← Chapters

ခရမ်းရောင်ဧကရာဇ်၏ အဆုံးသတ်

Vol. 19 Ch. 232

ခရမ်းရောင်ဧကရာဇ်၏ အဆုံးသတ်

Vol. 19 Ch. 232

"မြန်မြန်ပြေးရမယ်"

ခရမ်းရောင်ဧကရာဇ်က အရူးတစ်ယောက်ကဲ့သို့၊ သူ၏ ဘဝတွင် အရှက်ရဖွယ်အကောင်းဆုံး ထွက်ပြေးနေရသည်။

"ငါက မုန်တိုင်း တာအိုကို ကျွမ်းကျင်ပိုင်နိုင်တယ်၊သူ့ထက် ပိုမြန်တယ်"

သူက တစ်ဖက်လူ၏ လက်အတွင်းမှ လွတ်သွားပြီဟု ထင်နေသောကြောင့် နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ သို့ရာတွင် ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်၏ ကျိန်ဆဲသံများ နှင့် အော်ဟစ်သံများက သူ၏ နှလုံးသားကို သွေးထွက်စေခဲ့၏။

"စိုးရိမ်စရာမလိုဘူး။ စစ်မင်းသမီးရဲ့ အင်္ကျီစကို ဖက်တွယ်ထားရင် ငါ ပြန်လည် မြင့်တက်နိုင်တယ်"

သူက တီးတိုးရေရွတ်နေစဥ် ရှေ့တည့်တည့်မှ ပုံရိပ် နှစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ပြိုင်ဘက်ကင်း ချောမောသော အဖြူရောင်ဝတ် လူငယ်တစ်ယောက်နှင့် ဆွဲဆောင်အားပြင်းသော မိစ္ဆာဆန်ဆန် အလှတရားတစ်ခု ဖြစ်သည်။ အဖြူရောင်ဝတ် လူငယ်က သန့်စင်၍ တောက်ပပြီး စစ်မင်းသမီး၏ အလှတရားတွင် ဆွဲဆောင်မှုနှင့် သွေးများ စွန်းထင်းနေ၏။

"စစ်မင်းသမီး"

ခရမ်းရောင်ဧကရာဇ်၏ နှလုံးက တဒုတ်ဒုတ် ပြင်းထန်စွာ ခုန်နေပြီး အလျင်အမြန် ရှေ့တိုးလာသောအခါ ယွမ်ရှောင်ကို မြင်တွေ့လိုက်ရသောအခါ စိတ်ဓာတ်တက်ကြွလာ၏။

"အရှင်မ ယွမ်ရှောင်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာလား။ အကောင်းဆုံးပဲ။ အစွမ်းထက်လိုက်တာ"

စစ်မင်းသမီးက ယွမ်ရှောင်၏ ဘေးတွင် ရပ်၍ ခရမ်းရောင်ဧကရာဇ်ကို တည်ငြိမ်စွာ ပြုံးပြနေစဥ် ယွမ်ရှောင် မျက်နှာထား မပြောင်းလဲဘဲ ရှိနေသည်။

"အရှင်မက လနတ်သားကို ဘာလို့ မတားဆီးခဲ့တာလဲ။ ဒီအတွက်ကြောင့် ခရမ်းရောင်ကောင်းကင် စစ်တပ်က ဒုက္ခခံစားရပြီး အဆုံးမဲ့ ငရဲပြည်ကို အမှုထမ်းနိုင်ခဲ့ပေမယ့် အသက်ပေါင်းများစွာ ဆုံးရှုံးသွားတယ်။ စစ်မင်းသမီး၊ အရှင်မ ခရမ်းရောင်ကောင်းကင်အတွက် ရပ်တည်ပေးသင့်တယ်"

ထိုအချိန်တွင် အမြှီးသုံးချောင်း နတ်ဆိုး မြေခွေးတစ်ကောင် ရောက်ရှိလာပြီး ငွေရောင် ဆံပင် လူငယ်အဖြစ် ပြောင်းလဲသွားကာ မျက်နှာသေသေဖြင့် ခရမ်းရောင်ဧကရာဇ်ကို စိုက်ကြည့်နေသည်။

