လနတ်သား၏ အကြံ ကျရှုံးမှု
Vol. 19 Ch. 235
တားမြစ်ကံကြမ္မာ၏ ပုပ်သိုးဆွေးမြည့်၍ သွေးများဖြင့် စေးကပ်နေသော ခန္ဓာကိုယ်အတွင်း၌ လနတ်သားမှာ ကြောက်မက်ဖွယ်ရာ အခြေအနေတစ်ခုတွင် ပိတ်မိသွား၏။ ဝါးမျိုခြင်း ခံလိုက်ရသည်နှင့်တပြိုင်နက် သူ၏ငွေရောင် အမွေးများက အညစ်အကြေးများကြောင့် ရွံရှာဖွယ် စိမ်းပုတ်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။ ပြင်းထန်သော အနံ့ဆိုးက သူ၏ ချွေးပေါက်များအတွင်းသို့ပင် စိမ့်ဝင်သွားကာ အာရုံငါးပါး တိုက်ခိုက်ခံလိုက်ရပြီး စိတ်ခွန်အား အသန်မာဆုံး ကျင့်ကြံသူများပင် အူထွက်ကျလောက် အန်ချင်စိတ်ပေါက်လာနိုင်သည်။ တဘတ်ဘတ် မြည်သံများ တရစပ် ထွက်ပေါ်နေပြီး လနတ်သားကို အဆုံးမရှိ ရှည်လျားသော အူများ ရစ်ပတ်လာကာ အနံ့အသက်အဆိုးဆုံးဖြစ်သည့် တားမြစ်ကံကြမ္မာ၏ အစာအိမ်- လူသား နှင့် နတ်ဆိုး အစာအိမ်များ၏ ပေါင်းစပ်မှုအတွင်း ဆွဲယူခံလိုက်ရသည်။ အစာချေ အက်ဆစ် အရည်များနှင့် စိမ်းရွှင်ရွှင် အလောင်းအနံ့များက ပျက်စီးနတ်ခန္ဓာကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။ ဧရာမ ကြီးမားသော အလောင်းနတ်ဆိုးမှာ သာမန်နတ်ဆိုးများဖြင့် ကွဲပြားသောကြောင့် လနတ်သား၏ နတ်ဆိုးစွမ်းရည်များ အသုံးမဝင်ချေ။
"မင်းက ငါ့ကို အစာချေဖျက်ပြီး အလောင်းကိုယ်ကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာအောင် လုပ်နိုင်တယ်လို့ ထင်နေတာလား"
လနတ်သား၏ မျက်နှာက ရွံရှာစိတ်ကြောင့် ရှုံ့မဲ့နေသော်လည်း ယွမ်ရှောင်၏ ကိုယ်ပွားဖြစ်သော နတ်ဘုရားတိုက်ကြီး၏ အစောင့်အရှောက်တစ်ဦးအနေဖြင့် လက်နက်ချခြင်းမှာ ရွေးချယ်စရာတစ်ခု မဟုတ်ပေ။
ဘုန်း
ပျက်စီးအဆီအနှစ် များစွာ သူ့ထံမှ ပေါက်ကွဲထွက်လာပြီး လျှပ်စီး၊ မီး၊ နှင်း၊ လေ၊ အမှောင် နှင့် တစ္ဆေစွမ်းအင်များ မုန်တိုင်းပမာ တိုက်ခတ်၍ စေးကပ်သော အစာချေအက်ဆစ် ပင်လယ်ကို ထိုးဖောက်၍ အစာအိမ် နံရံများကို ပြင်းထန်စွာ ထိုးနှက်ပစ်လိုက်သည်။
ဘန်း ဘန်း ဘန်း
ထောင်ပေါင်းများစွာသော ပျက်စီးအဆီအနှစ်များ၏ ပေါက်ကွဲမှုက အစာအိမ်ကို အတွင်းမှ ဆုတ်ဖြဲလိုက်ပြီး အက်ကြောင်းများ ဖြစ်ပေါ်လာစေ၏။
"ငါ သူ့ကို ကိုယ်တွင်းကနေ သတ်ပစ်နိုင်လောက်လား"
