← Chapters

ဆိုးယုတ်မူ တောအုပ်

Vol. 32 Ch. 468

ဆိုးယုတ်မူ တောအုပ်

Vol. 32 Ch. 468

ဆန်နီဟာ အဖြူရောင်တောင်ပံ ရဲ့ အဆောက်အဦးကနေ ရှုပ်ထွေးတဲ့ အမူအရာနဲ့ ဆင်းသက်လာခဲ့တယ်။

အရင်တုန်းက ပျောက်ဆုံးနေတဲ့ မင်းသားက လျိုဝှက်ချက်တွေ ထိန်းသိမ်းထားတယ်လို့ သူသံသယရှိခဲ့တယ်ဆိုရင် အခုတော့ လုံးဝ သေချာသွားခဲ့ပါပြီ။သူတော်စင် တိုင်းရစ်က ဘာလို့ သူ့ကို မော်ဒရက် တည်ရှိမူရဲ့ တစ်ခုတည်းသော သဲလွန်စဖြစ်တဲ့ မှန်သားရဲ အကြောင်းကို မပြောဖို့ သတိပေးခဲ့တာလဲ..။

မော်ဒရက် ဆိုတာက ပထမဆုံး အိပ်မက်ဆိုးကို အသက် ၁၂ နှစ် အရွယ်နဲ့တင် သိမ်းပိုက်အနိုင်ယူနိုင်ခဲ့တဲ့ သူပါ။ဒီလို လူမျိုး..သေချာတာကတော့..အစစ်အမှန်ကမ္ဘာမှာ သူက နစ်ဖီလောက်ကို နာမည်ကြီး ကျော်ကြားနေသင့်ပါတယ်။ဒါတောင်မှ ဆန်နီက သူ့နာမည်ကို တစ်ခါမှ မကြားဖူးပေ..ဒါမှမဟုတ် ဒီလိုမျိုးလုပ်ဆောင်ခဲ့တဲ့လူမျိုးကို တစ်ခါမှ မကြားခဲ့ဖူးပါဘူး။

ဒါက အရမ်းကိုအင်အားကြီးတဲ့ တစ်စုံတစ်ယောက်က..ဆန်းကျယ်တဲ့မင်းသားရဲ့ နာမည်ကို သမိုင်းကြောင်းကနေ ဖယ်ထုတ်ခဲ့ပုံတောင် ရပါတယ်။

..သူက အစကတည်းက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္တာကိုယ်ကို ဘယ်လိုမျိူး ဆုံးရှုံးသွားခဲ့တာလဲ။ပြီးတော့..သူ့ရဲ့ စိတ်ဝိဥာဉ်ခန္တာကိုယ်က အိပ်မက်ကမ္ဘာရဲ့ ဘယ်နေရာမှာ ရှိနေတာလဲ..။သူ..သူက ခန္တာကိုယ်တောင် ရှိခဲ့ရဲ့လား။အနည်းဆုံးတော့..သူက တစ်ခုလောက်တဲ့ ရှိခဲ့ဖူးမှာပါ။မျှော်လင့်ခြင်းကျွန်းကနေ ဆန်နီတွေ့ခဲ့တဲ့ မြေပုံက ချိန်းကျွန်းစုရဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်နေပြီး..မေးခွန်းပုံစံ ( ? ) ရဲ့ ဘေးနားမှာ “ မျှော်လင့်ချက် “ဆိုပြီး ရေးထားခဲ့ပါတယ်။

အစတုန်းကတော့ အထုတ်အပိုးပစ္စည်းတွေရဲ့ ပိုင်ရှင်ကို မှန်သားရဲက သတ်ဖြတ်ခဲ့တယ်လို့ သူက ထင်ထားခဲ့တာပါ။သို့ပေမယ့် ဒီအရာက မော်ဒရက်ရဲ့ ပစ္စည်းတွေလို့ သူ စတင်ပြီး သံသယဖြစ်နေခဲ့ပါပြီ။

