မိုဗီးယပ် ကွင်းဆက်
Vol. 32 Ch. 473
များပြားလှတဲ့ အပိုင်းအစတွေ ရုတ်တရက် ဝင်ရောက်လာခဲ့တာကြောင့် ဆန်နီ ဟာ စိတ်ရှုပ်ထွေးသွားခဲ့ပြီး ယိမ်းယိုင်သွားခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ်က..ပြန်လည်တည်ဆောက်နေခဲ့ပါတယ်။ဒါက ပိုသန်မာ ၊ ပိုအားကောင်းပြီး ကွာခြားမူက သူ့ရဲ့တည်ရှိမူတစ်ခုလုံးနဲ့ ခံစားမိဖို့အတွက်ကို လုံလောက်နေခဲ့တယ်။
နိုးထသူတစ်ယောက်က ဝိဉာဉ်အမြုတေ ဒါမှမဟုတ် အရိပ်အပိုင်းအစကို စုပ်ယူပြီဆိုရင်..သူတို့ အမြုတေရဲ့ ဝင်ဆံ့နိုင်စွမ်းက မြင့်မားလာခဲ့ပြီး..သူတို့ရဲ့ ရုပ်ပိုင်းဆိုရာ စွမ်းဆောင်ရည်တွေကလည်း အနည်းငယ်တိုးမြင့် လာကြပါတယ်။ပုံမှန်အားဖြင့် ဒါက တိုးတက်မူ အနည်းငယ်သာ ဖြစ်လေ့ရှိတာကြောင့် ကွာဟမူကို ခန့်မှန်းဖို့အတွက် ခက်ခဲလှပါတယ်။သိုပေမယ့် ဒီတစ်ကြိမ်မှာက ဆန်နီဟာ..အတော်လေး မဖြစ်နိုင်လောက်တဲ့ အရာကို ပြုလုပ်ခဲ့ပြီး အရိပ်အပိုင်းအစ ထောင့်လေးရာလောက်ကို တစ်ကြိမ်တည်းမှာတင် စုပ်ယူခဲ့ပါတယ်။
သမိုင်းကြောင်းမှာ တစ်စုံတစ်ယောက်က ဒီလိုလုပ်ရပ်မျိုးကို လုပ်ဖူးခဲ့တာမျိုး ရှိရဲ့လား ဆိုတာကိုတောင် သူ သိချင်သွားခဲ့တယ်။
‘..ဟင့်အင်..မရှိလောက်ဘူး..’
သူ့ကိုယ်သူ မယိမ်းယိုင်သွားစေဖို့အတွက် ယဇ်ပုလ္လင်ရဲ့ အစွန်းကို ကိုင်လိုက်ပြီး..ထူးဆန်း စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ခံစားချက်ကို ခံစားနေခဲ့တယ်။
တစ်စုံတစ်ယောက်က ဘယ်လိုလုပ် ဒီလိုလုပ်ရပ်မျိုးကို လုပ်နိုင်ကြမှာလဲ..။ဆန်နီ သိသလောက်ကတော့ နစ်ဖီ နဲ့ သူက လွဲပြီး တစ်ခြားသူတွေက..အမြုတေ တစ်ခုတည်းရှိဖို့သာ ကန့်သတ်ခံထားကြရပါတယ်။သူတို့က ဒီလောက်အများကြီးကို စုပ်ယူနိုင်ကြမှာ မဟုတ်ပါဘူး။
‘အား..’