"လနတ်သား။ မင်းက စစ်မင်းသမီးရှေ့မှာ ထွက်လာရဲသလား"

ခရမ်းရောင်ဧကရာဇ်က အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့၍ စစ်မင်းသမီးဘက် လှည့်ကာ အလျင်အမြန် တိုက်တွန်းနေခဲ့၏။

"အရှင်မ၊ ဒီ နှစ်ယောက်ကို ဖမ်းဆီးပြီး နတ်ဆိုးတိုက်ကြီးနဲ့ ကောင်းကင်နယ်မြေကို ထိန်းချုပ်နိုင်ပါတယ်။ အောင်ပွဲက ကျုပ်တို့အတွက်ပဲ"

စစ်မင်းသမီးက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးနေသဖြင့် ခရမ်းရောင်ဧကရာဇ်၏ ကျောရိုးတစ်လျှောက် အေးစက်တောင့်တင်းသွား၏။

"အ… အရှင်မ"

ယွမ်ရှောင်က စစ်မင်းသမီးကို အနီးသို့ ရုတ်တရက် ဆွဲ၍ ခါးဖက်လိုက်ပြီး ခရမ်းရောင်ဧကရာဇ်ကို ပြုံးပြသည်။

"ငါ့ကျွန်မကို အရှင်မလို့ ခေါ်နေတာလားဟ"

"ဟမ့်"

စစ်မင်းသမီးက နှာခေါင်းရှုံ့လိုက်သော်လည်း ယွမ်ရှောင်၏ ပွေ့ဖက်မှုအတွင်း ငြိမ်သက်နေသည်။

"ဘာများအမိန့်ပေးချင်လို့လဲ သခင်"

"ငါ့ပခုံးတွေကို နှိပ်ပေး"

"ဟုတ်ကဲ့"

ယွမ်ရှောင်၏ အမိန့်အတိုင်း သူမက ပခုံးများကို ညင်သာစွာ နှိပ်နယ်ပေးနေသဖြင့် ဤမြင်ကွင်းမှာ ယောကျ်ားတိုင်း အတွက် မနာလိုစရာပင်။ ခရမ်းရောင်ဧကရာဇ်က မျက်လုံးအပြူးသားနှင့် ကြည့်နေပြီး ယုံကြည်မှုအားလုံး ဖျက်ဆီးခံလိုက်ရကာ ယွမ်ရှောင်၏ ခြေအောက်တွင် ဂုဏ်သိက္ခာ ချနင်းခံလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ၏ စိတ်အတွင်း ပေါက်ကွဲသွားသော ခံစားချက်ကို ဖော်ပြရန် စကားလုံး တစ်လုံးမှ မရှိခဲ့ပေ။ စစ်မင်းသမီးက နာခံတတ်သော ကျွန်တစ်ယောက်သဖွယ် ပြုမူနေရာ ဘိုးဘေးကျောင်းတော်တွင် ခရမ်းရောင်ဧကရာဇ်အပေါ် အမိန့်ပေးခဲ့သော အေးစက်စက် တည်ရှိမှုနှင့် နှိုင်းယှဥ်လိုက်လျှင် ကောင်းကင် နှင့် မြေကြီးကဲ့သို့ ကွဲပြားခြားနေသည်။

"ဟင်"

စစ်မင်းသမီးက ယွမ်ရှောင်၏ ကျွန် ဖြစ်နေသောကြောင့် ခရမ်းရောင်ဧကရာဇ် နားလည်သွားပြီး ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်၏ ပျက်စီးခြင်းမှာ သူကိုယ်တိုင် ရန်သူမှ တူးထားသော သေတွင်းသို့ ခုန်ချခဲ့သောကြောင့် ဖြစ်သည်။ သူက မျက်လုံးများ ဗလာဖြစ်သွားကာ အလန့်တကြားဖြင့် ခြေသုံးလှမ်း နောက်ဆုတ်သွား၍ သွေးမည်းများ တရစပ် အန်ထွက်နေသည်။ ကိုယ်တွင်း၌ ဒေါသဖြစ်လွန်း၍ အတွင်းအင်္ဂါများ ဗြောင်းဆန်သွားကာ ဤမျှ ပြင်းထန်သော ထိုးနှက်ချက်သည် လူတစ်ယောက် ပိုင်ဆိုင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

