အပြန်အလှန် အကျိုးအမြတ်..
Vol. 32 Ch. 471
ကတ်စီ စကားပြောလို့ ပြီးဆုံးသွားတဲ့ အချိန်မှာတော့..ဆန်နီက တစ်ခနလောက် တိတ်ဆိတ်နေခဲ့တယ်။ယင်းနောက် သူ ပြောလိုက်ပါတယ်။
“တစ်ခုခု ရှိသေးလား..။အသေးစိတ် အချက်အလက် လေးတွေပေါ့..”
မျက်မမြင်မိန်းကလေးက သူမရဲ့ ခေါင်းကို ခါယမ်းလိုက်တယ်။
“နှင်း မုန်တိုင်းတွေ ကျဆင်းနေတာကြောင့်..ပျက်ဆီးနေတဲ့ ကျွန်းရဲ့ ဘေးပတ်ဝန်းကျင်မှာ ဘာတွေရှိနေလဲဆိုတာကို မြင်ရဖို့ အတော်ခက်ခဲတယ်။ပြီးတော့..အဲတာက မှတ်မိနိုင်ဖို့အတွက်တောင် အတော်လေးကို ပျက်ဆီးနေပြီ။ဒီတော့..မရှိတော့ဘူး…နောက်ထပ်အချက်အလက်တွေ မရှိတော့ဘူး။အာ..နင်က သတ္တု အကာအကွယ်တစ်ခုကို ဝတ်ထားသေးတယ်လို့ ငါထင်တယ်။အဲတာက ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်တော့ မဟုတ်ဘူး..”
ဆန်နီက သုန်မုန်တဲ့ အမူအရာနဲ့ သူ့နှာဖူးကို ဖိထားခဲ့တယ်။
“ ကောင်းပြီလေ..ဒါက ငါခန့်မှန်း ထားသလောက်တော့ မဆိုးသေးပါဘူး”
ကတ်စီက အနည်းငယ် စိတ်ဝင်စားသွားခဲ့တယ်။
“ မဆိုးဘူးလား..”
သူ့နှုတ်ခမ်းမှာ ခါးသက်တဲ့ အပြုံးတစ်ပွင့်က ပေါ်လာခဲ့ပါတယ်။
“နင့်ရဲ့ အမြင်အာရုံတွေက လမ်းကြောင်းလွဲမှားမူတွေ ဖြစ်စေနိုင်တယ် ဆိုတာကို ငါတို့အားလုံး သိထားပြီးတာပဲ မဟုတ်ဘူးလား..။အမှန်တော့..နင်က ငါတို့သေဆုံးနေတဲ့ ပုံကို မြင်တွေ့ခဲ့ရတာ မဟုတ်ဘူးလေ..။အလင်းရောင်က ငါတို့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတယ်..ငါတို့ရဲ့ ခန္တာကိုယ်က..စုတ်ပြတ်နေတယ်..အဲလိုမျိုးတွေပဲမလား..။နင်က ငါတို့ရဲ့ ခန္တာကိုယ်တွေမှာ ဒဏ်ရာတွေ ရနေပြီး အောက်ဘက်ကောင်းကင်ကို ကျဆင်းတာကိုပဲ မြင်တွေ့ခဲ့ရတာပဲ..။အဲဒီတော့ ဘာဖြစ်လဲ..။ငါက အောက်ဘက်ကောင်းကင်ကို တစ်ကြိမ်ပြုတ်ကျပြီးသွားပေမယ့်..အခု ဒီမှာ အကောင်းအတိုင်း ရှိနေနိုင်သေးတာပဲလေ..”
မျက်မမြင်မိန်းကလေးက တွေဝေသွားခဲ့တယ်။
“နင်က အောက်ဘက်ကောင်းကင် ဆီကို ပြုတ်ကျသွားခဲ့တာလား..”
ဆန်နီက သိပ်ပြီး အရေးမကြီးတဲ့အလား လက်ကို ဝေ့ယမ်းပြလိုက်တယ်။
“ဟုတ်တယ်..ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး..။ခနလေး..မဟုတ်သေးဘူး..တကယ်တော့ အဲတာက အရေးကြီးတယ်။အဲဒါက ငါနင့်ကို လာတွေ့ရတဲ့ အကြောင်းပြချက်ပဲ..။နင့်ရဲ့ အံ့ဩစရာ ကြိုတင်ဟောကိန်း တွေကြောင့် ငါ အဲတာကို မေ့တော့မလို့..”
