ကျေးဇူးတင်သင့်တဲ့လူကို ကျေးဇူးတင်ရမယ်..
Vol. 32 Ch. 478
ရုပ်ရှင်ပြီးဆုံးသွားတဲ့ အချိန်မှာတော့..ကိုင်က နားစည်ကွဲထွက်လုမတတ် လက်ခုပ်သံတွေနဲ့အတူ ထွက်ပေါ်လာပြီး..အတိုချုပ် မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်..။ဒါက ဒါရိုက်တာနဲ့ ရုပ်ရှင် အဖွဲ့သားတွေကို ဂုဏ်ပြုတာ..သူတို့ကို အမေးအဖြေတွေကို ပြုလုပ်ဖို့အတွက်..စင်ပေါ်ကို ဖိတ်ခေါ်တာတွေ ပြုလုပ်နေခဲ့တာပါ။
ဆန်နီက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖြစ်တဲ့သူကို..ကြည့်ပြီး..ဒီလူကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ရင် ကောင်းမလား ဆိုတာကို..အချိန်တစ်ခနလောက် တွေးတောနေခဲ့တယ်။ယင်းနောက်..သူ အယ်ဖီကို လှည့် ကြည့်လိုက်တဲ့ အချိန်မှာ သူမလည်း သူ့လိုတွေးတောနေခဲ့တယ် ဆိုတာကို သူမရဲ့ အမူအရာကိုကြည့်ပြီး..သိရှိလိုက်ပါတယ်။
သူ ခနလောက်တွေဝေနေခဲ့ပြီးမှ..ပြောလိုက်တယ်။
“ အခု ဘာလုပ်ကြမလဲ..”
ငယ်ရွယ်တဲ့ အမျိုးသမီးက..အသက်ကို နက်ရှိုင်းစွာရူသွင်းလိုက်ပြီး..သူ့ဘက်ကိုလှည့်ကာ ပြုံးပြလာခဲ့တယ်။
“….ငါ ဗိုက်ဆာနေပြီ..။သွားစား ကြရအောင်.”
သူတို့နှစ်ယောက်က ခန်းမထဲကနေထွက်ခွာလာခဲ့ကြပြီး ရုပ်ရှင်ရုံရဲ့ စားသောက်ဆိုင်ရှိတဲ့ နေရာကို ရှာဖွေလိုက်ကြတယ်။
သူတို့လိုပဲ အခမ်းအနားရဲ့ အမေးအဖြေ ကဏ္ဍကို မကြည့်တော့ပဲ..အစားအသောက်စားသောက်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ လူတွေက အများကြီးပါပဲ..။ဒီလူတွေက ဇာတ်ကားအကြောင်းကို တက်ကြွစွာ..ဆွေးနွေးနေခဲ့ကြတယ်။ဆန်နီ နဲ့ အယ်ဖီ တို့ကလည်း စားသောက်ဖို့အတွက်..တစ်ခုခုမှာလိုက်ကြပြီး..နေရာလွတ်စားပွဲတစ်ခုမှာ ဝင်ထိုင်ကာ အချိန်တစ်ချို့ကြာတဲ့အထိ တိတ်ဆိတ်နေခဲ့ကြပါတယ်။သူတို့တစ်ယောက်ချင်းစီက ကိုယ့်အတွေးနဲ့ကိုယ် လွင့်မျောနေခဲ့ကြတာပါ။
အခုတော့ ဆန်နီ မှာ ဇာတ်ကားအကြောင်းတွေးတောဖို့ အချိန်အနည်းငယ် ရရှိခဲ့တာကြောင့်..ဒေါသထွက်မူတွေက နည်းနည်းလောက် လျော့ပါးသွားခဲ့တယ်။တကယ်တော့ သူက ပျော်တောင် ပျော်နေခဲ့သေးတာပါ။
သေချာတာကတော့..ဇာတ်လမ်းထဲမှာ သူ့ကို ဖော်ပြထားတဲ့ ပုံစံက..အမှန်တရားနဲ့လုံးဝ တစ်ခြားစီဖြစ်ပြီး ..သူ့ကို အရှက်ခွဲထားသလိုလည်း ဖြစ်နေခဲ့ပါသေးတယ်။သို့ပေမယ့်..ဒီနည်းလမ်းက သူလိုအပ်နေတဲ့ အရာ အတိအကျပါပဲ…။