"မင်းအတွက် ငါ့မှာ စကားတစ်ခွန်း ရှိတယ်၊ ခရမ်းရောင်ဧကရာဇ်။ ကောင်းကင်က အမျက်ဒေါသကို ခွင့်လွှတ်ပေးနိုင်ပေမယ့် ကိုယ့်သေတွင်းကိုယ် တူးတာမျိုးကတော့ ပြင်လို့မရဘူး"

ယွမ်ရှောင်၏ အကြည့်က လနတ်သားထံ ကျရောက်သွားကာ တစ်လုံးချင်း ပြောလိုက်သဖြင့် ခရမ်းရောင်ဧကရာဇ်၏ ဦးနှောက် နှင့် နှလုံးသားကို ထောင်ပေါင်းများစွာသော မိုးကြိုးများဖြင့် ထိမှန်သွားသကဲ့သို့ နောက်တစ်ကြိမ် တောင့်တင်း၍ သူ၏ မျက်နှာမှာ သေမင်းပမာ ဖြူဖျော့သွားသည်။ သူ၏ ခန္ဓာကိုယ် တုန်တုန်ရီရီဖြင့် နောက်ပြန်လှည့်လိုက်သောအခါ လနတ်သား၏ မျက်နှာအထက်တွင် ယွမ်ရှောင်နှင့် မခွဲရလောက်အောင် တူညီသော လှောင်ပြုံးတစ်ခု တည်ရှိနေသဖြင့် အိပ်မက်ဆိုးတစ်ခုအလားပင်။ ယွမ်ရှောင်၊ လနတ်သား၊ နှင့် စစ်မင်းသမီး၏ ပူးပေါင်းမှုကြောင့် ဝိညာဉ် ရတနာ နန်းတော်ရှိ ပထမဆုံး အဖြစ်အပျက်၊ ထာဝရ ပျော်ရွှင်ခြင်း၏ သား သေဆုံးခြင်းမှ ယနေ့အထိ ဖြစ်ရပ်အားလုံး ခရမ်းရောင်ဧကရာဇ်၏ စိတ်ထဲတွင် ထပ်ကာထပ်ကာ မြင်ယောင်နေမိ၏။ သူက နောက်ထပ် သွေးအန်နေပြီး ထွေးထုတ်ရန် အစွမ်းအစပင် မရှိတော့သဖြင့် သွေးမည်းများ မေးစေ့တစ်လျှောက် စီးကျလာ၍ ခန္ဓာကိုယ်အပေါ် အေးစက်စက် စီးဆင်းနေသည်။

"အား၊ အားးး။ အားးးးး"

တစ်ချိန်က တန်ခိုးအာဏာကြီးခဲ့သော ဧကရာဇ်သည် စိတ်ဓာတ်ပျက်ပြားသွားကာ ယူကြုံးမရ ဖြစ်နေစဥ် စစ်မင်းသမီး၏ကျာပွတ် ရောက်ရှိလာ၍ ကပ်ဘေးမိစ္ဆာသွေး၏ စွမ်းအားဖြင့် ချုပ်နှောင်ခံလိုက်ရ၏။ သူက အရာရာကို လက်မခံနိုင်ဖြစ်နေသောကြောင့် ခုခံရန် သတ္တိမရှိတော့ပေ။ ယွမ်ရှောင်က သူ၏ ရှေ့တည့်တည့်သို့ ဓားကိုင်ထားရင်း ရောက်ရှိလာကာ အထင်သေးစွာ စိုက်ကြည့်နေခဲ့သည်။

"ငါ မင်းကို နောက်ဆုံးအကြိမ် မေးချင်တယ်။ ခေတ်အဆက်ဆက် လူသားမျိုး နဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ အမုန်းတရား စစ်ပွဲမှာ ဘယ်သူက နောက်ဆုံးမှာ ရယ်မောနိုင်လိမ့်မယ်လို့ မင်း ထင်သလဲ"

