဒီလိုတာဝန်ခွဲဝေပေးရတာ ကို သူ သဘောကျမိပေမယ့်… စိတ်မကောင်းစရာက…သူ့ရဲ့ များပြားလှတဲ့အလုပ်တွေထဲမှာ ဒီတစ်ခုကိုပဲ ခွဲဝေပေးလို့ရတာပါ..။တစ်ခြား သူလုပ်မယ့် အရာတွေက..အရမ်းကို ပုဂ္ဂိုလ်ရေးဆန်ပြီး..လျိုဝှက်လွန်းတာကြောင့် တစ်စုံတစ်ယောက်ကို..တာဝန်ခွဲပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။

သူ့ရဲ့ စူးစမ်းရှာဖွေမူတွေ အတွက်ကိုတော့..ဘယ်သူကမှ ကူညီပြီးလိုက်လုပ်ပေးလို့ ရမှာ မဟုတ်ပေ..။ဒီတော့..ဆန်နီက အစီရင်ခံစာရေးပြီး ဆရာ ဂျူးလီယက်ဆီကို ယူသွားဖို့အတွက် သပ်သပ် အချိန်ပေးခဲ့ရပါတယ်..။လူအိုကြီးနဲ့ အလုပ်တွဲလုပ်ရတာက အတော်လေးကို ထိုက်တန်မူရှိပြီး..သူ့အတွက် ထောက်ပံ့ရေးအမှတ်တွေကိုလည်း ပြန်ရပါသေးတယ်။ဘယ်အစီရင်ခံစာကမှ..မေ့ပျောက်ကုန်းမြေအကြောင်း ရေးသားခဲ့သလောက်မများခဲ့ပေမယ့်..အမှတ်တွေက တဖြည်းဖြည်း စုပေါင်းလာနေခဲ့တာပါ။

တူညီစွာပဲ..အခုချိန်မှာ ကတ်စီက စွန့်စားခန်းတစ်ခု ပြလုပ်နေတဲ့ အတွက်..နစ်ဖီ ဆီကို သွားရောက်လည်ပတ်မယ့် သူငယ်ချင်းဖြစ်သူက သူ တစ်ယောက်ပဲ ကျန်ပါတော့တယ်..။ဒီအရာက သူ့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု မဟုတ်ပေမယ့်လည်း..ဘာပဲဖြစ်ဖြစ် သူ့အချိန်ကို ပေးရတာတော့..အမှန်ပါပဲ..။

သူက သူမရဲ့ အဆင့်ကို ဖော်ပြတဲ့ အချက်အလက်ဇယားကိုလည်း အမြဲတမ်း စစ်ဆေးလေ့ရှိပါတယ်..။နေ့ရက်တိုင်းမှာ..သူမ ပိုင်ဆိုင်ထားတဲ့ ဝိဉာဉ်အပိုင်းအစ အရေအတွက်က အံ့မခန်းအရှိန်နှုန်းနဲ့ မြင့်တက်နေတာကို သူတွေ့မြင်နေခဲ့ရတယ်..။နစ်ဖီက ဘယ်မှာရောက်နေတယ်..ဘာတွေလုပ်နေတယ် ဆိုတာကို ဆန်နီ မသိပါဘူး..။သူမ ဘယ်လိုရန်သူနဲ့တိုက်ခိုက်နေရတာလဲ ဆိုတာကိုလည်း သူမသိပေ..။ဒါပေမဲ့ သူတို့ရဲ့ အရေအတွက်က အတော်လေးကို များပြားမှာပါ..။

သူ အမှီလိုက်ဖို့ လိုအပ်တယ်..။

အခုသူက..နိုတစ်မြင့်မြတ်နယ်မြေက..ယဇ်ပုလ္လင်ပေါ်မှာ..ဆန်းကျယ်တဲ့ ဒဂ်ါးပြားတွေကို တင်ပြီး ခွန်အားတွေကို မြင့်တင်ခဲ့တာတောင်..တတိယမြောက် အမြုတေကို ဖန်တီးနိုင်ဖို့အတွက် အပိုင်းအစ လေးရာလောက် လိုအပ်နေပါသေးတယ်..။

