← Chapters

လုပ်စရာ အချို့

Vol. 32 Ch. 475

လုပ်စရာ အချို့

Vol. 32 Ch. 475

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့ ဆန်နီက မီးဖိုချောင်ထဲမှာ သူ ပြင်ဆင်ထားတဲ့ မနက်စာကို စားသောက်နေခဲ့ပါတယ်။သူက သူလုပ်စရာရှိတဲ့ အရာတွေ အကုန်လုံးကို ပြန်ပြီး စဉ်းစားနေခဲ့တာပါ။

အဲဒါတွေကတော့..သူ အိပ်မက်ကမ္ဘာထဲက ယူဆောင်လာတဲ့ အမြုတေတွေကို ရောင်းချဖို့နဲ့..အနာဂတ်မှာ ထပ်ပြီးရောင်းချနိုင်ဖို့အတွက် တည်ငြိမ်တဲ့ နည်းလမ်းတစ်ခုကို ဖန်တီးဖို့ ၊ အိပ်မက်ရူခင်းထဲကို ပြန်သွားပြီး..ပရော်ဖက်ရှင်နယ် ပြိင်ပွဲတွေကို ဝင်ပြိုင်ကာ အရိပ်ကခုန်မူကို ဆက်လက်လေ့ကျင့်ဖို့ ၊ မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်နဲ့ အတူ အနိုင်ရလာဒ်တွေ ဆောင်ကျဉ်းဖို့..၊ ရိမ်း ကို လေ့လာပြီး ကိစ္စတစ်ခုလုံးကို ကိုင်တွယ် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို စဉ်းစားဖို့ ၊ လှံရှည်ကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကို လေ့ကျင့်ဖို့..၊ နစ်ဖီဆီကို သွားလည်ပတ်ဖို့ နဲ့ ဆရာဂျူလီယက် အတွက် နိုတစ်ဒဂ်ါးတွေ အကြောင်းကို အစီရင်ခံစာရေးဖို့တွေ ပါဝင်ပါတယ်..။

သူ လုပ်စရာရှိသေးတဲ့ အရာတွေ ရှိနေနိုင်သေးပေမယ့် အခုတော့..သူက မေ့နေခဲ့ပါပြီ။သို့ပေမယ့် …သူ့ဆီမှာက လုပ်စရာတွေ အများအပြား ရှိနေပြီးသားပါ..။

မနက်စာကို စားသောက်ပြီးတဲ့ နောက်မှာတော့..အယ်ဖီရဲ့ ခန္တာကိုယ်အိပ်ပျော်နေတဲ့ ဧည့်သည် အိပ်ခန်းရဲ့ တံခါးဆီကို ကြည့်လိုက်တယ်။သူမရဲ့ စိတ်ဝိဉာဉ်က အခုချိန်ဆိုရင် အိပ်မက်ကမ္ဘာထဲမှာ လျောက်သွားနေလောက်မှာပါ။သူ ခေါင်းခါယမ်းလိုက်ပြီး အရသာရှိတဲ့ လဖက်ရည်တစ်ခွက်ကို သောက်ကာ..ထိုင်ခုံတစ်ခုဆီကို လျောက်သွားပြီး ထိုင်လိုက်တယ်..။

ဒါက မနက်ခင်းအစောပဲ ရှိနေပါသေးတယ်။ဆန်နီက..ဒီရပ်ကွက်ရဲ့ သာယာတဲ့ ရူခင်းကို ခံစားရင်း..ရိမ်းက စာသင်ကျောင်းကို သွားဖို့အတွက် အများပြုသူသုံး ယာဉ် တွေ ရှိတဲ့နေရာကို သွားနေတာကို ကြည့်နေခဲ့တယ်။ပြီးတဲ့ နောက်မှာတော့..သူက စကားပြောစက်ကို ထုတ်ယူလိုက်ပါတယ်။

