ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်၏ နိဂုံး
Vol. 19 Ch. 231-b
တစ်ခဏအတွင်း စစ်သင်္ဘောများ တစ်စစီ ကြေမွသွား၍ ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်မှာ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရသည်။ မရေမတွက်နိုင်သော စစ်သည်များ၏ လက်များ၊ ဦးခေါင်းများ၊ ခန္ဓာကိုယ်များ နှင့် ခြေထောက်များ ဆွဲဖြုတ် ခံလိုက်ရပြီး အရှင်လတ်လတ် ဝါးစားခံနေရသဖြင့် သူတို့၏ ကိုယ်တွင်းအင်္ဂါများနှင့် အူများ နတ်ဆိုးများ၏ ခံတွင်းမှ တွဲလောင်းကျနေသည်။
"မဟုတ်ဘူး။ မဟုတ်ဘူး"
ဝေ့ဖုန်းက စိတ်ဓာတ်ပြိုကွဲသွား၍ နှလုံးသွေး တစက်စက် ယိုစီးရင်း တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်ရှိရာသို့ ပြေးဝင်သွားသည်။
"ဘာကြောင့်လဲ။ ငါတို့က နတ်ဆိုးတိုက်ကြီးကို အမှုထမ်းခဲ့တယ်။ ဘာကြောင့် ခရမ်းရောင်ကောင်းကင် စစ်တပ်ကို ဖျက်ဆီးချင်ရတာလဲ။ ဘာကြောင့်လဲ"
ဘန်း
တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်ထံမှ နောက်ထပ် ရိုက်ချက်တစ်ခု ထွက်ပေါ်လာကာ မရေမတွက်နိုင်သော အလောင်းများဖြင့် ဖွဲ့စည်းထားသော လက်ကြီးသည် ဝေ့ဖုန်း၏ ဦးခေါင်းကို ထိုးနှက်၍ သွေးမြူခိုးအဖြစ် ပေါက်ကွဲသွားစေ၏။ သူ၏ ခေါင်းပြတ် ခန္ဓာကိုယ်ကို အမွေးနက် မျောက်နတ်ဆိုးပေါင်းများစွာက ဆွဲဖြဲလိုက်သဖြင့် စုတ်ပြတ်သွား၍ သွေးများ ပတ်ဝန်းကျင်တွင် စိုရွှဲနေသည်။ နတ်ဆိုးများက ရက်စက်ကြမ်းကြုတ်ပြီး အမုန်းတရားဖြင့် ဒေါသထွက်နေသောအခါ တိုက်ခိုက်ရာ၌ အလွန်ပြင်းထန်သည်။ ထိုအခိုက်အတန့်တွင်၊ ကြာမြင့်စွာ ဖိနှိပ်ထားသော ဒေါသမှာ ကျိုးပေါက်သွားသော ဆည်တစ်ခုမှ ရေလှိုင်း ကဲ့သို့ ဒလဟော ပေါက်ကွဲထွက်လာပြီး စစ်ပွဲတွင် တားဆီးမရနိုင်တော့ပေ။
တုတင် နှင့် ဝေ့ဖုန်း၊ ထင်ရှားသော ခရမ်းရောင်ကောင်းကင် အရာရှိ နှစ်ဦးသည် တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်း လက်ချက်ဖြင့် စကားတစ်ခွန်းမှ အဖြေမရလိုက်ဘဲ အသတ်ခံလိုက်ရသောအခါ ကျန်ရှိနေသော ခရမ်းရောင်ကောင်းကင် စစ်သည်များက လက်နက်ချ၍ တိုက်ပွဲရပ်ရန် အတွေးများ ရပ်တန့်သွားကြသည်။
ထို့ကြောင့် မသေဘဲ ကျန်ခဲ့သော ခရမ်းရောင်ကောင်းကင် ဗိုလ်ချုပ်များက လက်အောက်ခံစစ်သည်များကို ချက်ချင်း အမိန့်ထုတ်ပြန်လိုက်ကြရသည်။
"ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်၊ သေတဲ့အထိ တိုက်ပွဲဝင်ကြစမ်း"
"အသက်ရှင်ဖို့ တိုက်ခိုက်ကြ"
ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်က နတ်ဘုရားတိုက်ကြီးတွင် ကျော်ကြားမှုနှင့် ထိုက်တန်သော သူရသတ္တိမျိုး ရှိပြီး ခရမ်းရောင်ကောင်းကင် စစ်သည် ဆယ်သန်းကျော်သည် မူလတွင် ထိတ်လန့်နေသော်လည်း ထွက်ပြေးလွတ်မြောက်ရန် လမ်းမရှိဘဲ ချောင်ပိတ်မိသွားသောအခါ စစ်ချီတက်ပုံ စနစ်တကျ ဖွဲ့စည်းပြီး ရဲရင့်စွာ တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။
"ခံစစ်ကို ထိန်းထားကြ၊ အရှင်မင်းကြီးကို စောင့်ရမယ်"
"အရှင်မင်းကြီးက ငါတို့ကို အဖြေတစ်ခု ပေးဖို့ နတ်ဆိုးတွေကို တားဆီးပေးလိမ့်မယ်"
ဤပရမ်းပတာအခြေအနေကြောင့် ခရမ်းရောင်ဧကရာဇ်သည် ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာခဲ့သည်။
"တန်းစီကြ"
"နတ်ဆိုးတွေကို အနီးကပ်မလာစေနဲ့"
"တာအိုဂါထာ ပြင်ဆင်ကြ။ ပစ်စမ်း"
"ကာကွယ်ရေးအတွက် ရတနာတွေ အသက်သွင်းကြ"
"စိတ်အေးအေးထားပြီး တိုက်ခိုက်စမ်း"
ဘုန်း ဘုန်း ဘုန်း
တာအို ဂါထာများ နှင့် လက်နက်များက နတ်ဆိုးများ၏ ခန္ဓာကိုယ်အထက်သို့ ကျယ်လောင်စွာ မြည်ဟီး၍ ကျဆင်းလာသည်။ ထူထပ်သောနတ်ဆိုးတိမ်တိုက်အတွင်း ခရမ်းရောင် မြူခိုးတစ်ခု ဝင်ရောက်လာသောကြောင့် တောက်ပသော အလင်းရောင်များအဖြစ် ပေါက်ကွဲကုန်သည်။ ထို့နောက် မရေမတွက်နိုင်သော အော်သံများ နှင့် ကြုံးဝါးသံများ နားကွဲမတတ် ကျယ်လောင်နေပြီး ခြေလက်အင်္ဂါများ နှင့် အလောင်းများ ကောင်းကင်မှ မိုးရွာသကဲ့သို့ နတ်ဘုရားတိုက်ကြီး၏ အောက်နယ်မြေများထံ တဖွဲဖွဲ ကျဆင်းနေခဲ့၏။
ကောင်းကင်ကိုယ်တိုင် သွေးများဖြင့် နီရဲ စွန်းထင်းနေပြီး နတ်ဘုရားတိုက်ကြီးရှိ သာမန်ပြည်သူများပင် သွေးနီရောင် ကောင်းကင်ကို မြင်တွေ့နိုင်ခဲ့သည်။ လယ်ကွင်းများအတွင်း အသားစများ ပြုတ်ကျလာသည်ကို မြင်တွေ့နိုင်ပြီး မည်သည့်အလောင်းမှ အပြည့်အစုံ မဟုတ်သဖြင့် စကားဖြင့် ဖော်ပြမရနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်လွန်းသည့် တိုက်ပွဲပင်။
"ခရမ်းရောင်ကောင်းကင် နတ်ပြည်ထောင်အတွက်"
