← Chapters

အလင်းနဲ့ အမှောင် ရဲ့ သံစဉ်တစ်ပုဒ်

Vol. 32 Ch. 476

အလင်းနဲ့ အမှောင် ရဲ့ သံစဉ်တစ်ပုဒ်

Vol. 32 Ch. 476

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီက လူတွေပြည့်နေတဲ့ ရုပ်ရှင်ရုံရဲ့ နောက်ဆုံးတန်းမှာထိုင်ပြီး..သူ့ဘဝရဲ့ ရွေးချယ်စရာတွေကို ပြန်စဉ်းစားနေခဲ့တယ်။မီးတွေအားလုံးကို ပိတ်ထားပြီးပြီ ဖြစ်ပေမယ့် ဒါက သူ့အတွက်တော့..ဘာမှ မထူးခြားပါဘူး..။လူတွေကတော့ ရုပ်ရှင်ကို ကြည့်ဖို့အတွက် အတော်လေးကို စိတ်လှုပ်ရှားနေခဲ့ကြတယ်..။အထူးသဖြင့် သူ့ဘေးနားမှာ ရှိနေတဲ့ အယ်ဖီဖြစ်ပြီး..ပေါက်ပေါက်လို့ခေါ်တဲ့ အရာတစ်ခုကို ဝါးပြီး..စခရင်ကို စိုက်ကြည့်နေခဲ့ပါတယ်..။

အမှောင်ထုထဲမှာတော့ နူးညံ့သိမ်မွေ့တဲ့ သီးချင်းသံစဉ်တစ်ပုဒ်ကို စတင်ဖွင့်လာခဲ့တယ်။ဒီသံစဉ်က နေရာတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပြီး..ပရိတ်သတ်တွေကို ကြက်သီးမွှေးညှင်း ထစေပါတယ်..။အယ်ဖီက ရုတ်တရက် သူ့ရဲ့ နံရိုးကို တံတောင်နဲ့တွတ်လိုက်ပြီး.

“ဒီ သီချင်းကို ရေးထားတဲ့ တေးရေးဆရာက ဘယ်သူလဲဆိုတာကို နင်သိလား..။အဲဒါက ဂရက်ဖင် ပဲ..။သူတို့ ဒီလူကို ဘယ်လိုဆွဲဆောင်လိုက်တာလဲ ဆိုတာ မသိတော့ဘူး..။ဒါပေမဲ့ သူက ဇာတ်ကားတစ်ခုလုံးကို ဆွဲတင်ပေးထားတာ..။တကယ်ကို ဂုဏ်ယူစရာပဲ..။နင် ဒါကို ယုံကြည်နိုင်ရဲ့လား..”

ဆန်နီကတော့ ဂရက်ဖင်ဆိုတာ ဘယ်သူမှန်းတောင် မသိပါဘူး..။သိုပေမယ့်..အယ်ဖီရဲ အမူအရာကို ကြည့်ရသလောက်တော့ ဒါက ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်မှာပါ။သူ့ရဲ့ နံရိုုးတွေကို မျက်နှာ ရှုတ်မဲ့စွာ ပွတ်လိုက်ရင်..သူက မရည်မွန်တဲ့ အဖြေကို ပြန်ပြောလိုက်တယ်..။

“ ယုံကြည်နိုင်တယ်..”

စခရင်ပေါ်မှာတော့..ကျယ်ဝန်းပြီး လှပတဲ့ အခန်းတစ်ခုရဲ့ အတွင်းပိုင်း အပြင်အဆင်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ငွေရောင်ဆံပင်နဲ့ မိန်းမငယ်လေးတစ်ယောက်က …ကော်ဇောပေါ်မှာ ကစားနေခဲ့ပြီး..မျက်ကွင်းတွေညိုနေတဲ့ ခန့်ညားတဲ့ လူတစ်ယောက်က..မြေပုံတစ်ခုကို လေ့လာနေခဲ့တယ်။

‘ ဘယ်လို ငရဲမျိုးလဲ.’

ဒါက နစ်ဖီကို ရိုက်ပြထားတာလား..။ဒီလိုဆိုရင် သူမရဲ့ ဆံပင်တွေက အနက်ရောင်ဖြစ်သင့်ပါတယ်။သူမ က ပထမအိပ်မက်ဆိုး ပြီးဆုံးသွားတဲ့ အချိန်ကြမှ ဆံပင်က အဖြူရောင်ပြောင်းသွားခဲ့တာပါ။

အယ်ဖီ တခစ်ခစ်ရယ်မောလိုက်တယ်..။

“ ချစ်စရာလေး..”