သူက ခရမ်းရောင်ဧကရာဇ်၏ မျက်လုံးများသို့ နက်ရှိုင်းစွာ စိုက်ကြည့်နေစဥ် တစ်ဖက်လူမှာ ခေါင်းအတွင်တွင် ခါယမ်း၍ ဆွံ့အနေသည်။

"ငါ မေးရတဲ့ အကြောင်းရင်းက မင်းက လူသားတစ်ယောက်ဖြစ်ပေမယ့် နတ်ဆိုးလက်ပါးစေ ခွေးတစ်ကောင်လို ဖြစ်ဖို့ ရွေးချယ်ခဲ့ပြီး တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။ မင်းလို လူမျိုး ဘယ်လိုတွေးခေါ်နေတယ်ဆိုတာကို ငါ နားမလည်နိုင်ဘူး။ ဒါကြောင့် ငါ သိချင်တာက အခု ခရမ်းရောင်ကောင်းကင် နတ်ပြည်ထောင်လည်း စစ်ပွဲကနေ ကန်ထုတ်ခံလိုက်ရပြီဆိုတော့ မင်းစိတ်ထဲမှာ ဘယ်လိုတွေးနေလဲ"

ယွမ်ရှောင်က အေးစက်စက် ဆက်မေးသည်။

"ငါ ဘာမှမပြောချင်တော့ဘူး။ ကံကြမ္မာအတိုင်း ဆုံးဖြတ်ပါစေ"

ခရမ်းရောင်ဧကရာဇ်က ရူးသွပ်သွားဟန်ဖြင့် ရုတ်တရက် စတင်ရယ်မောလိုက်သည်။

"တကယ်လို့ မင်း မသေခင်မှာ ရန်ငြိုးအားလုံးကို လွှတ်ချပြီး လူသားမျိုးနွယ်အတွက် ဆုတောင်းပေးခဲ့ရင် မင်းကို သက်သောင့်သက်သာ သေဆုံးခွင့် ပေးနိုင်လောက်တယ်"

"ထားလိုက်ပါ၊ ငါနဲ့ မထိုက်တန်ဘူး"

"သမိုင်းကို အောင်နိုင်သူတွေ ရေးသားနိုင်ပေမယ့် လူသားမျိုးနွယ်ရဲ့ သူရဲကောင်း စိတ်ဓာတ်နဲ့ နှလုံးသားကြောင့် တရားမျှတမှုက အမြဲတမ်း အောင်ပွဲခံလိမ့်မယ်။ လူသားအဖြစ် မွေးဖွားလာပေမယ့် မင်းက အရှက်မရှိတဲ့အတွက် အရေခြုံသက်သက်ဖြစ်လို့ မင်းရဲ့ ဘိုးဘေးတွေနဲ့ ပြည်သူတွေအတွက် ရှက်စရာပဲ"

စကားအဆုံးတွင် ယွမ်ရှောင်က ခရမ်းရောင်ဧကရာဇ်၏ နဖူးမှ စတင်ပြီး အောက်သို့ ဓားဖြင့် လှီးထုတ်၍ လူ့အရေပြားတစ်ခုလုံးကို ခွာထုတ်လိုက်သည်။ ခရမ်းရောင်ဧကရာဇ်၏ နာနာကျင်ကျင် အော်ဟစ်သံများက ကောင်းကင် နှင့် မြေကြီးကို တုန်လှုပ်စေခဲ့သောအခါ ရက်စက်လှသော မြင်ကွင်းကြောင့် စစ်မင်းသမီးပင် မျက်နှာလွှဲသွား၏။ သူမ၏ သခင်က သူတော်ကောင်း မဟုတ်သောကြောင့် ထိတ်လန့်တုန်လှုပ်နေစဥ် ခရမ်းရောင်ဧကရာဇ်မှာ ခြေလက်အင်္ဂါများ အရှင်လတ်လတ် ဖြတ်တောက်ခံနေရပြီး နောက်ဆုံးတွင် အသက်ထွက်သွားခဲ့သည်။

"အစ်ကိုကြီး၊ ငါ မင်းကို တစ်ခုလောက် မေးလို့ရမလား"

