ခမ်းနားတဲ့ ဖိတ်ကြားမူ တစ်ခု
Vol. 32 Ch. 466
ဆန်နီက သူ့ရဲ့ကောင်းမွန်တဲ့ မနက်ခင်းလေးကို..အိပ်မက်ကမ္ဘာဆီ သူယူလာခဲ့တဲ့ ပစ္စည်းတွေကို နိုးထသူလူအုပ်ကို ရောင်းချပြီး ကုန်ဆုံးခဲ့ပါတယ်။သူတို့တစ်ယောက်ချင်းဆီက အစစ်အမှန်ရဲ့ သေးငယ်တဲ့ ပစ္စည်းတွေကို လိုချင်တပ်မက်မူတွေ ရှိနေခဲ့ကြတယ်။
ချိန်းကျွန်းစုလို ဝေးလံခေါင်သီတဲ့ နေရာမျိုးမှာတော့..မာစတာ ဒါမှမဟုတ် သူတော်စင်တို့နဲ့ ရင်းနှီးတဲ့ လူအနည်းငယ်လောက်ကပဲ ဒီလို အရာမျိုးတွေကို ရနိုင်ကြတာပါ။ခံတပ်ကြီးတွေ ဖြစ်ကြတဲ့ ဘတ်ရှင် နဲ့ အနက်ရောင်နှလုံးသား တို့မှာတော့..အနည်းငယ်ကွဲပြားပါတယ်။သို့ပေမယ့် အများစုကတော့ လက်လုပ်အစားထိုး ပစ္စည်းတွေကို ပဲ အသုံးပြုနေကြတာဖြစ်ပြီး ဒီအရာတွေက..အစစ်အမှန် အရာတွေကိုတော့ မယှဥိနိုင်ကြပေ။
အားလုံးခြုံကြည့်လိုက်ရင်..အံ့ဩစရာ ကုန်စည်ပြပွဲက အတော်လေးကို အကျိုးအမြတ်များခဲ့ပါတယ်။
ဒါပေါ့ ဆန်နီက သူရောင်းချတဲ့ သေးငယ်တဲ့ ပစ္စည်းတွေအတွက် ကျသင့်ငွေကို အများကြီးမတောင်းခံပါဘူး။သို့ပေမယ့် ထပ်ပေါင်းထည့်မူတွေ ပါဝင်ပါတယ်။သူက သွားတိုက်ဆေးတစ်ဗူး အတွက်နဲ့ တော့..အသွင်းပြောင်းသားရဲ ရဲ့ အမြုတေ ဖြစ်နေမယ်ဆိုရင်တောင်…တစ်ခုလုံးတော့ မတောင်းခံပါဘူး။သို့ပေမယ့် နောက်တစ်ကြိမ်ကျရင်..သွားတိုက်ဆေးအနည်းငယ်၊ သွားတိုက်တံ ၊ ဆပ်ပြာအချို့ နဲ့ လဖက်ခြောက် ၊ ပြီးတော့ သကြားအနည်းငယ် ဖြစ်ဖြစ် ယူလာခဲ့ပေးပါလို့ မှာမယ်ဆိုရင်တော့..သူက ဒါကို လက်ခံလိုက်ပါတယ်။ဒါက အလုပ်ဖြစ်တယ်။
အရင်ကနဲ့ မတူတော့တာက ၊ သူက မှတ်သားမူတွေအစား..ဝိဥာဥ◌်အမြုတေ တွေကို လက်ခံနေခဲ့တယ်။သူက ဒီအမြုတေ တွေကို စေ◌ျးနှုန်းအဆမတန် မြင့်မားတဲ့ အစစ်အမှန်ကမ္ဘာဆီကို ပြန်ယူသွားပြီး ရောင်းချမှာပါ။
အဲဒီမှာဆိုရင်..အမြုတေ တွေက အခြေအနေနှစ်ခုတည်းကနေပဲ ရရှိနိုင်ပါတယ်။တစ်ခုက အိပ်မက်ကမ္ဘာထဲကို ခရီးသွားလာပြီး ပြန်လာကြတဲ့ တက်ရောက်မူအဆင့် နဲ့ အထွတ်အထွပ် အဆင့် တွေက ပြန်ယူလာကြတာဖြစ်ပြီး နောက်တစ်ခုကတော့ အစစ်အမှန်ကမ္ဘာထဲကို ဂိတ်ပေါက်ကနေ တဆင့်ဝင်ရောက်လာတဲ့..အိပ်မက်ဆိုးသားရဲတွေကို သတ်ဖြတ်ပြီး ရရှိတာပါ။
အများစုက အမြုတေတွေကို ရောင်းချတာထက် ကိုယ်တိုင်အသုံးပြုဖို့ပဲ ရည်ရွယ်ကြတာကြောင့် သူတို့က အမြဲတမ်းရှားပါးတဲ့ ကုန်စည်တွေပါ။နိုးထသူတစ်ယောက်အတွက်ကတော့..ငွေကြေးတွေထက် သူ့ရဲ့ ဝိဥာဥ◌်အမြုတေကို ပြည့်အောင်ဖြည့်ဖို့က ပိုပြီး အရေးပါပါတယ်။ဘာပဲဖြစ်ဖြစ်..သေဆုံးတဲ့ လူတစ်ယောက်က ဒီချမ်းသာမူတွေကို အသုံးချနိုင်မှာ မဟုတ်ပေ။