အဲ့အချိန်မှာတော့ ကလေးမလေးက စားပွဲနားကို ကပ်သွားပြီး သူ့ရဲ့ အပေါ်မှာ တင်ထားတဲ့ ထူးဆန်းတဲ့ ဓားတစ်လက်ကို ထိတွေ့ဖို့ လုပ်လိုက်တယ်..။ဓားသွားက တိုတောင်းပြီး ပုံပျက်နေခဲ့ပါတယ်။ဒါက အချိန်အတော်ကြာကတည်းက ကျိုုးပဲ ထားတဲ့ပုံပါပဲ..။

မိန်းကလေးက ဓားကြောင့် ထိခိုက်မူ မဖြစ်ခင်မှာပဲ..လူကြီးက ဓားကို မပြီး သူမနဲ့ ဝေးရာနေရာကို ရွေ့ထားလိုက်တယ်။

“ ဒါအရုပ် မဟုတ်ဘူး , နစ်ဖီ “

ဆန်နီ သူ့မျက်နှာကို အုပ်ထားပြီး မျက်နှာ ရှုပ်မဲ့နေခဲ့ပါတယ်။

“ဒါပေမဲ့ ..ဒယ်ဒီ..ဒယ်ဒီရဲ့ ဓားက ဘာလို့ ကျိုးနေတာလဲ..”

လူကြီးက ပြုံးလိုက်ပြီး..

“ကျိုးပဲ့နေတော့ရော ဘာဖြစ်လို့လဲ..။ဒါက ထက်ရှနေသေးတယ်လေ..”

ယင်းနောက် သူက ကလေးမလေး ရဲ့ ပုခုံးပေါ်ကို လက်တင်ပြီး..သူမကို လေးနက်တဲ့ အမူအရာတွေနဲ့ ကြည့်လိုက်ပါတယ်..။

“တစ်နေ့မှာ..သမီးလည်း ဓားကို ကိုင်ရတဲ့ အချိန်ရောက်လာလိမ့်မယ်..အချစ်ကလေး..။အဲ့အချိန်ကျရင် ဒီတစ်ခုကို မှတ်ထားပါ..။နိုးထသူတွေ ဆိုတာက လူသားတွေကို ကာကွယ်ဖို့ အတွက်ပဲ ဓားကို မြောက်ကြတယ်..။အဖေတို့တွေ လက်မလျော့သရွေ့..အခြေအနေတွေ ဘယ်လောက်ပဲ ခက်ခဲနေပါစေ..မျှော်လင့်ချက်ဆိုတာ ရှိစမြဲပဲ..။ဒီဓားလိုပဲ..လူသားတွေ ဆိုတာက မြင်နေရတာထက် ပိုပြီး ခံနိုင်ရည် ရှိကြတယ်..”

ဆန်နီ စိတ်ဝင်တစား ကြည့်နေခဲ့တယ်။

“ခနလေး..ဒါက ဘာ အဓိပ္ပါယ်မှတောင် မရှိဘူးလေ..’

သို့ပေမယ့် မြင်ကွင်းကတော့ ပြောင်းလဲသွားခဲ့ပါပြီ။စခရင်က တစ်ခနလောက် အမှောင်ကျသွားခဲ့ပြီး..ဇာတ်လမ်းက အနာဂတ်ဆီကို ကူးပြောင်းသွားခဲ့တယ်..။အခုတော့ နစ်ဖီက..ကျောက်စိမ်းလို အလှအပ ၊ သေးသွယ်တဲ့ ခါး ၊ ထည်ဝါတဲ့ ပုံရိပ်..၊ ရှည်လျားတဲ့ မျက်တောင် တွေ နဲ့..အညိုရောင် မျက်လုံးတွေ ရှိနေပြီး အကယ်ဒမီ ထဲကို ဝင်လာနေခဲ့ပါတယ်..။နောက်ပိုင်းမှာတော့..သူမက လေ့ကျင့်ရေးကွင်းမှာ..တစ်ခြားအိပ်စက်သူတွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက်အနိုင်ယူပြီး..အသိပညာစကားလုံးတွေကို ပြောကြားနေခဲ့တယ်။

“ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွတ်နဲ့ “ ဒါမှမဟုတ် “ မင်းရဲံ တာဝန်ကို အမှတ်ရပါ “ ဒါမှမဟုတ် “ ငါတို့ အားလုံးက လူသားတွေပဲ” ဆိုတဲ့ စကားတွေကိုပါ.။

ဝါဒဖြန့်ချီရေးတွေက အရမ်းကို များပြားပြီး ကလေးဆန်နေတာကြောင့်..ဆန်နီ အကူညီမဲ့နေခဲ့တယ်..။

ကျောက်စိမ်း အလှအပလေး အနိုင်မယူနိုင်တဲ့ တစ်ယောက်တည်းးသော ခန့်ညားတဲ့ လူငယ်လေ‌ေကတော့..ကြွက်သားတွေ အပြည့်နဲ့ ခန္တာကိုယ် ၊ ကျယ်ပြန့်တဲ့ ပုခုံး.. ပြီးတော့ နူးညံ့သိမ်မွေ့တဲ့ ဟန်လီ ကလန်ရဲ့ ကတ်စတာ ပါ..။

‘ အိုး..နိုး…။အဲလို မလုပ်ပါနဲ့..’

ကိုင်က သူ့ကိုလာပြီး ဖိတ်ကြားကတည်းက ဆန်နီက ဒီအရာကို ခန့်မှန်းထားမိသင့်တာပါ..။ဒါပေမဲ့ ဇာတ်ကားရဲ့ ဒါရိုက်တာက သိသာစွာပဲ..သူတို့နှစ်ယောက်ကြားမှာ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို တည်ဆောက်ချင်နေခဲ့တယ်..။အကယ်ဒမီ မှာ သူတို့နှစ်ယောက် ပြောနေကြတဲ့ စကားတွေက…ဓားပညာအကြောင်းတွေ ဆိုပေမယ့်..တစ်နည်းအားဖြင့် နက်ရှိုင်းစွာပဲ..ရည်ငံမူတွေ ရှိနေခဲ့ပါတယ်..။

သရုပ်ဆောင်တွေကလည်း ရူသွပ်လောက်အောင် တွဲဖက်မိနေခဲ့ကြတယ်..။

သူကတော့ သွေးအန်ချင်နေခဲ့ပြီ ဖြစ်ပေမယ့်..ပရိတ်သတ်တွေတော့..ဇာတ်ကောင်နှစ်ယောက် ကြောင့် စိတ်လှုပ်ရှားနေခဲ့ကြပါပြီ..။

ဆန်နီကတော့..ဒီလို လုံးဝ အဓိပ္ပါယ်မရှိတဲ့ အရာကြီးကို အချိန်အကြာကြီး ကြည့်နေစရာ မလိုအပ်ခဲ့ပေ..။ဒါက အဲ့အချိန်မှာပဲ..သူ့ရဲ့ ကိုယ်ပိုင်ဇာတ်ကောင်ကို စတင် မိတ်ဆက်လာခဲ့လို့ပါ..။

“ ဒါက ဘယ်လို ငရဲမျိုးလဲ..”

သူ့နေရာကို သရုပ်ဆောင်တဲ့ သူက..ကလေးတစ်ယောက်ဖြစ်နေခဲ့တယ်..။ဒါက အသက် ၁၃ နှစ် အရွယ်လောက် ကလေးတစ်ယောက်ဖြစ်ပြီး..လှည့်စားတတ်တဲ့ အပြုံးတစ်ခုက မျက်နှာပေါ်မှာ ရှိနေခဲ့တယ်..။သူက အပြောအဆို မတတ်တာကြောင့် မကြာခန အရိုက်နှက်ခံနေခဲ့ရပါတယ်..။ဒီထက်ပိုဆိုးတာက..သူက လုံးဝကို ပညာမတတ်၊ နမော်နမဲ့ နိုင်တဲ့..ငတုံးတစ်ယောက် အဖြစ် အသက်သွင်း ဖန်တီးထားခဲ့တာပါ။

အတိုချုပ်ပြောရရင် ..ဆန်နီက ရယ်စရာ ဇာတ်ကောင်တစ်ခုပါပဲ..။

သူက အယ်ဖီ ဘက်ကို ဒေါသတကြီး လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..တိတ်တိတ်ကလေး ကျိတ်ရယ်နေတဲ့ အယ်ဖီကို တွေ့လိုက်ရတယ်။

“..အိုး..ငါ့ကောင်…ဒီဇာတ်ကား ရဲ့ ဒါရိုက်တာက ဘယ်သူများလဲ..။ငါ သူ့ဆီကို ပန်းစည်းပို့ပေးဖို့ လိုအပ်နေပြီ..”

