← Chapters

ထိုက်တန်တဲ့ ဆုလာဒ်

Vol. 32 Ch. 472

ထိုက်တန်တဲ့ ဆုလာဒ်

Vol. 32 Ch. 472

ဆန်နီဟာ သိသိသာသာ အံ့ဩတဲ့ မျက်နှာအမူအရာနဲ့ မျက်မမြင်မိန်းကလေးကို စိုက်ကြည့်နေခဲ့တယ်။သူ့ရဲ့ အံ့ဩမူကို ဖုံးကွယ်ထားခြင်းမရှိတဲ့ အသံနဲ့အတူပဲ သူမေးလိုက်တယ်။

“နွယ် သားရဲလား..။နင်က အဲ့သတ္တဝါကို သတ်ချင်နေတာလား..”

သူမက ဘာလို့ဒီလောက် အန္တရာယ်များတဲ့ အရာတစ်ခုကို ကြိုးစားချင်နေရတာလဲ..။

ကတ်စီ ခေါင်းညိမ့်လိုက်တယ်။

“ဟုတ်တယ်..”

သူ ခေါင်းခါယမ်းလိုက်တယ်။

“ဒီခွေးသားက ကျွန်းတစ်ခုလုံးမှာ နေရာယူထားတာ..။သူ့ရဲ့ နွယ်ပင်တွေက မြေအောက်မှာ မြုပ်နှံထားတယ်..။ဒါက ပျက်ပြားခြင်းအဆင့်ပဲ..။ဆိုလိုတာက..လက်နက်တွေက သူ့ကို ထိခိုက်အောင်လုပ်နိုင်ဖို့အတွက် အတော်ကို ခက်ခဲလိမ့်မယ်..။ပြီးတော့..အဲဒါက မလုံလောက်သေးဘူးဆိုရင်လည်း..နွယ်ပင်တွေကနေ အဆိပ်တွေကို ထုတ်ပေးနိုင်သေးတယ်..။နင် အဲဒါကို တိုက်ခိုက်ချင်တယ် ဆိုတာ သေချာရဲ့လား..’

မျက်မမြင်မိန်းကလေးက ခနလောက် တွေဝေနေပြီးကာမှ တည်ငြိမ်စွာ ပြန်ဖြေလာခဲ့ပါတယ်။

“ဒါက ပျက်ပြားခြင်းအဆင့် မွန်းစတားပဲ..။ဒါက ကြောက်ဖို့ကောင်းပြီး..သေစေနိုင်တယ် ဆိုတာလည်း ဟုတ်တယ်..။ဒါပေမယ့် လုံလောက်တဲ့ ပြင်ဆင်မူတွေသာ ရှိမယ်ဆိုရင် အဲဒါကို ငါ ဖျက်ဆီးပစ်နိုင်တယ် ဆိုတာကို သေချာတယ်..။ အရာရာတိုင်းမှာ အားနည်းချက်ဆိုတာ ရှိတယ်လေ..။ဉပမာအနေနဲ့ ဒီသားရဲ့က မီးကို ကြောက်တတ်တယ်..။ငါတို့ စူးစမ်းဖော်ထုတ်နိုင်တဲ့ တစ်ခြားးသော အရာတွေလည်း ရှိနေနိုင်သေးတာပဲ..”

ဆန်နီ ခနလောက်တွေးပြီးမှ ပုခုံးတွန့်လိုက်တယ်..။

“ကောင်းပြီလေ..။သဘော်ပျက်ကျွန်းပေါ်က မွန်းစတားကို တိုက်ခိုက်ဖို့အတွက် ငါ နင့်ရဲ့ အဖွဲ့ကို ကူညီပေးမယ်။ဒါပေမယ့် အဲ့အကောင် အမှန်တကယ်သေရမယ်လို့တော့ ငါ အာမမခံနိုင်ဘူးနော်..”

ကတ်စီ သက်ပြင်းချလိုက်တယ်။

“ ဒါဆို ငါတို့အပေးအယူ ဖြစ်သွားပြီ။ငါ နဲ့ အဖွဲ့သားတွေက ဒီမှာရှိနေတဲ့ ငါတို့ရဲ့ ကိစ္စပြီးသွားတဲ့ အချိန်အထိ ဆိုးယုတ်မူတောအုပ်မှာ ရှိနေကြလိမ့်မယ်။ဒါက အနည်းဆုံးတော့ တစ်လလောက် ကြာမယ်ထင်တယ်..။အဲ့ထက်လည်း ပိုသွားနိုင်တယ်..။ငါတို့ ခံတပ်ကို ပြန်လာပြီး ၊ အနားယူ အားဖြည့်ပြီးတဲ့ အချိန်ကြရင် သဘော်ပျက်ကျွန်းကို ခရီးဆက်ကြမယ်..”

