သတင်းဆိုး
Vol. 19 Ch. 230
ကူဧကရာဇ်၏ အဖြစ်မှာ ထိတ်လန့်၍ ဆွံ့အသွားပြီး စိတ်ဓာတ်ပျက်စီးကာ မေးခွန်းထုတ်ရန် အချိန်မရှိခဲ့ပေ။ သူ၏ စစ်မှန်သော ခန္ဓာကိုယ်မှာ ခရမ်းရောင် မုန်တိုင်း ဖီးနစ်ငှက်နှင့် ထိမှန်သွားသောအခါ အင်းဆက်ပိုးကောင် ပင်လယ်ကြီးမှာ ဖရိုဖရဲဖြစ်ကုန်၏။ နဂါးဝင်သက်ကလည်း ဟိန်းဟောက်ဝင်ရောက်လာပြီး ကူဧကရာဇ် တစ်ကိုယ်လုံးကို ဝါးမျိုရန် နဂါး ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည်။
"အားးးး"
အစိမ်းရောင် ပိုးကောင်မှာ နာနာကျည်းကျည်း အော်ဟစ်ရင်း ကပ်ဘေး မိစ္ဆာသွေး၏ လွှမ်းမိုးမှုအောက်တွင် ခန္ဓာကိုယ်သည် အနီရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ အသွေးအသား နှင့် အဆီအနှစ်များ တစ်ခဏအတွင်း ဆုံးရှုံးသွားပြီး တစ်ချိန်က သက်ဝင်လှုပ်ရှားနေခဲ့သော အင်းဆက်ပိုးကောင်မှာ မျက်စိတမှိတ်အတွင်း ခြောက်သွေ့သော အလောင်းတစ်ခု ဖြစ်သွားသည်။
"ဟားဟား၊ အဲ့ဒီ အဆိပ်ပြင်းတဲ့ ပိုးကောင်အိုကြီး နောက်ဆုံးတော့ သေသွားပြီ"
ခရမ်းရောင်ဧကရာဇ်၏ နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် တဒုန်းဒုန်း ခုန်နေပြီး နောက်ကျော ဓားနှင့်ထိုးခြင်း အောင်မြင်ခဲ့၏။ နောက်ထပ် နတ်ဆိုးဧကရာဇ်တစ်ပါး ကျဆုံးသွားကာ အားကောင်းသန်မာသော စစ်မင်းသမီး၏ တိုက်ကွက်နှင့် ပူးပေါင်းလိုက်သောအခါ ဉာဏ်များကောက်ကျစ်သော နတ်ဆိုးဧကရာဇ်အိုကြီးပင် သေဘေးမှ မလွတ်မြောက်ခဲ့ချေ။
"ခရမ်းရောင်ဧကရာဇ် ဘာကြောင့်လဲ"
ကြာနီ၏ ဝမ်းနည်းပူဆွေးသော ငိုညည်းသံက တုန်ခါနေသော သွေးနီရောင် ကြာပန်းများအကြားမှ စူးရှစွာ ထွက်ပေါ်လာသည်။
"စကားတွေ မများနဲ့။ မင်းက ဆုံးဖြတ်ချက် ပြတ်သားတယ်။ ဒီတာဝန် ထမ်းဆောင်မှုကို မှတ်ထားပေးမယ်"
စစ်မင်းသမီး ခရမ်းရောင်ဧကရာဇ်ကို တစ်ချက်ကြည့်၍ ပြုံးလိုက်၏။
"ဟုတ်ကဲ့ပါ။ ကျွန်တော်က အရှင်စစ်မင်းသမီးကို အမှုထမ်းရတာ ကောင်းချီးတစ်ခုပါပဲ။ အရှင်မအတွက် ကျွန်တော် အကြိမ် တစ်ထောင် သေရဲပါတယ်"
ခရမ်းရောင်ဧကရာဇ်၏ မျက်နှာက ချီးကျူးစကားကြောင့် ကျေနပ်သွားကာ ကြာနီထံ အေးစက်စက် ကြည့်နေခဲ့သည်။
"အခု ကြာနီကို သတ်ဖြတ်ဖို့ အရှင်မကို ကူညီပါမယ်"