လနတ်သား၏ အတွေး မဆုံးခင်မှာပင် အစာအိမ်က လှုပ်ရှားလာပြီး အလောင်းအပိုင်းအစများဖြင့် အသစ်ပြန်လည် ဖြစ်တည်လာသည့်အပြင် အကျဥ်းထောင်တစ်ခုအလား သူ့ကို ကျဥ်းကြပ်အောင် ဖိနှိပ်ပစ်နေသည်။
"ဒီမိစ္ဆာက အမုန်းတရား အစုအဝေးကြီးပဲ။ သူ့ရဲ့ အတွင်းပိုင်းက အပြင်ဘက်ထက်တောင် ပိုပြီး မာကျောနေတာပါလား"
တစ်နည်းအားဖြင့်ဆိုရလျှင် တားမြစ်ကံကြမ္မာ၌ ခန္ဓာကိုယ် အတွင်းအပြင်ဟူ၍ မရှိဘဲ အားကောင်းသော အစိတ်အပိုင်းများချည်းဖြစ်၍ အစာအိမ်ကို ထိုးဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားမည့် အတွေးမှာ စိတ်ကူးသက်သက်ပင်။ လနတ်သားက အမှန်တကယ် ဖောက်ထွက်နိုင်ခဲ့လျှင်ပင် ကိုယ်တွင်းအင်္ဂါများ ထိုးဖောက်ခံရခြင်းမှာ တစ်ဖက်လူအတွက် အရေးမကြီးပေ။ သူက အလောင်းကောင်ကြီး၏ အတွင်းပိုင်း၌ လက်သည်းဖြင့် ကုတ်ဆွဲ၍ တရစပ် လမ်းဖောက်ကာ အပေါက်တစ်ခု ဖွင့်ရန် ကြိုးပမ်းနေသော်လည်း အချည်းအနှီးပင်။ ပျက်စီးသွားသော နေရာများ၌ အသားစများဖြင့် အသစ်ပြန်လည်ဖြစ်တည်လာကာ သူ့ကို အဆက်မပြတ် ဖိညှစ်နေပြီး ခံနိုင်ရည်အလွန်ရှိသော ပျက်စီးနတ်ခန္ဓာပင် အလောင်းသန်းပေါင်းများစွာ၏ အင်အားကို ဆန့်ကျင်ရန် အခက်တွေ့နေရ၏။ ၎င်းတို့မှာ တဆတ်ဆတ်တုန်ခါ၍ သိပ်သည်းလာနေရင်း သူ့ကို ဘက်ပေါင်းစုံမှ ပြင်းပြင်းထန်ထန် ညှစ်သတ်နေခဲ့သည်။
"ဒီအလောင်းကောင်ကို ရင်ဆိုင်ရတာထက် လနတ်ဆိုး ဧကရာဇ် ဆယ်ယောက်လောက်ကို တိုက်ခိုက်ရတာ တော်ဦးမယ်"
လနတ်သားသာ ရူးချင်ချင် ဖြစ်နေသည် မဟုတ်ဘဲ ကောင်းကင်နယ်မြေရှိ ယွမ်ရှောင်လည်း ပျို့အန်နေရင်း ကြောက်မက်ဖွယ် ဖိအားကြောင့် မျက်နှာတစ်ခုလုံး ခရမ်းရောင် ပြောင်းသွားသည်။ ကံကောင်းသည်မှာ အလောင်းများစွာဖြင့် ဖွဲ့စည်းထားသော တားမြစ်ကံကြမ္မာ၏ အသွေးအသားများက များစွာ မာကျောခြင်းမရှိသဖြင့် ပျက်စီးနတ်ခန္ဓာသည် လက်ရှိ၌ အခြေအနေကို ထိန်းသိမ်းထားနိုင်ဆဲပင်။
"ဘာလို့ မင်းလို သာမန် မြေခွေးတစ်ကောင်က ဒီလောက် မာကျောတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာလဲ"
တားမြစ်ကံကြမ္မာက လနတ်သားကို ချက်ချင်း မဝါးမျိုနိုင်သည့်အတွက် နားမလည်နိုင် ဖြစ်နေသည်။