မေ့ပျောက်ကုန်းမြေမှာ တုန်းကလည်း..ဆန်နီက အရိပ်အပိုင်းအစ ဘာမှမရှိတာကနေ စတင်ပြီး အပိုင်းအစ တစ်ထောင်ပြည့်သွားတဲ့ အထိ သူ့ရဲ့ အမြုတေကို ဖြည့်တင်းနိုင်ခဲ့တာပါ။ဒီဖြစ်စဉ်တစ်ခုလုံးအ တွင်းမှာ..သူက သာမန်လူသား တစ်ယောက်အဖြစ်ကနေ…လူသားတွေရဲ့ အကန့်အသတ်ထိပ်ဆုံးအထိကို ရောက်နိုင်ခဲ့ပြီး..နောက်ဆုံးမှာ အကန့်အသတ်ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါသေးတယ်။
နိုးထသူတစ်ယောက် ဖြစ်လာတာက..သူက သာမန်ထက် ပိုလွန်တဲ့ အဆင့်တစ်ခုကို ရောက်လာခဲ့တာပါ။သူက သာမန်လူသားတစ်ယောက် မျှော်လင့်နိုင်တာထက် ပိုသန်မာသလို ၊ ပိုပြီးလည်း မြန်ဆန်ပါတယ်။သူက အဆီအနှစ်ရဲ့ အကူအညီတွေနဲ့ စွမ်းရည်တွေကို မြင့်တင်နိုင်သေးတာကြောင့်..တကယ်ကို လူသားတွေထက် ပိုလွန်တဲ့ စွမ်းအားတွေကို ရရှိထားခဲ့တာပါ။
ပြီးတော့ အခုချိန်မှာ သူ ကမေ့ပျောက်ကုန်းမြေမှာ ကြုံတွေ့ခဲ့ရတဲ့ အလားတူ ပြောင်းလဲမူဖြစ်စဉ်ကို ကြုံတွေ့နေခဲ့ရပြီး..အတော်လေးကို အင်အားကြီးထွားလာခဲ့တယ်။တကယ်တော့..သူက အိပ်မက်ကမ္ဘာနဲ့ အစစ်အမှန် ကမ္ဘာနှစ်ခုစလုံးမှာ အသန်မာဆုံးလူတစ်ယောက်တောင် ဖြစ်နေနိုင်လောက်ပါပြီ။ဒါပေါ့ သူတို့ရဲ့ ဂဏ္ဍစွမ်းရည်နဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမူကို တိုက်ရိုက်မြင့်တင်နိုင်တဲ့ လူတွေတော့ မပါဝင်ပါဘူး..။
ပြီးတော့ ဒီလိုဆိုရင်တော့ သူက အရိပ်တွေရဲ့ အကူအညီနဲ့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို နှစ်ဆ သုံးဆ မြင့်တင်နိုင်ပါသေးတယ်..။
‘ ရူးသွပ်လောက်စရာပဲ ‘
ဆန်နီ အသက်ကို ဝအောင်ရူလိုက်ပြီး ကြွက်သားတွေကို တိတ်တဆိတ် ညှစ်ထုတ်ကာ..သွေးကြောတွေတစ်လျာက် စီးဆင်းနေတဲ့ ခွန်အားအသစ်တွေကို ခံစားကြည့်လိုက်ပါတယ်။သူ ခံစားရတာကတော့ မယုံနိုင်စရာကောင်းလောက်အောင် ပါပဲ..။မယုံနိုင်လောက်အောင် သန်မာတယ်..မယုံနိုင်လောက်အောင်. မြန်ဆန်တယ်..မယုံနိုင်လောက်အောင်..ခံနိုင်ရည်ရှိတယ်..။
သို့ပေမယ့် ဒါတင်မဟုတ်သေးပါဘူး။
