← Chapters

အားပါးတရ ဩဘာပေးခြင်း

Vol. 32 Ch. 477

အားပါးတရ ဩဘာပေးခြင်း

Vol. 32 Ch. 477

နစ်ဖီ အမှောင်မြို့တော်ကို ရောက်လာပြီးတဲ့ အချိန်မှာတော့..မုဆိုးမိန်းကလေးပါ. ဇာတ်လမ်းထဲမှာ .ပါဝင် လာခဲ့တယ်..။ဆန်နီ နဲ့ အယ်ဖီ နှစ်ယောက်စလုံးက..မကြည်လင်တဲ့ မျက်နှာအမူအရာတွေနဲ့ ကျန်ရှိနေတဲ့ ရုပ်ရှင်အပိုင်းတွေကို ကြည့်ရူနေခဲ့ကြပါတယ်..။

ဒုတိယမြောက် ပြသထားတဲ့ အရာကတော့..အပြင်ဘက် နေထိုင်မူရပ်ကွက် ပါ.။..နစ်ဖီက အဲဒီမှာ ပိတ်မိနေတဲ့ လူငယ် မိန်းကလေး ၊ ယောက်ျားလေးတွေကို သူရဲ့ကောင်းဆန်စွာ..ကာကွယ်ဖို့ကြိုးစားကာ..စိတ်ဓာတ်ခွန်အားတွေပေးပုံကို ရိုက်ကူးထားခဲ့တာပါ။အဲဒီမှာတော့..ခွန်အားပေးတဲ့ ပြောကြားမူတွေ ၊ အမှောင်မြို့တော်ထဲက အန္တရာယ်များတဲ့ စူးစမ်းရှာဖွေမူတွေ နဲ့ ဂန်လောင်ရဲ့ အင်အားစုတွေနဲ့ ဖြစ်တဲ့ ပဋိပက္ခတွေ ပါဝင်နေခဲ့တယ်။

လူထုကို ရယ်မောစေရတဲ့ ငယ်ရွယ်တဲ့ ဆန်နီရဲ့ ပရုတ်သုတ်ခ အခြေအနေတွေလည်း အများကြီးပါတယ်..။တစ်ချို့အချိန်တွေ ဆိုရင် လူတွေက သူနဲ့ အတူ ‘ နင်ရူးနေပြီလား ‘ ဆိုတဲ့ စကားကိုတောင် လိုက်ပြီး အော်နေကြပါသေးတယ်..။ခနအကြာမှာတော့..သူက ခါတိုင်းလို မေးခွန်းတွေ မထုတ်တော့ပဲ..’ငါရူးနေပြီလား ‘ လို့သာ ပြောပြီး နစ်ဖီနောက်ကို လိုက်သွားတာကလည်း..သဘောကျစရာ အခြေအနေတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။

သို့ပေမယ့် ဇာတ်လမ်းရဲ့ အစိတ်အပိုင်း အများစုကို..နစ်ဖီနဲ့ ကတ်စတာ နှစ်ယောက်အကြားက..အပြန်အလှန်လေးစားမူ နဲ့ ရဲဖော်ရဲဖက် စိတ်ဓာတ်တွေကိုပဲ အသားပေး ရိုက်ကူးထားခဲ့ပါတယ်..။ခန့်ညားတဲ့ ဇာတ်လိုက်မင်းးသားက သူမရဲ့ ညာလက်ရုံးအဖြစ် ရှိနေတာကြောင့် ပြောင်းလဲနေတဲ့ ကြယ်ပွင့်က..အပြင်ဖက်နေထိုင်သူတွေကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီး..တရားမမျှတစွာ အကျဉ်းကျနေတဲ့ အယ်ဖီကို ကယ်တင်ဖို့အတွက် ဂန်လောင်ကို စိန်ခေါ်ခဲ့ပါတယ်။