ဒါက..သူ ချိန်းကျွန်းစုရဲ့ တောတွေထဲကို သွားပြီး..အိပ်မက်ဆိုးသားရဲ့ တွေကို သတ်ဖြတ်ရဉီးမယ်လို့ ဆိုလိုတာပါ..။ရက်စက်သောမြင်ကွင်းကို ကိုင်ဆောင်ထားပြီး..သူ့ရဲ့ စိတ်ဝိဉာဉ်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ပါ ထည့်ပေါင်းထည့်လိုက်မယ် ဆိုရင် သူက အခုဆိုရင် အရင်က ရှောင်ရှားခဲ့ရတဲ့ သတ္တဝါတွေကိုပါ စိန်ခေါ်နိုင်တော့မှာပါ…။

သူတို့ရဲ့ သေဆုံးမူက သူ့အတွက် အရိပ်အပိုင်းအစ ရမှာဖြစ်ပြီး..သူတို့ရဲ့ ခန္တာကိုယ်တွေကတော့..ရောင်းချဖို့အတွက် ဝိဥာဉ်အမြုတေတွေကို ပေးကြပါလိမ့်မယ်..။ဒီက ရတဲ့ငွေကြေးကို သူက မှတ်သားမူအဖြစ် ပြန်ပြောင်းမှာဖြစ်ပြီး ဒီအရာတွေက..သူတော်စင်အတွက် အရိပ်အပိုင်းအစတွေ ပြန်ဖြစ်သွားကြမှာပါ..။ဒီအရာက ကောင်းမွန်တယ် ဆိုပေမယ့် အတော်လေးကို ပင်ပန်းပြီး..အန္တရာယ်များတဲ့ လည်ပတ်မူတစ်ခု ဖြစ်လာပါလိမ့်မယ်။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို အမှီလိုက်ရမယ်ဆိုတဲ့..ဖိအားက သူ့အတွက် မလုံလောက်သေးသလိုမျိုး သူက လေ့ကျင့်ခန်းတွေကိုလည်း လုပ်ဆောင်နေရပါသေးတယ်..။သူက လှံရှည်လေ့ကျင့်တဲ့ အချိန်ဆိုရင်..အယ်ဖီ ဒါမှမဟုတ် တိတ်ဆိတ်တဲ့ နတ်မိစ္ဆာနဲ့အတူလေ့ကျင့်ပြီး..လှံမပါပဲ အရိပ်ခြေလှမ်းကိုလည်း လေ့ကျင့်ပါသေးတယ်..။

သို့ပေမယ့် ဒုတိယ စမ်းသပ်မူက ဆန်နီ ထင်ထားတာထက်တောင် ပိုပြီး ခက်ခဲနေခဲ့တယ်..။

အိပ်မက်ရူခင်းထဲကို ပြန်မဝင်ခင် အချိန်မှာ သူက.ခွေးသားနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ..သေချာ ဂရုတစိုက် စစ်ဆေးကြည့်ဖို့..ဆုံးဖြတ်လိုက်ပါတယ်..။လူတွေက ဒီ မျက်နှာဖုံးနဲ့ ဓားးသမားကို မေ့နေကြပြီလားဆိုတာကို သူ အင်တာနက်ပေါ်မှာ စစ်ဆေးလိုက်တယ်..။

အဖြေကတော့..သူတို့ မမေ့ကြသေးပါဘူး။

သူမရှိခဲ့တဲ့ တစ်လအတောအတွင်းမှာ..ခွေးသားကို စွဲလမ်းနကြတဲ့လူတွေက စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြယုံတင်မကပဲ..တကယ်ကို ရယ်စရာကောင်းတဲ့ အဆင့်တစ်ခုအထိ ရောက်အောင်တောင် မြင့်တင်လိုက်ပါသေးတယ်..။

သူတို့အားလုံးက အင်တာနက်ပေါ်မှာ သီအိုရီတွေ..၊ ဆွေးနွေးမူတွေ နဲ့ ဖုံးလွှမ်းထားခဲ့ပြီး..အရင်က စိတ်လှုပ်ရှားဖွယ် အခြေအနေတွေကို လွတ်သွားတဲ့ သူတွေကပါ..နောက်ထပ် ခမ်းနားတဲ့ အခိုက်အတန့်မျိုးကို စောင့်ဆိုင်းနေခဲ့ကြပါတယ်..။

