← Chapters

ဆောင်းရာသီ ရောက်ရင်

Vol. 32 Ch. 470

ဆောင်းရာသီ ရောက်ရင်

Vol. 32 Ch. 470

ပြီးခဲ့တဲ့တစ်ခေါက် သူတို့ တွေ့ခဲ့တုန်းကနဲ့ စာရင် ကတ်စီရဲ့ ပုံစံက ပြောင်းလဲသွားခဲ့တယ်။

သူမရဲ့ ဆံပင်တွေက ပိုရှည်လာခဲ့ပြီး..ထူးဆန်းတဲ့ ငွေရောင် မျက်လုံးကာ တစ်ဝက်မျက်နှာဖုံးတစ်ခုကိုလည်း တပ်ဆင်ထားပါသေးတယ်။သူ့ရဲ့မျက်နှာပြင်ကတော့..ဘာမှမမြင်ရတဲ့ ရှုပ်ထွေးမူတွေကို သား ထွင်းထုထားခဲ့တယ်။အဲတာက သူမရဲ့ အပြာရောင် ကုတ်အက်ျီရဲ့ အပေါ်မှာ ဝတ်ဆင်ထားတဲ့..အကာအကွယ်ရဲ့ သံမဏိနဲ့ လိုက်ဖက်နေခဲ့ပါတယ်။အကာအကွယ်ကိုတော့..တိုတောင်းတဲ့ သံချပ်ကာ ရှေ့ပြားနောက်ပြား ၊ ပုခုံးကာ ၊ ဒူးကာ နဲ့ ရင်အုပ်ကာ အစိတ်အပိုင်းတွေနဲ့..ဖွဲ့စည်းထားခဲ့တယ်။

တိတ်တဆိတ်ကခုန်သူ..ကို သူမရဲ့ ခါးပတ်မှာ ချိတ်ဆွဲထားခဲ့ပြီး..တစ်ခြားတစ်ဖက်မှာလည်း တစ်ခြားဓားတစ်လက်ရှိနေခဲ့ပါသေးတယ်။

သို့ပေမယ့် ပိုပြီးပြောင်းလဲသွားတဲ့ အရာက သူမရဲ့ ရင့်ကျတ်မူတွေပါပဲ။တစ်နည်းအားဖြင့် မျက်မမြင် မိန်းကလေးက ပိုပြီး အိုမင်းနေပုံ ရနေခဲ့တာပါ။တည်ငြိမ်ပြီး…၊ စိတ်ရှည်သည်းခံမူတွေ ရှိလာခဲ့ပေမယ့်လည်း..ပင်ပန်းနွမ်းနယ်နေတဲ့ ပုံလည်းပေါက်နေခဲ့တယ်။ဒါက နှစ်ပေါင်းများစွာရဲ့ ဖိအားတွေက သူမအပေါ်မှာ ဖိနိုပ်ထားကြသလိုပါပဲ..။

‘ဘာလဲ..။ဘယ်နှစ်ခုနှစ်ကို ရောက်နေတာလဲ..။သူမက ငါ့ထက်ငယ်တယ်လေ..’

ဆန်နီ အနည်းငယ် ကြိုးစားလိုက်ပြီးမှ..သူတို့ရဲ့ နွေးထွေးတဲ့ ဆုံစည်းမူတစ်ခုကို စောင့်မျှော်နေမှာ သေချာတဲ့ ငယ်ရွယ်တဲ့ မီးစောင့်ရှောက်သူ အတွက်..အပြုံးတစ်ခုကို ဟန်ဆောင်ဖန်တီးလိုက်ပါတယ်။

နောက်ဆုံးမှာတော့..သူတို့နှစ်ယောက်ကြားထဲမှာ ဘာတွေဖြစ်ထားလဲဆိုတာကို ဘယ်သူမှ သိထားကြတာမဟုတ်ပေ။စ

“ဟုတ်တယ်..ငါနင့်ရဲ့စာကို ရခဲ့တယ်…သိပ်တော့ နားမလည်ဘူး..။ပြီးတော့ အခု ငါ ဒီမှာရောက်နေပြီလေ..”