အခုချိန်မှာ နစ်ဖီက သူ့ရဲ့ သခင်ဖြစ်နေခဲ့ပါပြီ။သူက သူ့ရဲ့ အစစ်အမှန်နာမည် နဲ့ ခွန်အားတွေကို ဖုံးကွယ်နေဖို့ မလိုအပ်တော့ပေ..။သို့ပေမယ့် သူက အရိပ်ထဲမှာ နေရတာကို ပိုပြီး သဘောကျပါသေးတယ်။ဒါက အနာဂတ်မှာ သူ့အနေနဲ့ သခင်မရှိတဲ့ ဘဝကို ပြန်ရောက်သွားနိုင်တဲ့ အချက်ကြောင့်တင်မကပဲ..အန္တရာယ်တွေ၊ ရန်သူတွေ ပြည့်နှက်နေတဲ့ ကမ္ဘာပေါ်မှာ ဒီလိုနေထိုင်တာက အကောင်းဆုံးရွေးချယ်မူတစ်ခု ဖြစ်နေတာကြောင့်ပါ။
ကျော်ကြားပြီး နေထိုင်ရတဲ့ ဘဝ သူ့အတွက် အတော်များများကို အခက်တွေ့သွားစေပါလိမ့်မယ်..။ပြီးတော့ သူတိုက်ခိုက်တဲ့ တိုက်ပွဲတွေကိုလည်း ပိုပြီး ခက်ခဲသွားစေနိုင်တာပါ။ဘာပဲဖြစ်ဖြစ် ရန်သူရဲ့ လျော့တွက်ချင်းကို ခံရတာထက် ပိုကောင်းမွန်တဲ့ အားသာချက်ဆိုတာ မရှိတော့ပါဘူး။
ဒီအမြင်ကနေ ကြည့်မယ်ဆိုရင်..ဇာတ်ကားထဲမှာ သူဖော်ပြခြင်းခံခဲ့ရတဲ့ ရယ်စရာ ဇာတ်ကောင်နေရာက ကောင်းချီးပေးခံရခြင်းတစ်ခုပါ။ဒါက သူ့ကို အလေးအနက်ထားပြီး တွေးတောနိုင်ချေကို လျော့ကျသွားစေနိုင်ပါတယ်..။ဒါပေါ့ လူတိုင်းက ဒီရုပ်ရှင်ကို လာကြည့်ကြမှာ မဟုတ်ပေမယ့်..ဒီလူတွေရဲ့ အတွေးအခေါ်တွေကတော့ ပျံ့နှံ့သွားပါလိမ့်မယ်။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ ကိုးရိုးကားရားနိုင်တဲ့ နောက်လိုက်က..တကယ်တော့..အန္တရာယ်အများဆုံး နိုးထသူတွေထဲက တစ်ယောက်ဖြစ်နေတယ် ဆိုတာကို ဘယ်သူက ထင်ထားမိမှာလဲ..။ပြီးတော့..ဘယ်သူက သူ့ကို လေးလေးနက်နက် စဉ်းစားဦးမှာလဲ..။
…ဘယ်သူမှ မရှိလောက်ပါဘူး။
ဒီတော့..အလင်းနဲ့အမှောင် ရဲ့သံစဉ် ကို ရိုက်ကူးတဲ့ ဒါရိုက်တာ က သတိမထားမိလိုက်တဲ့ အချိန်မှာပဲ..သူ့အပေါ်ကို ကျေးဇူး ရှိနေခဲ့တာပါ။
ကိုယ့်အတွေးနဲ့ ကိုယ် ကျေနပ်သွားတဲ့ ဆန်နီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။လူတစ်ချို့က အယ်ဖီကို အံ့ဩသင့်တဲ့ အမူအရာနဲ့ ကြည့်နေကြတာကို သူတွေ့လိုက်ရပါတယ်။သိသာစွာပဲ ဒီလူတွေက အယ်ဖီကို လာနှုတ်ဆက်ဖို့အတွက် သတ္တိတွေ မွေးနေခဲ့ကြတာပါ။သို့ပေမယ့် အခုထိ ဘယ်သူကမှ ရောက်မလာကြသေးပါဘူး။
သူက တီးတိုးပြောနေတဲ့ အသံတွေကိုတောင် ကြားနေခဲ့ရတယ်။
“ကြည့်လိုက်ဦး..အဲတာ သူမပဲ.။ဝံပုလွေ စောင့်ရှောက်သူ..”