သူက အရိုးရှင်းဆုံး အရာတစ်ချို့နဲ့ပဲ စတင်လိုက်ပါတော့မယ်။

သူက အင်တာနက်ပေါ်က နိုးထသူ စေ◌ျးကွက် ထဲကို ဝင်ရောက်ဖို့အတွက်..သူ့ရဲ့ ကိုယ်ပိုင်အချက်အလက်နံပါတ်ကို..ရိုက်ထည့်လိုက်ပါတယ်။ဆန်နီ အရင်တုန်းက တစ်ခုခု ဝယ်ယူဖို့အတွက် ငွေကြေးအနည်းငယ်သာ ရှိခဲ့ဖူးတဲ့ အချိန်မှာတောင် ဒီထဲကို ဝင်ရောက်ခဲ့ဖူးပါတယ်..။

သို့ပေမယ့် ဒီနေ့မှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါပြီ..။ဒီနေ့မှာတော့..သူက အင်တာနက်ပေါ်ကို ရောင်းချသူ တစ်ယောက်အဖြစ် တက်လာခဲ့တာဖြစ်ပြီး..ဝယ်ယူသူ တစ်ယောက် အနေနဲ့ မဟုတ်ပါဘူး..။

ဆန်နီက ‘ဝိဥာဉ်အမြုတေ ‘ ဆိုတဲ့ စကားလုံးကို ရိုက်ရှာလိုက်ပြီး..သုညတွေ အများကြီး ပါဝင်တဲ့စေ◌ျးနှုန်းတွေကို ကြည့်ကာ သဘောတွေ ကျနေခဲ့တယ်။ကြည့်ရတာတော့ အမြုတေတွေရဲ့ စေ◌ျးနှုန်းက သတမတ်တည်း ရှိနေတာမျိူးမဟုတ်ပါဘူး..။ဒါပေါ့..ပိုမြင့်တဲ့ အမြုတေတွေက တန်ကြေးပိုပြီးတော့ များပြားပါတယ်။သို့ပေမယ့် ထူးဆန်းစွာပဲ လူတွေက ဒီအမြုတေတွေက ဘယ်အိပ်မက်ဆိုးသားရဲ့ ကနေလာခဲ့တာလဲ..ဘယ်လို တိုက်ရိုက်အနိုင်ယူခဲ့တာလဲ ဆိုတာကိုပါ စိတ်ဝင်စားကြတဲ့ ပုံပါပဲ..။

‘ ဘယ်လိုငရဲမျိုးလဲ..’

သိသာစွာပဲ ချမ်းသာတဲ့ သာမန်လူတွေ ကြားထဲမှာ ဒီလိုအရာတွေကို စိတ်ဝင်စားးပြီး စုဆောင်းနေကြတဲ့ လူတွေလည်း ရှိနေခဲ့ကြပါတယ်။တစ်ချို့ အယူသီးတဲ့ နိုးထသူတွေကလည်း အကြောင်းပြချက်တစ်ချို့ကြောင့် မကောင်းတဲ့ အမြုတေတွေကို စုပ်ယူတာက သူတို့ရဲ့ ဝိဉာဉ်သန့်ရှင်းမူကို ထိခိုက်စေနိုင်တယ်လို့ ယုံကြည်နေခဲ့ကြတာပါ။

‘အတော်ထူးဆန်းတဲ့ လူတွေ’

ဆန်နီက ဒီလိုအရာတွေကို အများကြီး မသိထားပေမယ့် သူ သိထားတဲ့ တစ်ခုတည်းသော အရာက..သန့်ရှင်းတဲ့ ဝိဉာဉ်ကို ပိုင်ဆိုင်ထားတဲ့ နိုးထသူဆိုတာ မရှိဘူး ဆိုတာပါပဲ..။ဒီလူတွေထဲက အကောင်းဆုံးတွေတောင်မှ သဘာဝ အရ သတ်ဖြတ်နိုင်ကြတဲ့ လူတွေဖြစ်ပြီး..သူတို့ကြုံတွေခဲ့ရတဲ့ အိပ်မက်ဆိုးတွေကြောင့်..နှလုံးသားတွေက အနက်ရောင်ဖြစ်နေကြပါပြီ.။