ကြယ်ပြာက တီးတိုးပြောသည်။

"မေးပါ"

ယွမ်ရှောင်က ပြန်ဖြေသည်။

"မင်း ခုထိ စိတ်ရှုပ်နေတုန်းပဲလား"

"ဘာအကြောင်းလဲ"

"ဖန်ဆင်းရှင် အင်မော်တယ်ကို ပြန်လည် ဖန်တီးမယ့်အကြောင်းလေ"

ကြယ်ပြာက တစ်ချက်ပြုံး၍ ယွမ်ရှောင်က ခဏတာ တိတ်ဆိတ်သွားသော်လည်း ခရမ်းရောင်ဧကရာဇ်ကို တစ်ချက်ကြည့်ပြီး ရေရွတ်လိုက်သည်။

" ဒီလောကကြီးက လူယုတ်မာတွေနဲ့ ပြည့်နေတယ်။ ငါ မလုပ်ရင် ဘယ်သူက သူတို့ကို သတ်ပစ်မှာလဲ။ စည်းမျဉ်းတွေကို မေ့ထားလိုက်၊ အရင်ဆုံး တားဆီးမရနိုင်တဲ့ စွမ်းအားကို ရှာဖွေမယ်။ အစွမ်းထက်လာရင် ကိုယ်တိုင် စည်းမျဥ်းတွေ ဖန်တီးပြီး ပြန်လည်မွေးဖွားလာတဲ့အတွက် နောက်ထပ်သည်းမခံတော့ဘူး"

အရုဏ်တက်နတ် ဧကရီ ပျောက်ကွယ်သွားခြင်းနှင့် ရှေးအင်မော်တယ်ဘိုးဘေး၏ ကပ်ဘေးလူဝင်စား ပျက်စီးခြင်းကြောင့် ယွမ်ရှောင်၏စိတ်ကို မူလက ရှုပ်ထွေးစေခဲ့သည် မဟုတ်ပါလော။

"ဒါဆို မင်း ဖန်ဆင်းရှင် အင်မော်တယ် ဖြစ်လာဖို့ ရွေးချယ်လိုက်ပြီပေါ့"

"ဟုတ်ပါတယ်၊ ငါ့ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို သတ်ပစ်မယ်"

ယွမ်ရှောင်၏ မျက်လုံးများက ပြင်းထန်စွာ တောက်လောင်နေသည်။

"အစ်ကိုကြီး၊ မင်း လှမ်းနေတဲ့ လမ်းက သွေးတွေနဲ့ စိုစွတ်နေတယ်။ မင်းရဲ့ ဘဝအကြောင်း တစ်ခါတလေ မေးခွန်းထုတ်မိတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ရဲကုရင်လက်ထဲမှာ မင်းခံစားခဲ့ရတဲ့ မကျေနပ်မှု ခံစားချက်ကို လုံးဝ မမေ့စေနဲ့။ မတရားမှုတွေ ပြည့်နှက်နေတဲ့ လောကကြီးကို မင်း စိန်ခေါ်ရမယ်။ အရာရာက စာနာစိတ် ကင်းမဲ့ပြီး ရှေးအင်မော်တယ်ဘိုးဘေးတောင် ကံတရားကို မပြောင်းလဲနိုင်ဘူး။ စကြဝဠာတစ်ခုလုံးမှာ စစ်မှန်တဲ့ ဖန်ဆင်းရှင်က တစ်ယောက်တည်းရှိပြီး မင်းကသာ အရာရာကို ဆုံးဖြတ်ဖို့ ထိုက်တန်တယ်"

ကြယ်ပြာက လေးနက်စွာ သတိပေးလိုက်သောအခါ ယွမ်ရှောင်သည် ရဲကုရင်၏လက်ထဲ သေခဲ့ရသော နေ့ရက်ကို ပြန်လည်အမှတ်ရသွားတိုင်း ၎င်းကို တွေးမိတိုင်း ဒေါသဖြင့် ဆူပွက်နေသည်။ မတရားမှုတိုင်းကို သတ်ဖြတ်ရှင်းလင်းမည်ဟူသော ဆုံးဖြတ်ချက်က နေတစ်စင်းကဲ့သို့ သူ၏ နှလုံးသားအတွင်း လောင်ကျွမ်းနေသည်။