ဒီမှာရိုက်ကူးထားတာတွေက အစစ်အမှန်အခြေအနေနဲ့ ဘာမှသက်ဆိုင်တာမျိုး ရှိမနေဘူးဆိုရင်တောင်..ဇာတ်လမ်းထဲက အတွဲကတော့ တစ်နည်းအားဖြင့် လိုက်ဖက် ညီနေခဲ့ပါတယ်..။သူရဲကောင်း တွေ နဲ့ ရက်စက်တဲ့ အုပ်ချုပ်သူရဲ့ လှုပ်ရှားမူတွေက အရမ်းကောင်းမွန် ပြီး ဒရမ်မာဆန်တယ်။ ခံစားချက်တွေကို ကောင်းမွန်စွာပုံဖော်နိုင်တယ်..။သို့ပေမယ့် အပြင်လောကမှာသာ ဒီလိုပုံစံအတိုင်း သွားပြီးတိုက်ခိုက်မယ် ဆိုရင်..ရန်သူတွေက ရယ်မောနေကြပါလိမ့်မယ်..။

တတိယ ပြသမူကတော့..ကြက်သွေးရောင် ထိပ်ဖျားကို ဝန်းရံတိုက်ခိုက်တာပါ.။အယ်ဖီ နဲ့ တစ်ခြားသူရဲကောင်းတွေဟာ ပထမတန်းမှာ နေရာယူထားခဲ့ကြတယ်..။ကိုင် ကတော့..ကောင်းကင်ပေါ်မှာ ဆူးချွန်ဆတ်သားတွေနဲ့ တိုက်ပွဲဝင်နေခဲ့ရပါတယ်..။နစ်ဖီနဲ့ ကတ်စတာတို့က ကျောချင်းကပ် တိုက်ခိုက်နေကြပြီး..ဒါဇင်ပေါင်းများစွာရှိတဲ့ အိပ်မက်ဆိုးသားရဲတွေကို အတူအကွ တိုက်ခိုက်နေခဲ့ကြတယ်..။

ပရိတ်သတ်တွေက အသက်ရူဖို့ အတွက်တောင် မေ့ပျောက်နေခဲ့ကြပြီး..သူတို့ရိုက်ကူးထားတဲ့ တိုက်ပွဲပုံစံက အတော်လေးကို ကောင်းမွန်တယ် ဆိုတာကို ဆန်နီတောင် ဝန်ခံရပါလိမ့်မယ်..။ဒီနေရာမှာတော့..ဗရမ်းဗတာ ဖြစ်မူတွေ ၊ ထိပ်လန့်မူတွေ နဲ့..လူသားတွေက ဆိုးဆိုးဝါးဝါး အစုလိုက်အပြုံလိုက် သေဆုံးမူတွေကို မြင်တွေ့ နေခဲ့ရတယ်.။လူတွေ သဘောကျလာခဲ့ကြတဲ့ အရံဇာတ်ကောင်တွေက..သူရဲံကောင်းဆန်စွာ ကျရှုုံးခဲ့ကြတာကြောင့် အမှောင်ထုထဲကနေ ရှိုက်ငိုတဲ့ အသံတွေ တောင် ထွက်ပေါ်လာခဲ့ပါသေးတယ်..။

လှပတဲ့ သံစဉ်တစ်ခုကို ထည့်သွားထားတာကြောင့် လေထုက အရမ်းကြီးတော့ ဆိုးဝါးမနေခဲ့ပေ..။အပြန်အလှန်အနေနဲ့..လူသားတစ်ယောက်က ဒီလိုသေဆုံးရတာဟာ..ထည်ဝါပြီး ဂုဏ်သိက္ခာရှိတဲ့ အရာတစ်ခုလို့တောင် ခံစားနေရပါသေးတယ်..။

အနည်းငယ် သက်သောင့်သက်သာ မရှိတဲ့ ဆန်နီက ..ခုန်ကို အနည်းငယ် ရွေ့လိုက်တယ်..။

‘ ဒီ ဂရက်ဖင် ငနဲက သံစဉ်တစ်ခုကို ဘယ်လို ဖန်တီးရမလဲ ဆိုတာကို ကောင်းကောငိး သိနေတာပဲ..’

