သူတော်စင်နှင့်အတူ စားသောက်ခြင်း
Vol. 32 Ch. 467
ကြည့်ရတာတော့..စကားပြောဆိုတာတွေက စားသောက်ပြီးမှ ဖြစ်တော့မယ့်ပုံပါပဲ။ဒါက ဆန်နီ အတွက်တော့ အဆင်ပြေပါတယ်။သူက အဖြူရောင်တောင်ပံ ကလန်ရဲ့ ရိုးရှင်းပြီး..အရသာရှိတဲ့ အစားအသောက်တွေကို ကောင်းကောင်း စားသောက်နိုင်ရုံတင်မကပဲ..ဘာတွေကို ပြောမှာလဲ..ဘယ်လိုပြောမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီးလဲ..စဉ်းစားဖို့အတွက် အချိန်ရနေပါသေးတယ်။
ဆန်နီက သူ့ရဲ့ အာရုံစူးစိုက်မူကို သူ့ရှေ့မှာရှိနေတဲ့ ပန်းကန်ပြားပေါ်မှာပဲ အာရုံစိုက်ထားလိုက်တယ်။ခနကြာပြီးမှာတော့..သူ့ရဲ့ မျက်နှာပေါ်မှာ ကျေနပ်အားရတဲ့ အပြုံးတစ်ခုက အလိုလျောက် ပေါ်လာခဲ့ပါပြီ။
‘ဒါက တကယ် အရသာ ရှိတာပဲ..’
ဒါကို သတိထားမိတဲ့ မာစတာရွန်က ရယ်မောလိုက်ပြီး
“ မင်း ကြိုက်တယ်မလား..။ကောင်းပြီလေ..ဒါကို ငါ့ဟာငါ ချက်ပြုတ်ထားတာ လို့တော့ ပြောမှာ မဟုတ်ဘူး ။ဘာလို့လဲဆိုတော့ ဒါက လိမ်ညာတာ ဖြစ်နေလို့ပဲ..။ဒါပေမဲ့ ဒီသားရဲကိုတော့ ငါ့ရဲ့ လက်နှစ်ဖက်နဲ့ ကိုယ်တိုင်ဖမ်းထားတာနော်..။ငါက တိုင်းရစ် အသီးအရွက်တွေ စိုက်ပျိုးတာကို လည်း ကိုယ်တိုင်ကြည့်ပြီး အကြံဉာဏ်တွေ ပေးခဲ့သေးတယ်”
ဆန်နီ သည်းမလို ဖြစ်သွားခဲ့တယ်။
‘ တိုင်းရစ် စိုက်ခဲ့တာ..ဘာကိုပြောတာလဲ..။ကောင်းကင်ဒီရေက ဒီဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင် စိုက်ပျိုးခဲ့တာလား..’
သူတော်စင် တစ်ယောက် စိုက်ပျိုးရေးလုပ်နေတဲ့ ပုံရိပ်က သူ့ရဲ့ စိတ်ထဲမှာတော့ လုံးဝ ကိုက်ညီမူ ရှိမနေခဲ့ပါဘူး..။သူက သဘာဝတရားထက်ကျော်လွန်ပြီး လှပနေတဲ့ အမျိူးသမီးကို ကြည့်ပြီး တံတွေးမြိုချလိုက်တယ်။
‘..ဟုတ်တယ်..တွေးကြည့်လို့ကို မရဘူး..’