တစ်ဖက်မှာတော့..ဝယ်လိုအားက အရမ်းကို မြင့်တက်နေခဲ့တယ်။ဒါက နိုးထသူတွေက သူတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်ချင်ကြလို့သာမကပဲ..ဒီအမြုတေတွေက ငယ်ရွယ်တဲ့ အိပ််စက်သူတွေ အတွက်..အိပ်မက်ကမ္ဘာထဲကို သွားမယ့် ပထမဆုံးခရီးစဥ◌်မှာ..အသက်ရှင်လျက် ပြန်လာနိုင်မယ့် အခွင့်အရေးကို မြင့်တက်လာစေမှာပါ။
ဒါကြောင့်ပဲ ခမ်းနားတဲ့ အမွေအနှစ်ကလန် တစ်ခုရဲ့ ဆက်ခံသူ ဖြစ်တဲ့ ကတ်စတာတောင် မေ့ပျောက်ကုန်းမြေထဲကို သူ့ရဲ့ အမြုတေ မှာ အပြည့်အဝနဲ့ ဝင်မလာနိုင်ခဲ့ပါဘူး။
ပြီးတော့..ဒါကပဲ..ဆန်နီက သူ့ရဲ့ အကြိုက်အနှစ်သက်ဆုံး မှတ်သားမူအသစ်ကို ပိုင်ဆိုင်ပြီးတဲ့ နောက်မှာ အကျိုးအမြတ်တွေ အများကြီး ရရှိနေတဲ့ အကြောင်းပြချက်ပါ။
ဘာပဲဖြစိဖြစ်.. သူက ဝိဥာဥ◌်အမြုတေတွေကို လိုအပ်တဲ့ လူတစ်ယောက်မဟုတ်ပေ။သူက ဒီအရာတွေကို စုပ်ယူဖို့မလိုအပ်တာကြောင့်..ကိုယ့်ကိုကို သန်မာအောင် လုပ်တာနဲ့ တစ်ခြားလူတွေဆီက ခရက်ဒက်အမှတ်ယူတာ ရဲ့ ကြားထဲမှာ ရွေးချယ်ရ ခက်နေစရာမလိုပါဘူး။
သူက ဒီအမြုတေတွေ အကုန်လုံးကို ရောင်းချပြီး..မှတ်သားမူတွေကို ပြန်ဝယ်ကာ..သူတော်စင်ကို ကျွေးသွားမှာပါ။
ဆန်နီ ရဲ့အပေါ်မှာ အမျှတစွာ အကျိုးသက်ရောက်နေတဲ့ အချက်ကတော့..မှတ်သားမူ တွေက အမြုတေတွေနဲ့ မတူပဲ..အစစ်အမှန်ကမ္ဘာပေါ်မှာ စေ◌ျးတင်ရောင်းဖို့ မဖြစ်နိုင်ပါဘူး..။အိပ်စက်သူ တိုင်း ၊ နိုးထသူ တိုင်းက သူတို့ရဲ့ မှတ်သားမူတွေကို အစစ်အမှန် ကမ္ဘာပေါ်ဆီကို လွတ်လွတ်လပ်လပ် ပြန်ယူလာနိုင်ကြပြီး..လဲလှယ်တာတွေ လုပ်လို့ ရကြပါတယ်။
..ဒါက မှတ်သားမူတွေက စေ◌ျးပေါကြတယ်လို့ ဆိုလိုတာမျိုး မဟုတ်ပေ။တကယ်တော့..သူတို့ကလည်း အတော်လေးကို စေ◌ျးကြီးကြပါတယ်။သိုပေမယ့်…သူရောင်းချနိုင်မယ့် အမြုတေ အရေအတွက်နဲ့ သူပြန်လို့ရမယ့် မှတ်သားမူတွေ ကွာခြားမူက အရမ်းကို များပြားတာပါ။
ပြီးတော့ ဒါပေါ့..ဆန်နီက ကောင်းမွန်တဲ့ မှတ်သားမူတွေ ဝယ်ဖို့ကိုတောင် မလိုအပ်ပေ။အရည်အသွေး ဆိုးဝါးလေ..ပိုကောင်းလေ ပါပဲ။မှတ်သားမူတစ်ခုက အသုံးမဝင်ဘူး ဆိုရင် သူ့ရဲံ တန်ကြေးက ကျဆင်းသွားမှာ ဖြစ်ပေမယ့်..သူတော်စင် စားသုံးပြီး ရရှိနိုင်မယ့် အရိပ်အပိုင်းအစ အမှတ် ပမာဏကိုတော့ သက်ရောက်နိုင်မှာ မဟုတ်ပါဘူး။
သူ့အပြုံးက ပိုပိုပြီး ကြီးမားလာခဲ့တယ်။
‘ နှစ်လ..သုံးလက အများဆုံးပဲ..။အဲတာက ငါက သူတော်စင်ကို [ 200 / 200 ] ပြည့်အောင် လုပ်နိုင်လိမ့်မယ်။ပြီးသွားရင် ဘာဆက်ဖြစ်လာမှာလဲ..။အိုး ..မိုင်..ငါ တကယ်ကို မစောင့်နိုင်တော့ဘူး..’
