← Chapters

မီး စောင့်ရှောက်သူများ

Vol. 32 Ch. 469

မီး စောင့်ရှောက်သူများ

Vol. 32 Ch. 469

ဆိုးယုတ်မူ တောအုပ်က ကြီးမားတဲ့ ကျွန်းကြီးတစ်ခုပါ။သူ့ရဲ့မျက်နှာပြင် တစ်ခုလုံးကိုတော့ ကွေ့ကောက်တဲ့တောအုပ်တွေ ၊ လောင်ကျွမ်းမူတွေ ၊ သေဆုံးနေတဲ့ သစ်ပင်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။မြေကြီးမှာတော့..ထူထဲလှတဲ့ ပြာတွေက လေထုနဲ့မကြာခန ပါလာပြီး ဖုံးလွှမ်းနေခဲ့ပါတယ်။အညိုရောင် အပွင့်အဖတ်တွေက..ကောင်းကင်ကနေ ပြုတ်ကျလာခဲ့တယ်။

အိပ်မက်ဆိုးသားရဲတွေ အများကြီးကတော့..နက်ရှိုင်းတဲ့ သစ်တောထဲမှာ အသိုက်ပြုလုပ်နေကြတယ်။သားရဲ အများစုက နိုးထမူအဆင့်တွေ သာြဖစ်ကြပေမယ့် တစ်စုံတစ်ယောက်က..ချုံခိုတိုက်ခိုက်တာ ၊ ဝန်းရံခံရတာ ဒါမှမဟုတ် ကြမ်းတမ်းတဲ့ သားရဲတွေရဲ့ရှေ့တည့်တည့်တွေကို ရောက်သွားတာမျိုးတွေ မလုပ်မိဖို့ ဂရုစိုက်ရပါတယ်။

ကတ်စီက ဘာလို့ဒီလိုနေရာမျိုးကို လာပြီး စခန်းချရတာလဲ ဆိုတာကိုတော့ ဆန်နီ စဉ်းတောင် မစဉ်းစားတတ်တော့ပေ။

သိုပေမယ့် သူက လူသားတွေတည်ရှိတဲ့ လက္ခဏာတွေကိုတော့ မြင်တွေ့နေရပါပြီ။

ဆိုးယုတ်မူတောအုပ်ကနေ တစ်ခြား ကျွန်းတွေဆီကို ဆက်သွယ်ထားတဲ့ သံကြိုးက လေးခုလောက်ရှိပါတယ်။သို့ပေမယ့်..သူ အသုံးပြုခဲ့တဲ့ တစ်ခုက အဆင်အပြေဆုံးပါပဲ။မရူးသွပ်တဲ့ ခေါင်းဆောင်မှန်သမျှက သူနဲ့ တူညီတဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်ကြမှာပါ။ဖိနိပ်မူက တစ်စုံတစ်ယောက်ရဲ့ လမ်းကြောင်းသွားလာမူကို ခန့်မှန်းလို့ မရနိုင်အောင် လုပ်နိုင်ပေမယ့်..ကျန်တဲ့ သုံးခုကတော့ အတော်လေး..စွန့်စားမူ များပါတယ်။

ဒါကြောင့် သစ်တောရဲ့ နက်ရှိုင်းတဲ့အပိုင်းကို သွားတဲ့လမ်းပေါ်က ..ပြာအသစ်တွေ ဖုံးလွှမ်းနေတဲ့နေရာမှာ…လူသား ခြေရာတွေကို မြင်နေရတာကို ဆန်နီ မအံ့ဩမိတော့ပေ။ဒီနေရာမှာတော့..တိုက်ပွဲဖြစ်ထားတဲ့ လက္ခဏာတွေကိုလည်း တွေ့ရပြီး..ပုံပျက်နေတဲ့ အလောင်းတစ်ချို့က မြေကြီးပေါ်မှာ ရှိနေခဲ့ကာ..ဝိဥာဉ်အမြုတေကို ဖယ်ရှားထားတာကို တွေ့ရပါတယ်။

ဒီအလောင်းကောင်တွေကို..လှည့်လည်သွားလာတဲ့

အိပ်မက်ဆိုးသားရဲတစ်ချို့ကသာ..စားသုံးထားပုံထောက်ရင်..ကတ်စီရဲ့ အဖွဲ့သားတွေ ဒီနေရာကို ကျော်သွားတာက..တစ်ပတ်တောင် မကျော်လောက်သေးပါဘူး။