သူတော်စင် တိုင်းရစ်ကတော့ တည်ငြိမ်စွာ စားသောက်နေခဲ့ပြီး သူမရဲ့ မျက်နှာပေါ်မှာ ခံစားချက်တစ်ခုမှ ပေါ်ထွက်မလာခဲ့ပါဘူး။သူမ နာမည်ကို ခေါ်တဲ့ အချိန်ကြမှ သူမရဲ့ယောက်ျားဖြစ်သူကို တစ်ချက်လှည့်ကြည့်ခဲ့ပြီး..ဘာတုန့်ပြန်မူမှ မရှိစွာပဲ သူမရဲ့ အစားအသောက်ကို ပြန်စားခဲ့ပါတယ်။သူမက သူစိမ်းတွေရဲ့ ရှေ့မှာပဲ ဒီလိုပြုမူတာလား..အမြဲတမ်းပဲ ဒီလိုရှိနေတာလား ဆိုတာကိုတော့ ဆန်နီ မတွေးတတ်တော့ပေ။ဘာပဲဖြစ်ဖြစ် ကောင်းကင်ဒီရေက ဉယျာဉ်စိုက်ပျိုးတာမျိုး သာမန်အလုပ်တွေကို လုပ်နေတာကတော့ အတော်လေးကို ပုံဖော်ဖို့ခက်ခဲပါတယ်။
ဘာတွေးရမလဲ ဆိုတာကို မသိတော့တာကြောင့် သူမက ခနလောက် တွေဝေပြီးမှ ရှက်ရွံ့စွာ ပြောလိုက်တယ်။
“..ဟုတ်ကဲ့..။ကျေးဇူးတင်ပါတယ်။ဒါက အတော်လေး အရသာရှိတယ်..”
တကယ်တော့ ဒါက အတော်လေးကို ကောင်းမွန်လွန်းပါတယ်။သူ့ ပန်ကန်ထဲမှာ ရှိနေတဲ့ အစားအသောက် တွေက စိုးရိမ်စရာ အမြန်နှုန်းနဲ့ကို ကုန်ဆုံးသွားခဲ့တယ်။ဆိုလိုတာကတော့..သူက တွေးစရာရှိတာတွေကို မြန်မြန်ပဲ တွေးထားရတော့မှာပါ။
အခြေခံအားဖြင့်..သူ့ရဲံလတ်တလော သွားလာခဲ့တဲ့ ခရီးမှာ လျိုဝှက်ထားရမယ့် အရာက သုံးခု ရှီနေခဲ့တယ်။
ပထမတစ်ခုကတော့..ဆန်းကျယ်တဲ့ ဒဂ်ါးပြားတွေ နဲ့ နိုတစ် မြင့်မြတ်နယ်မြေရဲ့ ဆက်နွယ်မူကိုပါ။
ဒုတိယတစ်ခုကတော့ မော်ဒရက် ပါ။အယ်ဖီ နဲ့ ကိုင် တို့က သူ့ကို ယုံကြည်ကြတယ်ဆိုပေမယ့်..လုံးဝမသိတဲ့ တစိမ်းတွေကို သူ လေထဲကနေ အသံတွေ ကြားနေခဲ့ရပါတယ်လို့ ပြောတာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ဒါ့အပြင် ပျောက်ဆုံးနေတဲ့မင်းသား နဲ့ ချိန်ကျွန်းစုပေါ်မှာ ရှိနေတဲ့ ဗာလာကလန်ရဲ့ ကိုယ်စားလှယ်တို့က ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြရဲ့လား ဆိုတာကို သူ သံသယဖြစ်မိပါတယ်။
ကောင်းကင်ဒီရေ က ဗာလာကလန်ကို တိုက်ရိုက်တာဝန်ထမ်းဆောင်နေတာ မဟုတ်ပေမယ့်..သူမရဲ့ ကလန်က ဘတ်ရှင်ရဲ့ အုပ်ချုပ်မူတွေ အောက်မှာ ရှိနေခဲ့တာပါ။ဒါကြောင့် တစ်ချို့တွေက သူတို့က လက်အောက်ခံ ကလန်လို့ပါ ခေါ်ဆိုခဲ့ကြပါတယ်။