ဒီတော့..ပျောက်ဆုံးနေတဲ့မင်းသားက ပျောက်ကွယ်မသွားခင် နောက်ဆုံးအချိန်မှာ ချိန်းကျွန်းစုကို လည်ပတ်ခဲ့တာပါ။ကြီးမြတ်တဲ့ ဗာလာကလန် က ဒီပြစ်မူကို ကျူးလွန်ခဲ့တာလား။ချိန်းကျွန်းစုက သူတို့ရဲ့လွမ်းမိုးမူ အောက်မှာ ရှိနေတဲ့ နေရာဖြစ်ပြီး..သူတော်စင်တိုင်းရစ်ကလည်း မှန်သားရဲ အကြောင်းကို သူမ သိထားတယ်လို့ အရိပ်အယောင်ပြခဲ့တာကလွဲရင် ဆန်နီမှာ အဖြေထုတ်ဖို့အတွက် စစ်မှန်တဲ့ အကြောင်းပြချက် မရှိခဲ့ပါဘူး။

ဒါပေမဲ့ ဘာလို့သူမက ဒီသားရဲကို ကိုယ်တိုင်မသတ်ခဲ့တာလဲ။

‘ မော်ဒရက် ပြန်ပေါ်လာတဲ့ အချိန်ကြရင် ငါ့မှာမေးစရာတွေ အများကြီး ရှိနေပြီ’

စိတ်မကောင်းစရာက ဒါက အချိန်အတော်ကြာတဲ့ အထိ ဖြစ်လာဦးမှာ မဟုတ်သေးပါဘူး။

အဲ့အချိန်မတိုင်ခင်မှာ ဆန်နီမှာ လုပ်စရာတွေရှိနေပါသေးတယ်။

သူနေကို ကြည့်လိုက်တဲ့ အချိန်မှာတော့ ဒါက အခုမှ အမြင့်ဆုံးအချိန်ကို စတင်ပြီး ရောက်နေသေးတာကို သတိထားမိလိုက်ပါတယ်။အချိ်အတော်ကြာတဲ့ အထိ လ က ထွက်လာဦးမှာ မဟုတ်သေးပါဘူး။ဒီတော့..သူ့ရဲ့ တန်ဖိုးရှိတဲ ဒဂ်ါးတွေကို ယဇ်ပုလ္လင်ပေါ်တင်ချင်တဲ့စိတ်က ပြင်းပြနေပေမယ့်..ဖိအားအများကြီး သက်ရောက်နေတဲ့ ပထမဆုံးပြသနာကို အရင်ဖြေရှင်း ရပါလိမ့်မယ်။

…..ကတ်စီ.

ဆန်နီက သူ့ရဲ့ သူငယ်ချင်ဟောင်းနဲ့ ဘယ်လောက်ပဲ တွေ့ချင်စိတ်မရှိဖြစ်နေပါစေ..သူက သူမနဲ့ စကားပြောဖို့လိုအပ်ပါတယ်။ဒုတိယ အိပ်မက်ဆိုးအတွက် သူ့ရဲ့ဘေးနားမှာ ဘယ်သူတွေ ရှိနေမှာလဲ ဆိုတာကို မသိရမချင်း သူက အနာဂတ်အတွက် အစီစဉ်တွေကို ရေးဆွဲလို့ရမှာ မဟုတ်ပေ။

ပြီးတော့ သူက ဒါကို လုံးဝ စိန်ခေါ်ဖို့ လိုအပ်ပါတယ်။

အဆီအနှစ်တွေကိုစုဆောင်းတာက အဆင်ပြေပေမယ့်..မာစတာတစ်ယောက်ဖြစ်လာတာက သူ နဲ့ နစ်ဖီ ကြားက ကွာဟမူကို ကြီးမားမူကြီး ဖြစ်လာစေမှာပါ။ပိုမြင့်တဲ့ အဆင့်တွေကို ရောက်လာတဲ့ အချိန်ကြရင် အမြုတေတွေ ဖန်တီးရတာ ပိုပြီး ခက်ခဲသွားပြီဆိုပေမယ့် တက်ရောက်မူအဆင့်ကိုရောက်သွားတာက..သူ့ကို ပိုးကောင်တစ်ကောင်လို့ ဖိနိပ်နိုင်တဲ့လူ က အနည်းငယ်လောက်ပဲ ရှိတော့မယ်လို့ ဆိုလိုတာပါ။