သူမ ခနလောက် ရပ်တန့်နေပြီးမှ ထပ်ပြောလိုက်တယ်။

“ပြီးတော့..ငါ နင့်ရဲ့ ဒုတိယအိပ်မက်ဆိုးကို ဖြတ်ကျော်တဲ့နေရာမှာ ကူညီပေးမယ်..”

ဆန်နီ ပြုံးလိုက်ပြီး..

“ နင် ဆိုလိုတာက တကယ်လို့ ငါတို့ အဲ့မတိုင်ခင် မသေခဲ့ရင်ပေါ့..”

မျက်မမြင် မိန်းကလေးက သေဆုံးနေတဲ့ သစ်ပင်ကြီးရဲ့ အမြစ်တွေ ဆီကို ပြန်လှည့်သွားခဲ့တယ်။

“ဟုတ်တယ်..။တကယ်လို့ ငါတို့ မသေခဲ့ကြရင်ပေါ့..”

…….

ဆန်နီ ခံတပ်ကို ပြန်တဲ့ လမ်းတစ်လျောက်မှာတော့ တွေးစရာတွေ အများကြီး ရှိနေခဲ့တယ်။

ပထမတစ်ခုက..သူက ကတ်စီနဲ့ နောက်တစ်ကြိမ် ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိလာပြီဖြစ်တာကြောင့် သူ့ရဲ့ စိတ်ခံစားချက်တွေကို ရှုပ်ထွေးစေပါတယ်။အနည်းဆုံးတော့ သူတို့နှစ်ယောက် ဆက်ဆံရေးရဲ့ အပြုအမူတွေက ရှင်းလင်းနေခဲ့တယ်။ဒါက စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မူတစ်ခု ဖြစ်ပြီး တစ်ခြားဘာမှ မပါဝင်ပါဘူး။

သူက သူ့ရဲ့ မကျေနပ်မူတွေကို ရှေ့မှာရရှိလာမယ့် အကျိုးအမြတ်တွေကြောင့် ဘေးကို ခနဖယ်ထားပေးလို့ ရပါတယ်။ဘာပဲဖြစ်ဖြစ် ဆန်နီက လိုအပ်လာတဲ့ အချိန်မှာ လက်တွေ့ကျကျ လုပ်ဆောင်တတ်တဲ့ လူတစ်ယောက်ပါ။

ဒုတိယ တစ်ချက်ကတော့..သူက ရှေးဟောင်းသဘော်ပျက် ကြီးဆီကို ပြန်သွားဖို့အတွက် အကြောင်းပြချက်ပေါ်လာခဲ့တာပါ။ဒီတစ်ကြိမ်တော့..သူက ကျွန်းကို အုပ်ချုပ်နေတဲ့ မွန်းစတားနဲ့ တိုက်ခိုက်ရပါတော့မယ်။ဆန်နီ အနေနဲ့ ဒီ သတ္တဝါက ဘယ်လောက်တောင် အန္တရာယ်များလဲ ဆိုတာကို သိထားတာကြောင့် တကယ်လို့ သူက အသက်ရှင်လျက်ပြန်လာချင်တယ်ဆိုရင် ပြင်ဆင်မူတွေ အများကြီးလုပ်ထားရပါလိမ့်မယ်..။

ရက်စက်သောမြင်ကွင်း ရဲ့ နတ်ဘုရားမီးတောက် အားဖြည့်မူက အတော်လေးကို အသုံးဝင်လာတော့မှာပါ..။

ပြီးတော့ နောက်ဆုံးအနေနဲ့.. ကတ်စီရဲ့ သူတို့နှစ်ယောက်စလုံး ဆောင်းရာသီမှာ သေအံ့ဆဲဆဲဖြစ်ကြရလိမ့်မယ်ဆိုတဲ့ နိမိတ်မကောင်းတဲ့ ကြိုတင်ပြောဆိုမူပါ..။ဒါမှမဟုတ် အနည်းဆုံးတော့ သူတို့က အောက်ဘက်ကောင်းကင်ဆီကို ပြုတ်ကျ ကြပါလိမ့်မယ်..။ဒါက..သူ ဘယ်လို တွေးတောရမလဲဆိုတာတောင် မသိတော့ပေ..။သိုပေမယိ့ ဆန်နီက တော့ ဒီ အမြင်အာရုံကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သက်ရောက်မူအဖြစ်ခံမှာ မဟုတ်ပါဘူး။ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သူ ကတ်စီရဲ့ ကြိုတင်ဟောကိန်းကနေ ရလာတဲ့ အသိပညာတွေအတိုင်း ပြုမူဖို့ကြိုးစားခဲ့ပေမယ့် အဆုံးသတ်မကောင်းခဲ့ပေ..။