ပြီးတော့ နောက်ဆုံးးအနေနဲ့. အနက်ရောင် တာဝါ နဲ့ ဆင်စွယ်ရောင် တာဝါ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အကုန်ပါပဲ။သူတို့နှစ်ခုရဲ့ ဆက်သွယ်နေမူနဲ့ အိပ်မက်ဆိုးမျိုးစေ့ အကြောင်းကို သူသွားပြောလို့ မဖြစ်ပေ။တကယ်လို့ ဒါက အချိန်မရွေး ဂိတ်ပေါက်တစ်ခု ဖြစ်လာနိုင်တဲ့ အခိုက်အတန့်ဆိုရင်တော့ သူက အဖြူရောင်တောင်ပံကလန်ကို အသိပေးသင့်တယ်လို့ ခံစားမိမှာပါ။ဒါဆိုရင် ဒီလိုမဖြစ်လာခင်မှာ တစ်စုံတစ်ယောက်က ဒီအရာကို ဖျက်ဆီးနိုင်ပါလိမ့်မယ်။သိုပေမယ့် မျိုးစေ့က ပွင့်လန်းလာဖို့ အချိန်လိုအပ်နေသေးတာကြောင့်..သူက ဒါက ကိုယ့်အတွက်ကို သိမ်းထားချင်ခဲ့တယ်။
သို့ပေမဲ့ သူက တစ်ခြားလျိုဝှက်ချက်တွေကို ထိန်းသိမ်းနိုင်ဖို့ ဒီလျိုဝှက်ချက်တွေထဲက တစ်ခုကို စတေးရမယ်လို့ သံသယရှိနေခဲ့တယ်။
မေးခွန်းကတော့..ဘယ်တစ်ခုကိုလဲ..
နောက်ဆုံးတော့..အစားအသောက်တွေက သူတို့ရဲ့ ပန်းကန်ထဲမှာ ကုန်ဆုံးသွားခဲ့တယ်။မိန်းမငယ်လေးက သူတို့ရဲ့ ခွက်ထဲကို လှပတဲ့ လဖက်ရည်တွေ လာထည့်ပေးခဲ့တယ်။ဆန်နီ သူ့ရဲ့ လဖက်ရည်ခွက်ကို မှုတ်လိုက်ပြီး မာစတာ ရွန် ကို ကြည့်လိုက်ပါတယ်။
“ဒီတော့…အာ..မယဉ်ကျေးတာတော့ မဟုတ်ပါဘူး..ဆရာ..။ဒါပေမဲ့ ကျွန်တော် ဘာများကူညီပေးနိုင်တာ ရှိလို့လဲ..”
‘ အချိန်ကျလာပြီ..’
သူက ခနလောက် တွေဝေနေပြီးကာမှ ထပ်ပြောလိုက်တယ်။
“ကျွန်တော် စူးစမ်းရှာဖွေတဲ့ ခရီးစဉ်အကြာကြီး ထွက်နေတဲ့ အချိန်မှာ..ကျွန်တော်ရဲ့သူငယ်ချင်းတွေ ရောက်လာကြတာလား..။ဆရာတို့ ကျွန်တော်ကို ရှာရင်း အဆင်မပြေတာတွေ များ ဖြစ်ခဲ့သေးတာလား..”
သူက အတည်ပြုချက်ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ အဲဒီအစား မာစတာ ရွန်ရဲ့ မျက်နှာပေါ်မှာ အံ့ဩတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်။
“မင်းကို ရှာရမှာလား..။အာ..ငါတို့က ဘာလို့ မင်းကို ရှာရမှာလဲ..”