“အိုး …မိုင်..”
“ငါ သူမရဲံ့အခြေအနေကို ကြားဖူးထားတယ်..။ဒါပေမဲ့..တကယ်မြင်လိုက်ရတော့..သူမက တကယ်ကို ရဲရင့်တာပဲ..”
အယ်ဖီကတော့ ထူးဆန်းစွာပဲ တိတ်ဆိတ်နေခဲ့တယ်။သူမက တီးတိုးပြောနေတာတွေကို လျစ်လျူရူထားပြီး သူ့ကို ကြည့်ကာ မေးလိုက်ပါတယ်။
“ဟေး ..ဆန်နီ..။ငါ တစ်ခုလောက် မေးလို့ရမလား..”
ဒါက ရိုးရှင်းတဲ့မေးခွန်း အဖြစ်နိုင်ဘူးဆိုတာကို ခံစားလိုက်မိတာကြောင့်..ဆန်နီ အနည်းငယ် သတိထားပြီးမှ ပြန်ပြောလိုက်တယ်။
“သေချာတာပေါ့..ဘာများလဲ…”
အယ်ဖီက တစ်ခနလောက် တိတ်ဆိတ်သွားပြီးကာမှ..ဘယ်သူမှ မကြားးနိုင်တဲံအထိ အသံကို တိုးပြီး မေးလိုက်ပါတယ်။.
“ကတ်စတာ က တကယ်ပဲ နစ်ဖီကို ကူညီဖို့ ထွက်သွားခဲ့တာလား..”
ဆန်နီ သူ့ရဲ့ သူငယ်ချင်းကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့ပြီး..ခေါင်းခါယမ်းလိုက်တယ်..။
“မဟုတ်ဘူး..။သူက သူမ သေဆုံးတာ သေချာလား ဆိုတာကို သွားစစ်ဆေးတာ..”
အယ်ဖီ အသက်ကို နက်ရှိုင်းစွာ ရူသွင်းလိုက်တယ်။
“ ငါ သိပြီ..”
