← Chapters

ကျူးကျော်လာသူတိုင်း သေရမယ်

Vol. 19 Ch. 242

ကျူးကျော်လာသူတိုင်း သေရမယ်

Vol. 19 Ch. 242

ဘုန်း

သွေးနဂါးများသည် ကုပိုင်ရီ၏ ဒိုင်းကို ချေမွပစ်လိုက်သဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်ရန် ဓားကို လွှဲခုတ်ခဲ့သည်။ သို့တိုင်အောင် ကပ်ဘေး မိစ္ဆာသွေးက သူ့ကို ထိမှန်သွားကာ သွေးမြူခိုးတစ်ခုအတွင်း ကျရောက်စေလိုက်၏။ မိစ္ဆာအတွေးများ သူ၏ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်လာ၍ မိစ္ဆာ သွေးအတွင်းရှိ တာအို နိယာမများသည် လနတ်သား၏ ပုံရိပ်ယောင်များကဲ့သို့ သူ၏ စိတ်ခံစားချက် နှင့် ဆန္ဒများကို မွှေနှောက်ပစ်လိုက်ရာ မျက်လုံးများ သွေးနီရောင်သို့ ပြောင်းလဲသွားသည်။ သူ၏စိတ်က ရူးသွပ်လုဆဲဆဲ ပရမ်းပတာ အခြေအနေသို့ ကျရောက်သွားကာ သွေးများ ပြောင်းပြန် စီးဆင်းလာသည်။

ဤတိုက်ပွဲမှာ အစတည်းက သူ၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့ခြင်းပင်။

"ဒါဆိုရင် အဖိနှိပ်ခံ စစ်မင်းသမီးဆိုတဲ့ နာမည်က သူမရဲ့ စစ်မှန်တဲ့ စွမ်းအားကို ဖုံးကွယ်ဖို့ လှည့်ကွက်တစ်ခုသက်သက်ပေါ့"

ကုပိုင်ရီက အမှန်တရားကို နားလည်သွားကာ စိတ်ခံစားချက်များ ဗြောင်းဆန်နေ၏။

"မင်း သိတာ အရမ်း နောက်ကျ​နေပြီ"

ဝှစ်ခနဲ မြည်သံနှင့်အတူ စစ်မင်းသမီး၏ ပုံရိပ်က ကုပိုင်ရီရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာ၏။ သူမအတွက် တစ်ဖက်လူ၏ မယုံကြည်နိုင်သော အကြည့်မှာ အလွန် ကျေနပ်စရာကောင်းနေသည်။

"အခု၊ မင်း ဘယ်လိုလုပ်မလဲ ကြည့်ကြသေးတာပေါ့"

စစ်မင်းသမီးက နှာခေါင်းရှုံ့၍ သူမ၏ လက်ဝါးကို ရှေ့သို့ ရိုက်ချလိုက်၏။

သွေးနဂါး တံဆိပ်

ဤသွေးစွမ်းအား သိုင်းကွက်သည် သူမ၏ ခန္ဓာကိုယ် အင်အားကိုလည်း ပေါင်းစပ်ထားသဖြင့် နဂါးဝင်သက်ထက် ပို၍ အစွမ်းထက်သည်။ စစ်မင်းသမီးသည် ယခင်က ဤသိုင်းကွက်၏ အယူအဆပိုင်းကိုသာ ထိတွေ့နိုင်ခဲ့ပြီး မကျွမ်းကျင်ခဲ့သော်လည်း လက်ရှိတွင် သူမ၏ နှလုံးသားထဲမှ ကပ်ဘေး မိစ္ဆာမျိုးစေ့ကြောင့် သိုင်းကွက်ထုတ်ရန် အံ့သြဖွယ်ကောင်းလောက်အောင် ချွေးတစ်စက်မှပင် ထွက်စရာမလိုခဲ့ပေ။

ဘုန်း

သူမ၏ လက်ဝါးချက်တွင် ကပ်ဘေးမိစ္ဆာ သွေးမှ အားဖြည့်ပေးထားသောကြောင့် မရေမတွက်နိုင်သော သွေးနဂါးများ ထွက်ပေါ်လာ၍ နဂါးဟိန်းသံများမှာ ကောင်းကင်နယ်မြေကို တုန်လှုပ်စေပြီး မရေမတွက်နိုင်သော လူသား ကျင့်ကြံသူများကို တုန်ရီသွားစေ၏။ ကုပိုင်ရီ နှင့် လူသား ကျင့်ကြံသူ သန်းပေါင်းများစွာ၏ မျက်နှာထားများ သိသိသာသာ ပြောင်းလဲသွားသည်။ ထို့နောက် သူမကိုယ်တိုင်

သွေးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ကုပိုင်ရီ၏ ရင်ဘတ်ကို ဝင်ဆောင့်ပစ်ခဲ့သည်။

"မဟုတ်ဘူး"

ကုပိုင်ရီက အသံကုန် အော်ဟစ်ရင်း ကပ်ဘေး မိစ္ဆာသွေး၏ ကျူးကျော်လာမှုကို တိုက်ထုတ်ကာ ဓားကို အစွမ်းရှိသမျှဖြင့် ထိုးစိုက်လိုက်သည်။ သူက ကာကွယ်ရန် ရည်ရွယ်မထားဘဲ စစ်မင်းသမီး၏ လည်ချောင်းကို ထိုးဖောက်ရန် ကြံစည်ကာ သူသေကိုယ်သေ တိုက်ခိုက်ပြီး သူမကိုယ်သူမ ကာကွယ်လိုလျှင် ဆုတ်ခွာသွားစေရန် အတင်းအကျပ် ဖိအားပေးလိုခြင်းပင်။

"ငါ သေရင်၊ မင်းလည်း ငါနဲ့အတူ သေရမယ်"

ကုပိုင်ရီက အေးစက်စက် ရယ်မော၍ ရူးသွပ်နေသော လူတစ်ယောက်အလား ဖြစ်နေသည်။ သို့ရာတွင် စစ်မင်းသမီး သူ၏ဓားချက်ကို ဂရုမစိုက်ဘဲ သူ၏ ရင်ဘတ်ထံ ဆက်လက်တိုးဝင်လာသဖြင့် ဘုန်းခနဲ မြည်ဟီးကာ ရင်ဘတ်မှာ အတွင်းသို့ ချိုင့်ဝင်သွားသည်။ သူ၏ နောက်ကျောဘက်မှ သွေးများ မြူခိုးအဖြစ် ပေါက်ကွဲထွက်လာသော်လည်း ကပ်ဘေး မိစ္ဆာသွေးမှ ဝါးမျိုသွားခဲ့၏။ ထိုအချိန်၌ သွေးနဂါး၏ ခံတွင်းမှ သွေးရောင် မြူခိုးတစ်ခု ထွေးထုတ်၍ စစ်မြေပြင်ကို ဖုံးကွယ်သွားစေသဖြင့် အသေးအစိတ်အချက်အလက်များကို မည်သူမှ မမြင်နိုင်တော့ပေ။ သူတို့ သိနိုင်သမျှမှာ တိုက်ပွဲတွင် ကုပိုင်ရီ ဖိနှိပ်ခံနေရသည်ဟူ၍သာ။

"မင်းလည်း သေရမယ်"

ကုပိုင်ရီ၏ မျက်လုံးများ ပြင်းထန်စွာ တောက်လောင်လာ၍ သူ၏ အစွမ်းအားလုံးကို နောက်ဆုံးဓားတစ်ချက်အတွက် စုစည်းခဲ့သည်။ အပြာရောင် ဓားမြှောင်တစ်ခု ရုတ်တရက် ဘေးမှ ဝင်ရောက်လာပြီး ကုပိုင်ရီ၏ ဓားထိပ်ဖျားကို ပြင်းထန်စွာ ထိမှန်သွားသည်။ ၎င်းဓားချက်က ကုပိုင်ရီအတွက် အလွန်အမင်း အစွမ်းထက်ခြင်း မရှိသော်လည်း သေရေးရှင်ရေး အခိုက်အတန့်တွင် ဒုက္ခရောက်သွားစေ၏။ သူ၏ နောက်ဆုံး ဓားချက်က အနည်းငယ်မျှသာ လမ်းလွဲသွားသော်လည်း စစ်မင်းသမီး၏ လည်ချောင်းအနီးမှ ဆံတစ်မျှင်စာ လွဲချော်သွားသဖြင့် သူသေကိုယ်သေတိုက်ပွဲ၌ သေဆုံးသွားရသူမှာ ကုပိုင်ရီ တစ်ယောက်တည်းသာ ဖြစ်ပေသည်။ သူက သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ မျက်လုံးများမှာ နက်ရှိုင်းသော ပင်လယ်တစ်ခုအတွင်း နစ်မြုပ်သွားသကဲ့သို့ မှိန်ဖျော့လာ၏။