သခင် ခွေးသား ရဲ့ ပြန်လာမူ…

နေ့ရက်တစ်ရက် ကုန်ဆုံးသွားတိူင်းမှာ..သူတို့ရဲ့ စိတ်လှုပ်ရှားမူတွေက..ပိုပိုပြီး သန်မာလာနေခဲ့တယ်..။

ဆန်နီ ဘယ်လောက်ပဲ တိတ်တဆိတ် ဝင်ရောက်သွားပါစေ..သူ အိပ်မက်ရူခင်းထဲမှာ ပေါ်ထွက်လာပြီ ဆိုတာနဲ့..အတော်လေး ဆူညံသွားပြီး အာရုံစိုက်မူကို ခံရပါလိမ့်မယ်..။

‘ ချီးပဲ..ဘယ်လို ကပ်ဆိုးမျိုးလဲ..’

သူ စိတ်ပျက်ပြီး ကိုယ့်ဆံပင်ကို ဆွဲချင်စိတ်တောင် ပေါက်နေခဲ့တယ်..။ခွေးသား ဆိုတာကိူ မှတ်မိနေတာက တကယ်ပဲ ထိုက်တန်မူ ရှိပါတယ်..။ဒီအရာက သူ အနာဂတ်မှာ အုပ်ချုပ်သူတွေ အကြောင်းကို စုံစမ်းတဲ့ အချိန်မှာ အန္တရာယ် ကင်းကင်း လုပ်ဆောင်နိုင်ဖို့ ဖန်တီးထားခဲ့တာပါ..။

သူ ဖန်တီးထားတဲ့ မျက်နှာမရှိတဲ့ တစ္ဆေက..ဖန်တီးသူထက်ပို ကျော်ကြားပြီး အသိအမှတ် ပြုခံနေရတာက ဘယ်လိုဟာသ မျိုးလဲ..။

ဘာပဲဖြစ်ဖြစ် ဒီအခြေအနေ က ဆန်နီရဲ့ အစီအစဉ်တွေကို ရှုပ်ထွေးသွားစေပါတယ်..။သူက ရိုးရှင်းစွာပဲ အိပ်မက်ရူခင်းထဲကို သွားပြီး..မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ကို ဝတ်ကာ..အရိပ်ကခုန်မူကို..လေ့ကျင့်လို့ မရတော့ပေ..။

ပြီးတော့..ဒါတင်မကသေးပဲ..နောက်ထပ် မျှော်လင့်မထားတဲ့ ပြသနာ တစ်ခုက ဖြစ်ပေါ်လာခဲ့ပါတယ်..။ဒါက ပထမ ပြသနာ တစ်ခုလောက် အဆင်မပြေဖြစ်နေတာ မဟုတ်ပေမယ့် သူ့ကို စိတ်ပူစေတာတော့ အမှန်ပါပဲ..။

ဒါကတော့..ဆန်နီ ဆင်စွယ်ရောင် တာဝါကနေ ပြန်လာပြီးကတည်းက..မော်ဒရက် ရဲ့ အသံကို မကြားရတော့တာပါ..။

ရက်သတ္တပတ် အတော်ကြာအောင် ကုန်ဆုံးပြီးးသွားတာတောင်..ပျောက်ဆုံးနေတဲ့ မင်းသားက ဆက်တိုက် တိတ်ဆိတ်နေခဲ့ပါတယ်..။နောက်တစ်ကြိမ်ဆိုသလိုပဲ..ဆန်နီရဲ့ ခေါင်းထဲမှာ သူ့ရဲ့ အတွေးတွေသာ ရှိနေပါတော့တယ်..။ပုံမှန်အားဖြင့် ဒါက ကောင်းမွန်တဲ့ အချက်တစ်ခု ဆိုပေမယ့်..မော်ဒရက် ရဲ့ ပျောက်ကွယ်မူက..ဆန်နီက အသိစိတ်ဝင်စေပြီး..မကောင်းတဲ့ ခံစားချက်တွေကို ရစေပါတယ်..။