ခရမ်းရောင် ချပ်ကာဝတ် ကျင့်ကြံသူများက သွေးများဖြင့် စိုရွှဲနေသော်လည်း နတ်ပြည်ထောင်၏ အမည်နာမကို အော်ဟစ်ကြွေးကြော်နေပြီး မဟာမိတ်ဖြစ်ခဲ့ဖူးသော နတ်ဆိုးများ၏ ရိုင်းစိုင်းပုံ နှင့် ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်ကိုယ်တွေ့ကြုံနေရသည်။ နတ်ဘုရားတိုက်ကြီးရှိ လူသားမျိုးနွယ် ကြာမြင့်စွာ ခံစားခဲ့ရသော အရှက်တရား နှင့် နက်ရှိုင်းစွာ စွဲထင်နေသော အမုန်းတရားတို့မှာ ဘိုးဘေးမျိုးဆက်ဟောင်းများထံမှ ဆင့်ကဲရောက်ရှိလာခဲ့သည်။ သို့ရာတွင် ကောင်းကင်ကို သွေးစွန်းစေလောက်အောင် ပြင်းထန်သော ဤစစ်ပွဲတွင် အကြောင်းပြချက်များ အရေးမပါတော့ပေ။ စစ်မြေပြင်တွင် လူသားဖြစ်စေ နတ်ဆိုးဖြစ်စေ ကိုယ့်အသက်ကို မပိုင်ဘဲ ရူးရူးမိုက်မိုက် တိုက်ခိုက်သတ်ဖြတ်နေကြပြီး တွေးတောဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးကုန်၏။ ဤသို့သော ပြင်းထန်လှသည့် စစ်ပွဲမျိုးတွင် နတ်ဘုရားတိုက်ကြီး၏ အင်အားအကြီးဆုံး ဧကရာဇ်များပင် အကျိုးဆက်အပေါ် အကန့်အသတ်ဖြင့်သာ လွှမ်းမိုးနိုင်ပြီး ခရမ်းရောင်ဧကရာဇ် ဘိုးဘေးကျောင်းတော်တွင် အသက်ရှင်ကျန်ရစ်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။
သို့ရာတွင် ဤစစ်ပွဲ၏ ရလဒ်ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်မှာ နတ်ဆိုးဧကရာဇ်များ၊ နတ်ဆိုးသူတော်စင်များနှင့် ခရမ်းရောင်ဧကရာဇ် မဟုတ်ဘဲ ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ် နှင့် နတ်ဆိုး စစ်တပ်၏ စစ်သည်များ ဖြစ်သည်။ သူတို့၏ ဖျက်ဆီးနိုင်စွမ်းက တိုင်းတာမရနိုင်လောက်အောင် ပြင်းထန်ပြီး အရုဏ်တက်နတ် ဧကရီအနေဖြင့် နတ်ဆိုးဧကရာဇ်များကို ချေမှုန်းပြီး အသာစီး ရရှိခဲ့လျှင်ပင် နတ်ဆိုးတိုက်ကြီးကို ထာဝရ နှိမ်နင်းနိုင်ရန် ကြီးမားသော တာဝန်တစ်ခု ထမ်းဆောင်ရမည်ဖြစ်ကြောင်း စဥ်းစားထားခြင်းပင်။ ကိုးကောင်းကင် အင်မော်တယ် စစ်တပ်ဖြစ်စေ၊ ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများဖြစ်စေ၊ နတ်ဘုရားတိုက်ကြီး၏ ပြည်သူများဖြစ်စေ စစ်၏ ဘေးထွက်ဆိုးကျိုးအရ မရေမတွက်နိုင်သော အသက်များ ဆုံးရှုံးသွားပေလိမ့်မည်။