သူ့ရဲ့ အရိပ်အမြုတေ နှစ်ခုရဲ့ ဝင်ဆံ့နိုင်စွမ်းကလည်း..စက္ကန့်ပိုင်းအတွင်းမှာတင် နှစ်ဆနီးပါးလောက် ဒရမ်မာဆန်ဆန် မြင့်တက်လာခဲ့တယ်။ဒါကြောင့် သူ ထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့ အရိပ်အဆီအနှစ် ပမာဏက အခုဆိုရင် အတော်လေးကို များပြားလာခဲ့ပါပြီ။
ဒါက သူက သူ့ရဲ့ အထွတ်အထိပ်ပုံစံ အခြေအနေနဲ့..အချိန်ပိုပြီး ကြာရှည်စွာ တိုက်ခိုက်နိုင်တော့ မယ်လို့ ဆိုလိုတာပါ။သူက မှတ်သားမူတွေကို ပိုပြီး များပြားအောင် အသက်သွင်းထားနိုင်တော့မယ်။အရိပ်ပုံစံအဖြစ် အချိန်တွေ အကြာကြီး ရှိနေနိုင်တော့မယ်။အရိပ်တွေကို ထိန်းချုပ်နိုင်မယ့် အကွာအဝေးကလည်း ပိုကျယ်လာသလို အရိပ်ခြေလှမ်းနဲ့ ခရီးသွားလာနိုင်တဲ့ အကွာအဝေးကလည်း ပိုပြီး ဝေးကွာလာတော့မှာပါ။
အတိုချုပ်ပြောရရင် ဆန်နီက အရင်ကထက် ပိုပြီး အန္တရာယ်ရှိတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါပြီ။
သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မူ အသစ်တွေနဲ့ ဖြည်းဖြည်းချင်းကျင့်သားရလာတဲ့ အချိန်မှာတော့ သူ အကူအညီမဲ့စွာပဲ ပြုံးလိုက်တယ်။
အခု သူက ဆန်းကျယ်တဲ့ ဒဂ်ါးတွေကို အသုံးပြလိုက်ပြီဆိုတော့..အရင်တုန်းက သူ့ရဲ့ ကပ်ဆိုးတစ်ခုလို စူးစမ်းရှာဖွေ ခဲ့ရတာတွေက အဓိပ္ပာယ်ရှိလာသလို ခံစားလိုက်ရပါတယ်။သူက အတော်လေးကို နာကျင်ခံစားရပြီး သေဆုံးဖို့အတွက် အရမ်းကို နီးစပ်ခဲ့ပေမယ့်..ဒါက တနည်းအားဖြင့် ထိုက်တန်တယ်လို့ ခံစားလိုက်ရတယ်..။
သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ပိုပြီး သန်မာလာဖို့ ဖြစ်တာကြောင့် ဆန်နီက သူ့ရဲ့ ပန်းတိုင်ကို ရောက်ရှိဖို့အတွက် နောက်ထပ် ခြေလှမ်းကြီးတစ်လှမ်းကို လှမ်းနိုင်ခဲ့ပါပြီ။
…ဒါက ခံစားလို့ အတော်ကောင်းတယ်..။
ဆန်နီက အောင်ပွဲခံတဲ့ အတွေးတွေထဲမှာ နစ်မြုပ်နေတုန်းမှာပဲ သူ့ရဲ့ အကြည့်တွေက ယဇ်ပုလ္လင်ရဲ့ အပေါ်မှာ တင်ထားခဲ့တဲ့..မီးတောင်ကျောက် ဓားပေါ်ကို ရောက်သွားခဲ့တယ်..။
သူ ခနလောက်တွေဝေသွားခဲ့ပြီး..သူ့ရဲံလက်တွေက သိချင်စွာရှေ့ကို လှမ်းသွားခဲ့ကာ..အေးစက်တဲ့ ကျောက်တုံးလက်ကိုင်ကို ထိတွေ့ကြည့်လိုက်ပါတယ်။
‘ ဒါက အလုပ်ဖြစ်ပါ့မလား..’