အနက်ရောင် ဒီရေတွေက မြင့်တက်လာပြီး ကျန်ရှိနေတဲ့ စစ်သည်တော်တွေ အားလုံးကို ဝါးမြိုသွားဖို့အတွက် ခြိမ်းခြောက်ရင်း အဆိုးဆုံး အခြေအနေကို ရောက်လာခဲ့တဲ့ အချိန်မှာတော့..ရုတ်တရက် ပြောင်းလဲမူတစ်ခုက ဖြစ်ပျက်လာခဲ့တယ်..။ပင်လယ်ကြီးက ရုတ်တရက် နောက်ကို ပြန်ဆုတ်သွားပြီး..မွန်းစတားတွေက မြေကြီးပေါ်ကို စတင် လဲကျသွားခဲ့တာပါ..။ဒဏ်ရာတွေ ၊ သွေးတွေနဲ့ ပြည့်နှက်နေတဲ့ ကတ်စတာက ..နစ်ဖီကို ကြည့်ပြီး တီးတိုးပြောလိုက်တယ်..။

“မိန်းကလေး…နေလုံးက..”

အမှန်တကယ်ပဲ နေလုံးက ရုတ်တရက်ဆိုသလို နီးရဲလာခဲ့ပြီး..ကျန်ရှိနေသေးတဲ့ အိပ်မက်ဆိုးသားရဲတွေနဲ့ လူသားတွေကို အမြစ်ဖြတ်သုတ်သင်ဖို့ ကြိုးစားလာခဲ့တယ်။ဒီဇာတ်ကားတစ်ခုလုံးမှာ ပထမဆုံးအကြိမ်အဖြစ်..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ မျက်နှာပေါ်မှာ မသေချာမရေရာ မူတွေ ပေါ်ထွက်လာခဲ့ပါတယ်..။

အဲ့အချိန်မှာပဲ ပရိတ်သတ်တွေ လုံးဝ ထင်မှတ်မထားတဲ့ လူတစ်ယောက်ဆီကနေ..ကယ်တင်မူ တစ်ခုက ရောက်လာခဲ့တယ်..။ရှင်းလင်းတဲ့ ခေါင်းလောင်းသံတစ်ခုက လေထဲမှာ မြည်လာခဲ့ပြီး..အဲဒီအရာကို..အသုံးမကျတဲ့ ဆန်နီရဲ့ သေးငယ်တဲ့ ပုံရိပ်လေးတစ်ခုက ဖန်တီးနေခဲ့တာပါ။သူက ကြီးမားတဲ့ တာဝါကြီး အနားမှာ ရှိနေခဲ့ပြီး အားလုံးကို လက်ဝေ့ယမ်းပြနေခဲ့တယ်..။

ရှင်သန်သူတွေက..ကြက်သွေးရောင် မျှော်စင်ကြီးဆီကို ပြေးသွားကြပြီး အထဲကို ဝင်လိုက်ကြတယ်..။

အဲဒီမှာတော့..နစ်ဖီက ဆန်နီဖက်ကို လှည့်လာကာ ကြည့်လိုက်ပြီး..

“ အားလုံးလွတ်မြောက်နိုင်ဖို့ အတွက် တစ်စုံတစ်ယောက် တယ်ရာ ကို အာရုံလွဲထားဖို့ လိုအပ်တယ်..။ငါက အဲဒီ အိပ်မက်ဆိုးနဲ့ တိုက်ခိုက်မှာ မို့လို့..နင်လုပ်ပေးရမယ့် အရေးကြီးတဲ့ အရာတစ်ခု ရှိနေတယ်..။ဒီလူတွေ အားလုံးကို ထွက်ပေါက်ဆီကို..ခေါ်သွားပေးပါ..”