"စွမ်းအားက ငါ့ရဲ့ ခန္ဓာကိုယ်မှာ အမြစ်တွယ်တယ်။ မင်းကတော့ အမုန်းတရားမှာ အမြစ်တွယ်တယ်။ ငါ့မှာ ကောင်းကင်အထိ ရောက်ရှိနိုင်တဲ့ အလားအလာ ရှိပေမယ့် မင်းရဲ့ အမုန်းတရားကတော့ ပျက်စီးခြင်းသက်သက်ပဲ။ မင်းရဲ့ ပါရမီနဲ့ အကန့်အသတ်က တော်တော်လေး နိမ့်ကျနေတာပဲ"
အမုန်းတရား အလောင်းနတ်ဆိုးများက အားကောင်းသော်လည်း နတ်ဆိုး တာအိုမှ သွေဖည်သွားသောကြောင့် အရွယ်အစားသာ ကြီးမားနိုင်ပြီး ကျင့်ကြံခြင်း တိုးတက်မှု နိမ့်ပါးသည်။
"မင်းကများ ငါနဲ့ စစ်မှန်တဲ့ နတ်ဆိုးအကြောင်း ပြောချင်တာလား"
တားမြစ်ကံကြမ္မာက နှာခေါင်းရှုံ့လိုက်ပြီး တစ်ကိုယ်ကောင်းဆန်၍ လောဘကြီးကာ အဆုံးမရှိသော ဝါးမျိုလိုစိတ်ကြောင့် မိသားစု ချစ်ခြင်း နှင့် နက်ရှိုင်းသော ခံစားချက်များမှာ အဆင့်နိမ့် နတ်ဆိုးများအတွက်ဟု မှတ်ယူထားသည်။ သူက ဒေါသတကြီးဖြစ်နေသော်လည်း နတ်ဆိုးဧကရာဇ် လေးပါးနှင့် နတ်ဆိုးတိုက်ကြီးကို အမှန်တကယ် ဂရုမစိုက်ချေ။
"မင်းက ကိုယ့်ကိုယ်ကို စစ်မှန်တဲ့ နတ်ဆိုးတစ်ကောင်လို့ ထင်နေတာလား"
လနတ်သားက အထင်သေးစွာ ရေရွတ်သည်။
"အချိန်က အရာအားလုံးကို ရှင်းပြလိမ့်မယ်။ ဘယ်လောက်ကြာအောင် ရုန်းကန်နေပါစေ၊ ငါ့ကိုယ်ထဲက မင်း မလွတ်မြောက်နိုင်ဘူး"
တားမြစ်ကံကြမ္မာက သရဲခြောက်သကဲ့သို့ အသံအက်အက်ဖြင့် ပြောရင်း ထူးထူးဆန်းဆန်း ရယ်မော၍ လနတ်သား၏ စွမ်းအင်ကို အဆုံးမရှိအောင် ဖိအားပေး၍ ဖျစ်ညှစ်ခြင်းဖြင့် အသွေးအသားမှတဆင့် ဆက်တိုက် စုပ်ယူနေသည်။
"အချိန်တန်ရင် မင်းက လုံးဝ အားကုန်သွားလိမ့်မယ်။ ငါကတော့ သတ်ဖြတ်ခြင်းအတွက် မွေးဖွားလာတာပဲ။ လောကကြီးမှာ သတ်ဖြတ်မှု ရှိနေသရွေ့ ငါက အသက်ရှင်နိုင်တယ်။ မင်းကတော့ ငါ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေရင်း မျှော်လင့်ချက်ပျောက်ပြီး သေရမှာပဲ"
တားမြစ်ကံကြမ္မာ၏ အသံက မရေမတွက်နိုင်သော အလောင်းများ၏ အသံများ ရောနှောနေပြီး ကိုယ်တွင်းအင်္ဂါတစ်ခုစီတိုင်းတွင် ပဲ့တင်ထပ်နေသည်။ သူ၏ နဖူးတွင် ရှိနေသော ခရမ်းရောင်ဧကရာဇ်၏ မျက်နှာက ကောင်းကင်နယ်မြေဘက်သို့ ငုံ့ကြည့်ပြီး တဟားဟား အော်ရယ်နေခဲ့၏။
"ဒါတွေအားလုံးကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"