သူ့ရဲ့ အရိပ်တွေတောင်မှ ရယ်မောနေခဲ့ကြတယ်.။နှစ်ယောက် စလုံးပါ..။

ဆန်နီ အံကို ကြိတ်လိုက်ပြီး..သူ့ကို ဒီလိုအရာကို သည်းခံပြီးလာကြည့်ခိုင်းတဲ့ ကိုင် နဲ့ အယ်ဖီကို လက်စားချေဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်..။ပြီးတာနဲ့ သူက စခရင် ဘက်ကို ပြန်လှည့်လိုက်တယ်..။

နောက်ဆုံးမှာတော့ နစ်ဖီက အိပ်မက်ကမ္ဘာထဲကို ဝင်ရောက်သွားပြီး..သူမကိုယ်သူမ..မေ့ပျောက်ကုန်းမြေထဲကို ရောက်နေတာ တွေ့ခဲ့ရပါတယ်..။သန္တာကျောက် ဝက်ပါ..နဲ့ အနက်ရောင် ပင်လယ်တို့ကို အသေးစိတ် ဖန်တီးထားခဲ့တာကြောင့် သူ အကူအညီမဲ့စွာပဲ ကြက်သီးထသွားခဲ့တယ်..။

“ကောင်းပြီလေ..အနည်းဆုံးတော့ သူတို့က သုတေသန လုပ်ထားကြသေးတာပဲ.”

နစ်ဖီ အမှောင်မြို့တော်ကို သွားတဲ့ လမ်းတစ်လျောက်မှာတော့ ပရိတ်သတ်တွေက အသက်ရူတွေ အောင့်ထားခဲ့ကြရတယ်..။အနက်ရောင်ဒီရေ ရဲ့ ကြောက်မက်ဖွယ်ရာ သဘောသဘာဝ ၊ ဝက်ပါထဲမှာ ရှိတဲ့ အိပ်မက်ဆိုးသားရဲ့့ တွေနဲ့ တိုက်ပွဲ တွေက..လေးထုကို အဆုံးစွန်ဆုံးအထိ တင်းကြပ်စေခဲ့ ပါတယ်..။

ဒါပေါ့..အဓိက ဇာတ်ကောင်က ဇာတ်လမ်းအစမှာတင် သေဆုံးသွားမှာ မဟုတ်ဘူးဆိုတာကို အာလုံးက သိထားကြပြီးသားပါ..။သို့ပေမယ့် ဆန်နီ နဲ့ ကတ်စီ တို့ရဲံ အခန်းတွေ ပါဝင်လာတဲ့ အချိန်မှာတော့..။သူထင်ထားသလိုပဲ..ဇာတ်လမ်းက..သူတို့နှစ်ယောက်ကို နစ်ဖီရဲ့ သူရဲကောင်း ခရီးလမ်းတစ်လျောက်လုံးမှာ အရှုပ်ထုတ်တွေ အဖြစ် ဖော်ပြထားခဲ့ပါတယ်။သိုပေမယ့်..ဆန်နီကို သိကြတဲ့ လူတွေက အရမ်းကို နည်းပါးလွန်းတာကြောင့်..သူရဲ့ ကံတရားက မသေချာခဲ့ပါဘူး..။

နစ်ဖီက အသက်ရှင်မှာ သေချာတယ် ဆိုပေမယ့် ကျန်တဲ့ သူငယ်ချင်း နှစ်ယောက်ကရော..။

ပြီးတော့..သူ့ရဲ့ ကာရိုက်တာ ကျေးဇူးကြောင့်..လေးထုသိပ်သည်းပြီး လေးနက်နေတဲ့ အချိန်တွေမှာတောင်..ရယ်စရာအခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်..။အကြိမ်အနည်းငယ်ဆိုသလိုပဲ..ပရိတ်သတ်တွေက စခရင်ပေါ်က ဆန်နီကြောင့် ရယ်မောစရာတွေ နဲ့ ကြုံခဲ့ကြရတယ်..။အထူးသဖြင့်..သူက တုံးအတဲ့ အရာမျိုးတွေ လုပ်မိတာ ဒါမှမဟုတ် မသင့်လျော်တဲ့ စကားတွေ ပြောမိတဲ့ အချိန်မျိုးတွေမှာပါ..။