"မလိုဘူး။ ငါနဲ့ သွေးစုပ် စွမ်းရည်ချင်း ယှဥ်ချင်နေတဲ့ ဒီကောင်မက သေချင်နေတာပဲါ ငါက လက်တစ်ဖက်ယမ်းရုံနဲ့ သတ်ပစ်နိုင့တယ်။ မင်းက တားမြစ်ကံကြမ္မာဆီ ချက်ချင်း သွားလိုက်။ မင်းရဲ့ သရုပ်မှန်ကို သူ မသိနိုင်ခင် နတ်ဆိုးဧကရာဇ်သုံးယောက်၊ နတ်ဆိုးသူတော်စင် ၁၀၈ ယောက်နဲ့ လက်အောက်ခံ နတ်ဆိုးတွေ ဘိုးဘေးကျောင်းတော် တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ သတင်းပေးပြီး ထောင်ချောက်ဆင်ရမယ်။ မြန်မြန်လုပ်၊ မဟုတ်ရင် မင်းက သူလျှိုဆိုတာ သိသွားနိုင်တယ် "
စစ်မင်းသမီးက နှာခေါင်းရှုံ့၍ လေးနက်စွာ အမိန့်ပေးခဲ့သည်။
"အရှင်မ၊ တကယ်လို့ ဒီမှာ ရှိတဲ့ နတ်ဆိုးတွေအားလုံး သေဆုံးသွားရင် တားမြစ်ကံကြမ္မာက တိုက်ပွဲထဲကို ထပ်ဝင်လာနိုင်ပါ့မလား"
ခရမ်းရောင်ဧကရာဇ်က တစ်ချက်တွေး၍ မေးခွန်းထုတ်ခဲ့၏။
"မင်းက နတ်ဆိုးတွေအကြောင်း နားမလည်ပါဘူး။ သူတို့ရဲ့ မွေးရာပါသဘာဝကြောင့် အလွယ်တကူ ဒေါသထွက်တတ်တဲ့ သားရဲတွေသက်သက်ပဲ။ ဒီ အဆိပ်ပြင်းတဲ့ အင်းဆက်တစ်ကောင်ပဲ စဥ်းစားတွေးခေါ်နိုင်တယ်။ ဘိုးဘေးကျောင်းတော် တိုက်ပွဲအကြောင်း ကြားလိုက်တာနဲ့၊ အပြင်ဘက်မှာရှိနေတဲ့ နတ်ဆိုး စစ်တပ်က အမုန်းတရားကြောင့် တားဆီးမရနိုင်လောက်အောင် ချီတက်လာလိမ့်မယ်။ တားမြစ်ကံကြမ္မာတောင် ဒီလို လက်စားချေချင်စိတ်ကို မထိန်းချုပ်နိုင်ဘူး"
စစ်မင်းသမီးက အေးစက်စက် ရှင်းပြခဲ့သည်။
"ဟုတ်ကဲ့"
ခရမ်းရောင်ဧကရာဇ်က သေချာ စဉ်းစား၍ စစ်မင်းသမီး၏ သူလျှိုအဖြစ် နတ်ဆိုးစစ်တပ်ထံ သွားရောက် သတင်းပို့ရန်သာ လိုအပ်ပြီး အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ၊ ၎င်းမှာ သူနှင့် လုံးဝမသက်ဆိုင်ချေ။
"မှတ်ထား။ တကယ်လို့ နတ်ဆိုးစစ်တပ် တိုက်ပွဲထဲ ဝင်လာခဲ့ရင် မင်းက ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ရမယ်။ တားမြစ်ကံကြမ္မာ ရောက်လာတာနဲ့ တပြိုင်နက် အရုဏ်တက်နတ်ဧကရီက ကောင်းကင်နယ်မြေရဲ့ တံခါးနဲ့ ရှေးဦး အစီအရင်ကို အသက်သွင်းလိမ့်မယ်။ အချိန်ရင် မင်း၊ ငါနဲ့ အရုဏ်တက်နတ်ဧကရီက စစ်ကြောင်းသုံးခု ထိုးပြီး နတ်ဆိုးတွေကို ချေမှုန်းသတ်ဖြတ်ပစ်မယ်"
စစ်မင်းသမီးက တင်းမာပြတ်သားစွာ ညွှန်ကြားနေသည်။
