← Chapters

အမှန်အတိုင်း ပြောလိုက်ပြီ

Vol. 32 Ch. 474

အမှန်အတိုင်း ပြောလိုက်ပြီ

Vol. 32 Ch. 474

ဆန်နီ မီးတောင်ကျောက်ဓားကို အချိန်အတော်ကြာအောင် လေ့လာပြီးမှ..ဒီအရာက ဘာတွေစွမ်းဆောင်နိုင်လဲ ဆိုတာကို သူ မသိနိုင်ဘူးဆိုတာကို သိလိုက်ရပါတယ်။ဒါက မှတ်သားမူ မဟုတ်သလို..ရက်လုပ်မူတွေလည်း မရှိပါဘူး။ဒီတော့..အခိုက်အတန့် ရော သူ့ရဲ့စွမ်းဆောင်ရည်ကရော..ဒီအရာက သူ့ကို ဘာကူညီပေးနိုင်မလည်း ဆိုတာကို မသိနိုင်ကြပေ။

ဆန်နီ သေချာသိထားတဲ့ တစ်ခုတည်းသော အရာကတော့ တစ်စုံတစ်ယောက်က ..ကံတရာ စီခြယ်မူ ကနေ ကြိုးတစ်ချောင်းကို ထုတ်ယူခဲ့ပြီး..ဓားရဲ့ အထဲမှာ ထည့်သွင်းသွားခဲ့တယ် ဆိုတာပါပဲ..။သူက ဆန်းကျယ်တဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် အဝိုင်းပုံစံ ပြုလုပ်ထားခဲ့တာပါ။

အရာရာတိုင်းက သူ မော်ဒရက် နဲ့ နောက်တစ်ကြိမ် စကားပြောခွင့်ရတဲ့ အချိန်အထိ စောင့်ဆိုင်းရပါတော့မယ်။ပျောက်ဆုံးနေတဲ့ မင်းသားက..ချိန်းကျွန်းစု နဲ့ အတိတ်က သမိုင်းကြောင်းတွေကို အတော်များများ သိထားတာကြောင့် မီးတောင်ကျောက် ဓားအကြောင်းကိုလည်း အတော်လေး သိထားလောက်မှာပါ။

သို့ပေမယ့် အခုတော့ ဆန်နီ မှာ တစ်ခြားဖြေရှင်းစရာ ပြသနာ တစ်ချို့ ရှိနေပါသေးတယ်။

သူက ဒီဓားပျောက်ကွယ်သွားတာကို အဖြူရောင်ကလန်ကို တစ်နည်းနည်းနဲ့ ရှင်းပြရပါလိမ့်မယ်။

မနက်ခင်းရောက်ရင် ဒါမှမဟုတ်..တစ်ခြားဘယ်အချိန်မှာပဲဖြစ်ဖြစ်..တကယ်လို တစ်စုံတစ်ယောက်က အိပ်မက်ကမ္ဘာထဲကနေ ထွက်ခွာတာ..၊ အပြင်ကမ္ဘာကနေ ဝင်လာတာဆိုရင်..ဘယ်သူမှ မ မတင်နိုင်ခဲ့တဲ့ ဓားက နေရာကနေ ပျောက်ကွယ်သွားခဲ့ပြီ ဆိုတာကို သတိထားမိကြပါလိမ့်မယ်။

ဒီဓားကို သူ ယူသွားတယ်ဆိုတာကို ဒီလူတွေ အကုန်သိသွားကြဖို့ အချိန်အတော်ကြာလိမ့်မယ် ဆိုတာကိုတော့..ဆန်နီ သံသယ မဖြစ်မိပါဘူး။

ဒါဆို ပြီးတဲ့ နောက်မှာရော…

‘ ဘာလုပ်ရမလဲ…ဘာလုပ်ရမလဲ..’