ဆိုးဝါးတယ် ဒါမှမဟုတ် ကောင်းမွန်တယ် ဆိုတဲ့ အမြုတေ ဆိုတာမျိုး မရှိပါဘူး..။အကုန်လုံးက အတူတူတွေပဲ ဖြစ်ပြီး သွေးစွန်းတဲ့ တိုက်ပွဲတွေကြားက ဆိုးဝါးတဲ့ မွန်းစတားတွေ ဆီကနေ ရထားခဲ့တာပါ..။ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ကိုယ်ပိုင်စာရင်းကို ဖန်တီးတဲ့ အချိန်ကြရင် ဒီလိုပဲ အသုံးပြုသွားမှာပါ။စေ◌ျးနှုန်းတွေကို သိပြီးသွားတဲ့ နောက်မှာတော့..သူက ကိုယ်ပိုင် အင်တာနက် ဆိုင်တစ်ခုကို ဖန်တီးဖို့အတွက် ဖောင်တစ်ခုကို ပြင်ဆင်လိုက်တယ်..။သူ အများကြီးတောင် စဉ်းစားမနေတော့ပဲ..’ အံ့ဩစရာ ကုန်စည်ပြပွဲ ‘ လို့ အမည်ပေးလိုက်ကာ…ဖောင်တစ်ခုလုံးကို ဖြည့်လိုက်ပါတယ်..။ယင်းနောက်..သူ့ရဲ့ အမြုတေတွေကို လေလံတင်ရမယ့် အချိန်ကို ရောက်လာခဲ့တယ်။ဆန်နီ ရိုးရှင်းစွာပဲ ရေးသား လိုက်ပါတယ်..။

‘ ကျရှုံးမူအဆင့် နတ်ဆိုးတစ်ကောင် ဖြစ်တဲ့ နာကျည်းသော ဟန်ဆောင်သူ ဆီကနေရတဲ့ ဝိဉာဉ် အမြုတေ လေးခု ။ဒီသတ္တဝါကို အံ့ဩစရာ ကုန်စည်ပြပွဲရဲ့ ပိုင်ရှင်ကိုယ်တိုင် သတ်ဖြတ်ပြီး စားသုံးခဲ့တယ်..။အဲ့မတိုင်ခင်တုန်းက နာကျည်းသော ဟန်ဆောင်သူက ရတနာသေတ္တာ တစ်ခုအဖြစ် ဟန်ဆောင်ပြီး လောဘတကြီး ရောက်လာတဲ့ လူတိုင်းကို စားသုံးခဲ့တယ်..။အဆုံးမှာတော့..သူ့ပါးစပ်နဲ့ မဆံ့တဲ့ အရာတစ်ခုကို စားသုံးဖို့ ကြိုးစားမိသွားခဲ့တာပဲ..’

ဒီလိုရေးပြီးတာနဲ့ သူက ကျေနပ်စွာပဲ စာရင်းကို အဆုံးသတ်လိုက်ပါတယ်..။သူက ဒီအရာကို ခနလောက်စိုက်ကြည့်ပြီး တစ်စုံတစ်ယောက်က ချက်ချင်းများ လာဝယ်မလားလို့ မျှော်လင့်နေပါသေးတယ်.။သို့ပေမယ့် ဘာမှ ဖြစ်မလာခဲ့ပေ..။ဆန်နီ သက်ပြင်းချလိုက်ပြီး ဆက်သွယ်ရေးစက်ကို သိမ်းလိုက်ကာ..အထဲကို ပြန်ဝင်လာခဲ့ပါတယ်..။

‘ မကြာခင်..ငါ ချမ်းသာတော့မယ်..’

သူ့ရဲ့ ဝိဉာဉ်အမြုတေ ရောင်းထွက်ဖို့အတွက် ရက်အနည်းငယ် လောက်ကြာသွားခဲ့တယ်..။ပြီးတဲ့ နောက်မှာတော့..သူ့အတွက်ခေါင်းကိုက်စရာ ကိစ္စဖြစ်တဲ့ လုံခြုံတဲ့ ပို့ဆောင်ရေးကို စီစဉ်ဖို့အတွက် ကြိုးစားခဲ့ရပါတယ်..။အားလုံးခြုံကြည့်လိုက်ရင်..ဒီဖြစ်စဉ်တစ်ခုလုံးက..သူ့ရဲ့ အချိန်တွေကို အများကြီး ယူဆောင်သွားခဲ့တာပါ။