"ယွမ်ရှောင်"

သူ၏ သွေးများ စစ်မင်းသမီးထံ စီးဆင်းသွားသောအချိန်တွင် မျက်လုံးများ ဒေါသမီး တောက်လောင်နေသည်။

"မင်းလိုဓားကျင့်ကြံသူတစ်ယောက်က မိစ္ဆာတစ်ကောင်ကို လူသားမျိုးနွယ်အချင်းချင်း သတ်ဖြတ်ရာမှာ ကူညီရဲတယ်"

"ဟန်ဆောင်မနေနဲ့တော့။ ငါနဲ့ သူမအကြားက ဆက်ဆံရေးအကြောင်း မင်း အစကတည်းက သိခဲ့ပါတယ်"

ယွမ်ရှောင်က အေးစက်စက် ရေရွတ်၍ သူ့ထံ ပြန်လည်ရောက်ရှိလာသော ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ကို ဖမ်းယူခဲ့သည်။

"ငါတို့ ထာဝရ ဓားအကျဥ်းထောင်ကို သွားခဲ့ရင်တောင် မင်းက ငါ့ကို မကောင်းကြံမှာပဲ။ တူညီတဲ့ ဇာတ်လမ်းမျိုး ထပ်ခါထပ်ခါ လုပ်နေရတာ ငြီးငွေ့စရာပဲ။ ဒါကြောင့် ငါက မင်းကို ချက်ချင်း သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်"

ယွမ်ရှောင်၏ စကားကြောင့် ကုပိုင်ရီ တိတ်ဆိတ်သွားခဲ့သည်။ အမှန်တကယ်၌ သူသည် မြေအောက် နန်းတော်တွင် ယွမ်ရှောင် နှင့် စစ်မင်းသမီးအကြားမှ ဆက်စပ်မှုအကြောင်း သိရှိခဲ့သည်။ သူက သူမကို အရင် ဖမ်းဆီးရန် ကြံစည်ထားပြီး ယွမ်ရှောင်ကို ထာဝရ ဓားအကျဥ်းထောင်သို့ ခေါ်ဆောင်သွားကာ သူ၏ အရည်အချင်းများကို စမ်းသပ်အသုံးချရန် ရည်ရွယ်ထား၏။ သို့သော် သူက ဤလူငယ်နှစ်ယောက်၏ လက်ချက်ဖြင့် အသတ်ခံရမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

"ယွမ်ရှောင် မင်းက မိစ္ဆာတွေနဲ့ ပူးပေါင်းခဲ့တယ်။ အသေဆိုးနဲ့ သေရလိမ့်မယ်"

ကုပိုင်ရီက အထက်ပါအတိုင်း ကျိန်ဆဲချင်ခဲ့သော်လည်း ထာဝရ ဓားအကျဥ်းထောင်မှ အခြားသူများ မကြာမီ ရောက်ရှိလာမည် ဖြစ်သောကြောင့် တစ်ဖက်လူကို ဒေါသထွက်စေလျှင် သူကိုယ်တိုင်သာ မြန်မြန်သေသွားနိုင်သည်။ ထို့ကြောင့် သူက စကားလမ်းကြောင်းပြောင်းရန် အစွမ်းကုန် ကြိုးစားနေ၏။

"ငါတို့ကြားထဲမှာ နားလည်မှုလွဲနေတာ တစ်ခုခု ရှိနိုင်တယ်။ ငါက မင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်"

"သွေးမြူခိုးကို နည်းနည်း ပိုပြီး ဖြန့်ကျက်လိုက်"

ယွမ်ရှောင်က ကုပိုင်ရီထံ ချဥ်းကပ်သွားရင်း စစ်မင်းသမီးကို ညွှန်ကြားလိုက်သောအခါ သူမ လိုက်နာခဲ့ရသည်။

"မင်း"

စစ်မင်းသမီးက အမိန့်နာခံတတ်သော ကျွန်တစ်ယောက်ပမာ ပြုမူနေသဖြင့် ကုပိုင်ရီကို တောင့်တင်းသွားစေသည်။ ယွမ်ရှောင်က ခေါင်းဆောင်ဖြစ်နေပြီး မိစ္ဆာမျိုးနွယ်မှ မောက်မာသော မင်းသမီးကို အမိန့်ပေးနိုင်စွမ်း ရှိနေခဲ့သည်။