အဆုံးမှာတော့..သူက တကယ်ကို ရူသွပ်တဲ့ အကြံဉာဏ်တစ်ခုကို ရသွားခဲ့တယ်။ဒါက သာမန် အခြေအနေတွေမှာ သူ ဘယ်တုန်းကမှ မစဉ်းစားဖူးတဲ့ အရာတစ်ခုပါ။သူ့ရဲ့ အကျင့်စရိုက်နဲ့ ဆန့်ကျင်နေတဲ့ အရာတစ်ခု။

…သူက မာစတာ ရွန်ဆီကို သွားပြီး အမှန်အတိုင်း ပြောပြလိုက်တယ်။

ကောင်းပြီလေ..အတိအကျဆိုရင်တော့..ဆန်ကျယ်တဲ့ ဒဂ်ါးတွေနဲ့ ပတ်သက်တဲ့ အကြောင်းကိုပါ..။

အဖြူရောင်တောင်ပံ ကလန်ကို ညသန်းခေါင် အချိန်လောက်ကြီး သွားတာက အတော်လေးကို ထူးဆန်းတဲ့အ လုပ်ပါ။သို့ပေမယ့် ကံကောင်းချင်တော့ လူအိုကြီးက နိုးနေခဲ့ပါပြီ..။သူက ကင်းလှည့်ဖို့အတွက် လိုအပ်တာကြောင့် အစောကြီး ထပြီး ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နေခဲ့တာပါ။

ဆန်နီ စကားပြောပြီးတဲ့ အချိန်မှာတော့..ဂရက်ဖင် စီးနင်းသူက ရှုပ်ထွေးတဲ့ အမူအရာနဲ့ သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်။ယင်းနောက် သူက ဓားကို ကြည့်ဖို့ တောင်းဆိုလာခဲ့ပါတယ်။

ဆန်နီက မီးတောင်ကျောက်ဓားကို မပေးချင် ပေးချင် နဲ့ ပေးလိုက်ရပြီး..မာစတာရွန် စစ်ဆေးနေတာကို ကြောက်လန့်စွာ ကြည့်နေခဲ့ရတယ်။အဖြူရောင် ကလန်က ဒီဓားကို သိမ်းထားမှာ မဟုတ်ဘူးလို့ သူက တကယ်ကို မျှော်လင့်နေခဲ့တာပါ။တကယ်လို့ သူတို့သာ သိမ်းယူလိုက်မယ် ဆိုရင် ဆန်နီ လုပ်ဆောင်နိုင်မယ့်အရာက သိပ်ပြီး မရှိပါဘူး။

နောက်ဆုံးမှာတော့..ကြီးမားကြံ့ခိုင်တဲ့ မာစတာ က မီးတောင်ကျောက်ဓားကို သူ့ဆီ ပြန်ပေးလိုက်ပြီး..သိချင်စွာမေးလိုက်တယ်။

“ ဒီတော့..မင်းက နိုတစ် ဒဂ်ါးပြားတွေကိ ယဇ်ပုလ္လင်ပေါ် တင်ပြီး ဓားကို မ နိုင်ခဲ့တာပေါ့..’

ဆန်နီ ခေါင်းညိမ့်လိုက်တယ်။

“ဟုတ်ပါတယ်…ခနလေး..။ဆရာက ဒဂ်ါးတေွ အကြောင်းကို သိနေတာလား..”

မာစတာ ရွန် ခေါင်းညိမ့်လိုက်တယ်။

“ဒီနှစ်တွေအတွင်း ချိန်းကျွန်းစုပေါ်က ဟိုနား..ဒီနားတွေမှာ ဒဂ်ါးပြားတွေကို တွေ့ခဲ့ကြရတယ်လေ..။အဲဒါက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဒီနေရာမှာ နေထိုင်ကြတဲ့ လူတွေက ငွေကြေးအဖြစ် သုံးစွဲခဲ့ကြတဲ့ ပုံပဲ..။ဒါပေမဲ့ မင်းလိုမျိုး သိသာတဲ့ ရတနာ သေတ္တာလိုက်တော့..ဘယ်သူကမှ မတွေ့ဖူးခဲ့ကြဘူး…”

သူခနလောက် တွေးပြီးကာမှ ပြုံးလိုက်တယ်။

“တကယ်တော့ ..တစ်နေရာရာမှာ ငါသိမ်းထားတာ တစ်ခုရှိတယ်..။ဒီမှာ ခနလောက် စောင့်နေဦး..။ဟုတ်ပြီလား..”