"နားလည်ပါပြီ"
ခရမ်းရောင်ဧကရာဇ်၏ မျက်လုံးများ စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် တောက်လောင်နေသည်။ ပထမဆုံးအနေဖြင့် တန်ခိုးကြီးသော နတ်ဆိုးဧကရာဇ်များကို သတ်ဖြတ်မည်။ ထို့နောက် အရုဏ်တက်နတ် ဧကရီကို သတ်ပြီးလျှင် နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီးတွင် သူက အထွတ်အထိပ်သို့ ရောက်ရှိသွားပေ လိမ့်မည်။
"ကျေးဇူးပြုပြီး၊ အရှင်မက ကြာနီနဲ့ လနတ်သားကို သေချာတားဆီးပေးပါ။ မဟုတ်ရင် ကျွန်တော့်အတွက် အန္တရာယ် ရှိပါတယ်"
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ငါက ဒီနတ်ဆိုး နှစ်ကောင်ကို ချက်ချင်း သတ်နိုင်တယ်။ မြန်မြန် သွားတော့"
စစ်မင်းသမီး တိုက်တွန်းလိုက်သောကြောင့် လှစ်ခနဲ မြည်သံနှင့်အတူ ခရမ်းရောင်ဧကရာဇ်က နောက်ထပ် စကားတစ်ခွန်းမှ မပြောဘဲ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ ထို့အပြင် စစ်မြေပြင်မှာ ဖရိုဖရဲဖြစ်နေသည့်အပြင် လူသားနှင့် နတ်ဆိုးများ ဒေါသတကြီး တိုက်ခိုက်နေသောကြောင့် ကြာနီမှလွဲ၍ မည်သူမျှ သူက ကူ ဧကရာဇ်ကို လုပ်ကြံခဲ့ကြောင်း သတိမပြုမိခဲ့ပေ။ခရမ်းရောင်ဧကရာဇ်နှင့် စကားပြောနေရင်း စစ်မင်းသမီးမှာ တရစပ် တိုက်ခိုက်နေခဲ့ပြီး ကြာပွတ်က မြေကြီးအတွင်း ထိုးဖောက်ဝင်ရောက်၍ ကြာနီ ဖန်တီးထားသော အကြီးဆုံး သွေးကြာပန်းကို ရစ်ပတ်လိုက်သည်။
"ယုတ်မာလှချည်လား။ စစ်မင်းသမီး"
ကြာနီက မရေမတွက်နိုင်သော နွယ်ပင်များ နှင့် ကြာပန်းများအကြား ပုန်းအောင်း၍ မြေအောက်နက်နက်သို့ တူးဝင်ရန် ကြိုးပမ်းကာ ထွက်ပြေးလွတ်မြောက်လျှင် အဖြစ်မှန်ကို သတင်းပို့ချင်ခဲ့သည်။သို့သော် စစ်မင်းသမီး၏ ကပ်ဘေး မိစ္ဆာ သွေးက သူမကို လုံးဝ ရစ်ပတ်ထားသဖြင့် လှုပ်ရှားမရချေ။
"ဒါ မိစ္ဆာတစ်ကောင်ရဲ့ ဉာဏ်ပညာပဲ"
စစ်မင်းသမီးက အေးစက်စက် ရေရွတ်၍ ကြာပန်းရှိရာ မြေအောက်သို့ တိုးဝင်သွားခဲ့ပြီး ဘုန်းခနဲ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်သဖြင့် နှစ်ယောက်လုံး ဘိုးဘေးကျောင်းတော် အပြင်အထိ လွင့်ပျံသွားကြ၏။
"ဘယ်ကို ထွက်ပြေးချင်နေတာလဲ"