ဆန်းကျယ်တဲ့ ကူညီသူက ဘာများဖြစ်သွားတာလဲ..။သူက ရိုးရှင်းစွာပဲ အောက်ဘက်ကောင်းကင် နဲ့..ဆင်စွယ်ရောင်တာဝါ အပြင်ဖက်ကို ဆက်သွယ်လို့ မရနိုင်တာလား..။ဒါမှမဟုတ်..သူက တစ်ခုခု ဖြစ်သွားခဲ့တာလား..။

အဖြေရှိမနေခဲ့ပေ..။

ဆန်နီက..တပ်မက်ခြင်းသေတ္တာထဲက..မှန် အပိုင်းအစလေးကို ထုတ်ယူလိုက်ပြီး..သွေးစက်အနည်းငယ်တောင် ချကြည့်လိုက်ပေမယ့် ဘာမှ မတုန့်ပြန်ခဲ့ပါဘူး..။မှန် အပိုင်းအစလေးက ပုံမှန်အတိုင်း မဲနက်နေခဲ့ပြီး..တစ်ခုခုကို အလင်းပြန်ဖို့အတွက် ငြင်းဆန်နေခဲ့ပါတယ်..။

ဒီလို့ အချည်းနှီး ကြိုးစားမူတွေ ထဲက တစ်ခုပြီးသွားတဲ့ နောက်မှာတော့..ဆန်နီက အယ်ဖီကို..တစ်ယောက်တည်းညစာ စားဖို့ ထားရစ်ခဲ့ပြီး..စိတ်ပျက်လက်ပျက်နဲ့ အိမ်အပြင်ဖက်က ..ခုံတန်းရှည်ဆီကို သွားထိုင်လိုက်ပါတယ်..။

အခုက မနက်ခင်းအစောပဲ ရှိနေသေးတာကြောင့် အရိပ်တွေက..ပိုရှည်ပြီး ပိုနက်ရှိုင်းနေခဲ့ကြတယ်..။သူက အရမ်းပင်ပန်းနေလို့..ဒါမှမဟုတ်..အိပ်ရဲ့လုံခြုံရေး အသုံးပြမူတွေ အပေါ်ယုံကြည်မူကြောင့်..ပတ်ဝန်းကျင်ကိုတောင် အာရုံမစိုက်နိုင်တော့ပဲ..အတွေးထဲမှာ နစ်မြောသွားခဲ့ပါတယ်..။ဒါက သူ့အတွက်တော့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတစ်ခုပါ..။

…ဒါကြောင့်ပဲ..သူက တစ်မီတာ အကွာလောက်ကနေ တစ်စုံတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတဲ့ အချိန်မှာ ထိပ်လန့်သွားခဲ့ပါတယ်..။

“ ..နင်က ဘာကို ကြည့်နေတာလဲ..”

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လို့ပြီး ..သူ့ကို ဦးတည်ပြောနေတဲ့ လူကို အာရုံစိုက်လိုက်တယ်..။

လူသွားလမ်း နဲ့..သူ့ရဲ့ ထိုင်ခုံဆီကို လာတဲ့လမ်းရဲ့ ကြားထဲမှာ..ရှိနေတဲ့သူက..အသက်ဆယ့်လေးနှစ် အရွယ် ကျောင်းဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ပါ..။သူမက အနက်ရောင် ဆံပင်..အနက်ရောင် မျက်လုံးတွေနဲ့အတူပဲ..ဖြူဖျော့တဲ့ မျက်နှာပေါ်မှာ သဘောမကျတဲ့ အမူအရာတွေ ရှိနေခဲ့တယ်..။

ဆန်နီ ရဲ့ ရင်ဘတ်က အေးစက်သွားခဲ့ပါပြီ..။

‘ ခရက်..’

ဒါက ရိမ်း ပါ..။

သူမက ဆန်နီကို ကြည့်ပြီး သက်ပြင်းချကာ ထပ်ပြောလိုက်တယ်..။

“ နင် ဘာကိုကြည့်တာလဲ လို့ ငါပြောနေတယ်လေ..ကောင်လေး..”

အပိုင်း ( ၄၈၀ ) ပြီး၏။

All Chapters