သူ့ရဲ့ စီးပွားရေးကို ကြီးကျယ်အောင်မြင်ဖို့အတွက်..အရေးကြီးတဲ့ အသိပညာတွေ လိုအပ်နေသေးတယ် ဆိုတာကိုလည်း သူ ခံစားမိခဲ့ပါတယ်..။သူ ရောင်းချဖို့ကြိုးစားနေတဲ့ ထုတ်ကုန်တွေက ပထမတန်းစား တွေဆိုပေမယ့် စေ◌ျးပြိုင်ကမ်းလှမ်းမူတွေက မြင့်တက်လာခြင်းမရှိခဲ့ပါဘူး..။စေ◌ျးကွက်ထဲမှာက အသွင်ပြောင်းအဆင့် နဲ့ နိုးထမူအဆင့် တွေနဲ့ ယှဉ်ရင် ကျရှုံးမူအဆင့် ဝိဥာဉ်အမြုတေတွေက သိပ်မရှိပေ..။သူက သင့်တင့်မျှတတဲ့..ဝင်ငွေတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်ဆိုပေမယ့်..ရသင့်သလောက်တော့ မရခဲ့တာ အမှန်ပါပဲ..။

ဒါတောင်မှ ဒီပမာဏက စေ◌ျးပေါတဲ့ အဆင့်နိမ့်မှတ်သားမူ အချို့ကို ဝယ်ယူဖို့ လုံလောက်မူရှိနေပါသေးတယ်။ဆန်နီက ဘယ်သူမှ မဝယ်ချင်လောက်ကြအောင် အသုံးမဝင်တဲ့ မှတ်သားမူတွေကို လိုက်ကြည့်ကာ အနည်းဆုံးစေ◌ျးနဲ့ ကမ်းလှမ်းလိုက်ပါတယ်။ဒီအရာတွေကို ရောင်းချနိုင်တဲ့ ဘယ်သူမဆို ..နောက်ဆုံးမှာ ဒီမှတ်သားမူတွေကို ဖယ်ရှားနိုင်ကြပြီဖြစ်လို့ ပျော်ရွင်နေကြမှာ အသေအချာပါပဲ..။

ဆန်နီက ဒီမှတ်သားမူတွေကို ရရှိတာနဲ့ သူတော်စင်ကို ချက်ချင်းကျွေးဖို့ အတွက် ပြင်ဆင်ထားခဲ့တယ်။သို့ပေမယ့် အဲဒီမတိုင်ခင်မှာတော့..သူက မြေအောက်ခန်းဒိုဂျိုမှာ ရက်စက်သောမြင်ကွင်းနဲ့ အချိန်အတော်ကြာအောင် ..လေ့ကျင့်ခဲ့ပါသေးတယ်..။

တိုတောင်းတဲ့ ဓားတစ်ချောင်းကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူ့ဆီမှာ ကျစ်လစ်တဲ့ နားလည်နိုင်စွမ်းတွေ ရှိနေပေမယ့်..လှံရှည်တစ်ချောင်းနဲ့ ပတ်သက်လာရင်တော့ သူ့အတွက် အတော်လေးကို စိမ်းနေပါသေးတယ်..။ဆန်နီက ကိုယ်ခံပညာနဲ့ပတ်သက်ပြီး အခြေခံ နည်းစနစ်တွေကို နားလည်ထားပြီး..ဘယ်လိုလက်နက်ကိုမဆို သက်ရောက်မူရှိအောင် အသုံးပြုနိုင်စွမ်းရှိတယ် ဆိုပေမယ့်..ဒီအရာတွေကို ကျွမ်းကျင်နေဖို့အတွက်ကတော့ သူက အဝေးကြီးမှာ ရှိနေပါသေးတယ်။

သူ့ရဲ့ ဧည့်သည်အိပ်ခန်းထဲမှာ..ကျော်ကြားလှတဲ့ လှံ လက်နက် ကျွမ်းကျင်သူ ဝံပုလွေစောင့်ရှောက်သူ ရှိနေတာက ဘယ်လောက်တောင် ကြီးမားတဲ့ ကံကောင်းမူကြီးလဲ..