သူကို ကတ်စီဆီကို လမ်းပြခေါ်ဆောင်လာပေးတဲ့ မိန်းကလေးက သူတို့ကို ကြည့်လိုက်တယ်။ယင်းနောက် အကြောင်းပြချက် တစ်ခုပေးပြီး စခန်းချထားတဲ့ နေရာကို ပြန်သွားခဲ့လိုက်ပါတယ်။သူမက မိတ်ဆွေဟောင်းနှစ်ယောက်ရဲ့ စိတ်ခံစားချက် ဖြစ်စရာ တွေ့ဆုံမူကနေ..အလိုက်သိစွာ ဖယ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

..တကယ်ကို သူငယ်ချင်းဟောင်းတွေပဲ..။

ဆန်နီ ခနလောက်တွေဝေ ပြီးကာမှ မေးလိုက်တယ်။

“ဒီတော့..နင်ရောဘယ်လိုလဲ..”

ကတ်စီ သက်ပြင်းချလိုက်တယ်။ပြီးကာမှ မီးလောင်ထားတဲ့ သစ်ပင်ရဲ့ အမြစ်တွေဖက်ကို ပြန်လှည့်လိုက်ပါတယ်။

အတော်ကြာပြီးကာမှ သူမက ပြောလာခဲ့တယ်။

“တကယ်တော့ အရမ်းကြီးကောင်းနေခဲ့တာ မဟုတ်ဘူး..’

သူမ ရဲ့အသံက လွင့်ပျယ်နေခဲ့တယ်။

“နင်သိတဲ့ အတိုင်း..ငါတို့..ငါတို့က ဟောလိုးတောင်တန်းကို စွန့်စားခန်းထွက်ဖို့ ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့ အဲဒါက လုံးဝမျှော်လင့်ချက် မရှိဘူး။အဲဒီနေရာက မြူတွေထဲကို ခြေချရဲတဲ့ လူတွေအတွက်..စစ်မှန်တဲ့ သေဆုံးခြင်းတွေကပဲ စောင့်ကြိုနေလိမ့်မယ်။ငါတို့က မေ့ပျောက်ကုန်းမြေကို ပြန်သွားနိုင်မယ့် လမ်းကို ရှာဖွေချင်ခဲ့ကြတာ..။ဒါပေမဲ့ အဆုံးမှာတော့..ငါတို့အသက်ရှင်လျက်ပြန်ထွက်လာနိုင်တာပဲ..ကံကောင်းတယ် ပြောရမယ်..”

ကတ်စီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ မေးလိုက်တယ်။

ဆန်နီ ပြုံးလိုက်ပြီး..

“ငါလား..။အိုး..ငါက ဘယ်တုန်းကမှ မကောင်းမွန်ခဲ့ဘူး”

ဒီလိုပြောပြီးတာနဲ့ သူက တပ်မက်ခြင်းသေတ္တာကို ထုတ်ယူလိုက်ပြီး..လတ်ဆတ်မွှေးကြိုင်တဲ့ အသီးတစ်လုံးကို ထုတ်ယူကာ..အနီးအနားက သစ်ငုတ်တိုတစ်ခုပေါ်မှာ ထိုင်လိုက်ပါတယ်။သူက အရည်ရွှမ်းတဲ့ သစ်တော်သီးကို တစ်ကိုက်ကိုက်ကာ..ဝါးစားလိုက်ပြီး..မျက်မမြင်မိန်းကလေးကို ကြည့်လိုက်တယ်။

“အိုး..စိတ်မကောင်းပါဘူး.။ငါ့မှာက ငါ့အတွက်ပဲ ပါတာ..”

..ဟုတ်ပါတယ်..သူက ရယ်စရာကောင်းလောက်အောင်..သေးသိမ်နေခဲ့တယ်ဆိုတာကို ဆန်နိ သိပါတယ်။ဒါပေမယ့် အဲတော့ ဘာဖြစ်လဲ..။သေးသိမ်တယ် ဆိုတာက သူ့ရဲ့ အလယ်နာမည် တစ်ခုပါပဲ။

“ဒီတော့..နင်က မေ့ပျေက်ကုန်းမြေကို ပြန်ဖို့ကျရှုံးခဲ့တယ်ပေါ့..ပြီးတော့..အခုရော…နင်က ဘာတွေ လုပ်နေတာလဲ..။ဘာလို့ ဒီဆိုးဝါးတဲ့ သစ်တောကြီးထဲက သစ်ပင်တွေကို လာတူးနေရတာလဲ..”