ပြီးတဲ့နောက်မှာတော့..သူက တိတ်ဆိတ်သွားခဲ့ပြီး …ကတ်စီရဲ့ အမြင်အာရုံထဲက သူတို့ရဲ့ သေဆုံးမူကို တွေးကြည့်လိုက်ပါတယ်။
ဆန်နီမှာ ရဲရင့်မူတွေ ရှိတယ်ဆိုပေမယ့် စိတ်ထဲမှာတော့..အပြင်မှာ မြင်တွေ့နေရသလောက်..မတည်ငြိမ်နေနိုင်ခဲ့ပါဘူး။ဟုတ်ပါတယ်..သူမရဲ့ အမြင်အာရုံက အရင်တုန်းက လမ်းကြောင်းသွေဖယ်တာလေးတွေ ရှိခဲ့ဖူးပါတယ်။သိုပေမယ့်.အားလုံးတော့ မဟုတ်ပါဘူး။တစ်ချို့တွေက တတ်နိုင်သလောက်ကို တည့်တည့်တွေပဲ ဖြစ်ပျက်နေခဲ့တာပါ။ပြီးတော့..ဟုတ်တယ်..၊ သူက ချိန်းကျွန်းစုတွေရဲ့ အောက်ဘက်က လေဟာနယ်ထဲကို တစ်ကြိမ်ကျဆင်းခဲ့ဖူးတယ် ဆိုပေမယ့်…သူကိုယ်တိုင် တမင်တကာ ခုန်ချတာမျိုးမဟုတ်ရင် ဒုတိယတစ်ကြိမ်မှာ အသက်ရှင်နိုင်တယ် လို့ အာမခံချက်မရှိပါဘူး..။
ဖိနိပ်မူကြောင့် ကွေ့ကောက်ကျောက်တုန်း ပျက်ဆီးသွားခဲ့တဲ့ အချိန်တုန်းက..ဆန်နီက အကြောင်းပြချက်သုံးခုကြောင့်သာ အသက်ရှင်နိုင်ခဲ့တယ်။သူတို့ထဲက တစ်ခုက မော်ဒရက်ပါ..။တစ်ခုက သူက နဂိုကတည်းက..အက်ကွဲကြောင်းနဲ့ နီးရာကို ကျဆင်းနေခဲ့တာဖြစ်ပြီး..နောက်ထပ်တစ်ခုကတော့..သူအသုံးပြခဲ့တဲ့ [ ငါ့မျက်လုံးက ဘယ်မှာလဲ? ] တိုးမြင့်မူပါ။
ဒီတိုးမြင့်မူကြောင့် သူက သေဆုံးတော့မလိုတောင့် ဖြစ်ခဲ့ရတယ်။သူ မသေဆုံးခဲ့တာက မှန်ကန်တဲ့ အချိန်အခိုက်အတန့်လေးမှာပဲ..အရိပ်အဆီအနှစ်တွေက ကုန်ဆုံးသွားခဲ့လို့ပါ။တကယ်လို့ သူ့မှာသာ အကြွင်းအကျန်တွေ ရှိနေဦးမယ်ဆိုရင်..သူက အဆုံးမရှိတဲ့ ကံတရား တွေကို စက္ကန့်အနည်းငယ်လောက် ထပ်ကြည့်နေဖို့ တွန်းအားပေးခြင်း ခံရဦးမှာြဖစ်ပြီး..သူ့ရဲ့ စိတ်ကလည်း လုံးဝ ပျက်ဆီးသွားရပါလိမ့်မယ်။
တကယ်လို့ သူသာ အက်ကွဲကြောင်းနဲ့ ဝေးကွာတဲ့ နေရာကနေ အောက်ဘက်ကောင်းကင် ဆီကို ကျဆင်းသွားရမယ်ဆိုရင်..ကောင်းကင်မီးတောက် ပင်လယ်ရဲ့ကြားထဲမှာ..အဲ့နေရာကို နောက်တစ်ကြိမ်ပြန်ရှာတွေ့နိုင်မယ့် အခွင့်အရေးက အတော်ကို နည်းပါးပါလိမ့်မယ်။အထူးသဖြင့် ကတ်စီရဲ့ အမြင်အာရုံထဲမှာ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားခဲ့ပါတယ်။