စစ်မင်းသမီးက သူမ၏ ကြာပွတ်နှင့်အတူ အကြီးဆုံး သွေးကြာပန်းအပေါ်တွင် ရုတ်တရက် ရောက်ရှိလာ၍ မိစ္ဆာသွေးမှာ မြူခိုးများအဖြစ် ကြာပန်း ပတ်ပတ်လည်တွင် ရစ်ဆိုင်းနေ၏။ ကြာပန်း၏ ဆူးများက စစ်မင်းသမီး၏ ပေါင်များထံ တစွတ်စွတ် ထိုးဖောက်ဝင်ရောက်သွားသဖြင့် ဖြူဖွေးလှပသော ခြေထောက်များ သွေးအလိမ်းလိမ်း ဖြစ်နေသည်။
"သေစမ်း"
ကြာနီက သူမ၏ သွေးကို စုပ်ယူရန် ကြိုးပမ်းနေသည့်တိုင်အောင် ကပ်ဘေး မိစ္ဆာသွေးကြောင့် ကြာပန်းမှာ အတွင်း၌ ပေါက်ကွဲထွက်လာ၏။ သူမက ပြင်းထန်လှသော နာကျင်မှုကြောင့် သည်းထန်စွာ အော်ဟစ်ရင်း အဆိပ်သင့်သကဲ့သို့ ခံစားနေရသည်။
"ဟီး ဟီး၊ ငါ နင့်ကို အရင်က မပြောခဲ့ဘူးလား။ သွေးစုပ်တဲ့စွမ်းရည်မှာ ငါက နင့်ရဲ့ ဘိုးဘေးပဲ။ ဒီလှည့်ကွက်မျိုးကို ငါ့အပေါ်မှာ စမ်းကြည့်ရဲတယ်ပေါ့"
စစ်မင်းသမီးက အထင်သေးစွာ ရေရွတ်၍ ကပ်ဘေးမိစ္ဆာသွေး အစွမ်းဖြင့် ကြာနီ၏ သွေးများကို ခန္ဓာကိုယ်အတွင်း လောဘတကြီး စုပ်ယူနေသည်။ သွေး ကပ်ဘေးကျင့်စဥ်ကို အသက်သွင်း၍ စစ်မင်းသမီးသည် ကြာပန်း၏ သွေးကို သူမ၏ နှလုံးသားသို့ ပို့ဆောင်ခဲ့သည်။ အပင်အမျိုးအစား နတ်ဆိုးဧကရာဇ်ဖြစ်သော်လည်း ကြာနီ၏ သွေး၌ လူသားနှင့် နတ်ဆိုးသွေးများ ရောနှောနေသဖြင့် မရေမတွက်နိုင်လောက်အောင် သွေးစုပ်ဖူးကြောင်း သိသာနေ၏။
သူမ၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်ဖြင့် လှည့်စားတတ်သော်လည်း အမှန်တကယ်၌ ဟန်ဆောင်ထားသော သားရဲတစ်ကောင် ဖြစ်သည်။ ယခုအခါတွင် သွေးစုပ်သူ နတ်ဆိုးမှာ ဝဋ်လည်နေခဲ့ပြီး ကောက်ကျစ်၍ အကြံကြီးသော ကူဧကရာဇ်သည်လည်း အကွက်ချ ကြံစည်ခြင်း ခံရသကဲ့သို့ ကြာနီမှာလည်း သူမ၏ နည်းလမ်းအတိုင်း နိဂုံးချုပ်ပေတော့မည်။
"မဟုတ်ဘူး"
ကြာနီ၏ သွေးက စစ်မင်းသမီးထံ တဝေါဝေါ စီးဝင်နေသဖြင့် စိတ်ပျက်လက်ပျက် ရုန်းကန်ခဲ့သော်လည်း မိစ္ဆာဘိုးဘေးနတ်ဘုရား၏ သွေးကပ်ဘေးကျင့်စဥ်ရှေ့မှောက်တွင် သားကောင်ငယ်တစ်ကောင်အထက် မပိုချေ။
"တားမြစ်ကံကြမ္မာ။ လနတ်သား။ အရုဏ်တက်နတ်ဧကရီ"
ကြာနီက အသံကုန်အော်ဟစ်ရင်း မြေအောက်သို့ ဆက်တိုက် တူးဝင်သွားသော်လည်း စစ်မင်းသမီးမှာ ခွာချမရနိုင်သကဲ့သို့ အတူလိုက်ပါလာသည်။ သူမက မှတ်ဉာဏ်ထဲတွင် စွဲထင်နေသော ဦးတည်ချက်တစ်ခုထံ မြေလျှိုးပြေးလွှားနေပြီး ဤသည်မှာ နတ်ဆိုးမျိုးနွယ်အတွက် သူမ၏ နောက်ဆုံး ခုခံတိုက်ခိုက်မှုပင်။