ကတ်စီ အနည်းငယ်ပြုံးလိုက်ပြီးမှ ပုံမှန်ပဲ ပြန်ဖြေလိုက်တယ်။

“..ငါက တစ်ခုခုကို ရှာနေတာ..”

ယင်းနောက်..သူမက အပေါက်ဘက်ကနေ သူရှိတဲ့နေရာကို ပြန်လှည့်လာခဲ့ပါတယ်။

“ဟုတ်တယ်..နင် အသက်ရှင်လျက်ပြန်လာမယ်လို့ အဖြူရောင် ကလန်ကို ငါ ပြောခဲ့လိုက်တာ။ငါက နင်ဘယ်မှာရှိနေတာလဲ..ပြီးတော့ လွန်ခဲ့တဲ့ လတွေမှာ ဘာတွေလုပ်နေခဲ့လဲ ဆိုတာကို မြင်နေခဲ့ရတာတော့ မဟုတ်ဘူးပေါ့..”

ဆန်နီ သူမကို နက်မှောင်တဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်။

‘အဲတာက ဘာလဲ..။သူမက အခုဆိုရင် စိတ်တွေကိုပါ ဖတ်နိုင်နေပြီလား..’

“ပြီးတော့..မဟုတ်ဘူး ..ငါက စိတ်တွေကို မဖတ်နိုင်ဘူး။နင် သိဖို့လိုအပ်တာက ငါ့ရဲ့ ဒုတိယစွမ်းရည်က နောက်ထပ်စက္ကန့်အနည်းငယ် အတွင်းမှာ ဘာတွေဖြစ်လာတော့မယ်ဆိုတာကို သိဖို့အတွက် ခွင့်ပြုပေးထားတယ်ဆိုတာပဲ။ဒါကြောင့်ပဲ ငါက တောင်ဝှေးတစ်ခု မရှိပဲ လမ်းလျောက်နိုင်ပြီး..နင် ဘာစကား ပြောလာတော့မယ် ဆိုတာကို သိနေခဲ့တာ..”

သူ မျက်နှာရှုပ်မဲ့သွားခဲ့တယ်။

‘ဒါက…အတော်လေးစိတ်ရှုပ်စရာကောင်းတော့မယ်လို့ ထင်တာပဲ..’

ဆန်နီက အကာအကွယ်တွေ ၊ လက်နက်တွေ တပ်ဆင်ထားတဲ့ ကတ်စီကို ကြည့်လိုက်တယ်။သူမရဲ့ ဒီလို စွမ်းဆောင်ရည်နဲ့သာ ဆိုရင် တကယ်ကို သန်မာတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်လာတော့ မှာပါ။ဒါမှမဟုတ် မဖြစ်နိုင်ပါဘူး။အမှန်အတိုင်းပြောရရင် သူ့စွမ်းရည်က ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို သူမသိသေးပေ..။

ဒီတော့ သူ သိချင်စွာမေးလိုက်တယ်။

“ဒါဆို နင်က အခု မြင်နိုင်နေပြီလို့ ဆိုလိုတာလား..”

ကတ်စီ ခေါင်းခါယမ်းလိုက်တယ်။

“မဟုတ်ဘူး..အတိအကျတော့ မဟုတ်ဘူး။ဒါပေမယ့် .. တကယ်လို့..ငါသာ ရှေ့တစ်လှမ်းကို သွားပြီး တစ်ခုခုထဲကိုပြုတ်ကျတော့မယ်လို့ ခံစားရမယ်ဆိုရင် ဒီတိုင်းရှောင်ကွင်းပြီး သွားလို့ရတယ်လေ..။ငါ့ကို ဓားတစ်ချောင်းက ထိုးဖောက်တော့မယ်ဆို့ အာရုံရတယ်ဆိုရင် ငါအဲတာကို ရှောင်ဖို့ကြိုးစားလို့ရတယ်။ပြီးတော့ ငါ့ကို မေးခွန်းတစ်ခု မေးတော့မယ်လို့ အာရုံရတယ်ဆိုရင်..ငါက ပြန်ဖြေနိုင်တာပေါ့..”