အဲဒီဓားက ဒီမြင့်မြတ်နယ်မြေပေါ်မှာ လူသားတွေ စတင်နေထိုင်ခဲ့ကြတဲ့ အချိန်ကတည်းက ယဇ်ပုလ္လင်ပေါ်မှာ ရှိနေခဲ့တာပါ။ဆန်နီ အပါအဝင် ဒီခံတပ်မှာ ခြေချဖူးတဲ့ နိုးထသူတိုင်းက ဒီဓားကို မ တင်ကြည့်ဖို့အတွက် အနည်းဆုံးတစ်ကြိမ်တော့ ကြိုးစားကြည့်ဖူးကြပါတယ်။
သို့ပေမယ့် သူတို့တွေ ဘယ်သူကမှ မအောင်မြင်ခဲ့ပေ။ဒီ ဓားက ကျွန်းကြီးတစ်ခုလုံးထက် တောင် ပိုမိုလေးလံနေပုံရပြီး ယဇ်ပုလ္လင်နဲ့ ကပ် ထားသလားလို့တောင် ထင်ရပါတယ်။လူတွေက ဘယ်လောက်ပဲ ကြိုးစားကြပါစေ..အဲဒါကို တစ် မီလီမီတာလောက်တောင်..ရွေ့လျားအောင် မလုပ်နိုင်ခဲ့ကြပေ။
သို့ပေမယ့် ဆန်နီ ဆန်းကျယ်တဲ့ ဒဂ်ါးပြားတွေကို ပထမဆုံးအကြိမ်အသုံးပြုခဲ့တဲ့ အချိန်တုန်းက မီးတောင်ကျောက်ဓားက အနည်းငယ်ရွေ့လျားသွားတာကို သူမြင်တွေ့ခဲ့ရပါတယ်။
ဒါကြောင့်..တကယ်လို့ ယဇ်ပုလ္လင်ပေါ်ကိုသာ လုံလောက်တဲ့ ဒဂ်ါးအရေအတွက်ရောက်အောင် တင်ပေးမယ်ဆိုရင် ဒီဓားက ရွေ့လျားလာခဲ့ပြီး သူ့လက်ထဲကို ရောက်လာမယ် ဆိုတဲ့ အဖြေကို ရရှိလာခဲ့တယ်။
ဆန်နီ အသက်ကို အောင့်ထားပြီး သူ့ရဲ့ လက်ချောင်းတွေကို လက်ကိုင်ဆီကို လှမ်းပို့ကာ ရစ်ပတ်လိုက်တယ်။
‘..ဘာမှ မဖြစ်လောက်ဘူးမလား..’
သူ့ရဲ့ခွန်အားတွေ အားလုံးကို စုစည်းလိုက်ပြီး သူက မီးတောင်ကျောက်ဓားကို ယဇ်ပုလ္လင်ပေါ်ကနေ မတင်ဖို့ ကြိုးစားလိုက်တယ်။
သို့ပေမယ့်..ဓားက လုံးဝကို ခုခံချင် မရှိခဲ့ပါဘူး။ဒါက သာမန်ဓားတစ်ချောင်းလိုပဲ အဖြူရောင်ကျောက်တုံးပေါ်ကနေ လွယ်လွယ်ကူကူ မြောက်တက်လာခဲ့ပြီး..ဆန်နီကို ဟန်ချက်ပျက်ကာ..မြေကြီးပေါ်ကို လိမ့်ကျသွားစေခဲ့တယ်။
‘ ခရက်..’