ဇာတ်လမ်းထဲမှာတော့..ဆန်နီက နစ်ဖီကို ထိပ်လန့်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်။

“ လေဒီ နစ်ဖီ..နင်ရူးနေပြီလား..။ငါက ဒီတိုင်း မြို့ပြင်က ကိုးရိုးကားယား နိုင်တဲ့ ကောင်လေးတစ်ယောက်ပဲလေ..။ဒီလို အရေးကြီးတဲ့ ကိစ္စကို ဘာလို့ ငါ့ကို တာဝန်ပေးရတာလဲ..”

အစစ်အမှန် ကမ္ဘာက ဆန်နီကတော့ အသံထွက်ပြီး မကျိန်ဆဲမိအောင် ထိန်းချုပ်နေခဲ့ရတယ်..။ပရိတ်သတ်ထဲက လူတွေကတော်..စိတ်ခံစားချက်တွေ အတော်လေး ဖြစ်ပေါ်နေခဲ့ပါတယ်..။

“ နင် လုပ်နိုင်တယ် ဆန်နီ..”

“ မင်းလုပ်နိုင်တယ်..ကောင်လေး..”

“ မင်းက အကောင်းဆုံး လမ်းထောက်လှမ်းသူ ပဲ..။ကိုယ့်ကိုကို အထင်မသေးနဲ့..”

မျက်နှာပြင်ပေါ်မှာတော့..နစ်ဖီရဲ့ နေရာမှာ သရုပ်ဆောင်နေတဲ့ လှပတဲ့ မင်းသမီးက.သူမရဲ့ ရှေ့မှာရှိတဲ့ သနားစရာ ကောင်လေး ရဲ့ ပုခုံးကို ကိုင်လိုက်ပြီး..

“ငါတို့ နိုးထသူတွေ ဆိုတာက..လူသားတွေကို ကာကွယ်ဖို့အတွက် အမြဲတမ်း အသင့်ရှိနေဖို့လိုအပ်တယ်..။အခြေအနေတွေက ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ..ငါတို့လက်မလျော့သရွေ့..မျှော်လင့်ချက် ဆိုတာက ရှိနေတုန်းပဲ..။ငါ နင့်ကို ယုံကြည်တယ် ဆန်နီ..။နင်က နင်ထင်ထားတာထက် ပိုပြီး စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ပဲ..”

ဒီလိုပြောပြီးတာနဲ့ သူမက ရှင်ကျန်သူတွေကို ထားခဲ့ပြီး..တယ်ရာ နဲ့ တိုက်ခိုက်ဖို့ ထွက်သွားခဲ့ပါတယ်..။ဆန်နီကတော့ အားလုံးကို ထွက်ပေါက်ဆီ ခေါ်သွားပေးခဲ့တယ်..။ပြီးတော့ လမ်းရဲ့ တစ်နေရာအရောက်မှာ..ကတ်စတာက ..ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ကူညီပေးဖို့အတွက် အဖွဲ့ထဲကနေ ခွဲထွက်ကာ တိုက်ပွဲနေရာကို သွားခဲ့ပါတယ်.။

ဇာတ်လမ်းရဲ့ နောက်ဆုံးအပိုင်းကိုတော့..အသက်ရှင်ကျန်ရစ်သူ တစ်ရာကျော်က ထွက်ပေါက် ကိုသွားတဲ့ လမ်းတစ်လျောက်လုံးမှာ တိုက်ခိုက်နေကြတာနဲ့..ကံဆိုးတဲ့ စုံတွဲက မျှော်စင်ရဲ့ ထိပ်ဖျားမှာ ကြောက်မက်ဖွယ်ရာ သားရဲနဲ့ တိုက်ခိုက်နေရတာကို ဖော်ပြထားခဲ့တယ်။