သူမက သူမ စိတ်ထဲမှာ သံသယဖြစ်နေတဲံ့ အရာတစ်ခုကို အတည်ပြုပြီးသွားခဲ့သလိုမျိုး ..ဒီစကားကို ဆက်ပြီး မပြောတော့ပါဘူး။
ကောင်းပြီလေ..သူမရဲ့ မကြာခနဆိုသလို ကြမ်းတမ်းတဲ့ အပြုအမူနဲ့..ဇာတ်လမ်းတဲ့မှာ ဖော်ပြထားတဲ့ ပုံစံအရဆိုရင် အယ်ဖီက လုံးဝကို ငတုံးတစ်ယောက်ပါ။အမှန်တော့..သူမက အရမ်းကို ဉာဏ်ကောင်း ၊ ခေါင်းအေး ပြီး..တွက်ချက်တတ်တဲ့ လူတစ်ယောက်ပါပဲ။မဟုတ်ရင် သူမက အမှောင်မြိုတော်ထဲက လမ်းမတွေ ပေါ်မှာ တစ်ယောက် တည်း သုံးနှစ်လောက် ရှင်သန်နိုင်စရာ အကြောင်းမရှိပေ..။
သူမ သိထားတဲ့ အရာတွေနဲ့ ဆိုရင် ဒီလိုမျိုး သံသယ ဝင်မိတယ် ဆိုတာက ပုံမှန်ပါပဲ..။
ကံကောင်းချင်တော့..အယ်ဖီက တစ်ခြား ဘာကိုမှ ထပ်မမေးတော့ပေ..။
…အဓိကကတော့..စားသောက်ဆိုင်ထဲကို ဝင်လာတဲ့ ထူးဆန်းတဲ့ လူတစ်ယောက်ကြောင့်ဖြစ်ပြီး..ဒီလူက သူတို့ရဲ့ စားပွဲကို သတိထားမိသွားကာ..တောက်ပတဲ့ မျက်လုံးတွေနဲ့ လျောက်လာနေခဲ့ပါတယ်။
‘အိုး..ဝံပုလွေ စောင့်ရှောက်သူရဲ့ နောက်ထပ် ပရိတ်သတ်တစ်ယောက် ရောက်လာပြန်ပြီ’
လူကြီးက သူတို့ရဲ့ ရှေ့မှာ ရပ်လိုက်ပြီး အယ်ဖီကို တစ်ချက်ကြည့်လိုက်ကာ..ဆန်နီ ဘက်ကို အံ့ဩတဲ့ အမူအရာနဲ့ လှည့်လိုက်ပါတယ်။
“ နိုးထသူ..ဆန်းလပ််စ လား..”
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
‘ ဘာလဲ ဟ…’
“အာ..ဟုတ်ပါတယ်…”
လူကြီးရဲ့ မျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးတစ်ခုက ပေါ်ထွက်လာခဲ့တယ်။
“အိုး..မိုင်..။အိုး..ဘုရားရေ..။ဒါက တကယ်ကို ဂုဏ်ယူစရာပါပဲ..။ကျွန်တော်က ဆရာရဲ့ ပရိတ်သတ် အကြီးစားပါ..”
‘ဘာတွေ ဖြစ်နေတာလဲ..’
ဆန်နီကတော့ သူ့ရှေ့က လူကို ဘာတွေဖြစ်နေတာလဲ နားမလည်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်။သူ့ရဲ့ နားလည်မူလွဲနေတဲ့ အမူအရာကြောင့်..လူကြီးက အလျင်အမြန်ပြောလိုက်တယ်..။
“အိုး..တောင်းပန်ပါတယ်..။ကျွန်တော်က အရမ်းးစိတ်လှုပ်ရှားနေလို့..ကိုယ့်ကိုကို မိတ်ဆက်ဖို့တောင် မေ့သွားတယ်..။တကယ်တော့ ကျွန်တော်က ဇာတ်ညွှန်းရေးတဲ့သူပါ..။ကျွန်တော်က..အလင်းနဲ့အမှောင် သံစဉ်ကို ရေးသားခဲ့တဲ့ သူပါ..။ပြီးတော့..ဒါတွေအားလုံးက..ဆရာရဲ့ ကျေးဇူးပါပဲ..”
အယ်ဖီကတော့..ဆန်နီ ကောင်းမွန်တာတစ်ခုခုလုပ်ခဲ့တယ် ဆိုတာကို လက်မခံနိုင်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..ချိုသာတဲ့ လေသံနဲ့ မေးလိုက်တယ်။
“အိုး..တကယ်ပဲ..ဒါတွေအားလုံးက သူ့ရဲ့ ကျေးဇူးတွေကြောင့်လား..။ဘယ်လိုမျိုးလဲ..”
‘ငါတော့ ပြသနာ တက်ပြီ ‘
လူကြီးရဲ့ အပြုံးက ပိုမို ကြီးမားလာခဲ့ပြီး..