ပြီးတော့ ကြီးမားတဲ့ ငှက်ကြီးတွေကလည်း ဝီဗန်တွေနဲ့ ကောင်းကင်ထက်မှာ တိုက်ခိုက်နေခဲ့သေးတယ်။
ဒီတော့..သူ အခုလုပ်ဖို့ လိုအပ်တာကတော့…ကောင်းပြီလေ..သူက ဘာသွားလုပ်နိုင်မှာ မို့လို့လဲ..။အမြင်အာရုံက တစ်ခြားလှုပ်ရှားတဲ့ အချက်အလက်တွေကိုလည်း မပေးထားပါဘူး။ဆန်နီ စဉ်းစားနိုင်တဲ့ တစ်ခုတည်းသော အရာက ဆောင်းရာသီ မတိုင်ခင် အချိန်မှာ ပျံသန်းနိုင်စွမ်းရှိတဲ့ မှတ်သားမူ ဒါမှမဟုတ် ထပ်တူညီမူကို ရဖို့ အစွမ်းကုန်ကြိုးစားဖို့ပါပဲ..။
သူ သက်ပြင်းချလိုက်တယ်။
“ဒီတော့..ငါတို့နှစ်ယောက် သေဆုံးမယ့်အခြေအနေကနေ လွတ်မြောက်အောင် နင်က ဘာတွေ လုပ်နေခဲ့တာလဲ..။ငါတို့နှစ်ယောက် အဲလိုအခြေအနေ ဖြစ်တော့မယ်ဆိုတာကို သိနေတာတောင် နင်ကဘာလို့ တည်တည်ငြိမ်ငြိမ်နဲ့ ဒီမှာ ရွံ့တွေလာတူးနေတာလဲ..”
ကတ်စီ ခနလောက်တွေဝေလိုက်ပြီးမှ ပြုံးလိုက်တယ်။
“ တကယ်တော့..ငါ ရွံ့တွေကို တူးနေတယ်ဆိုတာက အကြောင်းပြချက် ကောင်းကောင်းရှိတယ်..”
ဆန်နီ နှာခေါင်းရှုတ်လိုက်တယ်။
“နင်က ဘာတွေ ရှာတွေ့ဖို့ မျှော်လင့်နေတာလဲ..။တောင်ပံတစ်စုံကိုလား..”
သူမ ခေါင်းခါယမ်းလိုက်ပြီး..
“ မဟုတ်ဘူး..ငါက အမြစ်တစ်ခုကို တွေ့ရဖို့ မျှော်လငိ့နေတာ..”
‘အမြစ်တစ်ခုလား..။ငါတို့ သေအံ့ဆဲဆဲ ဖြစ်မယ့်ကိစ္စကို အမြစ်နဲ့ ဘာလုပ်နိုင်မှာ မို့လို့လဲ..’
သူက ခနလောက် တိတ်ဆိတ်နေပြီးကာမှ ပြောလိုက်တယ်။
“ကောင်းပြီလေ..နင်ကြိုက်သလိုသာ လုပ် ။ဘာပဲဖြစ်ဖြစ်..ငါ နင့်ကို ပြောစရာ တစ်ခုရှိတယ်..”
ကတ်စီ သစ်တောရဲ့ နက်ရှိုင်းတဲ့နေရာကို ကြည့်ပြီးခေါင်းညိမ့်လိုက်တယ်..။
“ ဘာအကြောင်းလဲ..”
ဆန်နီ အတွေးတွေကို စုစည်းလိုက်ပြီးမှ ရှင်းပြလိုက်တယ်..။
“ ငါ အိပ်မက်ဆိုး မျိုးစေ့တစ်စေ့ကို တွေ့ခဲ့ရတယ်..။အရမ်းကို ထူးခြားတဲ့ ဒုတိယ အိပ်မက်ဆိုး ပါဝင်နေတဲ့ အရမ်းကို ထူးခြားတဲ့ အရာတစ်ခုပဲ..။ပြီးတော့ ငါက အဲတာကို ဆောင်းယဉ်စွန်းတန်း ပြီးသွားတဲ့ အချိန်မှာ စိန်ခေါ်ချင်ခဲ့တာ..။တကယ်တော့..ထားလိုက်တော့…ငါ အဲတာကို ဆောင်းဉီးအကုန်မှာ စိန်ခေါ်ကြည့်ချင်တယ်..”