ရွန်က ဒီလို ပြောပြီးတာနဲ့ ကျောက်တုံးအဆောက်အဦးထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။ဆယ်မိနစ်လောက် ကြာပြီးတဲ့ အချိန်မှာမှ သူ့လက်ထဲမှာ ဆင်တူတဲ့ ဒဂ်ါးပြားလေးကို ကိုင်ဆောင်ပြီး ပြန်ထွက်လာခဲ့ပါတယ်။

“တွေ့ပြီ..။အရင်တုန်းက ငါ ဒါကို ကံကောင်းစေတဲ့ အဆောင်အဖြစ် ဆောင်ထားခဲ့တာ..။သွားကြရအောင်..”

သူတို့နှစ်ယောက်က အတူတကွ ယဇ်ပုလ္လင် ကျွန်းကို ပြန်သွားလိုက်ကြတယ်။

မာစတာ ရွန်က ပထမဆုံး လကို ကြည့်လိုက်ပြီး..ဒဂ်ါးပြားကို ယဇ်ပုလ္လင်ပေါ်ကို တင်လိုက်ပါတယ်။နောက်တစ်ကြိမ် ဆိုသလိုပဲ..ဒါက တောက်ပပြီး ပျောက်ကွယ်သွားခဲ့တယ်။ခန့်ညားတဲ့ လူရဲ့ မျက်နှာပေါ်မှာတော့..အံ့ဩတဲ့ အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

“ ငါက တကယ်အရူးပဲ.။ငါ ဝိဥာဉ် အဆီအနှစ် တစ်ခု ရလိုက်တယ်..။မင်းပြောတာ မှန်တယ်..”

သူ အံ့ဩသင့်စွာ ခေါင်းခါယမ်းလိုက်ပြီး..

“စဉ်းစားကြည့်ရင် ဒီဒဂ်ါးတွေ က တစ်ချိန်လုံး ဒီလို အသုံးဝင်နေတာတောင် ဘယ်သူကမှ..အသုံးပြဖို့ ဥာဏ်မမှီကြဘူး..။တကယ် ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ဆန်းလပ်စ်..”

ယင်းနောက် မာစတာ ရွန်က ခနလောက် တွေ ဝေနေပြီးကာမှ မေးလိုက်တယ်။

“ ဓားကို ယဇ်ပုလ္လင်ပေါ်ကို ပြန်တင်ပေးနိုင်မလား..”

ဆန်နီ သူပြောတဲ့ အတိုင်း ပြန်တင်ပေးလိုက်ပြီး ကြံ့ခိုင်တဲ့ ဂရက်ဖင် စီးဆင်းသူက သူ့ရဲ့သွေးကြောထဲမှာ ရှိတဲ့ ခွန်အား အကုန်သုံးပြီး..အဖြူရောင် မျက်နှာပြင်ပေါ်က ဓားကို မ တင်ဖို့ ကြိုးစားနေတာကို စောင့်ကြည့်နေခဲ့ပါတယ်။သူ အကြိမ်အနည်းငယ် ကြိုးစားပြီးတဲ့ နောက်မှာတော့..နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုပ်ပြီး အသက်ကို အမောတကော ရူနေခဲ့တယ်။ဆန်နီ ဓားရဲ့ လက်ကိုင်ရိုးကို ပြန်ကိုင်လိုက်ပြီး ဘာပြသနာမှ မရှိပဲ ပြန်ယူထားလိုက်ပါတယ်။

“ စိတ်ဝင်စားစရာပဲ..”