ဆန်နီ သက်ပြင်းချလိုက်ပြီး..သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းကို အဝတ်စတစ်ခုနဲ့ စည်းလိုက်ကာ…ရက်စက်သောမြင်ကွင်းကို ထုတ်ယူလိုက်တယ်။ပြီးတာနဲ့ ခြေလှမ်းတွေအတိုင်းက..စတင်လျောက်သွားလိုက်ပါတယ်။

မကြာခင်မှာပဲ..သူက ကွေ့ကောက်တဲ့တောအုပ်ရဲ့.. မြူတွေ ဖုံးကွယ်နေတဲ့အထဲကို ဝင်သွားခဲ့တယ်။အရိပ်တွေထဲကို မြင်နေရတဲ့ သူ့ရဲ့ စွမ်းရည်က နောက်တစ်ကြိမ်ဆိုသလိုပဲ..တန်ဖိုးမဖြတ်နိုင်လောက်အောင် အသုံးဝင်လာခဲ့ပြန်ပါပြီ။အဲဒီ ဆုလာဘ်ကြောင့်သာမဟုတ်ရင်..သူက အသိစိတ်မဝင်ဖြစ်နေတော့မှာဖြစ်ပြီး..အမှောင်ထုထဲကနေ ဘယ်အချိန်များ ရုတ်တရက် တိုက်ခိုက်လာမလဲ ဆိုတာကို စိုးရိမ်နေရမှာပါ။

သူ့ရဲ့ အမြင်အာရုံ ၊ အရိပ်အာရုံခံစားမူ နဲ့ အရိပ်တွေရဲ့ အမြင်အာရုံကနေတဆင့် ပတ်ဝန်းကျင်ကို မြင်နေရတာကြောင့်..သူ့အနားကို ဘယ်အရာကမှ သတိမထားမိပဲ ကပ်လာမှာ မဟုတ်ဘူးဆိုတာကို ယုံကြည်ချက်ရှိပါတယ်။အနည်းဆုံးတော့..ဒီကျွန်းပေါ်မှာတော့ သူ့အနားကို ကပ်လာနိုင်ကြမှာ မဟုတ်ပါဘူး။

သို့ပေမယ့်..ဒါက အိပ်မက်ကမ္ဘာရဲ့ အဓီကအချက်ပါ။အရမ်းကို ရင်ဆိုင်ရ လွယ်ကူတဲ့ အိပ်မက်ဆိုးသားရဲတွေကတောင်..မင်းဂရုမစိုက်ဘူးဆိုရင်..မင်းကို တစ်စက္ကန့်အတွင်းမှာ သတ်သွားနိုင်ပါတယ်။ဒီကျွန်စာသင့် ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာတော့..သေဆုံးနိုင်တဲ့ ထောင်ခြောက်တွေရှိနေကြတာပါ။

ဆန်နီ သစ်တောရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို ရောက်လာတဲ့အချိန်မှာတော့..သူက ကတ်စီရဲ့ အဖွဲ့သားတွေ ဖြတ်ကျော်ခဲ့ကြတဲ့ အမှတ်အသားတွေကို တွေ့လိုက်ရတယ်။ဒီမှာ ကြမ်းတမ်းတဲ့ တိုက်ပွဲငယ်တွေဖြစ်ပျက်ခဲ့တဲ့ အမှတ်အသားတွေ နဲ့ အလားတူစွာပဲ စခန်းချထားခဲ့တာတွေကို တွေ့နေရပါတယ်။ကြည့်ရတာတော့ မီးစောင့်ရှောက်သူတွေက ..သူတို့ရဲ့အချိန်ကိုယူပြီး ဖြည်းဖြည်းချင်း လမ်းရှင်းကာ ဆိုးယုတ်မူတောအုပ်ရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို ဖြည်းဖြည်းချင်းစီ..တိုး ဝင်နေကြတဲ့ပုံပါပဲ။

“သူတို့က ညဘုရားကျောင်းကနေပြီး ဒီနေရာကို ဘာလာလုပ်ကြတာလဲ။သူတို့က ဟောလိုးတောင်တန်းကနေ ဒီလောက်ဝေးကွာတဲ့ နေရာကို လာဖို့အတွက် နယ်မြေတစ်ခုလုံးကိုကျော်ဖြတ်ပြီး ဒီမမျှော်လင့်တဲ့ ကျွန်းမှာကြမှ လာပြီး တစ်နေကြတယ်။ငါ တကယ် နားမလည်တော့ဘူး..”