ဆန်နီ စိတ်ရှုတ်ထွေးနေတာကို သတိထားမိလိုက်တာကြောင့် ..သူက တစ်ခနလောက် တိတ်ဆိတ်ပြီးကာမှ ပြုံးလိုက်တယ်။
“အာ..နိုက်တင်ဂေးနဲ့ ဝံပုလွေ စောင့်ရှောက်သူတို့ ပြောခဲ့တာတွေမှာ နားလည်မူလွဲနေပြီထင်တယ်။အမှန်ပဲ..မင်းပျောက်သွားတာက ငါတို့ ရဲ့ ကလန်အပေါ်မှာ အာရုံစိုက်မူ ဖြစ်လာစေခဲ့တယ်လေ..။ငါက မင်းကို နောက်ဆုံးမြင်တွေ့ခဲ့တဲ့ နေရာကို သွားပြီး စစ်ဆေးကြည့်ဖို့ လုပ်ခဲ့သေးတယ်။ဒါပေမဲ့ ကံကောင်းချင်တော့ လေဒီ ကတ်စီယာ က မြင့်မြတ်နယ်မြေကို အချိန်မှီ ရောက်လာခဲ့တယ်လေ..။မင်းက ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပြန်လာမှာ ဖြစ်တာကြောင့် စိုးရိမ်နေစရာ မလိုအပ်ဘူးလို့ ငါတို့ကို ပြောသွားခဲ့တယ်”
ဆန်နီ ရဲ့ မျက်နှာပေါ်က သတိထားတဲ့ အပြုံးက ချက်ချင်းအေးခဲသွားခဲ့ပါတယ်။
“သူမ ပြောခဲ့တာလား..။ကောင်းပြီလေ..ဆရာ့ရဲ့ အချိန်တွေ အလဟသ မဖြစ်သွားတဲ့ အတွက် ဝမ်းသာမိပါတယ်..”
‘ချီးပဲ…အီးတုံး ကတ်စီ နဲ့ သူမရဲ့ သောက်ကျိုးနဲ အမြင်တွေ..။သူမက ဘယ်လောက်တောင် သိထားတာလဲ..’
သူက လဖက်ရည်တစ်ငုံ ယူသောက်လိုက်ပြီး ..သူ့ရဲ့ အမူအရာကို ခွက်ရဲ့နောက်မှာ တစ်စက္ကန်လောက် ဖုံးကွယ်လိုက်ပါတယ်။
ဒါက ပြောင်းလဲသွားခဲ့တယ်..။ရည်ရွယ်ချက်ရှိသည်ဖြစ်စေ…မရှိသည်ဖြစ်စေ..ကတ်စီ သူပျောက်ကွယ်သွားတာနဲ့ ပတ်သက်ပြီး..အဖြူရောင် ကလန်ကို ရှင်းပြရမယ့် အရေးကနေ ကာကွယ်ပေးသွားခဲ့ပါတယ်။သို့ပေမယ့် ဒါက နောက်ထပ် ပြသနာတစ်ခုကို ဖြစ်လာစေခဲ့တယ်။
အဲဒီပြသနာ ကတော့..ကျရှုံးမူသံစဉ်ဖြစ်တဲ့ သူမ ကိုယ်တိုင်ပါ။သူမ မြင့်မြတ်နယ်မြေကို ရောက်ရှိလာခဲ့တဲ့ အချိန်တဲ့..သူမရဲ့ ထူးခြားတဲ့ လုပ်ရပ်တွေက တိုက်ဆိုင်မူတစ်ခုတော့ မဖြစ်နိုင်ပေ….သူမက ဘာတွေ ကစားချင်နေတာလဲ..။
ဒါမှမဟုတ်..သူကပဲ အတွေးလွန်နေပြီး ဘာမှ မရှိတဲ့အရာကို အတင်းရှာဖွေနေမိတာလား..။ကတ်စီက ..မိမိရည်မှန်းချက်ကိုပဲ ကြည့်ပြီး ကြိုးကိုင်ခြယ်လှယ်တတ်တဲ့ သူတော့ မဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ် သူမက ..ဆန်နီ နဲ့ နစ်ဖီ နှစ်ယောက်စလုံးနဲ့ မတူညီပေ။အနည်းဆုံးတော့ သူမက ဒီလိုမလုပ်ဖူးပါဘူး။
ဆန်နီ သူ့ရဲ့ခွက်ကို အောက်ချလိုက်ပြိး..လည်ချောင်းကိုရှင်းလိုက်တယ်။
“ဒါဆိုရင် …ကျွန်တော်ကို ဖိတ်ခေါ်လိုက်တာက..?”