အလောင်းကောင်ကြီးက ဘုန်းခနဲ ရွေ့လျားကာ ကောင်းကင်နယ်မြေဆီ ဦးတည်ရင်း လက်အောက်ငယ်သားများကို ဟိန်းဟောက်၍ အမိန့်ပေးခဲ့သည်။
"သစ္စာဖောက် လနတ်သား သေသွားပြီ။ နတ်ဆိုးတိုက်ကြီးရဲ့ ဝိညာဉ်တွေ နဲ့ စစ်သည်တွေ ငါနဲ့အတူ တိုက်ပွဲမှာ ပူးပေါင်းကြစမ်း"
ထို့ကြောင့် မူလတွင် မင်သက်တုန်လှုပ်နေခဲ့သော နတ်ဆိုးစစ်သည် သန်းရှစ်ဆယ်ကျော်က မျက်လုံးများ တောက်ပ၍ ဗီဇအတိုင်း သတ်ဖြတ်လိုစိတ်များ တစ်ဖန် ထွက်ပေါ်လာပြန်၏။ လနတ်သားက သူတို့ကို လမ်းသစ်တစ်ခု ပြပေးခဲ့သော်လည်း၊ တားမြစ်ကံကြမ္မာကို မနိုင်ခဲ့သောကြောင့် နတ်ဆိုး စစ်တပ်တွင် ရွေးချယ်စရာ မရှိတော့ပေ။ နတ်ဆိုးတိုက်ကြီးတွင် အသန်မာဆုံး နတ်ဆိုးကိုသာ သစ္စာစောင့်တတ်ကြပြီး ရွေးချယ်ရန် မရှိသောအခါ အဆုံးအထိ တိုက်ခိုက်ကြပေလိမ့်မည်။ သူတို့၏ စိတ်နေစိတ်ထားက လူသားမျိုးနွယ်နှင့်ယှဥ်လျှင် ပို၍ ရိုးရှင်းသည် မဟုတ်ပါလော။ ထို့ကြောင့် ကောင်းကင်ကို အမှောင်ကျသွားစေလောက်အောင် ကြီးမားသော အလောင်းကောင်နှင့် အတူ နတ်ဆိုးစစ်တပ်သည် ကောင်းကင်နယ်မြေ၏ တံခါးထံ တိုက်ခိုက်ရန် ပြေးတက်လာကြ၏။
"ရှေးဦး အစီအရင် မရှိတော့ဘူးမလား။ ဟား ဟား ဟား"
တားမြစ်ကံကြမ္မာ၏ နဖူးရှိ ခရမ်းရောင်ဧကရာဇ် ခေါင်းပြတ်က အားရပါးရ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
ကောင်းကင်နယ်မြေဘက်တွင် ယွမ်ရှောင်သည် ဘိုးဘေးကျောင်းတော်အတွင်းမှ နတ်ဆိုးဧကရာဇ်များ နှင့် နတ်ဆိုးသူတော်စင်များ၏ အလောင်းများကို စုပ်ယူပြီး ဓားအော်ရာ တစ်ထောင်နှင့် သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။ သူက လက်ထဲရှိ ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်ကို စိုက်ကြည့်နေရင်း ကျန်နတ်ဆိုးအရိုးများကိုမူ ဓားကျင့်ကြံသူ တစ်သိန်းကျော်မှ စုပ်ယူခဲ့ကြ၏။ သူကိုယ်တိုင် နတ်ဆိုး တစ်သန်းကျော်၏ အရိုးများကို စုပ်ယူခဲ့သော်လည်း အစွမ်းအစ နည်းပါးသော အဆီအနှစ်များကြောင့် အရေအတွက်များလေလေ စုပ်ယူရခက်လေလေဖြစ်သော ဓားအော်ရာအရေအတွက်က အလွှာလေးရာသာ ထပ်တိုးလာခဲ့သည်။ ဓားအော်ရာ အရေအတွက်က နတ်ဆိုးအရေအတွက်နှင့် မဆိုင်ဘဲ စွမ်းအားနှင့်သာ အချိုးကျသောကြောင့် ထာဝရဓားအကျဥ်းထောင်မှ ချန်တိသည် အစွမ်းထက်နတ်ဆိုးအရိုးများကို စုပ်ယူထားခြင်း ဖြစ်ပေလိမ့်မည်။