သူက ခနလောက်တွေးပြီးကာမှ ပြောလိုက်တယ်။

“ဒီတော့..ငါ့ရဲ့နောက်ထပ်မေးခွန်းက ဘာဖြစ်မလဲ..”

မျက်မမြင်မိန်းကလေးက ရိုးရှင်းစွာပဲ ခေါင်းခါယမ်းလိုက်တယ်။

“ဒါကို ခန့်မှန်းဖို့ ငါ့ရဲ့ ဝိဥာဉ်အဆီအနှစ်တွေကိုတောင် ဖြုန်းတီးစရာမလိုအပ်ဘူး..။နင်က နင်ခံတပ်ဆီကို အသက်ရှင်လျက် ပြန်လာမယ်ဆိုတာကို ငါဘယ်လို သိနေတာလဲ ဆိုတာကို သိချင်နေခဲ့တာ..”

ဆန်နီ အသီးကို စားပြီးတဲ့ အချိန်မှာ အစေ့ကို အပေါက်ထဲ လှမ်းပစ်လိုက်ပြီး ပြုံးလိုက်တယ်။

“အမှန်ပဲ..။တကယ်လို့ နင်သာ ငါရဲ့လတ်တလော..ခရီးစဉ်တွေကို စောင့်ကြည့်နေခဲ့တာ မဟုတ်ဘူးဆိုရင်..ငါက သေမှာ မဟုတ်ဘူးဆိုတာကို ဘယ်လိုလုပ် သိနေရတာလဲ..”

ကတ်စီ ခနလောက်တွေဝေနေခဲ့ပြီးမှ..တစ်ဖက်ကို လှည့်သွားခဲ့တယ်။အတော်ကြာပြီးကာမှ သူမက ပြောလာခဲ့ပါတယ်။

“အခုမှ နွေဉီးရာသီပဲ ရှိသေးတယ်..”

သူ ပြန်ပြောလိုက်တယ်။

“အဲတာက အခုဟာနဲ့ ဘာဆိုင်လို့လဲ..။အခုက နွေရာသီ မို့လို့ နင်က ငါအဆင်ပြေမယ် ဆိုတာကို သိနေခဲ့တာလား..”

ကတ်စီက ပြုံးလိုက်ပြီး..

“ဟုတ်တယ်..။ငါ နင်သေမှာမဟုတ်ဘူး ဆိုတာကို သိနေတယ်။ဘာလို့လဲဆိုတော့..ငါ မြင်ခဲ့တာက..”

သူမက ခနလောက် ရပ်တန့်လိုက်ပြီးကာမှ တည်ငြိမ်စွာ ပြောလိုက်တယ်။

“..နင် ဆောင်းရာသီမှာ သေဆုံးတာကို ငါ မြင်ထားပြီးပြီ..။အမှန်တော့..ငါတို့နှစ်ယောက် စလုံးပေါ့…”

…..

ကတ်စီရဲ့ စကားလုံးတွေက ဗုံးတစ်လုံးပစ်ချလိုက်သလို ခံစားလိုက်ရတာကြောင့် ဆန်နီက ရိုးရှင်းစွာပဲ သူမကို တစ်မိနစ်လုံး စိုက်ကြည့်နေခဲ့မိတယ်။သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်ပြီး..စကားလုံးတွေက သူ့ရဲ့ပါးစပ်ထဲကနေ ထွက်လာဖို့ ငြင်းဆန်နေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့..သူအံ့ကို ကြိတ်ပြီး ပြောလိုက်တယ်။

“ဘယ်လို ငရဲမျိုးလဲ..။ငါတို့သေတာကို နင်က မြင်ခဲ့တာလား..”

ကတ်စီ သက်ပြင်းချလိုက်ပြီး..ရိုးရှင်းစွာပဲ သူ့ကို ခေါင်းညိမ့်ပြလိုက်ပါတယ်။

“ဟုတ်တယ်..”

ဆန်နီ ဒေါသတကြီးပြောလိုက်တယ်။

“ အသေးစိတ်ပြောပြစမ်းပါဦး..”