"ကုပိုင်ရီ၊ နတ်ဆိုးတိုက်ကြီးနဲ့ နတ်ဘုရားတိုက်ကြီးက ငါ့ရဲ့ နယ်မြေပဲ။ မင်းရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိရှိ ငါ ဂရုမစိုက်ဘူး။ ဒီလောကကို မကောင်းတဲ့စိတ်နဲ့ ကျူးကျော်ဝင်ရောက်ချင်တဲ့ ဘယ်သူမဆို သေရမယ်"

ယွမ်ရှောင်က စကားအဆုံးတွင် ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ကို ပြတ်ပြတ်သားသား ခုတ်ပိုင်း၍ ကုပိုင်ရီ၏ ခေါင်းကို ဖြတ်ချလိုက်ရာ မျက်လုံးအပြူးသားနှင့် မြေပြင်သို့ ဘုတ်ခနဲ ပြုတ်ကျသွားခဲ့၏။ ထို့နောက် သူက ဓားကို ကုပိုင်ရီ၏ ဓားအရိုးအတွင်း ထိုးစိုက်ကာ ငွေရောင် ဓားဝိညာဉ်ကို စုပ်ယူဝါးမျိုခဲ့သည်။

စစ်မင်းသမီးမှာ အခြေအနေကို စောင့်ကြည့်နေရင်း ယွမ်ရှောင်၏ ဓားအော်ရာ အလွှာများ ၁၁၀၀ အထိ တိုးသွားကြောင်း မြင်တွေ့လိုက်ရသဖြင့် နှလုံးခုန်မြန်လာ၏။ ထို့နောက် သူက အသစ်ရရှိလာသော ဓားစက်ကွင်း ငါးခုကို သူ၏ ဓားဝိညာဉ်ပေါ်သို့ တပ်ဆင်လိုက်ကြောင်း တွေ့လိုက်ရပြန်သည်။

" ထာဝရ ဓားအကျဥ်းထောင်က လူတွေက မင်းကို ဒီ ဓားစက်ကွင်းတွေကြောင့် ရိပ်မိသွားမှာ မကြောက်ဘူးလား"

စစ်မင်းသမီးက မင်သက်နေရာမှ မေးသည်။

"ဒီတစ်ခါတော့ မတူဘူး။ သွေးမြူခိုးကို အခု ရှင်းပြီးတော့ ငါ့နောက်ကို လိုက်ဖမ်းဖို့ မမေ့နဲ့"

ယွမ်ရှောင်က ကုပိုင်ရီ၏ ပစ္စည်းများကို သိုလှောင်အိတ်အတွင်း သိမ်းယူကာ လေးနက်စွာ အမိန့်ပေးခဲ့သည်။ စစ်မင်းသမီးက မြူခိုးများကို ရှင်းလင်းလိုက်သည်နှင့် တပြိုင်နက် သူသည် ကုပိုင်ရီ၏ အလောင်းကို ပွေ့ဖက်ရင်း ငိုညည်းနေခဲ့၏။

"ဆရာ"

ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများ နောက်ဆုံးတွင် ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့သည်။

"ယုတ်မာတဲ့ မိစ္ဆာမ၊ ဒီဘဝမှာ ငါက မင်းနဲ့ တစ်မိုးအောက်ထဲ ဘယ်တော့မှ ရှင်သန်မှာ မဟုတ်ဘူး"

ယွမ်ရှောင်က စစ်မင်းသမီးကို စိုက်ကြည့်၍ ဓားပျံအပေါ်သို့ ခုန်တက်ကာ ပျံသန်းထွက်ခွာသွားသည်။

"ရပ်စမ်း"

စစ်မင်းသမီးက ဒေါသတကြီးဖြင့် သူ့နောက်သို့ လိုက်လံဖမ်းဆီးနေသောကြောင့် ခဏအတွင်း လူတစ်ဦး နှင့် မိစ္ဆာတစ်ကောင် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ကုပိုင်ရီ၏ အသက်မဲ့ ခန္ဓာကိုယ်မှာ ပြုတ်ကျ ကျန်ရစ်ခဲ့သောကြောင့် ကောင်းကင်နယ်မြေ၏ တံခါးနှင့် ထိမှန်၍ အစအနများအဖြစ် ကြေမွသွားသည်။

"ဘာတွေ ဖြစ်သွားတာလဲ"