"ဒီ လောကကြီးမှာ၊ လုံးဝ မှန်ကန်တယ်ဆိုတာ မရှိဘူး။ ငါက လူသားတစ်ယောက်သက်သက်ပဲ၊ ငါ့အတွက် မှန်တယ်လို့ ခံစားရတာ၊ ငါ့အတွက် အဓိပ္ပာယ်ရှိတာကိုပဲ လုပ်မယ်။ ငါက အစစ်အမှန် ဖန်ဆင်းရှင်ပဲ"

ယွမ်ရှောင်က နတ်ဘုရားတိုက်ကြီးရှိ လူသားမျိုးနွယ် ခံစားခဲ့ရသမျှအတွက်

တရားမျှတမှုကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက အရေခွံခွာထားသော ခရမ်းရောင်ဧကရာဇ်၏ ခေါင်းပြတ်ကို လနတ်သားထံ ပစ်ပေးကာ ကျန်အစိတ်အပိုင်းများကို မြေပြင်သို့ ပစ်ချလိုက်ရာ အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်သည်။ ထိုအပြစ်သား၏ အလောင်းက

ဇာတိမြေ၏ မြေဆီလွှာအတွင်း ထာဝရ နစ်မြုပ်သွားသည်။

"ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ် ပျက်စီးသွားပြီ။ အဲ့ဒီနတ်ဆိုး စစ်တပ်ရဲ့ သုံးပုံတစ်ပုံ အလျင်အမြန် စုစည်းထားတာဆိုတော့ ခရမ်းရောင်ကောင်းကင် စစ်တပ်နဲ့ ရင်ဆိုင်ရာမှာ အနည်းဆုံး ၁၅သန်းလောက် သေနိုင်တယ်။ နောက်ထပ် သန်းပေါင်းများစွာလည်း ဒဏ်ရာရနိုင်တယ်"

ယွမ်ရှောင်က စစ်မြေပြင်ထံ မျှော်ကြည့်ကာ အခြေအနေကို တွက်ချက်လိုက်၏။

"နောက်ထပ်လှုပ်ရှားဖို့ စစ်ဗျူဟာတွေ ရှိသေးလား"

စစ်မင်းသမီးက အေးစက်စက် အမူအရာ ပြန်ဖြစ်သွားကာ စူးစမ်းခဲ့သည်။

"မရှိတော့ဘူး။ ငါ ကြိုးစားခဲ့ပေမယ့် ရှေးဦး အစီအရင်ကို အသက်မသွင်းနိုင်ဘူး။ နောက်ဆုံး တိုက်ပွဲက အများကြီး သေကြေပျက်စီးရလိမ့်မယ်"

ထိုအချိန်၌ လနတ်သားက ကောင်းကင်နယ်မြေအတွက် တတ်နိုင်သလောက် အချိန်ဆွဲရန် ထွက်ခွာသွားပြီဖြစ်သည်။

"လာခဲ့၊ ငါ မင်းကို ခေါ်သွားမယ်"

ယွမ်ရှောင်က ဓားပျံပေါ် ခုန်တက်ရင်း စစ်မင်းသမီးကို ဖိတ်ခေါ်လိုက်၏။ သူမက မျက်နှာထားတင်းတင်းဖြင့် လှမ်းတက်၍ သူ၏ အမိန့်အတိုင်း ခါးဖက်လိုက်သော်လည်း လက်ချောင်းများ တုန်ရီနေသည်။