"ငါ့ရဲ့ ပျက်စီးနတ်ခန္ဓာကိုယ်ပွားက ဒီအလောင်းကောင်ရဲ့ ကိုယ်တွင်းမှာ ချုပ်နှောင်ခံထားရတယ်။ ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်က တားမြစ်ကံကြမ္မာကို ဒဏ်ရာရစေနိုင်မယ်လို့ မျှော်လင့်ရတာပဲ"
ဓားသမားများသည် နတ်ဆိုးများ၏ သဘာဝ ရန်သူများ ဖြစ်ကာ ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်းဓားကို ဆုပ်ကိုင်ထားရင်း လူသားမျိုးနွယ်၏ စစ်အင်အားကို စစ်ဆေးခဲ့သည်။ နတ်ဘုရားအစောင့်ကိုးယောက် ရှိနေပြီး လေးယောက်မှာ ဧကရာဇ်များဖြစ်ကြ၍ ကျန်ငါးယောက်မှာ တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြ၏။ စစ်သေနာပတိချုပ်ချန်၊ ကျောက်ရွှမ်ကျန်း၊ ဓား သူတော်စင် စွန်း စသော နတ်ဘုရားတိုက်ကြီး၏ အစွမ်းထက် စစ်သည်များအားလုံး ရှိနေကြပြီး ဓားကျင့်ကြံသူ တစ်သိန်းအပြင် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်လည်း ရှိနေသည်။ ဘိုးဘေးကျောင်းတော်၏ နတ်ဆိုးသတ်ဖြတ်ခြင်း စစ်ဆင်ရေးကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့သော်လည်း နတ်ဆိုးများ၏ ခုခံမှုကြောင့် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်၌ အသေအပျောက်များ ရှိနေသည်။ စစ်သေနာပတိချုပ်က အသေးစိတ် မပြောခဲ့သော်လည်း အသက်ရှင်နေသော စစ်သည်တိုင်း သွေးများဖြင့် စွန်းထင်းနေသဖြင့် အရေအတွက်တစ်ခုမှာ နိုင်ငံအတွက် အသက်ကို စတေးခဲ့ကြရပုံပေါ်သည်။ နတ်ဘုရားတိုက်ကြီး၊ အင်မော်တယ်နတ်ပြည်ထောင်များ၏ ပြည်သူအားလုံး၏ နှလုံးသားများတွင် ပြင်းထန်သော မီးတောက်များကဲ့သို့ တိုက်ခိုက်လိုစိတ် လောင်ကျွမ်းနေသည်။
"စစ်သေနာပတိချုပ် တကယ်လို့ ကလေးတွေကို ဘေးဖယ်ထားပြီး ကောင်းကင်နယ်မြေရဲ့ ကျင့်ကြံသူတိုင်းကို ဆင့်ခေါ်လိုက်ရင် အရေအတွက် ဘယ်လောက်ရနိုင်လဲ"
ယွမ်ရှောင်က အသက်ပြင်းပြင်းရှူ၍ ချန်ရှောင်ကို မေးလိုက်ခြင်းဖြစ်သည်။
"ကိုးကောင်းကင် အင်မော်တယ် စစ်တပ်နဲ့ပေါင်းလိုက်ရင် သန်း သုံးဆယ်လောက်တော့ ရှိမယ်။ ဒါပေမယ့် သူတို့ထဲက တစ်ဝက်လောက် တိုက်ခိုက်ရေး သိပ်ကျွမ်းကျင်မှာ မဟုတ်ဘူး"