မှန်ကန်တဲ့ အချိန်ကို ရောက်လာပြီ ဖြစ်တာကြောင့် ဆန်နီ က သတိအနေအထားနဲ့ လူအိုကြီးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့တယ်။

အတော်ကြာအောင် စဉ်းစားပြီးကာမှ မာစတာ ရွန်က ပြောလာခဲ့ပါတယ်။

“ကောင်းပြီလေ..မင်ဒါကို သိထားပြီးပြီလားတော့ မသိဘူး , ဆန်းလပ်စ်..။ဒါပေမဲ့ အိပ်မက်ကမ္ဘာထဲက နိုးထသူတွေ ကြားထဲမှာ တင်းကြပ်ထားတဲ့ စည်းကမ်းတစ်ခုတော့ ရှိတယ်။ ဒီစည်းမျဉ်းရဲ့ သန့်စင်မူက မချိုးဖျက်နိုင်လောက်အောင် ဖြစ်ပြီး ကျူးလွန်ရင်လည်း အရမ်းကို သိက္ခာကျစရာ တစ်ခု ဖြစ်လာလိမ့်မယ်..။အဲဒီစည်းမျဉ်းက..တွေ့ရှိသူသာ..ပိုင်ဆိုင်သူ ပဲ..”

ဆန်နီ မျက်တောင်ခတ်လိုက်တယ်။

‘ဘယ်လို..’

ကြံ့ခိုင်သန်မာတဲ့ မာစတာက ပြုံးလိုက်ပြီး..

“ ဒီတော့..မင်းအနေနဲ့ ငါ ဒါမှမဟုတ် တိုင်းရစ် တို့က..မင်းဆီကနေ ဓားကို လုယူမှာကို စိတ်ပူနေစရာ မလိုအပ်ဘူး..”

သို့ပေမယ့် သူ့ အပြုံးတွေက မှေးမှိန်သွားခဲ့ပြီး..

“…တစ်ခြားလူတွေကတော့..ဒီလိုမျိုး အကြောင်းကျိုး ဆီလျော်နေကြမှာ မဟုတ်ဘူးနော်..။ဒီအရာမှာ ဘယ်လိုစွမ်းအားတွေ ရှိနေလဲ..ဒါမှမဟုတ်..တကယ်ပဲ ဆန်းကျယ်တဲ့စွမ်းအားတွေ ရှိနေကြရဲ့လား ဆိုတာကို မသိဘူးဆိုရင်တောင်..တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားပြီး နောင်တရစရာ အပြုအမူတွေကို လုပ်ဆောင်လာနိုင်တယ်..။ဒီတော့..ဓားကို ယဇ်ပုလ္လင်ပေါ်မှာ ပြန်ထားထားပြီး..ဒါကို အသုံးပြုဖို့ လိုအပ်ပြီလို့ ခံစားရတဲ့ အချိန်ကြမှ ပြန်ပြီး ယူတာက ပိုကောင်းလိမ့်မယ်လို့ ငါ အကြံဉာဏ်ပေးချင်တယ်..”

ဆန်နီ ဒီစကားတွေကို တွေးကြည့်လိုက်တဲ့ အချိန်မှာ ဒါက အမှန်တကယ်ပဲ အခုချိန်မှာ အကောင်းဆုံးရွေးချယ်မူ တစ်ခု ဆိုတာကို ဝန်ခံရမှာပါ။ဒီအရာကို ဘယ်သူကမှ မယူနိုင်ဘူးဆိုတာကို မာစတာရွန်က သူ့ကို ကူညီသက်သေပြထားခဲ့ပြီး ၊ အိပ်မက်ဆိုးကို စိန်ခေါ်မူ မပြုလုပ်ခင်မှာ ဒီဓားကို ကိုင်ပြီး လျောက်သွားနေတာကလည်း..ဘာအကျိုးကျေးဇူးမှ မရှိပါဘူး..။

သူက မီးတောင်ကျောက်ဓား ယဇ်ပုလ္လင်ပေါ်မှာ ဘယ်လိုရှိနေခဲ့တာလဲ ဆိုတာကို ပြန်စဉ်းစားလိုက်ပြီး..ရှေ့ကိုတိုးကာ အရင်နေရာမှာပဲ ပြန်သွားထားလိုက်တယ်။

မာစတာ ရွန် ခေါင်းညိမ့်လိုက်ပြီး..