ဆန်နီက မြင့်မြတ်နယ်မြေကြီးတစ်ခုလုံး အောက်ဘက်ကောင်းကင် ဆီကို ပြုတ်ကျသွားတာ..ဒါမှမဟုတ် ထွက်ပေါက်က အလုပ်မလုပ်တော့တာတွေကိုတောင် စိတ်ထဲက တစ်ဝက်တစ်ပျက် မျှော်လင့်ထားခဲ့တာပါ။ဒါကြောင့်ပဲ သူက ဓားကို အနည်းငယ်လောက်သာ မ တင်ကြည့်ဖို့ ရည်ရွယ်ခဲ့ပြီး တစ်ခုခုဖြစ်လာရင် ချက်ချင် ပြန်ချထားဖို့ စိတ်ကူးထားခဲ့တယ်။အဲဒီအစား..သူက ယဇ်ပုလ္လင်နဲ့ ခြေလှမ်း အတော်များများ အကွာလောက်ကို ရောက်ရှိသွားခဲ့ပြီး..ချက်ချင်း ပြန်သွားထားဖို့အတွက် မျှော်လင့်ချက် မရှိတော့ပါဘူး။
ကံကောာင်းချင်တော့ သူကြောက်ရွံ့နေတဲ့ အရာတွေ တစ်ခုမှ ဖြစ်မလာခဲ့ပေ..။
မီးတောင်ကျောက်ဓားက..သူ့ရဲ့ ပုံမှန်နေရာဖြစ်တဲ့ ယဇ်ပုလ္လင်ပေါ်မှာ မရှိတော့တာကလွဲလို့..ကျွန်းက အကုန်လုံး အဆင်ပြေနေခဲ့တယ်။အရာအားလုံးက ပြီးခဲ့တဲ့ စက္ကန့်အနည်းငယ်က ရှိနေခဲ့တဲ့ အတိုင်းပါပဲ..။
သူက အသက်ကို ရူထုတ်လိုက်ပြီး သိသာစွာပဲ စိတ်သက်သာရာရသွားခဲ့ပါတယ်။
‘ကောင်းပြီလေ..ကောင်းတယ်။ငါက ချိန်းကျွန်းစုပေါ်က လူတွေကို အခြေအနေတွေ ဆိုးဝါးသွားတဲ့အထိတော့ အရှုပ်ထုတ်တွေကို မလုပ်ချင်ပါဘူး..’
ဆန်နီ မတ်တတ်ပြန်ရပ်လိုက်ပြီး မီးတောင်ကျောက်ဓားကို ကြည့်လိုက်တယ်။ဒါက အနက်ရောင်ကျောက်တုံးတစ်ခုတည်းကနေ ဖြတ်တောက် ထုလုပ်ထားပုံရပြီး သူ့ရဲ့ ဓားသွားက ထက်ရှကာ တောက်ပြောင်နေခဲ့ပါတယ်။ဓားရဲ့ အသွင်အပြင်မှာတော့ ထူးခြားတာမျိုးတွေ မရှိပါဘူး..။တကယ်တော့ ဒါက အနည်းငယ် ရိုးရှင်းပြီး ရှေးဟောင်းဆန်နေခဲ့ပါတယ်။
ဒီမှာ ပြသနာ သေးသေးလေး တစ်ခုလည်း ရှိနေခဲ့သေးတယ်။
ဓားက မှတ်သားမူတစ်ခု အဖြစ်ပြောင်းလဲသွားခြင်းမရှိခဲ့ပါဘူး..။
‘ ဟင်..’
ဆန်နီက ဒီဟာကို ဓီဗာမျက်နှာဖုံးလိုပဲ အလင်းစက်တွေ အဖြစ်ပြောင်းလဲသွားခဲ့ပြီး သူ့ရဲ့ အမြုတေထဲကို ဝင်ရောက်သွားလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။မော်ဒရက်ကလည်း ညဘုရားကျောင်းက ဆင်စွယ်ရောင် ဓားအကြောင်းကို ပြောတဲ့ အချိန်တုန်းကလည်း ဒီလိုမျိုး သက်ရောက်မူမျိုးကို ပြောခဲ့ဖူးပါတယ်။
မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ ဓားရဲ့ မှတ်သားမူကို ယူဖို့အတွက်ဆိုရင် တစ်စုံတစ်ယောက်က..အနက်ရောင် ယဇ်ပုလ္လင်ပေါ်မှာ သွေးစက်တွေ ချပေးဖို့လိုအပ်တယ်လို့ သူက ဆန်နီကို ပြောပြခဲ့တာပါ။
သို့ပေမယ့်..မီးတောင်ကျောက်ဓားက ဒီလိုအရာမဟုတ်ခဲ့ပါဘူး..။ဒါက သူ့လက်ထဲမှာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အဖြစ်သာ ရှိနေခဲ့ပြီး..တစ်စုံတစ်ယောက်က ထိတွေ့ ကိုင်တွယ်လို့ ရနိုင်ပါတယ်။
သို့ပေမယ့် ပိုပြီး ထူးဆန်းနေတဲ့ အရာက..