စစ်သေနာပတိချုပ်က ပြန်ဖြေ၏။ စစ်မြေပြင်တွင် တိုက်ရည်ခိုက်ရည်က အရေးကြီးပြီး မဟာကပ်ဘေးသည် နတ်ဆိုးတိုက်ကြီး၏ ထိပ်တန်းစစ်သည်များစွာကို သေဆုံးစေခဲ့သော်လည်း အနည်းဆုံး သန်းခြောက်ဆယ်ခန့် ကျန်ရစ်ပြီး လူသားမျိုးနွယ်ဘက်၌ အများဆုံး အရေအတွက် ဆယ်သန်းသာရှိ၍ ကွာခြားမှု ကြီးမားပေသည်။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်ကို အောင်နိုင်ပြီးနောက် နတ်ဆိုးစစ်တပ်တွင် အရေအတွက်များစွာ ကျန်ရစ်နေဆဲပင်ဖြစ်ကာ ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူတစ်ဝက်မှာ တိုက်ပွဲနှင့် အသားကျနေသူများ မဟုတ်ချေ။
"လူတိုင်းကို ဆင့်ခေါ်ပြီး ကောင်းကင်နယ်မြေရဲ့ တံခါးကို ခံတပ်အဖြစ် ခုခံထားရမယ်"
ယွမ်ရှောင်က လေးနက်သော မျက်နှာထားဖြင့် ညွှန်ကြားခဲ့သည်။
"ရှေးဦး အစီအရင်ကို အသက်မသွင်းဘဲ တံခါးကို ကာကွယ်စောင့်ရှောက်မယ်ဆိုရင် ပြည်သူတွေ စိတ်ရှုပ်သွားလိမ့်မယ်။ ငါတို့အနေနဲ့ ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ"
စစ်သေနာပတိချုပ်က လေးနက်စွာ မေးခွန်းထုတ်လိုက်၏။ ယခုအချိန်အထိ လူသား ကျင့်ကြံသူများသည် ရှေးဦး အစီအရင် ဆက်လက် တည်ရှိနေသည်ဟု ယုံကြည်ထားဆဲပင်။
"ရှေးဦး အစီအရင်ကို ငါတို့ရဲ့ စိတ်ထဲမှာပဲ အသက်သွင်းလိုက်ပါတော့။ တားမြစ်ကံကြမ္မာနဲ့ နတ်ဆိုးစစ်တပ်က ပြိုင်ဘက်ကင်း မဟုတ်ဘူး။ ငါတို့ ချေမှုန်းနိုင်တယ်"
ယွမ်ရှောင်က ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ကောင်းကင်သို့ တစ်ချက်ကြည့်၍ ကြုံးဝါးခဲ့သည်။
"နားလည်ပါပြီ"
စစ်သေနာပတိချုပ်က ခေါင်းညိတ်၍ အချင်းချင်းနားလည်သော အကြည့်တစ်ချက် ဖလှယ်၍ ရှေးဦး အစီအရင်အကြောင်း အမှန်တရားကို ထုတ်မပြောရန် ဆုံးဖြတ်ခဲ့ကြ၏။
"နတ်ဆိုးတိုက်ကြီးကို ဆန့်ကျင်ပြီး လူသားမျိုးနွယ် ဦးမော့လာနိုင်ဖို့ ရှေးဦး အစီအရင်တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ဒါက ကာကွယ်ရုံသာ ကာကွယ်နိုင်တယ်။ ဒါပေမယ့် ငါတို့ရဲ့ ဓားတွေနဲ့ ရတနာတွေကတော့ နတ်ဆိုးတွေကို တကယ် မျိုးဖြုတ်ပစ်နိုင်တယ်"
ကောင်းကင်နယ်မြေအပြင်ဘက်တွင် အချိန်ဆွဲထားရန် လနတ်သား၏ အကြံက အလုပ်မဖြစ်ခဲ့သောကြောင့် ယွမ်ရှောင်သည် တပ်ဦးမှ ဦးဆောင်ချီတက်ခဲ့သည်။