သိသာစွာပဲ ဆန်နီက တစ်ခုခုကို လွဲချော်နေခဲ့ပါပြီ။

သူက အနည်းငယ် မျက်မှောင်ကျုတ်နေခဲ့ပြီး..အရိပ်အဖြစ်ပြောင်းလဲလိုက်ကာ ..အမှောင်ထုထဲကနေ စတင်ပြီး သွားလာလိုက်တယ်။ဒါက တစ်မိနစ်တိုင်းမှာ လမ်းလျောက်တာထက် အများကြီးပိုပြီး မြန်ဆန်နေခဲ့ပါတယ်။သူက ဂရုတစိုက်ပဲ ရှိနေစေချင်တာကြောင့် သူ့ရဲ့အရိပ်ကို ရှေ့ကိုပို့ကာ မမျှော်လင့်ထားတဲ့ တစ်စုံတစ်ခု ဖြစ်လာရင် အချိန်မှီပြင်ဆင်ဖို့အတွက်..လုံလောက်အောင် ဖန်တီးထားခဲ့ပါတယ်.။

တစ်နာရီဝန်းကျင်လောက် ကြာပြီးသွားတဲ့ အချိန်မှာတော့ သူက နောက်ဆုံးမှာ သူတို့ကို တွေ့သွားခဲ့တယ်။

ကတ်စီနဲ့ သူမရဲ့ အဖွဲ့သားတွေက..အစွန်းနဲ့အန္တရာယ်များလောက်အောင် ဝေးကွာတဲ့ ကျွန်းရဲ့အလယ်မှာ..ရှင်းလင်းပြီး စခန်းချနေခဲ့ကြပါတယ်။တကယ်လို့..ဆိုးယုတ်မူတောအုပ် သာ တက်ရောက်မူအခြေအနေကို ရောက်သွားမယ်ဆိုရင်..ဖိနိပ်မူရောက်လာတဲ့အချိန်မှာ ချိန်းကြိုးတွေဆီကို ရောက်အောင်သွားမယ့် သူတို့ရဲ့အချိန်က အတော်လေးကို..ကျဉ်းမြောင်းသွားတော့မှာပါ။

အခုက မနက်အစောပိုင်းပဲ ရှိနေသေးတာကြောင့်..အဖွဲ့ဝင်အားလုံးနီးပါးက အိပ်နေကြပြီး..မတ်တတ်ရပ်နေတဲ့ ကင်းသမားနှစ်ယောက်တောင်..သူတို့ရဲ့လက်ထဲမှာ ဓာတ်မီးနဲ့ကိုင်ပြီး ရပ်နေခဲ့ကြပါတယ်။ဆန်နီက သူတို့ကို အရိပ်ထဲကနေ အတော်ကြာအောင် စောင့်ကြည့်နေပြီးကာမှ သူ့ရဲ့အရိပ်ကို ရှေ့ကို ပို့လိုက်တယ်။

သူတို့က တောက်ပတဲ့ရဲ့တိုက်မှာ ပုလ္လင်လုခဲ့ရတဲ့ အချိန်တွေ တစ်လျောက်လုံး ဒီလူတွေနဲ့ အချိန်ကုန်ဆုံးခဲ့တာကြောင့်..ကင်းသမားနှစ်ယောက်ကိုလည်း ကောင်းကောင်းမှတ်မိပါတယ်။ဒီလူတွေက နစ်ဖီရဲ့ အဖွဲ့ထဲကပါ။

မီးစောင့်ရှောက်သူတွေက မေ့ပျောက်ကုန်းမြေကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့..လူ အယောက်လေးဆယ် လောက်နဲ့ဖွဲ့စည်းထားတာ ဖြစ်ပြီး..သူတို့ကို ခေါ်ယူချင်တဲ အမွေအနှစ်ကလန် တွေ နဲ့ အစိုးရ ရဲ့ ကမ်းလှမ်းမူတွေကို ငြင်းပယ်ထားခဲ့ပါတယ်။ပြီးတော့ သူတို့က အယ်ဖီနဲ့ ဆန်နီ တို့လို လုံးဝ လွတ်လပ်တဲ့ လူတွေတော့ ဖြစ်မလာခဲ့ပေ။