…ဒါက အိပ်မက်ဆိုးသားရဲ့ တွေထဲမှာတင် မဟုတ်ပဲ လူသားတွေရဲ့ ကြားထဲမှာလည်း အတူတူပါပဲ။ဆန်နီက အုပ်ချုပ်သူတွေ အကြောင်းကို ပိုပြီး သိလာလေလေ ပိုပြီး စိတ်အနှောက်အယှက် ဖြစ်လာလေလေ ပါပဲ။သူက သံသယစိတ်များတတ်တဲ့ လူတစ်ယောက်ဖြစ်တာကြောင့်..ဒီ ပုန်းကွယ်နေတဲ့ အရှင်သခင်တွေ ကတစ်နေ့မှာ သူတို့ရဲ့ လွမ်းမိုးမူတွေကို သူ့အပေါ်အသုံးချပြီး ဖျက်ဆီ’ပစ်တာမျိူး မလုပ်ပါဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။သူတို့က ရိုးရှင်းစွာပဲ ဒီလိုလုပ်နိုင်စွမ်းရှိကြပါတယ်။

ပြီးတော့ ဒီလိုချိန်းခြောက်မူမျိုးတွေ မရှိဘူးဆိုရင်တောင်..ဒီကမ္ဘာပေါ်မှာ မာစတာပေါင်း ရာနဲ့ချီပြီး ရှိနေတာကြောင့် သူ့ကို ချွေးမထွက်ပဲ သတ်ဖြတ်နိုင်တဲ့လူက လူတစ်ရာလောက် ရှိနေတယ်လို့ ဆိုလိုတာပါ။သို့ပေမယ့် သူသာ မာစတာ တစ်ယောက်ဖြစ်လာမယ် ဆိုရင်..ကောင်းပြီလေ…သူတကယ်စိုးရိမ်ရမယ့်အရာက အရမ်းကို နည်းပါးတဲ့ ပမာဏ လောက်ပဲ ရှိတော့မှာပါ။

သူတော်စင် တိုင်းရစ် လိုမျိုး။

..တက်ရောက်မူအဆင့်တစ်ယောက် အနေနဲ့ သူက အိပ်မက်ကမ္ဘာထဲကို ဆန္ဒရှိသလို ဝင်ထွက်သွားလာလို့ ရတာကို တော့ ပြောနေစရာတောင် မလိုတော့ပါဘူး။သူက ဒီအရာကို ထာဝရစွန့်ပစ်ပြီး ဘယ်တော့မှ ပြန်မလာပဲ နေလို့တောင် ရပါတယ်။

‘ဒီတော့..ဆိုးယုတ်မူ တောအုပ် ပေါ့…’

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။ယင်းနောက် သူ့ရဲ့ အခန်းဆီကို ပြန်သွားပြီး တပ်မက်ခြင်း သေတ္တာထဲက မြေပုံကို ထုတ်ယူလိုက်ပါတယ္။ပြီးတာနဲ့ မော်ဒရက်ရဲ့ မြေပုံကနေ သူမှတ်မိသလောက် အရာတွေကို..အချိန်ယူကာ ထပ်ပေါင်းထည့်လိုက်တယ်။မကြာခင်မှာပဲ ချိန်းကျွန်းစုရဲ့ အသေးစိတ်ကျတဲ့ အချက်အလက်တွေကို ရေးမှတ်ထားတဲ့ မြေပုံတစ်ခုက သူ့ရဲ့ လက်ထဲကိုရောက်နေခဲ့ပါပြီ။ဒီထဲမှာတော့..သူက ဘယ်လိုအန္တရာယ်တွေကို ဘယ်နေရာတွေမှာ တွေ့နိုင်သလဲ ဆိုတာကိုပါ ရေးမှတ်ထားခဲ့တယ်။