အကောင်းဆုံးအရာကတော့ အဲတာကို သူ့ရဲံစိတ်ထဲမှာ ထားထားပြီး..ဘာမှမဖြစ်သလိုပဲ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်နေရမှာပါ။အနည်းဆုံးတော့ ဒါက အကောင်းဆုံးလို့ပဲ သူစဉ်းစားမိပါတယ်..။

ဆိုးယုတ်မူတောအုပ်ကနေ ပြန်လာခဲ့တဲ့ လမ်းတစ်လျောက်မှာ ဆန်နီဟာ ပင်ပန်းပြီး စိတ်ပိုင်းဆိုင်ရာ မောပန်းကာ..နိုတစ်မြင့်မြတ်နယ်မြေကို သန်းခေါင်ယံအချိန်မှာ ပြန်ရောက်လာခဲ့တယ်။သူ့ရဲံ အရိပ်အဆီအနှစ်တွေကတော့ ကုန်သလောက် နီးပါး ဖြစ်နေခဲ့ပါပြီ။သူ့ရဲ့ခေါင်းကတော့..အထဲမှာ ပြေးလွှားနေကြတဲ့ အတွေးတွေကြောင့် မူးဝေသလို ဖြစ်နေခဲ့တယ်။

နူးညံ့တဲ့ မြက်ခင်းပေါ်မှာ ခြေချပြီး ကျွန်းအစွန်းက ရေကျသံတွေကို ကြားလိုက်ရတဲ့ အချိန်မှာတော့..ဆန်နီက အံ့ကို ကြိတ်ထားခဲ့တယ်။

“အခုတော့ မေ့ထားလိုက်တော့..။ပထမကိစ္စကို အရင် လုပ်ရမယ့်..”

လ က ကောင်းကင်ပေါ်က အတော်ြမင့်မြင့်မှာ ရှိနေတာကြောင့် သူက နောက်ဆုံးမှာ ချိုမြိန်ပြီး အံ့ဩစရာကောင်းတဲ့ ဆုလာဒ်တွေကို ရတော့မယ်လို့ ဆိုလိုတာပါ။

.သဘော်ပျက်ကျွန်းဆီကို သေဆုံးနေတဲ့ ချိန်းပိုးကောင် ယူလာခဲ့တဲ့ ဆန်းကျယ်တဲ့ ဒဂ်ါးပြားတွေရဲ့ အရင်းအမြစ်ကို ရှာဖွေချင်တာကနေ စတင်လာခဲ့တဲ့ အဖြစအပျက်ကြီးတစ်ခုလုံးက..အခုဆိုရင် အဆုံးသတ်ကို ရောက်လာခဲ့ပါပြီ။

သူ့ရဲ့ ဆုလာဒ်က သူ့ကို စောင့်ကြိုနေခဲ့တယ်။

ဆန်နီဟာ မြင့်မြတ်နယ်မြေဆီကို လျောက်ဝင်လာပြီး ဘာမှမရှိတဲ့ ဥယျာဉ်ကို လမ်းလျောက်ဖြတ်ကာ..အလယ်ဗဟိုက ကြည်လင်တဲ့ ရေကန်ဆီကို ချည်းကပ်လာခဲ့ပါတယ်။သူ့ကို ဘယ်သူကမှ ကြည့်မနေတာ သေချာအောင် ခနလောက်ရပ်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တယ်။ပြီးကာမှ ရေကန် အလယ်က ကျွန်းဆီကို ဦးတည်ထားတဲ့ ကျောက်တုံးလမ်းကြောင်းကနေ ဖြတ်လျောက်လိုက်ပါတယ်။

အဲဒီမှာတော့..ရှေးဟောင်းသစ်ပင်ကြီတစ်ပင်ရဲ့ အောက်နားမှာ အဖြူရောင် ယဇ်ပုလ္လင်တစ်ခူ ရှိနေပြီး သူ့ရဲ့ မျက်နှာပြင်ပေါ်မှာ မီးတောင်ကျောက် ဓားတစ်ချောင်းတင်ထားခဲ့တယ်။

‘ မှန်ကန်တဲ့ အခိုက်အတန့်ပဲ..’

ဆန်နီက တပ်မက်ခြင်းသေတ္တာကို ထုတ်ဖော်လိုက်ပြီး..ရွှေဒဂ်ါးတွေထဲက တစ်ခုကို ထုတ်ယူလိုက်ကာ..ယဇ်ပုလ္လင်ပေါ်ကို တင်လိုက်ပါတယ်။

[ သင့်အရိပ်က ပိုသန်မာလာခဲ့ပါပြီ..]