ကျောက်ရွှမ်ကျန်းက ပါးစပ်အဟောင်းသား ဖြစ်နေသည်။

"ငါ ဒါကို စီစဉ်လိုက်ဦးမယ်"

စစ်သေနာပတိချုပ်၏ စိတ်ထဲတွင် အတွေးများ ချာချာလည်နေသည်။

"ယွမ်ရှောင်နဲ့ မိစ္ဆာက ပူးပေါင်းခဲ့ကြတယ်။ မိစ္ဆာက လူသားတွေနဲ့ နတ်ဆိုးတွေအကြား စစ်ပွဲကနေ အကျိုးအမြတ်ရချင်ခဲ့တယ်။ နတ်ဆိုးတွေ ထွက်ပြေးသွားပြီးတော့ မိစ္ဆာနဲ့ ယွမ်ရှောင်က သူတို့ရဲ့ ပြဿနာ ဖြေရှင်းခဲ့တယ်။ ယွမ်ရှောင်မှာ ကျောထောက်နောက်ခံအဖြစ် ဆရာတစ်ယောက် ရှိခဲ့ပေမယ့် တွေးကြည့်လိုက်ရင် သူ့ ဆရာတောင် မိစ္ဆာ သတ်ဖြတ်တာကို ခံလိုက်ရတယ်။ ဒါကြောင့် သူ ထွက်ပြေးသွားခဲ့ရတယ်"

လူတိုင်း၏ မျက်နှာများ ညှိုးငယ်နေသည်။

"နတ်ဆိုးတွေ သွားပြီး မိစ္ဆာတွေ ရောက်လာပြီ။ ဒီမိစ္ဆာမက အရမ်း အစွမ်းထက်တယ်"

ဓားသူတော်စင်စွန်းက ကုပိုင်ရီ၏ အလောင်းကို စိုက်ကြည့်နေရင်း ဝမ်းနည်းပူဆွေးဟန်ဖြင့် ခေါင်းခါလိုက်သည်။

"ဓားနတ်ဘုရားတစ်ယောက် သေဆုံးသွားပြီ။ ငါတို့ လူသား မျိုးနွယ်က ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။ ငါတို့ အခု ဘာလုပ်ကြမလဲ"

"ငါတို့ ကောင်းကင်နယ်မြေကို ဆက်ပြီး ကာကွယ်စောင့်ရှောက်နေမယ်။ ပြီးတော့ ယွမ်ရှောင် အသက်ရှင်ကျန်ရစ်ဖို့ ဆုတောင်းရမှာပေါ့"

လူသားမျိုးနွယ်က စိတ်ဓာတ်ကျနေသဖြင့်

စစ်သေနာပတိချုပ်က အသက်ပြင်းပြင်းရှူ၍ နှစ်သိမ့်ပေးခဲ့သည်။ ကုပိုင်ရီပင် မိစ္ဆာမ၏ လက်တွင် ကျဆုံးခဲ့သည့်အခါ သူ အသက်ရှင်နိုင်ချေ မရှိသောအခါ လူတိုင်း စိတ်ဆင်းရဲနေကြသည်။

"အဆင်ပြေပါတယ်၊ ငါတို့မှာ နတ်ဧကရီ ရှိနေသေးတယ်၊ ပြီးတော့ ရှေးဦး အစီအရင်ရောပေါ့"

စစ်သေနာပတိချုပ်က လက်အောက်ငယ်သားများကို စိတ်သက်သာရာရစေသော်လည်း တစ်ခုခု လွဲမှားနေကြောင်း ခံစားရသဖြင့် စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

တိမ်တိုက်များအထက်တွင် ယွမ်ရှောင်သည် သူ၏ ဓားပျံပေါ်ဖြင့် ကောင်းကင်ကို ဖြတ်သန်း ပျံဝဲနေသည်။ စစ်မင်းသမီးက အနောက်တွင် ခေါင်းငုံ့၍ လိုက်ပါလာပြီး သူ၏ ခါးကို ဖက်ထားသည်။ သူမ၏ စိတ်ထဲတွင် အသစ်တွေ့ရှိလာသော ကြောက်မက်ဖွယ်ရာ စွမ်းအားကို စွဲလမ်းနေပြီး တစ်ချိန်တည်းမှာပင် ယွမ်ရှောင်၏ ကြီးမားသော စွမ်းအားကို အံ့ဩနေမိသည်။ သူမအတွက် ဤလူသားမှာ အပြောင်းအလဲမြန်သော မိစ္ဆာတစ်ကောင်အလားပင်။