မာစတာ ရွန်က ပြုံးလိုက်ပြီး..သူ့ရဲ့ အိတ်ကပ်ထဲက ခေါက်ထားတဲ့ စာရွက်လေးကို သူ့ကို ကမ်းပေးလိုက်ပါတယ်။
“အိုး..ငါက ဒီဟာကို ပေးမလို့..။လေဒီ ကတ်စီယာ ကသူမရဲ့ အဖွဲ့သားတွေနဲ့ စွန့်စားခန်း မထွက်ခင်မှာ မင်းအတွက် စာတစ်စောင် ထားထားခဲ့တယ်..”
ဆန်နီ ကိုယ့်ကိုကို တည်ငြိမ်ဖို့ ကြိုးစားလိုက်ပြီး..စာရွက်ကို ယူကာ ဖြေကြည့်လိုက်ပါတယ်။အထဲမှာတော့ ရှက်ရွံ့စရာ လက်ရေးနဲ့စကားလုံး နှစ်လုံးတည်းသားရေးသား ထားခဲ့တယ်။
“ဆိုးယုတ်မူ တောအုပ်..”
ဒီစာက သံသယဖြစ်စရာ မလိုအောင်ပဲ ကတ်စီ ထားထားခဲ့တာပါ။မျက်လုံးမမြင်ရတဲ့ နောက်ပိုင်းမှာ သူမရဲ့ စာရေးသားဖို့ အတွက် ခက်ခဲလာခဲ့တယ်။ဒါကြောင့်ပဲ လက်ရေးလက်သားက ဆိုးဝါးနေခဲ့တာပါ။
‘ဒါက ဘယ်လို ငရဲကို ဆိုလိုပြန်တာလဲ..’
ဆိုးယုတ်မူ တောအုပ်….ဆန်နီ ဒီနေရာကို ကြားဖူးပါတယ်။ဒါက မြင့်မြတ်နယ်မြေရဲ့ အနောက်ဖက်ပိုင်းမှာ ရှိပြီး..ရှည်လျားတဲ့ ချိန်းကြိုးကြီးတွေနဲ့ ပိုင်းခြားထားတဲ့ နေရာပါ။တောအုပ်ကိုယ်တိုင်က ကြောက်စရာသိပ်မကောင်းပေမယ့်..ကျွန်းပေါ်က အနီးဝန်းကျင်တွေမှာ ပျက်ပြားခြင်းအဆင့် သားရဲတွေ နေထိုင်နေကြပါတယ်။
ကတ်စီက သူ ..သူမကို စကားပြောနေချင်မှန်း သိတာကြောင့် သူမရှိတဲ့နေရာကို ချန်ထားပေးခဲ့တာလား..။
သူမက တစ်စုံတစ်ယောက်အနေနဲ့ ဟောလိုးတောင်တန်းတွေကနေ အဝေးဆုံးသွားနိုင်တဲ့ နေရာဖြစ်တဲ့ ချိန်းကျွန်းစုပေါ်က နေရာတစ်ခုဆီကို ဘာလို့ သူမရဲ့ အဖွဲ့ကို ခေါ်သွားခဲ့တာလဲ..။
‘ထူးဆန်းတယ်..’
ဆန်နီ မှတ်စုကို ခေါက်လိုက်ပြီး..ရုပ်သေးဆရာရဲ့ ဝတ်ရုံထဲကို ထည့်လိုက်တယ်။
“ ကျေးဇူးပါ..”
အခြေအနေတွေက အရမ်းတော့ ထူးဆန်းမနေပါဘူး။သူက စွန့်စားခန်းအကြာကြီး ထွက်ပြီး..အိပ်မက်ကမ္ဘာထဲမှာ အချိန်အတော်ကြာအောင်နေဖို့ စီစဉ်နေတဲ့ ကတ်စီနဲ့ လွဲချော်ခဲ့တာကြောင့် စာကနေတဆင့် ဆက်သွယ်တာက ဖြစ်သင့်ပါတယ်။သူမက ဆက်သွယ်ရေးစက်ကနေ တဆင့်ပို့လိုက်လို့ ရတာ မဟုတ်ဘူးလား..