ကတ်စီက သူတို့ရဲ့ နာမည်ခံခေါင်းဆောင် လို့ ပြောနိုင်ပေမယ့်..သူမက အဖွဲ့တစ်ခုလုံးကို တစ်ယောက်တည်း အမိန့်ပေးနေတာမျိုး မဟုတ်ပါဘူး။အဲဒီအစား.နစ်ဖီရဲ့ နောက်လိုက်တွေက အဖွဲ့တွေ အများကြီး ခွဲထားခဲ့ကြတယ်။တစ်ဖွဲံချင်းစီတိုင်းက အိပ်မက်ကမ္ဘာရဲ့ မတူညီတဲ့ နေရာတိုင်းမှာ တာဝန်တွေ လုပ်ဆောင်နေကြပါတယ်။မီးစောင့်ရှောက်သူတွေ ဆိုတာက..သာမန်..အဖွဲ့အစည်းတစ်ခု မဟုတ်ပါဘူး။သို့ပေမယ့် ဒီမှာ ရှိနေတဲ့ လူတွေက တူညီတဲ့..ယုံကြည်မူတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိကြပါတယ်။အဓိက အရာကတော့..တစ်နေ့မှာ ပြောင်းလဲနေတဲ့ကြယ်ပွင့်က..အသက်ရှင်လျက်ပြန်လာလိမ့်မယ် ဆိုတဲ့ အချက်ပါပဲ။

ဆန်နီရဲ့ အရိပ်က ဓာတ်မီးကနေဖြစ်ပေါ်လာတဲ့ အလင်းရှိနေတဲ့နေရာကို ဝင်ရောက်သွားတဲ့ အချိန်မှာတော့..သူက ကင်းသမားကို ကြည့်ပြီး လက်ဝေ့ယမ်းပြလိုက်တယ်။

လူငယ်လေးက..ဒါကို ပြူးကျယ်တဲ့ မျက်နှာနဲ့ ကြည့်လိုက်ပါတယ်။

“သောက်ကျိုးနဲ..”

တစ်ခြားတစ်ယောက်ကလည်း လှည့်လာပြီး သူမရဲ့လက်နက်ကို ထုတ်ယူလိုက်တယ်။

“ဘာဖြစ်လို့လဲ..”

ပထမတစ်ယောက်ကတော့ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ သက်ပြင်းချလိုက်တယ်။

“အာ..”

သူက ခေါင်းကိုက်စရာ ကိစ္စကြုံတွေ့ရတော့မယ့် အမူအရာနဲ့ နှာဖူးကို လက်နဲ့ဖိထားခဲ့တယ်။

“ အဲဒါက ဆန်နီလို့ ထင်တာပဲ..”

….

ကတ်စီရဲ့ အဖွဲ့ထဲမှာ လူရှစ်ယောက်ရှိနေခဲ့ပြီး ..သူတို့တစ်ယောက်ချင်းစီတိုင်းကလည်း ရင်းနှီးပြီးသား လူတွေချည်းပါပဲ။

..ကောင်းပြီလေ..ဆန်နီက အတူတူလက်တွဲတိုက်ခိုက်ခဲ့ရတဲ့ အချိန်ကာလတွေကြောင့် မေ့ပျောက်ကုန်းမြေကနေ ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေ အားလုံးနီးပါးနဲ့သိထားပါတယ်။သူ့ကို အံ့ဩသင့်စေတဲ့ အချက်ကတော့..ဒီလူတွေက သူ့ကို အရမ်းကို နွေးထွေးစွာ ကြိုဆိုခဲ့ကြတာပါ။

တစ်ချို့က အစောကြီး နိုးထလာခဲ့ရတာနဲ့ သူ့ရဲ့ စီးပွားရေးဆန်တဲ့ ရည်ရွယ်ချက်ကို မသိတာကြောင့်..စိတ်မကြည်မလငိ ဖြစ်သွားခဲ့ကြပေမယ့်..သိသာစွာပဲ ဆန်နီကို မြင်တွေ့ရတာကြောင့် အတော်လေးကို ဝမ်းသာနေခဲ့ကြပါတယ်။မကြာခင်မှာပဲ လာရောက်ထွေးပွေ့ နှုတ်ဆက်မူတွေကြောင့်..ဆန်နီ ရဲ့ ပုခုံးတောင် နာကျင်လာခဲ့တယ်။

“မင်းကို ကြည့်စမ်းပါဦး..ဒီ ကျွန်းမှာ ငါတို့ရောက်နေတာ လေးလလောက်ရှိနေပြီကို အခုမှပဲ ငါတို့ တွေ့ဆုံကြရတော့တယ်..”