"ဒါဆိုရင် နတ်ဆိုးတိုက်ကြီးက မင်းတို့ရဲ့ ပုံပြင်တွေထဲက ဒဏ္ဍာရီလာ ကောင်းကင်ဘုံ ဖြစ်နိုင်တယ်လို့ ပြောနေတာလား။ ဒါကို ထိန်းချုပ်နိုင်ရင် ငရဲကိုးထပ်ကို လွှမ်းမိုးနိုင်မှာလား"

ယွမ်ရှောင်က ခရမ်းရောင် မြေပြင်ကို စိုက်ကြည့်နေရင်း အေးစက်စက် မေးခွန်းထုတ်ခဲ့သည်။

"ဒါက ခန့်မှန်းချက်တစ်ခုပဲ၊ ဒါပေမယ့် သေချာပေါက် ဖြစ်နိုင်ခြေတစ်ခုတော့ ရှိတယ်"

စစ်မင်းသမီးက ပြန်ဖြေသည်။

"ဒီ နတ်ဆိုးတိုက်ကြီးကို ငါတစ်ယောက်တည်း သိမ်းပိုက်ရမယ်။ သူတို့အားလုံးကို ကြိုးစားခိုင်းလိုက်"

ယွမ်ရှောင်၏ မျက်လုံးများက တောက်ပလာသည်။

"ဘာလို့ ဒီနေရာကို လိုချင်နေရတာလဲ။ ဒါက မင်းအတွက် အသုံးမဝင်ပါဘူး။ ဒါကို ငါ့အတွက် အဆုံးမဲ့ ငရဲပြည်ကို ဘာကြောင့် မပေးတာ...."

စစ်မင်းသမီး၏ စကားက ယွမ်ရှောင် လှည့်ကြည့်လာသောအခါ တစ်ဝက်တပျက် ရပ်တန့်သွားသည်။

"ထားလိုက်ပါ၊ ဒါတွေ အားလုံး မင်းအတွက်ပဲ။ ဘယ်သူပဲ ယူဖို့ ကြိုးစားပါစေ၊ သေရမှာပေါ့"

"ငါတို့ လူခွဲမယ်။ မင်းက အဆုံးမဲ့ ငရဲပြည်ရဲ့ ဝင်ပေါက်ဆီ ဦးတည်သွား၊ ငါကတော့ ထာဝရ ဓားအကျဥ်းထောင်ရဲ့ ဝင်ပေါက်ကို ရှာမယ်။ အခုကနေစပြီး ငါ့အမိန့်တွေကို စောင့်နေ"

သူမက စကားကို အလိုက်တသိ ပြင်လိုက်သောကြောင့် ယွမ်ရှောင် ကျေနပ်သွားကာ လေးလေးနက်နက် အမိန့်ပေးသည်။

"နောက်ထပ် ရောက်လာမယ့်သူတွေက မင်းထက် အားကောင်းပြီး ကျင့်ကြံဆင့် ပိုမြင့်လိမ့်မယ်။ တစ်ယောက်တည်း သွားချင်တာ သေချာရဲ့လား။ ငါ့ရဲ့ ကာကွယ်မှုကို မလိုအပ်ဘူးလား"

စစ်မင်းသမီးက စိုးရိမ်နေဟန်ဖြင့် ထောက်ပြလိုက်သည်။

"မင်းနဲ့ သွားရမှာလား။ မင်းနဲ့ ငါက မဟာရန်သူတွေ ဖြစ်ရမှာ။ ငါ့ဇာတ်လမ်းကို မဖျက်ဆီးနဲ့။ ကြီးမြတ်တဲ့ လူဆိုးမတစ်ယောက်က အသွင်အပြင်ကို ထိန်းသိမ်းထားဖို့ လိုအပ်တယ်၊ နားလည်ရဲ့လား"

ယွမ်ရှောင်က ခေါင်းယမ်း၍ ရှင်းပြလိုက်၏။

"အသွင်အပြင်လား"