သူက ရိုးသားတဲ့ လူတစ်ယောက်ဖြစ်တယ် ဆိုပေမယ့်လည်း..ကတ်စီ ပေးပို့လာတဲ့ မက်ဆေ့ကို..လျစ်လျူရူထားဖို့က အခွင့်အရေး အများကြီးရှိနေခဲ့ပါတယ်။
ဆန်နီ လဖက်ရည်သောက်ပြီးတဲ့ နောက်မှာတော့..ယဉ်ကျေးစွာမေးလိုက်တယ်။
“ဒီတော့..ကျွန်တော် သွားလို့ ရပြီလား..”
မာစတာ ရွန် က ပုခုံးတွန့်လိုက်ပြီး..
“သေချာတာပေါ့..။မင်းနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ် ဆန်းလပ်စ်..။မင်းရဲ့ ကုန်စည်ပြပွဲက ကောင်းကောင်း အလုပ်ဖြစ်နေတယ်လို့ ငါကြားထားတယ်..”
ဆန်နီ သူ့ရဲ့ကံတရားကိုတောင် မယုံကြည်နိုင်တော့ပေ။သူ့ရဲ့ ကျေးဇူးတင်မူကို ဖော်ပြပြီးတာနဲ့သူက ထွက်သွားဖို့ ပြင်ဆင်လိုက်ပါတယ်။
သူ ဒီလိုလုပ်တော့မယ့် အချိန်မှာပဲ..သူတော်စင် တိုင်းရစ်က သူ့ကို ပထမဆုံး အကြိမ် စကားပြောလာခဲ့တယ်။သူ့ကို ထိုးဖောက်မြင်နေရတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီး..သူမက ပုံမှန်ပဲ ပြောလာခဲ့တယ်။
“မင်း..မျှော်လင့်ခြင်းကျွန်း ဆီကို သွားခဲ့သေးလား..”
သူ အေးခဲသွားခဲ့တယ်။
ကောင်းကင်ဒီရေ ရဲ့ အကြည့်အောက်မှာတော့.. အမှန်တရားကို လှည့်ပတ်ပြောတာတွေက ဥာဏ်ရှိတဲ့အလုပ်တစ်ခု မဟုတ်တော့သလို..ခံစားလိုက်ရပါတယ်။
ဆန်နီ တွေဝေနေပြီးကာမှ ရိုးရှင်းးစွာ ပြန်ပြောလိုက်တယ်။
“သွားခဲ့တယ်..”
သူတော်စင် တိုင်းရစ်က သူ့ကို တစ်ခနလောက် ကြည့်နေပြီးကာမှ..တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်။
“ နောက်တစ်ကြိမ် တစ်စုံတစ်ယောက်က မေးလာခဲ့လို့ရှိရင် မသွားခဲ့ဘူးလို့ပဲ ဖြေ..”
အံ့ဩသွားတဲ့ ဆန်နီက..မှင်သက်ငေးမောလောက်အောင် လှပတဲ့ အမျိုးသမီးကို စိုက်ကြည့်နေခဲ့ပြီး ..သူ့ရဲ့ သတ္တိတွေကို စုစည်းကာ..တီးတိုး မေးလိုက်ပါတယ်။
“ဘာလို့လဲဆိုတာ..သိခွင့်များ ရနိုင်မလား.”
ကောင်းကင်ဒီရေ ရဲ့အကြည့်တွေကတော့..အသက်ရူမှားနိုင်လောက်တဲ့ သူတို့ရဲ့ အောက်ဘက်က..ချိန်းကျွန်းစုပေါ်မှာသာ ရှိနေခဲ့ပါတယ်။ယင်းနောက် တည်ငြိမ်တဲ့ အသံတစ်ခုနဲ့ သူမက ပြန်ဖြေလာခဲ့တယ်။
“ မင်း သိခွင့်မရှိဘူး..”
အပိုင်း ( ၄၆၇ ) ပြီး၏။