ဒါရဲ့ အကူအညီနဲ့ ဆိုရင် သူက လိုရာခရီးကို အန္တရာယ် ကင်းကင်းနဲ့ သွားလာနိုင်ပါလိမ့်မယ်။

ဆန်နီက ဆိုးယုတ်မူ တောအုပ်ရှိနေတဲ့ နေရာ လမ်းကြောင်းကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

‘…ဒါက အရမ်းမခက်ခဲပါဘူး..။ငါက အဲဒီကို မနက်ခင်းလောက်မှာရောက်ပြီး ခံတပ်ဆီကို နောက်နေ့ ညဘက် လ ထွက်နေတဲ့ အချိန်လောက် ပြန်ရောက်နိုင်လောက်တယ်’

ပြီးတော့..နောက်ဆုံးမှာ သူအရမ်းဆန္ဒရှိနေတဲ့ ဒဂ်ါးပြားတွေကို အသုံးပြုခွင့်ရတော့မှာပါ။

သူက တက်မက်ခြင်းသေတ္တာကို ရုပ်သိမ်းလိုက်ပြီး..သူ့ရဲ့ခြေလက်တွေကို ဆန့်တန်းလိုက်ကာ..ခံတပ်ရဲ့ ထွက်ပေါက်ဆီကို ဦးတည်ပြီး သွားလိုက်ပါတယ်။

…..

ကတ်စီရဲ့ စာမှာ ပါရှိတဲ့ ဝေးလံခေါင်သီတဲ့ ကျွန်း ဆီကို သွားရတဲ့လမ်းမှာ ထူးခြားတဲ့ အကြောင်းအရာတွေ မဖြစ်ပျက်ခဲ့ပါဘူး။ဆန်နီက ကောင်းကင်ချိန်းကြိုးတွေကို ဖြတ်တဲ့ အချိန်မှာ အရိပ်ပုံစံနဲ့ ဖြတ်ပြီး..ကျွန်းတွေကိုတော့ ခြေထောက်နဲ့ ဖြတ်သန်းကာ သူ့ရဲ့လမ်းကြောင်းမှာ ရှိနိုင်တဲ့ အိပ်မက်ဆိုးသားရဲ တွေကို ရှောင်ရှားလေ့ ရှိပါတယ်။

ချန်းကျွန်းစုရဲ တောင်ဘက်ပိုင်းက အတော်လေးကို လုံခြုံမူရှိပါတယ်..။ဒါမှမဟုတ်..အနည်းဆုံးတော့ မြောက်ဘက်ပိုင်းထက်ပိုပြီး လုံခြုံမူရှိပါတယ်။ကောင်းပြီလေ..အံ့ဩစရာတော့ မရှိပါဘူး။ဒါက လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက လူသားတွေရဲ့ အိပ်မက်ဆိုးကမ္ဘာထဲက..နယ်စပ်နေရာဖြစ်ခဲ့တာပါ။မြောက်ဘက်ပိုင်းမှာကတော့..ဟောလိုး တောင်တန်းကလွဲပြီး ဘာမှ ရှိမနေခဲ့ပေ။

ဆိုးယုတ်မူတောအုပ်ကတော့..ကြီးမားတဲ့ ချိန်းကြိုးကြီးတွေထဲက တစ်ခုရဲ့ အနီးနားမှာဖြစ်ပြီး..ဒါက နိုတစ်မြင့်မြတ်နယ်မြေက တစ်ခြားကျွန်းတွေ ဆီကို ဆက်သွယ်ပေးထားပါတယ်။ခံတပ် ဘက်ကနေ ဒီနယ်မြေကို ဝင်လာတဲ့ ၊ ထွက်သွားတဲ့ လူတွေ အားလုံးက ဒီချိန်းကြိုးကိုပဲ အသုံးပြုကြပါတယ္။ဒီတော့ ဒီနေရာကို အဖြူရောင်တောင်ပံ ကလန်ရဲ့ အင်အားစုတွေကလည်း မကြာခန ကင်းလှည့်လေ့ ရှိကြတာပါ..။