သူ့ရဲ့ ပထမ အစီအစဉ်ကတော့ သူနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို ပြင်ဆင်ချိန် ခုနှစ်လ အထိ ပေးထားခဲ့ဖို့ပါ။သိုပေမယ့် ကတ်စီ ရဲ့ ဆောင်းရာသီမှာ မြင်ခဲ့ရတဲ့ အမြင်အာရုံကို..သိရှိပြီးနောက်မှာ ဒီအစီအစဉ်တွေက ပြောင်းလဲသွားခဲ့တယ်။သူမ ဘာကိုပဲ ကြိုတင်နိမိတ်ဖတ်ထားပါစေ..အဲဒီအရာကို နိုးထသူတစ်ယောက် အနေနဲ့ ရင်ဆိုင်ရတာထက်..မာစတာ တစ်ယောက်အဖြစ် ရင်ဆိုင်တာက ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။
…ဒါပေါ့..သူမရဲ့ အမြင်အာရုံက အိပ်မက်ဆိုးထဲမှာ ဖြစ်ပေါ်နေတာ မဟုတ်ရင်ပါ..။
ဘာပဲဖြစ်ဖြစ် အခုတော့ သူက ဆင်စွယ်ရောင် တာဝါဆီကို ဆောင်းဉီးမရောက်ခင် အချိန်မှာ ပြန်သွားဖို့ ဆုံးဖြတ်ချက် ချပြီးပါပြီ..။ခြောက်လဆိုတဲ့ အချိန်ကာလက..အဆင်သင့်ဖြစ်ဖို့အတွက် ကြပ်တည်းလွန်းတယ် ဆိုပေမယ့်...အခုတော့ သူ့ရဲ့ မူလ အစီစဉ်နဲ့ လုံးဝကို ကွဲပြားသွားခဲ့ပါပြီ။သူက ဒါကို အလုပ်ဖြစ်အောင် လုပ်နိုင်ပြီး..သူခေါ်ဆောင် သွားချင်တဲ့ တစ်ခြား လူတွေလဲ လုပ်နိုင်ကြပါလိမ့်မယ်။
“မျိုးစေ့က..တကယ်ကို ထူးခြားတဲ့ နေရာမှာ ရှိနေခဲ့တာ..။တကယ်တော့ အဲတာက ငါတို့ရဲ့ အပေါ်တည့်တည့်ဖြစ်တဲ့ ဆင်စွယ်ရောင် တာဝါမှာပဲ…။သွားရမယ့် လမ်းကြောင်းက နည်းနည်း အန္တရာယ်များတယ် ဆိုပေမယ့် ဖိနိပ်မူရဲ့ သတ်ဖြတ်ခြင်း မခံရပဲ..အဲဒီကို ဘယ်လိုသွားရမလဲ ဆိုတာကို ငါ သိထားတယ်..”
ဆန်နီ အောက်ကို ညွှန်ပြလိုက်တယ်။
“အဲတာက အောက်ဘက် ကောင်းကင်ဆီမှာပဲ..။အယ်ဖီနဲ့ ကိုင်တို့က ချိန်းကျွန်းစုကို လာပြီး ငါနဲ့ ပူးပေါင်းကြလိမ့်မယ်။ငါတို့က နင်လည်း ငါတို့နဲ့ အတူ အိပ်မက်ဆိုးကို စိန်ခေါ်လိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။အိုး..ပြီးတော့..ညဘုရားကျောင်းကို သွားတဲ့ အချိန်မှာလည်း နင့်ရဲ့ အကူအညီကို လိုအပ်သေးတယ်..။အဲဒီမှာ ငါတို့လိုချင်တဲ့ ပစ္စည်းရှိနေတယ်လေ..”