“မေ့ပျောက်ကုန်းမြေရဲ့ စူးစမ်းရှာဖွေမူ အစီရင်ခံစာ..။အာ..ဒါက တကယ်ကို အကောင်းမွန်ဆုံး လက်ရာတစ်ခုပဲ..။ကျွန်တောရဲ့ စူးစမ်းရှာဖွေမူတွေ အားလုံးက..ဆရာရဲ့ နက်ရှိုင်းတဲ့..လက်ရာကို အခြေခံထားရတာပါ..နိုးထသူ ဆန်းလပ်စ်။အဖွဲ့ထဲမှာ ပါဝင်တဲ့ လူတိုင်းက ဆရာရဲ့ ရေးသားမူကို အနည်းဆုံးတစ်ခေါက်တော့ ဖတ်ဖူးကြပါတယ်..။ကျွန်တော်က လက်ထောက်ဇာတ်ညွှန်းရေးသားသူ နေရာမှာ ဆရာ့ရဲ့ နာမည်ကို ထည့်ချင်ခဲ့တာလေ..။ဒါပေမဲ့ ဝမ်းနည်းစရာပဲ ဒါက မဖြစ်နိုင်ဘူး.။သိတယ်မလား..ဆရာက..စာရေးဆရာ အဖွဲ့ဝင်တစ်ယောက် မဟုတ်လို့လေ..။ဒါပေမဲ့ အရေးမကြီးဘူး..။ကျွန်တော်က..ဆရာ့ကြောင့်သာ မဟုတ်ရင်..ဒီလို ဇာတ်လမ်းမျိုးက တည်ရှိလာမှာဦမဟုတ်ဘူး ဆိုတာကို အားလုံးသိသွားအောင် လုပ်ပြမယ်..”
ဆန်နီက ဒီလူကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး အားနည်းစွာပြောလာခဲ့တယ်။
“ကျေးဇူးပြုပြီး မလုပ်ပါနဲ့..”
သို့ပေမယ့် ဒါက အသုံးမဝင်ပါဘူး..။
‘” အာ..ဆရာက အရမ်းနိုမ့်ချတတ်တာပဲ..။အရမ်း ယဉ်ကျေးတယ်..။ကောင်းပြီလေ..ဒါပေါ့..ဆရာ့လို အရည်အချင်းပြည့်ဝ တဲ့ စူးစမ်းရှာဖွေသူ တစ်ယောက်ဆီက တစ်ခြားဘာတွေများ မျှော်လင့်နိုင်မှာလဲ..။ဒါပေမဲ့ ချီးကျူးမူတွေ အားလုံးကို ကျွန်တော်တစ်ယောက်တည်း ခံယူရမယ် ဆိုတာက မဟုတ်သေးဘူးလေ..။မဟုတ်ဘူး..လူတွေအားလုံး သိစေရမယ်..”
သူက စားသောက်ဆိုင်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်တာပါ။သူ့ရဲ့ အသံကို လျော့ပြီး ပြောဖို့တောင်စိတ်မဝင်စားခဲ့ပေ..။
“..အဲတာက ဆရာပဲ..။ဒီလို အံ့ဩစရာကောင်းတဲ့..ရုပ်ရှင်ကို ကြည့်ခွင့်ရတဲ့ အတွက် သူတို့ ကျေးဇူးတင်သင့်တဲ့ သူက နိုးထသူ ဆန်းလပ်စ်..ပဲ..”
ဆန်နီ ကြမ်းပြင်ကို ငုံ့ကြည့်နေခဲ့တယ်။
‘ငါတော့ ကိုင်ကို သတ်မှရတော့မယ် ထင်တယ်..။ဒါမှမဟုတ်..ခနလေး..မဟုတ်ဘူး..။တကယ်တော့..ဒါက ခွေးသား ပြသနာ အပြီးမှာ ငါတို့နှစ်ယောက် က အချင်းချင်း ကြေသွားကြပြီ..”
အပိုင်း ( ၄၇၈ ) ပြီး၏။
အပိုင်း ( ၄၇၉ ) ပြီး၏။