သိုပေမယ့် သူ့ရဲ့ ကျေနပ်နေတဲ့ အတွေးတွေက..သူ့အပေါ်ကို ကျဆင်းလာတဲ့ အရိပ်တစ်ခုရဲ့ နှောက်ယှက်ခြင်းကို ခံလိုက်ရပါတယ်။
‘ နောက်ထပ် ကာစတန်မာ လား..’
ဆန်နီ အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့ရှေ့မှာ ရှိနေတဲ့ လူကို မှတ်မိလိုက်တယ်။
ဒါက သူ သဘော်ပျက်ကျွန်းကို မသွားခင်တုန်းက..မာစတာရွန်ကို သွားတွေ့တဲ့ အချိန်မှာ..လိုက်ပို့ပေးတဲ့ မိန်းမငယ်လေးတစ်ယောက်ပါ။
အဖြူရောင်တောင်ပံ ကလန်ရဲ့ ကိုယ်စားပြုသူ..။
“အာ..ဘာကူညီပေးရမလဲ..”
မိန်းမငယ်လေးက အနည်းငယ် အရိုအသေ ပေးလိုက်ပြီး ပုံမှန် အသံနဲ့ ပြောလိုက်ပါတယ်။
“သူတော်စင် တိုင်းရစ်..သူမနဲ့ စားသောက်ဖို့အတွက် နိုးထသူ ဆန်းလပ်စ်ကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်။”
‘ချီးပဲ…ငါ အကြောက်ဆုံးအရာက ရှေ့ကို ရောက်လာပြီ..’
ဆန်နီ အနည်းငယ် ကျောချမ်းသွားခဲ့တယ်။
ချိန်းကျွန်းစုရဲ့ အုပ်ချုပ်သူ နတ်ဘုရားငယ်နဲ့အတူ ညစာစားပြီး..သူ့ရဲ့လျိုဝှက်ချက်တွေကို ထိန်းထားနိုင်မယ့် အခွင့်အရေးက ဘယ်လောက်များ ရှိနိုင်မလဲ..။
သူတော်စင်တွေ ဆိုတာက မတူညီတဲ့ အနေအထားမှာ ရှိနေတဲ့ လူတွေပါ။လူသားမျိုးနွယ်ထဲမှာ သူတော်စင်တွေက ဒါဇင် အနည်းငယ်လောက်ပဲ ရှိနေတယ် ဆိုတာက တိုက်ဆိုင်မူ တစ်ခု မဟုတ်ပေ။သူတို့က အသန်မာဆုံးတွေ ဖြစ်ယုံတင် မကပဲ ၊ အကျွမ်းမူတွေ ၊ သန်မာတဲ့ စိတ်ဆန္ဒတွေ ၊ ရဲရင့်မူတွေ နဲ့ ရက်စက်တဲ့ တွက်ချက်မူတွေ နဲ့ ပြည့်နှက်နေကြတဲ့ လူသားမျိုးနွယ်ရဲ့ အဖွဲ့ဝင်တွေပါ။တစ်ယောက်ချင်းစီတိုင်းက အင်အားစုတစ်ခုစီ အဖြစ်ကို သတ်မှတ်ထားလို့ ရပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်က ကြမ်းတမ်းတဲ့ တတိယအိပ်မက်ဆိုးကနေ ရှင်ကျန်ရစ်ချင်တယ် ဆိုရင်တော့..ဒီအရည်အချင်းတွေထဲက တစ်ခုမှ လျော့နည်းလို့ မရပေ။
ဒီလိုလူတစ်ယောက်ကို အရူးလုပ်နိုင်ဖို့အတွက်တော့ သူကကိုယ့်ကိုကို ယုံကြည်မူ မရှိသေးပါဘူး။
ဆန်နီ အားတင်းပြုံးလိုက်ပြီး.