ဆန်နီက ဖော်ပြထားတဲ့ လမ်းကြောင်းကနေ လာခဲ့ပြီး..ပျံသန်းနေတဲ့ ကျွန်းရဲ့ အန္တရာများတဲ့ တောအုပ်ထဲကို ဝင်သွားခဲ့တယ်။သူက ပျက်ပြားခြင်းအဆင့် အိပ်မက်ဆိုးသားရဲ တွေ ကျတ်စားတဲ့နေရာတွေကို ဂရုတစိုက် ရှောင်ရှားနေခဲ့ပြီး..အန္တရာယ်အတွက် မျက်လုံးကို အာရုုံစိုက်ထားခဲ့ရပါတယ်။

သို့ပေမယ့် သူ မရှာင်ရှားနိုင်တဲ့အရာ ဘယ်ဟာမှ ရှိမနေခဲ့ပေ။ဆန်နီ ဖြတ်သန်းလာတဲ့ ဘယ်ကျွန်းကမှ တက်ရောက်တဲ့ အခြေအနေမှာ ရှိမနေခဲ့ပါဘူး။ဒီတော့ ဆန်နီက ဖိနိပ်မူတွေကို ခံစားရခြင်းမရှိခဲ့ပေ။

နေလုံးက..မိုးကုတ်စက်ဝန်းရဲ့ အောက်ဘက်ကို တိုးဝင်ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ လ က အနောက်ကနေ လိုက်ပြီး မြင့်တက်လာခဲ့တယ်။

အရုဏ်ဦးရဲ့ ပထမဆုံးအလင်းရောင် ပေါ်ထွက်လာတဲ့ အချိန်မှာတော့..ဆန်နီက အရိပ်တွေထဲကနေ ပြေးလွှားနေခဲ့ပြီး လေထဲကို ခုန်လိုက်ကာ..ကြီးမားတဲ့ ကျွန်းကြီးရဲ့ အစွန်းမှာရှိတဲ့ နူးညံ့တဲ့ မြေဆီလွှာပေါ်ကို ခြေချလိုက်ပါတယ်။

ဆိုးယုတ်မူ တောအုပ်ကို သူက ရောက်လာခဲ့ပါပြီ။

ဆန်နီ လေးလံစွာ သက်ပြင်းချလိုက်တယ်။

….လမ်းမှာ ဆိုးဝါးတဲ့ မွန်းစတားတစ်ကောင်က သူ့ကို တိုက်ခိုက်ပြီး သူ ကတ်စီ နဲ့ မတွေ့နိုင်တော့မယ့် အခြေအနေရောက်သွားတဲ့ အထိတောင်..သူ မျှော်လင့်လု နီးပါး ပါပဲ။သူမအပေါ်မှာ ရှိတဲ့သူ့ရဲ့ ခံစားချက်တွေက ကြောက်စရာကောင်းလောက်အောင် ရှုပ်ထွေးနေခဲ့တယ်။ဒါက အိပ်မက်ဆိုးသတ္တဝါကြီး တွေနဲ့ တွေ့ရမှာထက်တောင် ကြောက်စရာကောင်းနေခဲ့ပါတယ်။

နေ့တစ်နေ့ရဲ့အဆုံးမှာတော့..လူသားတွေက..မွန်းစတားတွေထက် ပိုပြီး ကိုင်တွယ်ရ ခက်ခဲတယ် ဆိုတာ အသိသာ ကြီးပါပဲ..။

အပိုင်း ( ၄၆၈ ) ပြီး၏။

All Chapters