ဒီဓားမှာ မှော်လှိုင်းတွေကို တွေ့မြင်ရခြင်းမရှိပေ..။ဒါက သံသယဖြစ်စရာ မလိုအောင် ပဲ မှော်ပစ္စည်းတစ်ခုပါ။ဒီဓားမှာ ဘယ်လိုစွမ်းရည်သတ္တိတွေ ရှိနေသလဲ ဆိုတာကို ဆန်နီ မသိသေးပေမယ့် သူဒါကို ခံစားမိပါတယ်။သို့ပေမယ့် သူ ဓားရဲ့ မျက်နှာပြင် အောက်ကို ကြည့်လိုက်တဲ့ အချိန်မှာ..ရင်းနှီးပြီးသားဖြစ်တဲ့..နူးညံ့တဲ့ ကြိုးတွေ ရက်လုပ်ထားတာကို မတွေ့ရပါဘူး..။
သူ မြင်တွေ့ရတာဆိုလို့ တောက်ပတဲ့ အလင်းရောင်သာဖြစ်ပြီး ဒီဓားမှာ ဝိဥာဉ်အဆီအနှစ်တွေနဲ့ ပြည့်နှက်နေသလို ဖြစ်နေခဲ့ပါတယ်။ပြီးတော့..ဒီအလင်းရောင်ရဲ့ အထဲမှာတော့..ကြိုးတစ်ချောင်းထဲသာ ရှိနေခဲ့တယ်။.
သို့ပေမယ့်..ဒါက သာမန် နူးညံ့သိမ်မွေ့တဲ့ ကြိုးနဲ့ မတူပါဘူး။
ဒါက…
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်။
ကံတရာ ကြိုးတစ်ချောင်း…
ကံတရားကြိုးတစ်ချောင်းကို..မီးတောင်ကျောက်ဓားရဲ့ အထဲမှာ တစ်နည်းနည်းနဲ့ ထည့်သွင်းထားခဲ့ပြီး..သူ့ရဲ့ အစွန်းနှစ်ဖက်ကို ပြီးပြည့်စုံစွာ ဆက်သွယ်ထားကာ..အဆုံးမရှိတဲ့ စက်ဝန်းတစ်ခုကို ဖြစ်ပေါ်နေစေခဲ့ပါတယ်.
ဆန်နီ ဒီထူးဆန်းတဲ့ ကြိုးကို အတော်ကြာအောင် ကြည့်ပြီး..မျက်မှောင်ကျုတ်ထားခဲ့တယ်။
‘…အခုကရော..ဒါက ဘာကိုဆိုလိုတာလဲ..’
အပိုင်း ( ၄၇၃ ) ပြီး၏။
[ Mobius Loop - စက္ကူပြားတစ်ခုကို လိပ်ပြီး အစွန်းနှစ်ဖက်ကို ဆက်ကာ..ဖန်တီးထားသည့် ဂျီဩမေတြီ ပုံစံတစ်ခုဖြစ်သည်။ယင်းသည် အဝိုင်းပုံစံ ရှိနေပြီး ပုရွက်ဆိတ်တစ်ကောင် လျောက်သွားလျင် အဆုံးမရှိပဲ တစ်ဖက်ကို ထပ်ရောက်သွားကာ ဆက်တိုက်လည်ပတ် နေမည်။ထိုအရာသည် ပြန်လည်အသုံးပြုခြင်းကို ကိုယ်စားပြုသည့် အရာလည်းဖြစ်ပြီး ..ထုတ်ကုန်တစ်ခုကို ပြန်အသုံးပြုနိုင်ကြောင်း ဖော်ပြရာတွင်လည်း အသုံးပြုသည် ။ စာရေးသူ စာကြွင်း.. ]