“ ဒါက တကယ်ကို ဂုဏ်ယူစရာပါပဲ..”
မိန်းမငယ်လေးက ခေါင်းညိမ့်ပြလိုက်ပြီး သူလိုက်လာမယ်ဆိုတာကို သိနေတဲ့အလား တစ်ဖက်ကို လှည့်ပြီး ထွက်သွားခဲ့ပါတယ်။
အခုတော့..ကောင်းကင်ဒီရေ နဲ့ နောက်တစ်ကြိမ် ထပ်တွေ့ဖို့ အချိန်ရောက်လာပါပြီ။
….
မြင့်မြတ်နယ်မြေရဲ့ ကျောက်တိုင်ကြီးတွေရဲ့ ထိပ်မှာ ရှိတဲ့ ထည်ဝါတဲ့ ကျောက်တုံးအဆောက်အဦး တွေက ဆန်နီ အရင်က မှတ်မိထားခဲ့တဲ့ အတိုင်းပါပဲ.။ကျောက်တိုင်ကြီးရဲ့ အစွန်းမှာရှိနေတဲ့ ရှေးဟောင်းစတိုင် လေသာဆောင်ကလည်း မပြောင်းလဲခဲ့ပေ။သူ့ကို နေရောင်က ဖုံးလွှမ်းနေခဲ့ပြီး..လေပြေလေညှင်းများ တိုက်ခတ်ကာ..ချိန်းကျွန်းစုရဲ့ ရင်သတ်ရူမောဖွယ်မြင်ကွင်းကို ဖော်ပြထားခဲ့ပါတယ်။
ဆင်စွယ်ရောင် တာဝါကတော့ အဝေးတစ်နေရာက တိမ်တိုက်တွေ ကြားထဲမှာ လွင့်မျောနေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့..အဆောက်အဦးရဲ့ အလယ်မှာ လူသုံးယောက်စာ အစားအသောက်စားပွဲတစ်လုံးကို ခင်းထားခဲ့ပြီး မာစတာ ရွန် နဲ့ သူတော်စင် တိုင်းရစ် နှစ်ယောက်စလုံး ကတော့ စားသောက်ဖို့ ပြင်ဆင်နေခဲ့ကြပါပြီ။မိန်းမငယ်လေးက ဆန်နီကို ဦးဆောင်ခေါ်သွားခဲ့ကာ..လွတ်နေတဲ့ ထိုင်ခုံတစ်လုံးကို လက်ဟန်ပြလိုက်ပြီး..ကောင်းကင်ဒီရေ ရဲ့ အနားကို တိတ်တဆိတ်သွားရပ်နေခဲ့တယ်။
ဆန်နီ ခနလောက်တွေ ဝေနေပြီးကာမှ ရှက်ရွံ့စွာ ပြောလိုက်ပါတယ်။
“အာ..နှုတ်ဆက်ပါတယ်..လေဒီ တိုင်းရစ် ၊ မာစတာ ရွန်..။ညစာ အတွက် ဖိတ်ကြားခြင်းခံရတာကို တကယ်ဂုဏ်ယူမိပါတယ်။အာ…နေ့လည်စာလား…။ဟုတ်တယ်..နေ့လည်စာ စားခွင့်ရတဲ့ အတွက်..”
သူတော်စင် တိုင်းရစ်က ရိုးရှင်းစွာပဲ ခေါင်းညိမ့်ပြလိုက်ပြီး ဘာမှ မပြောခဲ့ပေ။သိုပေမယ့် မာစတာရွန်ကတော့ သူ့ကို ကြည့်ပြီး ပြုံးနေခဲ့ပါတယ်။ယင်းနောက် သူက စားပွဲပေါ်က အစားအသောက်တွေကို လက်ဟန် ပြလိုက်ပြီး..
“ဘာတွေ စောင့်နေတာလဲ ဆန်းလပ်စ်..။စားလိုက်တော့…အစားအသောက်တွေ အေးကုန်တော့မယ်..”
ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ ပြုံးလိုက်တယ်။
တကယ်လို့ သူရဲ့ ဘဝမှာ သစ္စာရှိရှိနဲ့ လိုက်နာနေတဲ့ စည်းမျဥ◌်းတစ်ခု ရှိမယ်ဆိုရင် အဲတာက..အလကားစားသောက်ခွင့်ရတဲ့ အစားအစာကို ဘယ်တော့မှ ..မငြင်းပယ်တာပါပဲ…။
မာစတာ ရွန် ..က သူ့ကို နှစ်ခါတောင် ပြောနေစရာ မလိုအပ်ခဲ့ပေ။
အပိုင်း ( ၄၆၆ ) ပြီး၏။