လောကတွင် မည်သည့် စစ်ပွဲမဆို အသက်ပေါင်းများစွာ ဆုံးရှုံးစေနိုင်ပြီး လက်ရှိတွင် တိုက်ခိုက်နေသည်မှာ အသေးစား နယ်မြေလု တိုက်ပွဲတစ်ခု မဟုတ်ဘဲ မျိုးနွယ်နှစ်ခု၏ မျိုးတုံးစစ်ပွဲတစ်ခု ဖြစ်နေသည်။ နတ်ဆိုးတိုက်ကြီး၏ စစ်သည် သန်းတစ်ရာကျော်၏ သတ်ဖြတ်နိုင်စွမ်းမှာ မတွေးဝံ့စရာ ဖြစ်၍ ရှေးဦးအစီအရင်တစ်ခုတည်းသာ သူတို့၏ စုပေါင်းအင်အားကို ဖြိုခွဲပြီး တားဆီးနိုင်ပေသည်။ ယွမ်ရှောင်သည် စစ်မင်းသမီး နှင့် လနတ်သားကို အသုံးချ၍ ခရမ်းရောင်ဧကရာဇ်၏ အကျင့်စရိုက်ကို ခြယ်လှယ်ကာ နတ်ဆိုးစစ်တပ်နှင့် ခရမ်းရောင်ကောင်းကင်စစ်တပ်ကို စစ်ပွဲတစ်ခု ဖြစ်လာစေရန် လှုံ့ဆော်ပေးနိုင်ခဲ့သည်။
နတ်ဆိုးဧကရာဇ် လေးဦးကို သတ်ဖြတ်ခြင်းနှင့် နှိုင်းယှဉ်လျှင် ၎င်းစစ်ပွဲသည် နတ်ဘုရားတိုက်ကြီးရှိ လူသား မျိုးနွယ်၏ အကျပ်အတည်းကို ဖြေရှင်းရန် အကောင်းဆုံး အဆုံးအဖြတ်ပေးနိုင်မည့် ထိုးနှက်ချက်တစ်ခု ဖြစ်သည်။
ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်သည် အမှန်တကယ်အားဖြင့် ဘိုးဘေးကျောင်းတော်ရှိ နတ်ဆိုး သန်းပေါင်းများစွာထက် ပို၍ အားကောင်းသည်။ ထို့ကြောင့် ယွမ်ရှောင်က သစ္စာဖောက်များကို လမ်းဆုံးပို့ပေးရုံသာမက နတ်ဆိုးတိုက်ကြီး၏ နတ်ဆိုး စစ်တပ်အတွက်လည်း ကြီးကြီးမားမား ဆုံးရှုံးစေရန် အကြံထုတ်၍ အပြန်အလှန် တိုက်ခိုက်ဖျက်ဆီးစေခဲ့သည်။ စစ်တပ်နှစ်ခုက မီးကုန်ယမ်းကုန် တိုက်ခိုက်နေသောကြောင့် သူ၏ အကြံ ရာနှုန်းပြည့် အောင်မြင်သွားပြီး နှစ်ဖက်စစ်သည်များမှာ နောက်ဆုတ်ရန် လမ်းမရှိသည်အထိ အမုန်းတရားများ ကြီးမားနေသည်။
ပေါက်ကွဲသံများ ကောင်းကင်တစ်ခွင် မြည်ဟီးနေပြီး ပြင်းထန်သော နာကျင်မှု ဝေဒနာကြောင့် ငိုညည်းသံများ နတ်ဘုရားတိုက်ကြီးတစ်ခွင် ပဲ့တင်ထပ်နေသည်။ တောက်ပသော တာအိုဂါထာများ နှင့် နတ်ဆိုးလက်သည်းများ ပတ်ဝန်းကျင်တွင် ဖြတ်သန်းလှုပ်ရှားနေ၏။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်အကြောင်း ချီးကျူးစရာကောင်းသည်မှာ အောက်စည်းသို့ ရောက်နေသော်လည်းအသက်ရှင်ကျန်ရစ်ရန် လမ်းတစ်ခု ရှာဖွေပြီး သူတို့ အလွန် လေးစားကြည်ညိုခဲ့သော နတ်ဆိုးတိုက်မဟာမိတ်များနှင့် တိုက်ပွဲတစ်ခု အပြန်အလှန် တိုက်ခိုက်ရဲခြင်း ဖြစ်သည်။ သူတို့က သေဆုံးသွားသည့်တိုင်အောင် အနည်းဆုံး နတ်ဆိုးစစ်တပ်၏ အရေအတွက်တစ်ခုကို သူတို့နှင့်အတူ တမလွန်သို့ ခေါ်ဆောင်သွားနိုင်ခဲ့သည်။