နှစ်ဦးသား စကားတပြောပြောဖြင့် နတ်ဆိုးတိုက်ကြီးသို့ ရောက်ရှိသွားသည်။ ယွမ်ရှောင်က ကြီးမားသော နေရာသို့ ပထမဆုံးအကြိမ် ခြေချဖူးခြင်း ဖြစ်သည်။ သူ၏ ကိုယ်တွင်းမှ ရှေးဟောင်းကြေးခေါင်းတလားကြီးအတွင်း အကျဉ်းထောင် ခေါင်းတလားက ပြင်းထန်စွာ တုန်ခါနေ၏။ သူ၏ လက်ထဲမှ ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ပင် ကြောက်မက်ဖွယ်ရာ ရန်သူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ အေးစက်စက် ဖြစ်လာသည်။ လနတ်သား ယွမ်ရှောင်၏ ခန္ဓာကိုယ်မှ ခွဲထွက်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ အမြန်နှုန်းဖြင့် ဝှစ်ခနဲ ထွက်ခွာသွားခဲ့သည်။

"မင်းရဲ့ ကိုယ်ပွားက ဘာတွေ လုပ်နေတာလဲ"

စစ်မင်းသမီးက စပ်စုသည်။

"သူ နတ်ဆိုးတိုက်ကြီးရဲ့ နတ်ဆိုးစစ်တပ်ကို တတ်နိုင်သလောက် များများ ထိန်းချုပ်ဖို့ အခွင့်အရေးသွားရှာတာလေ"

လနတ်သားသာ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေလျှင် နတ်ဆိုးတစ်ကောင်၏ အရှိန်အဝါမျိုး ထွက်နိုင်သောကြောင့် ထာဝရ ဓားထောင်၏ ဓားကျင့်ကြံသူများနှင့် တွေ့ဆုံလျှင် သူ့အတွက် စွန့်စားရာကျပေလိမ့်မည်။ သူက မိစ္ဆာ မျိုးစေ့မှတဆင့် စစ်မင်းသမီးနှင့် ဆက်သွယ်နိုင်သောကြောင့် လေကုန်မခံတော့ဘဲ ထွက်ခွာသွားကာ ထာဝရဓားအကျဥ်းထောင်၏ ဝင်ပေါက်ကို ရှာဖွေရန် နတ်ဆိုးတိုက်ကြီးတစ်ခွင် ပျံသန်းသွားခဲ့သည်။

ကံတရားက ယွမ်ရှောင်အပေါ် မျက်နှာသာပေးနေသဖြင့် နာရီဝက်အကြာတွင် ပျက်စီးနေသော ကမ္ဘာ့ အတားအဆီးမှ နေရာလွတ်တစ်ခုကို တွေ့ရှိခဲ့သည်။ သူ ရှာဖွေနေသော ဝင်ပေါက် အမှန်တကယ်ဖြစ်နေပြီး စိတ်ခံစားချက်ကို တည်ငြိမ်စေရန် ဝင်ပေါက်၌ ခေတ္တရပ်နားလိုက်၏။ ထိုအချိန်မှာပင် ဓားအလင်းများစွာသည် ဝင်ပေါက်ကို ဖြတ်သန်း၍ ထိုးဖောက်ဝင်ရောက်လာပြီး ဓား စွမ်းအင် တရှိန်ရှိန် ထွက်ပေါ်နေသော ပုံရိပ်များအဖြစ် ပြောင်းလဲသွားကာ ယွမ်ရှောင်ရှေ့တည့်တည့် ကျဆင်းလာ၏။

"ကုပိုင်ရီရဲ့ တပည့်၊ ယွမ်ရှောင်က အကြီးအကဲများကို ကြိုဆိုပါတယ်"

ယွမ်ရှောင်က သူတို့ထံ ချဉ်းကပ်သွားကာ သူ၏ မျက်လုံးများ နီရဲနေအောင် ပွတ်သပ်ထားပြီးသားဖြစ်သည်။

"ကုပိုင်ရီရဲ့ တပည့်လား"

မျက်ခုံးဖြူ အကြီးအကဲတစ်ယောက်က ယွမ်ရှောင်ကို စူးစမ်းလိုသော အကြည့်ဖြင့် စိုက်ကြည့်လာခဲ့သည်။

"သူက ယောက်ျားလေး တပည့်တစ်ယောက် လက်ခံတယ်လို့ ငါ ဘယ်တုန်းကမှ မကြားဖူးဘူး"

"အကြီးအကဲတို့၊ ကျွန်တော်က ဒီလောက ဇာတိပါ။ ဆရာက ကျွန်တော့်ကို ခြွင်းချက်အနေနဲ့ လက်ခံခဲ့တာက ကျွန်တော့်ရဲ့ ဓားပေါ်မှာ ဓားစက်ကွင်း ငါးခု တပ်ဆင်နိုင်လို့ပါ။ ဒါပေမယ့်…"