"မင်းက ငါတို့ရဲ့ နတ်ဆိုးမိတ်ဆွေ သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး စစ်ပွဲ ဖြစ်လာအောင် လှုံ့ဆော်ခဲ့တယ်။ ဒါပေမယ့် မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်မယ်လို့ ကြွေးကြော်နေတယ်။ မင်းက နတ်ဘုရားတိုက်ကြီးရဲ့ သမိုင်းမှာ အပြစ်အကြီးဆုံး လူယုတ်မာပဲ"
ထိုအချိန်တွင် စစ်သုံ့ပန်းများအတွင်းမှ မိန်းကလေးတစ်ယောက် ပြေးထွက်လာကာ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုး၍ ကျိန်ဆဲနေသည်။
"ဒါက ဘယ်သူလဲ"
"ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်ရဲ့ စတုတ္ထ မင်းသမီး"
သူ၏အမေးကို နန်းကုန်းရှုက ပြန်ဖြေသည်။
"နတ်ဆိုးတွေက ကြင်နာတတ်တယ်၊ သူတို့ နတ်ဘုရားတိုက်ကြီးကို မေတ္တာကရုဏာနဲ့ ဆက်ဆံပြီး ရိုးသားတယ်။ ဒါပေမယ့် မင်းတို့က မိစ္ဆာတွေလို ပြုမူပြီး ပြည်သူတွေဆီ ဘေးအန္တရာယ် ရောက်လာစေခဲ့တယ်။ မင်းတို့ရဲ့ ဘိုးဘေးတွေနဲ့ မျိုးဆက်သစ်တွေက ဒီလုပ်ရပ်ကြောင့် ငရဲမှာတောင် အရှက်ရကြလိမ့်မယ်"
သူမက အက်ကွဲနေသော အသံဖြင့် ဆက်လက်အော်ဟစ်နေသည်။
"နတ်ဆိုးတွေက ရိုးသားတယ်ပေါ့။ ဒါဆိုရင် ဒီမိန်းမကို မျောက်နတ်ဆိုးအုပ်ထဲ ထည့်ပေးလိုက်ကွာ။ နတ်ဆိုးမိတ်ဆွေတွေ ဘယ်လောက် ယဥ်ကျေးတယ်ဆိုတာ ကိုယ်တိုင် အဖြေရှာပါစေ"
ယွမ်ရှောင်က သူမကို တစ်ချက်စိုက်ကြည့်၍ အမိန့်ပေးလိုက်သောအခါ ကိုးကောင်းကင် အင်မော်တယ် စစ်တပ် နှင့် လူသား ကျင့်ကြံသူများ ချက်ချင်း သဘောတူခဲ့ကြ၏။ သူမကို ဖမ်းဆီးထားသော မျောက်နတ်ဆိုးအုပ်အတွင်း ပစ်ချလိုက်သောအခါ အဆက်မပြတ် အော်ငိုသံများသာ ထွက်ပေါ်လာခဲ့သည်။
"လူတိုင်း၊ ဓားတစ်လက်သာ လက်ထဲမှာ ရှိနေရင် ငါတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က မိုင်တစ်သောင်းအထိ မြင့်တက်သွားလိမ့်မယ်။ အားလုံး ငါ့နောက်လိုက်ခဲ့ပြီး နတ်ဆိုးစစ်တပ်ကို သုတ်သင်ကြစမ်း"
ယွမ်ရှောင်က ဓားပျံအပေါ် တစ်လှမ်းချင်းတက်ကာ စစ်တပ်အထက်၌ ပျံဝဲလိုက်သည်။ ၎င်းက နေတစ်စင်းပမာ တောက်ပလာ၍ ထွက်ခွာသွားသည်နှင့်တပြိုင်နက် များပြားလှသော လူသား ကျင့်ကြံသူများသည် ကောင်းကင်နယ်မြေ၏ တံခါးထံ ညာသံပေးချီတက်လာကြလေသည်။