ဘုန်း
နောက်ဆုံးတွင် ခြောက်သွေ့နေသော သွေးကြာပန်းသည် မြေအောက်မှ မြေပြင်အထက်သို့ ဖောက်ထွက်လာပြီး ပတ်ဝန်းကျင်၌ သွေးရောင်လျှပ်စီးများ ယှက်နွယ်နေသည်။ ကောင်းကင်အထက်တွင် အမြီးသုံးချောင်း မြေခွေးတစ်ကောင် နှင့် နဂါးဝတ်ရုံဝတ် လူတစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြောင်း မြင်တွေ့နိုင်၏။
"လနတ်သား။ ခရမ်းရောင်ဧကရာဇ်က သစ္စာဖောက်တစ်ယောက်ပဲ။ အခု ထွက်ပြေးပြီး တားမြစ်ကံကြမ္မာကို သတိပေးလိုက်ပါ"
ကြာနီက သူမ၏ နောက်ဆုံး ခွန်အားဖြင့် အမြီးသုံးချောင်း နတ်ဆိုး မြေခွေးကို အော်ဟစ်သတိပေးခဲ့သည်။
"ငါ သိပြီ"
လနတ်သားက တိုက်ခိုက်ခြင်းကို ရပ်တန့်၍ သူမကို အေးစက်စက် ငုံ့ကြည့်လာခဲ့သည်။
"အရုဏ်တက်နတ်ဧကရီ နတ်ဆိုးမျိုးနွယ်အလှည့်ပြီးရင် လူသားမျိုးနွယ်ဘက် မိစ္ဆာတွေ မျက်စိကျလာလိမ့်မယ်"
သူမ၏ နောက်ဆုံး သွေးစက် စုပ်ယူမခံရခင် ကြာနီသည် လျှပ်စီးများ ရစ်ပတ်ထားသော ပုံရိပ်ထံ သတင်းပေးလိုက်၏။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါ ဘာမှမသိလောက်ဘူး"
ယောက်ျား စကားသံတစ်ခုက နဂါး ဝတ်ရုံအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသဖြင့် သူမ တုန်လှုပ်သွားကာ လျှပ်စီးကြောင်းများအတွင်း ရှိနေသည်မှာ အရုဏ်တက်နတ်ဧကရီ မဟုတ်ဘဲ တည်ငြိမ်ပြီး ထင်ရှားစွာ ချောမောသော ယွမ်ရှောင် ဖြစ်နေသည်။ ယွမ်ရှောင် နှင့် အမြီးသုံးချောင်း နတ်ဆိုး မြေခွေးက ဘေးချင်းယှဥ်ရပ်နေရာမှ သူတို့၏ စကားသံများ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။
"ငြိမ်းချမ်းစွာ အနားယူလိုက်ပါ။ ခရမ်းရောင်ဧကရာဇ်လည်း မကြာခင် အဖော်လိုက်လာလိမ့်မယ်"
"ဟင်"
ကြာနီက ကြောင်တောင်တောင် ဖြစ်နေပြီး တစ်ချိန်တည်း စကားပြောနေသော လူသားနှင့် နတ်ဆိုးကို ကြည့်နေရင်း သေဆုံးကာနီး နောက်ဆုံးအခိုက်အတန့်တွင် အဆုံးမရှိသော ကြောက်စိတ်များ ဖြစ်တည်လာ၏။
"ကြာနီ၊ မင်းကို လူသားမျိုးနွယ်က ထောင်စုနှစ်ပေါင်းများစွာ လက်စားချေချင်ခဲ့တယ်။ နတ်ဆိုးတိုက်ကြီးက လူသားမျိုးနွယ်အပေါ် ဘယ်လို ပြန်ပေးဆပ်သင့်တယ်လို့ မင်း ထင်လဲ"