ယွမ်ရှောင်က နောက်ထပ် စကားမပြောတော့ဘဲ ဓားပျံဖြင့် လေကို ထိုးဖောက်ဝင်ရောက်သွား၍ ဘိုးဘေးကျောင်းတော်ဆီ ဥက္ကာပျံပမာ ပြေးထွက်လာခဲ့သည်။ ထိုနေရာရှိ တိုက်ပွဲက မပြီးဆုံးသေးသော်လည်း လူသားမျိုးနွယ်အနေဖြင့် အောင်ပွဲများ စတင်ရရှိနေပြီဖြစ်၏။ နတ်ဆိုးတိုက်ကြီး၏ တပ်ဦးကို သစ္စာဖောက်များဖြင့် ရန်တိုက်ပေးကာ ချေမှုန်းခဲ့ပြီး လူသားမျိုးနွယ်၏ ဆူးငြောင့်တစ်ခု ဖယ်ရှားနိုင်ခဲ့သည်။ နတ်ဆိုး စစ်တပ်၏ အကြွင်းအကျန်များ မည်မျှပင် ရှိနေပါစေ စိတ်ဓာတ်တက်ကြွနေသော လူသားမျိုးနွယ်က သူတို့အားလုံးကို အသက်စွန့်တိုက်ခိုက်ရန် အသင့်အနေအထား ရှိပေသည်။ စစ်မင်းသမီးက သူ့ကို စိုက်ကြည့်ရင်း အတွေးနက်နေပြီး မိစ္ဆာတစ်ကောင်ဖြစ်သောကြောင့် လူသားများကို အထင်အမြင်သေးသော်လည်း ယွမ်ရှောင်ထံမှ ဆွဲဆောင်မှုတစ်ခု ခံစားနေရသည်။

"မင်းရဲ့ကိုယ်တွင်းမှာ အားကောင်းတဲ့ ဝိညာဉ်တစ်ခု ရှိတယ်"

စစ်မင်းသမီးက ရုတ်တရက် အနားကပ်၍ တီးတိုးပြောလိုက်သည်။

"အဲ့တာက ဘာလဲ"

"ငါ မသိဘူး။ ဒါပေမယ့် ဒါ အရမ်း အားကောင်းတယ်"

"မင်း အဲ့ဒါကို သတိထားမိတာလား"

ဓားပျံ၏ အရှိန်က မြန်လွန်းသောကြောင့် လေတဟူးဟူး တိုက်ခတ်နေသဖြင့် ယွမ်ရှောင်က ဝေဝေဝါးဝါးသာ ကြားလိုက်ရသည်။

"တကယ်တော့၊ ဒါက တော်တော်လေး ဆွဲဆောင်မှု ရှိတယ်။ မိန်းကလေးတစ်ယောက်အတွက် အဲ့လိုအရာမျိုးကို ခုခံဖို့ ခက်ခဲတယ်"

"မေ့လိုက်။ ငါ့အတွက် မိန်းကလေးတစ်ယောက်ရဲ့ စံနှုန်းတွေက တော်တော်မြင့်တယ်။ တော်ရုံတန်ရုံ စိတ်မဝင်စားဘူး"

ယွမ်ရှောင်က အရုဏ်တက်နတ်နန်းတော်သို့ တစ်ချက်ကြည့်၍ ခေါင်းခါပြခဲ့သည်။ သူမကို ညဘက်၌ ဆုချမည်ဟု ပြောခဲ့ဖူးသော်လည်း အလေးအနက်မဟုတ်ဘဲ စနောက်ရုံသာ ဖြစ်၏။

"ဘာပြောလိုက်တာလဲ"

စစ်မင်းသမီးက ပို၍ နီးကပ်စွာ သိုင်းဖက်လာ၍ လှပသော မျက်နှာကို သူ၏ ပခုံးပေါ်တွင် တင်ထားကာ နူးနူးညံ့ညံ့ မေးသည်။

"မင်းက ငါ့ကို ဆွဲဆောင်ဖို့ ပလီပလာ လုပ်နေတာလား၊ ဟမ်"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ဓားကို ရုတ်တရက် ရပ်ပစ်လိုက်သောကြောင့် သူမမှာ အင့်ခနဲ ရှေ့သို့ စိုက်ကျလာခဲ့သည်။ သူက ဓားပျံဖြင့် ခရီးဆက်ရင်း ရပ်လိုက် သွားလိုက် လုပ်နေသောကြောင့် စစ်မင်းသမီးမှာ အနောက်တွင် ယိမ်းထိုးရင်း ဖရိုဖရဲ ဖြစ်နေခဲ့လေသည်။

All Chapters