သူက ..အားလုံးးစိတ်ထဲမှာ စွဲထင်စေမယ့် စကားလုံးတွေကိုတောင် ဖန်တီထားနိုင်ခဲ့တယ်..။အဲတာကတော့..” နင်ရူးနေတာလား..” ဆိုတာပါပဲ..။

ဒါက ပရိတ်သတ်တွေကို ရယ်မောစေရုံသာမကပဲ..နစ်ဖီအတွက်ပါ သူမရဲ့ တန်ဖိုးမရှိတဲ့ နောက်လိုက်ကို သင်ကြားပေးဖို့အတွက် အခွင့်အရေး ရသွားစေခဲ့တယ်..။

အမှန်တကယ် ကြည့်နေရတဲ့ ဆန်နီကတော့ မပျော်ရွင်ခဲ့ပါဘူး..။ဘာလို့လဲဆိုတော့ ဒီလူတွေက သူနဲ့အတူ ရယ်မောနေကြတာမျိုး မဟုတ်ပဲ..သူ့ကို ရယ်မောနေခဲ့ကြတာပါ။

‘အရူးတွေ..မင်းတို့သိတာ ဘာမှ မရှိဘူး..’

ဒီလူတွေက ဘာမှ သိကြတာ မဟုတ်ပါဘူး…

အမှောင်မြို့တော်ကို သွားတဲ့ လမ်းမှာ သူတို့သုံးယောက် ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို မသိကြတာကြောင့်..အဲဒီနေရာမှာ နစ်ဖီ ဖြတ်ကျော်ဖို့အတွက် အန္တရာယ် အနည်းငယ်ကို ထည့်းသွင်းပေးထားခဲ့ပါတယ်..။

နောက်ဆုံးမှာတော့..သူတို့က ရှေးဟောင်းမြို့တော်ကို ရောက်လာခဲ့ကြပြီး..အယ်ဖီနဲ့ စတင်တွေ့ရှိခဲ့ကြတယ်..။

..သူမနေရာကို သရုပ်ဖော်ထားတာက..အတော်လေးကို ကြည့်ရူချင်စရာကောင်းပါတယ်..။အခြေခံအားဖြင့်..မုဆိုးမိန်းကလေး နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးက အတော်လေးကို စွဲဆောင်မူ ရှိနေခဲ့တယ်..။သို့ပေမယ့်..သူမကို ကြံ့ခိုင်သန်မာပြီး..ဉီးနှောက်မရှိတဲ့ လူတစ်ယောက်အဖြစ် ဖန်တီးထားခဲ့ပါတယ်..။သူမ သိတာဆိုလို့..တိုက်ခိုက်မယ် ၊ စားသောက်မယ်..ပြီးတော့ ပစ္စည်းတွေကို ချိုးဖျက်မယ် ဆိုတာပါပဲ..။

ဆန်နီက လက်စားချေလိုစိတ် ၊ ပီတိဖြစ်တဲ့ စိတ် တွေ အပြည့်နဲ့ အယ်ဖီဘက်ကို လှည့်ကာ ပြုံးလိုက်တယ်..။

ဒါက အမြဲတမ်းပျော်ရွင်နေတဲ့ အမျိုးသမီးလေးဟာ ပထမဆုံးအကြိမ်အဖြစ် ပြီးပြည့်စုံတဲ့ အရှက်ရစရာကိစ္စနဲ့ ကြုံတွေ့ခဲ့ရတာပါ..။

“ခုနက ရိုက်ကူးတဲ့ ဒါရိုက်တာလို့ နင်ပြောလိုက်တာလား.။ငါလည်း သူ့ကိုပန်းစည်း ပေးပို့သင့်တယ်လို့ ထင်တာပဲ..”

အပိုင်း ( ၄၇၆ ) ပြီး၏။

All Chapters