ယွမ်ရှောင်က တည်ငြိမ်စွာ ရှင်းပြနေရင်း

သူ၏ အသံ တဖြည်းဖြည်း တိုးသွားကာ ဝမ်းနည်းပူဆွေးမှုဖြင့် ပြည့်နှက်နေခဲ့သည်။

"ဒါပေမယ့် ဘာလဲ"

မျက်ခုံးဖြူ အကြီးအကဲက စုံစမ်းနေရင်း ဓားစက်ကွင်း ငါးခု ဆိုသော စကားလုံးကြောင့် သဘောထားပြောင်းလဲသွား၏။

"ဒါပေမယ့် ဆရာက အဆုံးမဲ့ ငရဲပြည်ရဲ့ မိစ္ဆာတစ်ကောင်နဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ သူက လူတိုင်းရှေ့မှာ အသတ်ခံလိုက်ရပါတယ်"

ယွမ်ရှောင်က အလွန်စိတ်ဆင်းရဲနေဟန်ဖြင့် ပြောသည်။

"ဘာပြောတယ်"

"အဆုံးမဲ့ ငရဲပြည်က မိစ္ဆာတွေလည်း ရောက်လာပြီလား"

"သူတို့လည်း ကောင်းကင်ဘုံကို သိသွားနိုင်တယ်"

ကြောက်မက်ဖွယ် အရှိန်အဝါနှင့် ပုံရိပ်များ သိသိသာသာ မျက်နှာပျက်ကုန်သည်။မျက်ခုံးဖြူ အကြီးအကဲ၏ အကြည့် တင်းမာသွားကာ ယွမ်ရှောင်ကို စေ့စေ့စပ်စပ် ထပ်မေးသည်။

" ကုပိုင်ရီ သေဆုံးသွားတာ သေချာလား"

"သေချာပါတယ်။ သူ မသေခင် ထွက်ပြေးလာခဲ့ပြီး ကျွန်တော့်ကို ဒီဓားစက်ကွင်းငါးခု ကိုယ်တိုင် လွှဲပြောင်းပေးခဲ့ပါတယ်"

ယွမ်ရှောင်က အတည်ပြုချက်ပေးရန် သူ၏ ဓားဝိညာဉ်ကို ဆွဲထုတ်ပြီး ဓားစက်ကွင်း ငါးခုကို ညွှန်ပြလိုက်၏။

"သူက မင်းအပေါ် မျှော်လင့်ချက်ကြီးကြီး ထားခဲ့ပုံရတယ်။ မင်းကို ဒီလောက် အဖိုးတန်တဲ့အရာတွေ ယုံကြည်အပ်နှံခဲ့တယ်ဆိုမှတော့ ငါတို့အနေနဲ့ မင်းက အခွင့်အရေးကို ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ မင်း ဒီကနေစပြီး ငါတို့နဲ့ ပူးပေါင်းရမယ်။ ငါတို့က ဒီနေရာနဲ့ မရင်းနှီးသေးလို့ လမ်းပြတစ်ယောက် လိုအပ်တယ်"

မျက်ခုံးဖြူအကြီးအကဲက ကုပိုင်ရီ၏ ကံတရားကို လက်ခံလိုက်ဟန်ဖြင့် သက်ပြင်းချကာ ယွမ်ရှောင်ကို ပခုံးပုတ်၍ အမိန့်ပေးလိုက်သည်။

"ဓားကျင့်ကြံသူမျိုးနွယ်အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားပါမယ်"

ယွမ်ရှောင်က တက်ကြွစွာ ကြေညာလိုက်သည်။

"ကောင်းတယ်။ မိစ္ဆာတွေက ဓားတာအိုရဲ့ တန်ခိုးအာဏာကို စိန်ခေါ်ရဲတယ်ပေါ့။ သူတို့ကိုယ်တိုင် သေတွင်းတူးနေတာပဲ"

အကြီးအကဲက အေးစက်စက် ရယ်မောလိုက်သည်။

"ဟုတ်ပါတယ်။ သူတို့က သေတွင်းထဲ ကိုယ့်ဘာသာ ခုန်ချချင်နေတာပဲ"

ယွမ်ရှောင်က အဆက်မပြတ် ခေါင်းညိတ်၍ ထောက်ခံလိုက်လေသည်။

All Chapters