ကတ်စီက သူ့ကို မျက်နှာချင်းဆိုင် ကြည့်ပြီး အတော်ကြာအောင် တိတ်ဆိတ်နေနေခဲ့တယ်..။သူမရဲ့ မျက်လုံးတွေကို ဖုံးအုပ်ထားတဲ့ အကာအကွယ်တစ်ခု ဝတ်ဆင်ထားပြီး..သူမရဲ့ မျက်နှာက မလှုပ်ရှားတာကြောင့် သူမ ဘာတွေ ခံစားနေရလဲ..ဒါမှမဟုတ် သူမ ဘာတွေတွေးနေတာလဲ ဆိုတာကို ပြောဖို့ ခဲယဉ်းလှပါတယ်။
နောက်ဆုံးမှာတော့..သူမ ပြောလာခဲ့တယ်။
“ နင်က ငါ့ကို ပူးပေါင်းစေချင်တာလား..။ငါ နင့်ကို ဒီလိုတွေ လုပ်ခဲ့ပြီးတာတောင် မှလေ..”
သူမ မမြင်တွေ့ရပေမယ့်လည်း အေးစက်တဲ့ အမူအရာတစ်ခုက ဆန်နီရဲ့ မျက်နှာပေါ်မှာ ပေါ်ထွက်လာခဲ့တယ်။သူ မျက်မမြင် မိန်းကလေးကို အချိန်အတော်ကြာအောင် ကြည့်နေပြီးကာမှ..ပုခုံးတွန့်လိုက်ပါတယ်။
“ ဘာလို့ မခေါ်ရမှာလဲ..။အိပ်မက်ဆိုးတစ်ခုကို အတူတူဖြတ်ကျော်ဖို့အတွက် ငါတို့က သူငယ်ချင်းတွေ ဖြစ်နေဖို့မှ မလိုအပ်တာ.။ငါတို့က တစ်ယောက်ကို တစ်ယောက် သဘောကျနေဖို့လည်း မလိုအပ်ဘူးလေ..။ငါတို့က ဒီတိုင်း…ယာယီ ပူးပေါင်းကြတာပဲ..။ဘာပဲဖြစ်ဖြစ် နင်က ငါ့ကို အဲလိုပဲ သဘောထားနေတာ မဟုတ်ဘူးလား..။နင်က ဒီလို ကိုင်တွယ်နေနိုင်တယ် ဆိုရင် ငါလည်း ကိုင်တွယ်နိုင်တာပဲ..။တကယ်လို့ ငါသာ နင့်ကို အသုံးချခွင့်ရနေမယ် ဆိုရင် အပြန်အလှန် အနေနဲ့..ငါ့ကိုပြန်ပြီး အသုံးချနေမယ် ဆိုရင်လည်း စိတ်ရှိမှာ မဟုတ်ဘူး..။အတော်လေး ရိုးရှင်းတယ်..”
ကတ်စီ တစ်ဖက်ကို လှည့်လိုက်ပြီး တစ်ခနလောက် ဘာမှ မပြောခဲ့ပေ..။ယင်းနောက် သူမ ပြန်ဖြေလိုက်တယ်..။
“ကောင်းပြီလေ..။ငါနင်နဲ့ အတူ ညဘုရာကျောင်းကို လိုက်ပေးပြီး..ဒုတိယအိပ်မက်ဆိုးကို ဖြတ်ကျော်ဖို့အတွက်လည်း ကူညီပေးမယ်..။ဒါပေမယ့်..အပြန်အလှန် အနေနဲ့ တစ်ခုခုလုပ်ဖို့အတွက်..ငါ နင့်ရဲ့ အကူအညီကို လိုအပ်တယ်..”
ဆန်နီ မျက်ခုံးပင့်တင်လိုက်တယ်..။
“ငါ့ အကူအညီလား..။ဘာလုပ်ဖို့အတွက်လဲ..”
မျက်မမြင် မိန်းကလေးက တစ်စက္ကန့်လောက်..တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
“နင် ..သဘော်ပျက်ကျွန်းကို သွားခဲ့သေးတယ်မလား..ဟုတ်တယ်နော်..။နောက် လအနည်းငယ်ကျရင် အဲဒီမှာ နေထိုင်တဲ့ သတ္တဝါ..ကိုသတ်ဖို့.. ငါ နင့်ရဲ့ အကူအညီကို လိုအပ်တယ်..”
အပိုင်း ( ၄၇၁ ) ပြီး၏။