“ ရွေးချယ်မူ ကောင်းတယ်။သူ့ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး တစ်ခုခု ရှာတွေ့တာ ရှိရင် ငါတို့ကို အကြောင်းကြားပေးပါ..။အနည်းဆုံးတော့..ဒါက မြင့်မြတ်နယ်မြေမှာ နေထိုင်ကြတဲ့ လူတွေနဲ့ သက်ဆိုင်မူ ရှိနေမယ် ဆိုရင်ပေါ့..။တကယ်လို့ လိုအပ်လာမယ် ဆိုရင် ငါတို့က မင်းဆီက ဓားကို ပြန်ယူဖို့ ဒါမှမဟုတ် ငှားရမ်းဖို့ အတွက် အစားထိုး ပေးတာမျိူးတွေ လုပ်ပေးပါ့မယ်။ မင်းအဲလို လုပ်ချင်တယ် ဆိုရင်ပေါ့..”

ဒီအရာက ကြောင်းကျိုးဆီလျော်မူ ရှိနေတာကြောင့် ဆန်နီ ဒီအခြေအနေကို သဘောတူလိုက်တယ်။

ဒီလိုပြောပြီးတာနဲ့ ကြံ့ခိုင်သန်မာတဲ့ ဂရက်ဖင် စီးနင်းသူက..သူ့ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လာခဲ့ပြီး..

“ ဒီတော့..အင်း..မင်းအခု ဘာလုပ်ဖို့ စိတ်ကူးထားလဲ..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်။

‘ ဘယ်လို ထူးဆန်းတဲ့ မေးခွန်းမျိုးလဲ..’

“အိမ်ကို ပြန်မယ်..ရေချိုးမယ်..အစစ်အမှန်ကမ္ဘာက စီးပွားရေး တစ်ချို့ကို လုပ်ကိုင်မယ်..။ဘာလို့လဲ..။ဆရာက ရော ဘာလုပ်မှာလဲ..”

မာစတာ ရွန် ရယ်မောလိုက်ပြီး..

“ငါ ဘာလုပ်မှာလဲ ဆိုတာက ဘာကိုပြောတာလဲ..။ငါက ကင်းလှည့်မယ်..ပြီးရင်တော့..ဒါပေါ့..ဒဂ်ါးပြားတွေကို လိုက်ရှာတော့ မှာပေါ့..။မင်းရဲ့တွေ့ရှိမူအပြီးမှာ မြင့်မြတ်နယ်မြေက လူတိုင်းက ဒဂ်ါးပြားတွေကို အချိန်အတော်ကြာတဲ့အထိ အရူးအမူးလိုက်ရှာကြတော့မယ် ဆိုတာကို ငါ တကယ်သံသယဖြစ်မိတယ်..။လူတွေက တကယ်ကို အလုပ်ရှုပ်ကြတော့မှာ..”

ဆန်နီ ခနလောက် တွေဝေနေခဲ့ပြီးမှ လေးနက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

“ဒါဆိုလည်း ကံကောင်းပါစေ..။အိုး..ပြီးတော့..တ.စ်ခုတော့ရှိတယ်..။တကယ်လို..ဒဂ်ါးတွေပြည့်နေတဲ့ သေတ္တာကြီးတစ်ခုနဲ့ တွေ့မယ်ဆိုရင်..အနားကို မကပ်ခင်မှာ ဂရက်ဖင်ကို အကြိမ်အနည်းငယ် ကန်ခိုင်းပါ..။အနာဂတ်မှာ တွေ့လာတဲ့ ရတနာသေတ္တာတိုင်းကို အဲဒီလိုလုပ်ရင် ပိုပြီးကောင်းလိမ့်မယ်..။ကျွန်တော်ပြောချင်တာက..ဆရာ့ကို သေတ္တာတစ်လုံး က မကိုက်စားနိုင်ဘူးဆိုတာကို ဘယ်တော့မှ မယုံကြည်ပါနဲ့..”

ဒီလိုပြောပြီးတာနဲ့..သူက ခန့်ညားတဲ့ မာစတာကို နှုတ်ဆက်လိုက်ပြီး..သူ့ရဲ့လက်ကို ယဇ် ပလ္လင်ပေါ်တင်ကာ..အစစ်အမှန် ကမ္ဘာဆီကို ပြန်သွားလိုက်ပါတယ်။

အဲဒီမှာ သူလုပ်စရာတွေ အများကြီးပါပဲ..။

အပိုင်း ( ၄၇၄ ) ပြီး၏။

All Chapters