“မင်း ဘယ်လိုတွေ နေထိုင်နေလဲ ဆန်နီ”

“အိုး..ခံတပ်မှာတုန်းက မင်းမရှိဘူးဆိုတာကို သိရတော့ ငါ အတော်လေး စိတ်မကောင်းဖြစ်ခဲ့တာ..”

ဆန်နီ အားနည်းစွာပြုံးလိုက်ပြီး..သူတို့ရဲ့ နှုတ်ဆက်မူကို တုန့်ပြန်လိုက်ပါတယ်။ထူးဆန်းစွာပဲ သူ့ရဲ့ ရင်ထဲမှာ နွေးထွေးမူကို ခံစားနေခဲ့ရပြီး..အားလုံးရဲ့ အာရုံစိုက်မူတွေကြောင့်..မသက်မသာ ခံစားနေခဲ့ရတယ်။

အမှန်အတိုင်းပြောရရင်..သူတို့နဲ့ပြန်တွေ့ရတာကို သူလည်းဝမ်းသာမိပါတယ်။မေ့ပျောက်ကုန်းမြေပေါ်ကနေ သူတို့လွတ်မြောက်လာတယ်ဆိုတာကို သူတကယ်ကို မယုံကြည်နိုင်သေးပါဘူး။ယောက်ျားလေး ၊ မိန်းကလေး အယောက်တစ်ရာလုံးလွတ်မြောက်လာခဲ့တာမှာ အခုဆိုရင်..သူတို့ထဲက အချို့က သူ့ရှေ့မှာ ရှိနေခဲ့ပါပြီ။

နှုတ်ဆက်မူတွေ ပြီးဆုံးသွားတဲ့ အချိန်မှာတော့..သူက ပတ်ဝန်းကျင်ကိုကြည့်ပြီး..မျက်ခုံးပင့်တင်လိုက်တယ်။

“အာ..ကောင်းပြီလေ..။ကောင်လေးတို့…ဝမ်းသာမိတယ်။ဒါပေမဲ့ ကတ်စီက ဘယ်မှာလဲ..”

မီးစောက်သူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးမှ. သူတို့ထဲက တစ်ယောက်က ပြုံးလိုက်ပြီး..

“အိုး..ဟုတ်သားပဲ..။မင်းလည်း သူမကို တွေ့ချင်နေတော့မှာပေါ့..”

‘အဲလိုနဲ့ ဆန့်ကျင်ဖက်ပဲ’

ပြောတဲ့ မိန်းကလေးက ..ခေါင်းခါယမ်း လိုက်ပြီး..တစ်ဖက်ကိုလှည့်ကာ စခန်းနဲ့ ဝေးတဲ့နေရာကို လမ်းပြသွားခဲ့ပါတယ်။

“သွားကြရအောင် ..ငါ လိုက်ပို့ပေးမယ်..”

..စခန်းနဲ့ အရမ်းမဝေးတဲ့ နေရာမှာတော့..သေဆုံးနေတဲ့ သစ်ပင်ကြီးရဲ့ အမြစ်တွေနားမှာ နက်ရှိုင်းတဲ့အပေါက်ကြီးတစ်ခုကို တူးထားခဲ့တယ်။အဲဒီဘေးနားမှာတော့..လှပတဲ့ရွှေရောင်ဆံပင် နဲ့ ထည်ဝါတဲ့ ဓားတစ်ချောင်းကို ခါးပတ်က ဓားအိမ်မှာထည့်ထားတဲ့ နူးညံ့တဲ့ မိန်းကလေးတစ်ယောက်က..ဆန်နီ ဘက်ကို ကျောပေးပြီး ရပ်နေခဲ့ပါတယ်။

သူတို့ရဲ့ ခြေသံတွေကို ကြားတဲ့ အချိန်မှာတော့..ကတ်စီက လှည့်လာခဲ့တယ်။ပေါ့ပါးတဲ့ အပြုံးလေးတစ်ပွင့်က သူမရဲ့ မျက်နှာမှာ ပေါ်လာခဲ့ပါတယ်။

“ဆန်နီ..။နင် အဲဒါကို လုပ်ခဲ့ပြီပေါ့..”

အပိုင်း ( ၄၆၉ ) ပြီး၏။

All Chapters