"ခရမ်းရောင်ကောင်းကင် အင်မော်တယ် နတ်ပြည်ထောင်"
စစ်သည် တစ်ယောက်ပြီးတစ်ယောက် ဤ အရှက်ရဖွယ် သစ္စာဖောက် အမည်နာမကို တီးတိုးရေရွတ်ရင်း မျက်လုံးများ မှိန်ဖျော့၍ လက်နက်များ လွတ်ကျကာ အသက်ပျောက်ကုန်သည်။ သေဆုံးသွားပြီဖြစ်သောကြောင့် နတ်ဆိုးစစ်တပ် ရုတ်တရက် တိုက်ခိုက်လာသော အကြောင်းအရင်းကို သိစရာ မလိုတော့ချေ။ ပြင်းထန်သော စစ်ပွဲအခြေအနေသည် လူသားမျိုးနွယ် နှင့် နတ်ဆိုးမျိုးနွယ်အကြားမှ တိုက်ပွဲကို နောက်ပြန်မလှည့်နိုင်သော အခြေအနေအထိ တွန်းပို့ခဲ့သည်။
အဝေးတစ်နေရာမှ ကောင်းကင်တွင် ခရမ်းရောင် နဂါး ဝတ်ရုံဝတ် လူလတ်ပိုင်းတစ်ဦး၏ မျက်လုံးများမှ သွေးများ စီးကျနေသည်။ သူ၏ မြင်ကွင်း၌ ခရမ်းရောင်ကောင်းကင် စစ်တပ်မှာ သွေးပင်လယ်တစ်ခုအတွင်း ဝါးမျိုသတ်ဖြတ်ခံနေရ၏။
"အားးးးးး"
ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်၏ တစ်စစီ ဖြစ်နေသော အသက်မဲ့ခန္ဓာကိုယ်များ၊ မှိန်ဖျော့သော မျက်လုံးများနှင့် အောက်နယ်မြေများသို့ စီးကျနေသော သွေးစက်များက ဧရာမ ဓား သုံးစင်းကဲ့သို့ ခရမ်းရောင်ဧကရာဇ်၏ နှလုံးသားကို ထပ်ခါထပ်ခါ ထိုးစိုက်ဝင်ရောက်နေသည်။ သွေးမျက်ရည်များက သူ၏ မြင်ကွင်းကို ဝေဝါးစေ၍ ပါးစပ်အတွင်းမှ သွေးမည်းများ တဝေါဝေါ အန်ထွက်လာခဲ့၏။
"ငါ့ရဲ့ ခရမ်းရောင်ကောင်းကင်စစ်တပ်"
တစ်ချိန်က ကြီးမြတ်သော ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သော်လည်း လက်ရှိတွင် သူက တုန်ရီစွာ ရပ်နေရင်း တိုးညှင်းစွာ ငိုရှိုက်နေခဲ့သည်။ သူ၏ နှလုံးသွေးကြောများပင် မရေမတွက်နိုင်သော ဓားငယ်များဖြင့် ဖြတ်တောက်ခံနေရသကဲ့သို့ နာကျင်နေမိသည်။
"ဘာကြောင့်လဲ။ ဘာကြောင့်… ခြေလှမ်းတစ်လှမ်း မှားယွင်းလိုက်တာနဲ့ အားလုံး ဆုံးရှုံးသွားရတာလဲ"
ခရမ်းရောင်ဧကရာဇ်က မည်သည်ကိုမှ နားမလည်နိုင်ဖြစ်နေသည်။ ရက်ပိုင်းအတွင်း
လနတ်သား ဘိုးဘေးကျောင်းတော်သို့ ပြန်လည် ရောက်ရှိလာချိန်မှ စတင်၍ လနတ်ဆိုး ဧကရာဇ်ကို သတ်ဖြတ်ခြင်းအထိ သူ့အပေါ် အကြံအစည်တစ်ခု အသက်ဝင်လာခြင်း ဖြစ်၏။ သို့ရာတွင် မည်သည့်နေရာတွင် မှားယွင်းသွားကြောင်း သူ လုံးဝ အဖြေမထုတ်နိုင်ခဲ့ပေ။ စစ်မင်းသမီးက အဆုံးမဲ့ ငရဲပြည်၏ မိစ္ဆာမျိုးနွယ် မင်းသမီး ဖြစ်၍ အရုဏ်တက်နတ် ဧကရီနှင့် ဟန်ဆောင် မဟာမိတ်ဖွဲ့ခြင်း၊ နတ်ဘုရားတိုက်ကြီး၏ လူသားများကို သွေးဘဏ်များအဖြစ် မွေးမြူရန် ကြံစည်ခြင်း၊ နတ်ဆိုးများကို စိတ်အနှောင့်အယှက်များအဖြစ် မုန်းတီးခြင်း စသဖြင့် အချက်အားလုံးက ကျိုးကြောင်းဆီလျော်နေသည် မဟုတ်လော။ အရာရာ အဓိပ္ပာယ်ရှိသော်လည်း မည်သည့်နေရာတွင် ပြောင်းလဲသွားခဲ့သနည်း။
"အဲ့ဒီလနတ်သားက ငါ ထင်ထားတာထက် ပိုပြီး အစွမ်းထက်နေတာလား။ စစ်မင်းသမီးတောင် သူ့ကို မတားဆီးနိုင်ခဲ့ဘူး။ ခရမ်းရောင်ကောင်းကင် စစ်တပ် အကြောင်း ဖော်ထုတ်ခံလိုက်ရပြီး ကပ်စိုက်သွားတာဖြစ်ရမယ်"
တစ်ချိန်က သူ၏ ဉာဏ်များသော အကြံများနှင့် ဗျူဟာများအပေါ် ယုံကြည်မှု ရှိခဲ့သော ခရမ်းရောင်ဧကရာဇ်သည် စိတ်ရှုပ်ထွေးစွာဖြင့် အတွေးနွံအိုင်အတွင်း နစ်မြုပ်နေသည်။
"မင်းအတွက် ပြောစရာ စကားတစ်ခွန်း ရှိတယ်။ ကောင်းကင်က အမျက်ဒေါသကို ခွင့်လွှတ်ပေးနိုင်ပေမယ့် ကိုယ့်သေတွင်းကိုယ် တူးတာမျိုးကတော့ ပြင်လို့မရဘူး"
ငွေရောင် ဆံပင်နှင့် လူငယ်တစ်ယောက်က ခရမ်းရောင်ဧကရာဇ်ရှေ့တည့်တည့်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး အေးစက်စက် ပြောလိုက်၏။
"လနတ်သား"
ဒေါသတရားက ခရမ်းရောင်ဧကရာဇ်၏ မျက်လုံးများကို ဖုံးလွှမ်းသွားပြီး သူ၏အကြံအားလုံးကို ဖျက်ဆီးခဲ့သော နတ်ဆိုးအပေါ် အမုန်းကြီး မုန်းနေခဲ့သည်။
"ငါက တားမြစ်ကံကြမ္မာရဲ့ အမိန့်အတိုင်း မင်းရဲ့ခေါင်းကို ဖြတ်ယူပြီး ကူဧကရာဇ်နဲ့ ကြာနီအတွက် ပူဇော်ပေးဖို့ ဒီကို ရောက်လာတာ"
လနတ်သားက အေးစက်စက်ပြုံး၍ ပြောသည်။
"မင်းတစ်ယောက်တည်းလား"
ခရမ်းရောင်ဧကရာဇ်က အထင်သေးစွာ နှာခေါင်းရှုံ့၍ မထီမဲ့မြင် စိုက်ကြည့်နေကာ ခဏအတွင်း ပြင်းထန်ကြမ်းတမ်းသော ခရမ်းရောင် မုန်တိုင်းတစ်ခုဖြင့် ပစ်ခတ်၍ အလန့်တကြား ထွက်ပြေးသွားသည်။ သူက လေကြီးလေကျယ် ပြောနေသော်လည်း ခြေထောက်များမှာ တတ်နိုင်သလောက် အမြန်ဆုံးနှုန်းဖြင့် ပြေးလွှားနေ၏။
" မင်းက ဘယ်ကို ထွက်ပြေးနိုင်မှာမလို့လဲ"
လနတ်သားက အမြှီးသုံးချောင်း နတ်ဆိုး မြေခွေးအဖြစ် ပြောင်းလဲကာ နတ်ဆိုးတိမ်တိုက်များအပေါ် ဖြတ်သန်း ပြေးလွှား၍ ခရမ်းရောင် မုန်တိုင်းကို ရှောင်တိမ်းပြီး ပစ်မှတ်အား လိုက်လံရှာဖွေခဲ့လေသည်။