မျက်မမြင်မိန်းကလေး ဟာ ခနလောက် တိတ်ဆိတ်နေပြီးကာမှ တည်ငြိမ်းစွာပဲ မေးလိုက်တယ်။

“ နင် သိချင်တာသေချာရဲ့လား..။ပြီးခဲ့တဲ့ တစ်ယောက်တုန်းက ငါ့ရဲံအမြင်အာရုံတွေကို တစ်ခြားတစ်ယောက်နဲ့ မျှဝေပြီး ကံတရားကို စိန်ခေါ်ဖို့ ကြိုးစားခဲ့တဲ့ အချိန်မှာ ဘာတွေဖြစ်လာလဲ ဆိုတာကို နင်လည်း မြင်တွေ့ခဲ့ရတာပဲ..”

နက်မှောင်ပြီး..မကျေမနပ်ဖြစ်တဲ့ အမူအရာက ဆန်နီရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်။ဒေါသတွေပြည့်နေတဲ့ အသံနဲ့ သူက ပြောလာခဲ့ပါတယ်။

“ဘယ်သူက ဂရုစိုက်မှာလဲ.။အခုကိစ္စနဲ့ ပတ်သက်ပြီး နင်ဘာြမင်ခဲ့တာလဲ ဆိုတာကိုသာ ငါ့ကိုပြောပြ..”

ကတ်စီ သက်ပြင်းချလိုက်ပြီး..သူနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။

“ကောင်းပြီလေ..ဒါပေမဲ့ မှတ်ထားပါ..အရင်က ငါတို့သုံးယောက်ဘာဖြစ်ခဲ့သလဲ ဆိုတာကို မှတ်ထားပါ။ငါတို့က ကံတရားကို လှည့်စားဖို့ ကြိုးစားခဲ့ကြပေမယ့်..ကံတရားရဲ့ ကစားတာကိုပဲ ခံလိုက်ကြရတယ်လေ..”

သူမက အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ပြောလိုက်တယ်။

“ဒါက ငါမြင်ခဲ့တာပဲ..။အဲဒီမှာ ပျက်ဆီးနေတဲ့ ကျွန်းကြီးတစ်ကျွန်းက..အောက်ဘက်ကောင်းကင်ကို ကျဆင်းနေခဲ့တယ်။ပြီးတော့ ငါတို့နှစ်ယောက်….သွေးတွေ ၊ ဒဏ်ရာတွေ..နဲ့ အရမ်းကို အားနည်းပြီး ကျွန်းနဲ့ အတူ ပြုတ်ကျနေခဲ့ကြတာ..။အဲ့အချိန်မှာ နှင်းတွေအရမ်းကျဆင်းနေခဲ့တယ်။ငါတို့ရဲ့ အပေါ်မှာတော့..ကြီးမားတဲ့ ငှက်ကြီးတစ်ကောင်က တိမ်တွေ ကြားထဲမှာ ပျံသန်းနေခဲ့တယ်။သူက ကြီးမားတဲ့ ကြောက်မက်ဖွယ်ရာ အနက်ရောင်..ဝီဗန် [ ခြေသုံးချောင်း ၊ တောင်ပံ ပါရှိပြီး နဂါးနဲ့ဆင်တူတဲ့ ဒဏ္ဌာရီလာ သားရဲ ]တစ်ကောင်နဲ့ တိုက်ခိုက်နေခဲ့တာ..။သူတို့ရဲ့ သွေးတွေက မိုးရေတွေလို ကျဆင်းနေကြတယ်။ပြီးတော့..အမှောင်ထုကြီးက..ငါတို့ကို ဝါးမြိုသွားခဲ့ပြီး ..ငါတို့က ပျောက်ကွယ်သွားခဲ့တာပဲ..”

ကတ်စီက အောက်ကို ငုံ့ကြည့်ပြီး သုန်မုန်စွာ ထပ်ပြောလိုက်တယ်။

“ အဲဒါက ငါတို့သေဆုံးခဲ့တဲ့ ပုံစံပဲ..”

အပိုင်း ( ၄၇၀ ) ပြီး၏။

All Chapters