စိတ်မကောင်းစရာက ..သူမရဲ့ အခြေအနေကြောင့် ..သူနဲ့ လေ့ကျင့်ဖော်အဖြစ်လုပ်ပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး…။သို့ပေမယ့် ဒီအတွက် သူ့မှာ သူတော်စင်ရှိပါတယ်..။

အဆုံးမှာတော့..သူတို့သုံးယောက်က..မြေအောက်ခန်းထဲမှာ အချိန်အတော်ကြာအောင် ကုန်ဆုံးခဲ့ကြတယ်။အယ်ဖီကတော့ ဘေးကနေကြည့်နေပြီး သူ့ကို ဘယ်ဟာလုပ်သင့်တယ်..ဘယ်လိုလုပ်သင့်တယ် နဲ့ ဘယ်ဟာမလုပ်ရဘူးဆိုတာကို..အကြံပေးနေခဲ့ပါတယ်..။သူတော်စင်ကတော့ သူ့ရဲ့ ပြိုင်ဖက်အဖြစ် ယှဉ်ပြိုင်နေခဲ့ပြီး..ဆန်နီရဲ့ ကျွမ်းကျင်မူတွေကို အရောင်တင်ပေးနေခဲ့ပါတယ်..။ဆန်နီက နောက်တစ်ကြိမ်ဆိုသလိုပဲ သူကိုယ်သူ ထိုးနှက်ခံရတဲ့ သဲအိတ်ဘဝရောက် သလို ခံစားလိုက်ရတယ်။

ဒါက သူတို့အနက်ရောင်မြို့တော်ထဲက ပျက်ဆီးနေတဲ့ ဘုရားကျောင်းထဲက လျိုဝှက်အခန်းထဲမှာ လေ့ကျင့်ခဲ့ကြတဲ့ ရက်သတ္တပတ်တွေလိုပါပဲ..။အရင်တုန်းက ဘယ်လိုရူးသွပ်ပြီး..ကောင်းမွန်တဲ့အရာတွေကို လုပ်ခဲ့မိလဲ ဆိုတာကို တောင် ဆန်နီ ပြန်ပြီး အမှတ်ရမိပါသေးတယ်..။

သိုပေ့မယ့် အခုတော့ အခြေအနေတွေက ပိုပြီး ကောင်းမွန်လာခဲ့ပါပြီ..။ဒီမှာက လေ့ကျင့်နေစဉ်အတွင်းမှာ စားသုံးဖို့အတွက် မရေမတွက်နိုင်တဲ့ အရသာရှိ အစားအသောက်တွေ ၊ ဆေးဝါးတွေ နဲ့ ခန္တာကိုယ်ကို ရိုက်နှက်ခံရလို့ ဖြစ်ပေါ်လာတဲ့..ဒဏ်ရာတွေအတွက် ရေခဲတွေလည်း ရှိနေပါသေးတယ်..။

သူတော်စင်နဲ့ လေ့ကျင့်ရတာက အမှန်တကယ် သက်ရောက်မူ ရှိတယ်ဆိုပေမယ့်လည်း..သူမက ဘယ်လို ညှာတာပေးရမလဲ ဆိုတာကို တကယ် မသိပါဘူး…။ဒီလိုနဲ့ ရက်သတ္တပတ် အနည်းငယ် ကုန်လွန်သွားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..ဆန်နီ အချိန်အတော်ကြာအောင် ကြောက်ရွံ့နေခဲ့တဲ့ အရာက နောက်ဆုံးမှာ..မလွဲဧကန်ဖြစ်လာခဲ့ပါတယ်..။ဒါက အလင်း နဲ့ အမှောင်ထု ရဲ့သံစဉ်..ကနဦးပြသမူကို..ကိုင် နဲ့အတူ ပူးပေါင်းပါဝင်ပေးရမယ့် အချိန်ပါပဲ..။

အပိုင်း ( ၄၇၅ ) ပြီး၏။

All Chapters