ယွမ်ရှောင် နှင့် လနတ်သားက ပြိုင်တူ မေးခွန်းထုတ်နေစဥ် ကြာနီ၏ ဝိညာဥ် မှိန်ဖျော့အားနည်းလာပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ဘန်း
စစ်မင်းသမီးက ကူဧကရာဇ်၏ အလောင်းကို လနတ်သားရှေ့တွင် ပစ်ချပြီးနောက် ယွမ်ရှောင်ဘက် လှည့်လိုက်သည်။
"ငါတို့မှာ အချိန်မရှိဘူး"
ထိုအချိန်၌ လနတ်သားက စကားတစ်ခွန်းမှ မပြောဘဲ ကူဧကရာဇ်၏ ခန္ဓာကိုယ်ကို ကောက်ယူပြီး ကောင်းကင်သို့ ပျံတက်သွားကာ ခရမ်းရောင်ဧကရာဇ်အား လိုက်လံရှာဖွေရန် ထွက်ခွာသွားသောကြောင့်ကျန်ရစ်ခဲ့သည်မှာ ယွမ်ရှောင် နှင့် စစ်မင်းသမီးသာ။ ယွမ်ရှောင်၏ အကြည့်က သွေးထွက်နေသော ခြေထောက်များပေါ်သို့ ကျရောက်သွားသည်။
"မင်း ဒီနေ့ ကောင်းကောင်း လုပ်ခဲ့တာပဲ"
"ဟုတ်ကဲ့"
စစ်မင်းသမီးက ဦးခေါင်း ငုံ့လိုက်သည်။
ကောင်းကင်နယ်မြေအပြင်ဘက်ရှိ ကောင်းကင်တွင် နတ်ဆိုးတိမ်တိုက်များ ပင်လယ်အလား စုဝေးနေပြီး နတ်ဆိုးစစ်တပ်ထံ သတင်းကို မရောက်သေးပေ။ ဘိုးဘေးကျောင်းတော် တိုက်ပွဲ၊ ကူ ဧကရာဇ် နှင့် ကြာနီ၏ သေဆုံးမှု၊ ယွမ်ရှောင်၏ အောင်ပွဲ စသော သတင်းများနှင့်အတူ ခရမ်းရောင်ဧကရာဇ်က လျင်မြန်စွာ တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်၏ ဘေးသို့ ရောက်ရှိလာသည်။ ကူဧကရာဇ် စေလွှတ်ထားသော သတင်းပို့ဆက်သား တစ်ယောက်က ကြိုတင်ရောက်ရှိနေပြီး ဘိုးဘေးကျောင်းတော်ကို အရုဏ်တက်နတ် ဧကရီ တိုက်ခိုက်လာကြောင်း အစီရင်ခံနေစဥ် သူက သတင်းဆိုးကို တင်ပြခဲ့သည်။ ကူဧကရာဇ်၊ ကြာနီ နှင့် လနတ်သား အားလုံး သေဆုံးသွားပြီး နတ်ဆိုးသူတော်စင် ၁၀၈ ပါးလည်း သတ်ဖြတ်ခံလိုက်ရ၍ မိစ္ဆာမျိုးနွယ်၏ သစ္စာဖောက်ခြင်းနှင့် နောက်ပိုင်းအဆင့် ဧကရာဇ်နယ်ပယ် စစ်မင်းသမီးသည် အရုဏ်တက်နတ် ဧကရီနှင့်အတူ နတ်ဆိုးမျိုးနွယ်ကို သတ်ဖြတ်နေသည်ဟူသော ကြောက်မက်ဖွယ် သတင်းဆိုးမှာ အရေအတွက် သန်း ၁၀၀ ရှိသော နတ်ဆိုး စစ်တပ်အကြား ပျံ့နှံ့သွားသည့်အခိုက်တွင် သွေးရောင် တောက်ပလာသည်။ ဤသည်မှာ မရေမတွက်နိုင်သော နတ်ဆိုးများ၏ မျက်လုံးများမှာ ဒေါသတကြီး သွေးနီရောင် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