ပရိတ်သတ်ထဲက လူတွေ အများကြီးကတော့..သူတို့နှစ်ယောက်စလုံး အစစ်အမှန်ကမ္ဘာကို ပြန်လာနိုင်ကြမှာ မဟုတ်ဘူးဆိုတာကို သိနေတဲ့ အတွက် ငိုကြွေးနေကြပါပြီ..။

အဆုံးမှာတော့..ကတ်စတာက နစ်ဖီကို ကာကွယ်ရင်းနဲ့ သူ့ရဲ့ အသက်ကို သူရဲကောင်းဆန်စွာ ပေးဆပ်သွားခဲ့ပြီး..ကြည့်ရူသူတွေရဲ့ နှလုံးသားးကို ကွဲကြေသွားစေခဲ့တယ်။ရှင်ကျန်ရစ်သူတွေကတော့..ထွက်ပေါက်ကို တွေ့သွားခဲ့ကြကာ..ဒီအရာမပျက်ဆီးခင် အခိုက်အတန့်လေးမှာပဲ အစစ်အမှန်ကမ္ဘာဆီကို ပြန်ထွက်လာနိုင်ခဲ့ကြတယ်။

နောက်ဆုံးမြင်ကွင်းမှာတော့..သွေးတွေနဲ့ စိုရွဲနေတဲ့ နစ်ဖီက ကျိုးပဲ့နေတဲ့ ဓားတစ်ချောင်းကို လက်မှာကိုင်ထားကာ..တာဝါထဲကနေ လျောက်ထွက်လာခဲ့ပါတယ်..။

သူမက မေ့ပျောက်ကုန်းမြေကြီးတစ်ခုလုံးကို ကြည့်နေရင်း မျက်ရည်တစ်ရက်က သူမရဲ့ ပါးပေါ်ကို စီးကျလာခဲ့တယ်။

“ ငါတို့ လက်မလျော့သရွေ့ ..မျှော်လင့်ချက် ဆိုတာက ရှိနေသေးတယ်..”

စခရင် တစ်ခုလုံး မဲမှောင်သွားခဲ့ပြီး..ခနအကြာမှာတော့..ပရိတ်သတ်တွေအားလုံးရဲ့ ပေါက်ကွဲထွက်မတတ် လက်ခုပ်သံတွေက ထွက်ပေါ်လာခဲ့ပါပြီ။

ဆန်နီ ဒီလူတွေကို လိုက်ကြည့်လိုက်တယ်..။လူတွေအများကြီးက..မျက်ရည်တွေနဲ့ အားပါးတရ လက်ခုပ်တီးနေကြတာကို တွေ့လိုက်ရတာကြောင့်..သူ့မျက်နှာပေါ်မှာ..ထူးဆန်းတဲ့ အမူအရာတစ်ခူ ပေါ်လာခဲ့ပါတယ်။

‘သူတို့က ဒီလို အမှိုက်ကို တကယ် သဘောကျနေကြတာလား..’

သူ အယ်ဖီ ဘက်ကိုလှည့်လိုက်ပြီး ခနလောက်တွေဝေပြီးကာမှ မေးလိုက်ပါတယ်။

“ အာ..နင်လည်းကြိုက်တယ်လား..”

မုဆိုးမိန်းကလေးက သူ့ကို အတော်ကြာအောင် ကြည့်လိုက်တယ်..။

ပြီးမှ သူမက ပြောလာခဲ့ပါတယ်။

“ဘာလဲ..ငါ့ကို ..အရူးလို့များ ထင်နေတာလား…။ဒါပေါ့..ငါ ဒါကို ဘယ်လိုလုပ်သဘောကျမှာလဲ…။ဒါက တကယ်ကို အမှိုက်သရိုက်ပဲ..”

ဆန်နီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်..။

အနည်းဆုံးတော့ ရုပ်ရှင်ရုံထဲမှာ သူ့လို စိတ်မှန်တဲ့ လူတစ်ယောက်တော့ ရှိနေပါသေးတယ်..။

အပိုင်း ( ၄၇၇ ) ပြီး၏။

All Chapters