ကြီးမားတဲ့ အပြုံးတစ်ခုက ဆန်နီရဲ့ မျက်နှာပေါ်မှာ ပေါ်ထွက်လာခဲ့တယ်။

အချက်အလက်တွေကို ထုတ်ပြီး သူဖတ်ကြည့်လိုက်ပါတယ်။

အရိပ်အပိုင်းအစ ; [ 224 / 2000 ]

‘ဒါက အလုပ်ဖြစ်တယ် ‘

အစတုန်းကတော့ ဆန်နီက ဒဂ်ါးပြားတွေကို သူ အစစ်အမှန်ကမ္ဘာကို ပြန်တဲ့ အချိန်ကြမှ တစ်ဒါဇင်လောက်ဆီ ဖြည်းဖြည်းချင်း အသုံးပြုဖို့ စီစဉ်ထားခဲ့တာပါ။ဒီလိုဆိုရင် လူတွေက သူ့ကို သတိထားမိတာတွေ သံသယဖြစ်တာမျိုးတွေ ရှိတော့မှာ မဟုတ်ပါဘူး။

သို့ပေမယ့် အခုတော့ ဆုလာဒ်က သူ့ရဲ့ရှေ့မှာ ရောက်နေပြီဖြစ်တာကြောင့် သူ ဒီလို မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။

မဟုတ်ဘူး…သူ အခုပဲ အကုန်လုံးကို လိုချင်တယ်..။

သူက ဒီအတွက် ထိုက်တန်ပါတယ်။

သစ်သား သေတ္တာကို ယဇ်ပုလ္လင်ပေါ်ကို တင်ချလိုက်ပြီး..ဘေးနားကို လှည့်ကာ သူ့ရဲ့လက်ကို အထဲကို ထည့်လိုက်ပါတယ်။ခနအကြာမှာတော့..ရွှေရောင် ဒဂ်ါးတွေက အဖြူရောင် မျက်နှာပြင်ပေါ်ကို ဆက်တိုက် ကျဆင်းနေပါတော့တယ်..။

ယင်းနောက်..သူတို့အားလုံးက ပျောက်ကွယ်သွားခဲ့တယ်။

[သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ..]

[သင့်ရဲ့အရိပ်က ပိုသန်မာလာခဲ့ ပါပြီ..]

[သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ..]

……

အဆုံးမှာတော့..ဆန်နီက ဒဂ်ါးပြား ထောင့်လေးရာကျော် ပမာဏကို ယဇ်ပုလ္လင်ပေါ်ကို တင်တာ အဆုံးသတ်သွားခဲ့တယ်။

ဒါက တကယ်ဖြစ်ပျက်နေတယ် ဆိုတာကိုတောင် ယုံကြည်ဖို့ အတော်လေးခက်ခဲတာကြောင့်..သူက အချက်အလက်တွေကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ပြီး..မျက်လုံးကို ပွတ်ကာ..အရိပ်အပိုင်းအစ နံပါတ်တွေကို သုံးကြိမ်လောက် ဖတ်လိုက်တယ်။ဒါက သူ့မျက်လုံးတွေက သူ့ကို လှည့်ဖျားနေကြတာမျိုး မဖြစ်စေဖို့အတွက်ပါ။

ကံကောင်းချင်တော့ သူတို့က မလိမ်ညာခဲ့ကြပေ။

အချက်အလက်တွေ ပြနေတာကတော့..

အရိပ်အပိုင်းအစ ; [ 1675 / 2000 ]

‘ငါ လုပ်နိုင်ခဲ့ပြီ..ငါလုပ်နိုင်ခဲ့ပြီ..’

ချိန်းကျွန်းစုပေါ်ကို ရောက်ရှိလာတဲ့ ပထမဆုံးနှစ်လ အတွင်းမှာ..ဆန်နီက အိပ်မက်ဆိုးသားရဲ့တွေကို အမဲလိုက်ဖို့ အစွမ်းကုန်ကြိုးစားပြီး သူတို့ကို သတ်ဖြတ်ခဲ့ပါတယ်။ဒါတောင်မှ သူက အပိုင်းအစ နှစ်ရာလောက်ပဲ စုဆောင်းမိခဲ့တာပါ။သူ့ရဲ့ ပြီးခဲ့တဲ့ ခရီးက အရမ်းကို ကြမ်းတမ်းပေမယ့် သူ့အတွက် အတော်လေး အကျိုးရှိစေခဲ့ပါတယ်။

ဆန်နီရဲ့ မျက်နှာပေါ်မှာ ကြီးမားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

‘ …လောဘကြီးတယ် ဆိုတာက အကုသိုလ် အလုပ်တစ်ခုပဲလို့ ဘယ်သူက ပြောခဲ့တာလဲ..။ဒါက သူတော်ကောင်းတရား တစ်ခုပဲ..။ဒါက သောက်ကျိုးနဲ သူတော်ကောင်းအလုပ်တစ်ခုလို့ ငါပြောလိုက်မယ်..’

အပိုင်း ( ၄၇၂ ) ပြီး၏။

All Chapters