"သတ်ပစ်မယ်။ သတ်ကြစမ်း"
နတ်ဆိုးမျိုးနွယ်၏ မွေးရာပါသဘာဝကြောင့် တားမြစ်ကံကြမ္မာပင် အမိန့်တစ်ခု မထုတ်ပြန်ခင် ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွား၏။ သူတို့က ကောင်းကင်နယ်မြေ၏ ဝင်ပေါက်ကို စိုက်ကြည့်နေကြပြီး အတွင်းသို့ ပြေးဝင်တိုက်ခိုက်ရန် အသင့်အနေအထား ပြင်လိုက်ကြသည်။
"တားမြစ်ကံကြမ္မာ၊ ငါတို့ အခု မဆင်မခြင် မလုပ်ဆောင်သင့်ဘူး။ ဒီအချိန်မှာ တိုက်ခိုက်တာက ထောင်ချောက်ထဲကို တည့်တည့် ရောက်သွားလိမ့်မယ်။ တကယ်လို့ ငါတို့သာ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခံရရင် ဆုံးရှုံးမှုတွေ ကပ်စိုက်သွားလိမ့်မယ်။ အဲ့ဒီမိစ္ဆာတွေက အရမ်း သန်မာတယ်။ ငါတို့အနေနဲ့ သူတို့ကို မယှဉ်နိုင်ဘူး"
ခရမ်းရောင်ဧကရာဇ်က ဆန့်ကျင့်ဘက်ရောက်အောင် လိမ္မာပါးနပ်စွာ လှုံ့ဆော်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း သူ၏ စကားလုံးများကြောင့် ယမ်းပုံမီးကျ ဒေါသထွက်နေသော နတ်ဆိုးများမှာ ပို၍ ရူးသွပ်ကုန်သည်။
"လမ်းဖယ်စမ်း"
"မင်းလို ငကြောက်တွေကြောင့်ပဲ နတ်ဆိုးတိုက်ကြီးရဲ့ ငါတို့ မျိုးနွယ်ဝင်တွေ အများကြီး သေဆုံးခဲ့ရတာ"
"ကြီးမြတ်တဲ့ နတ်ဆိုးကစစ်တပ် ငါတို့ ညီအစ်ကိုတွေ သေဆုံးတာကို ကြည့်ဖို့ လာခဲ့တာလား"
"အရှင်က အဲ့ဒီမိစ္ဆာတွေရဲ့ ခွန်အားအကြောင်း ဘယ်သူထက်မဆို ပိုသိပါတယ်။ သူတို့ ရှိနေရင် ငါတို့အားလုံး ပျက်စီးသွားလိမ့်မယ်။ ကူ ဧကရာဇ်၊ ကြာနီနဲ့ လနတ်သား၊ သူတို့အားလုံး ဆိုးဆိုးရွားရွား သေဆုံးခဲ့ကြရတယ်။ ပြီးတော့ နတ်ဆိုးသူတော်စင်တွေလည်း ဝိညာဉ်တွေ ဖမ်းဆီးခံထားရတယ်။ ဘယ်တော့မှ ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်မှာ မဟုတ်လောက်ဘူး"
ခရမ်းရောင်ဧကရာဇ်က လေးလံစွာ သက်ပြင်းချ၍ တားမြစ်ကံကြမ္မာဘက်လှည့်ကာ လေးလေးနက်နက် သတိပေးဟန်ဆောင်ပြီး နတ်ဆိုးများ၏ ဒေါသကို မီးလောင်ရာလေပင့်ပေးခဲ့၏။
ဘုန်း
နတ်ဆိုးတိုင်း သူတို့၏ နှလုံးသားကို လက်သီးဖြင့် ထိုးနှက်ခံလိုက်ရသကဲ့သို့ နာကျင်သွားပြီး မွေးရာပါသဘာဝအရ လူသတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်နေခဲ့လေသည်။