ဓားတစ်လက်ဖြင့် ကောင်းကင်ကို ဆန့်ကျင်ခြင်း
Vol. 19 Ch. 237
ဓားကျင့်ကြံသူ ဘိုးဘေးများ၏ အရိုးများမှ သန့်စင်ထားသော ဓားနှလုံးသား စုစုပေါင်း ၄၀,၀၀၀ ကျော်သည် တောင်ကျရေပမာ တဝေါဝေါ သွန်ထွက်လာ၍ ယွမ်ရှောင်၏ ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ပတ်ပတ်လည်တွင် ဝေ့ဝဲနေသည်။ စစ်မြေပြင်၌ နတ်ဆိုးသန်းပေါင်းများစွာ ရှိနေသောကြောင့် မြင်ကွင်း ဖုံးကွယ်နေသဖြင့် ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများပင် သူ့ကို မမြင်နိုင်တော့သဖြင့် လက်ရှိ အခြေအနေကို တိတိကျကျ ပိုင်းခြားသိမြင်နိုင်ရန် မရှိပေ။
ထိုအချိန်၌ အနက်ရောင် မုန်တိုင်းတစ်ခုသည် နဂါးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ အနားရှိ မရေမတွက်နိုင်သော နတ်ဆိုးများကို အမှုန့်ကြိတ်ပစ်လိုက်သည်။ ဓား စွမ်းအင်က ကောင်းကင်သို့ ဦးတည်၍ ထိုးဖောက် ပေါက်ကွဲလာကာ သွေး နှင့် အလောင်းများ ပြန့်ကြဲသွားသော်လည်း တားမြစ်ကံကြမ္မာ၏ ပါးစပ်အတွင်း လောဘတကြီး စုပ်ယူခံလိုက်ရသည်။ ပရမ်းပတာ စစ်မြေပြင်၏ အလယ်တွင် ကွက်လပ်တစ်ခု ဖြစ်ပေါ်လာကြောင့်ထိုနေရာတွင် အဖြူရောင်ဝတ် လူငယ်ကို ခပ်ဝါးဝါး မြင်နိုင်လာသည်။
ယွမ်ရှောင် ကိုင်ထားသည်မှာ ဓားတစ်လက်ဟု ဆိုရမည်ထက် မီတာ ၃၀၀ ကျော် ရှည်လျားသော အပြာရောင် မုန်တိုင်း နဂါးတစ်ကောင်နှင့် ဆင်တူကာ ဓားနှလုံးသား ၄၀,၀၀၀ ၏ စွမ်းအားကို စုပ်ယူထားပြီး ဓား သူတော်စင် သုံးဦး၏ ဓားနှလုံးသားများလည်း ပါဝင်၏။ ဓားကျင့်ကြံသူ ဘိုးဘေး လေးသောင်း၏ တစ်သက်တာ ကျင့်ကြံမှုများ ဓားတစ်လက်တည်းတွင် တောက်လောင်နေပြီး နတ်ဆိုးစစ်တပ် သန်းပေါင်းများစွာအကြား ရောက်ရှိနေသည့်တိုင်အောင် သူ၏ မျက်နှာ၌ ကြောက်ရွံ့မှု ကင်းမဲ့နေသည်။ ဤသို့သော ရဲစွမ်းသတ္တိမျိုးသည် ကောင်းကင်နယ်မြေ၏ တံခါးရှိ လူသား စစ်သည်များ၏စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။ သူတို့၏ ယုံကြည်ချက်သည် ယွမ်ရှောင်၏ လက်ထဲမှ ဓားကဲ့သို့ ပြင်းထန်စွာ တောက်ပခိုင်မြဲနေပြီး ဓား ဆက်လက် တည်ရှိနေသရွေ့ လူက ကျဆုံးမည် မဟုတ်ပေ။
"ကောင်းကင်နယ်မြေအတွက် သတ်ကြစမ်း"
အေးစက်ပြီး ညှာတာမှုကင်းသော ကြုံးဝါးသံတစ်ခု ယွမ်ရှောင် နှင့် ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများထံမှ ပြိုင်တူ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
"ဒီ ဓားဝိညာဉ်က....."
အလောင်းကောင်ကြီး၏ နဖူးတွင် ရှိနေသော ခရမ်းရောင်ဧကရာဇ် ခေါင်းပြတ်က ကြောက်ရွံ့မှု နှင့် အံ့ဩမှု ရောနှောနေသော မျက်နှာထားဖြင့် ရှုံ့မဲ့နေသည်။ သူက ယွမ်ရှောင်ကို တစ်ကြိမ်မှ မရင်ဆိုင်ခဲ့ဖူးသော်လည်း ထင်ထားသည်ထက် သေကြေပျက်စီးစေခဲ့သော ဓားတစ်ချက်ကြောင့် အထင်သေးမရကြောင်း နားလည်ခဲ့၏။ တားမြစ်ကံကြမ္မာ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော နတ်ဆိုး သတ္တဝါတစ်ကောင်ဖြစ်သည့် သူကိုယ်တိုင်ပင် ဤမျှ လွှမ်းမိုးခံရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ဖူးပေ။
နတ်ဆိုးစစ်တပ်အတွင်း ရောက်ရှိနေသော ယွမ်ရှောင်သည် တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်ကို အေးစက်စက် စိုက်ကြည့်နေပြီး အပြာရောင် ဓားကို တစ်ချက်လှုပ်၍ မီတာ သုံးရာ ရှည်လျားသော ဓားပျံကြီး တစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။ ထိုအဖြစ်ကို လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ အားလုံးက ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။
"မင်း ဘယ်လောက်အစွမ်းထက်ထက် နတ်ဆိုး ဖြစ်နေရင်တော့ ဓားကျင့်ကြံသူတွေက အမြဲတမ်း အနိုင်ယူနိုင်လိမ့်မယ်"
ယွမ်ရှောင်က ကြီးမားသော ဧရာမဓားပျံပေါ်တွင် ရပ်နေပြီး ခြေထောက်ဖြင့် ထိန်းချုပ်သော ပြိုင်ဘက်ကင်း ဓားသိုင်းတစ်ခုကို ပြသနေသည်။ လောကကြီး၏ ဆွဲအားကို ဆန့်ကျင်နေသော ဓားပျံက အပြာရောင်လေပြင်းပမာ တဝုန်းဝုန်း မြည်ဟီး၍ တားမြစ်ကံကြမ္မာထံ ပြေးဝင်တိုက်ခိုက်လိုက်၏။
ဘုန်း
ထိုတိုက်ကွက်က စစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ဧရာမ ဓားပျံကြီး၏ အသံသည် စစ်တပ်ပေါင်းများစွာ ကြွေးကျော်လိုက်သကဲ့သို့ ကျယ်လောင်စွာ ဟိန်းထွက်နေသည်။ ၎င်းက နဂါးတစ်သောင်း ချီတက်လာသကဲ့သို့ ရှေ့တည့်တည့်သို့ ဖြတ်သန်း တိုက်ခိုက်ခဲ့သည်။
ဘန်း ဘန်း ဘန်း
လမ်းတစ်လျှောက်ရှိနေသော နတ်ဆိုးပေါင်းများစွာက သူတို့၏ အသက်ကို ဂရုမထားဘဲ၊ ဧရာမ ဓားပျံကြီးကို ရပ်တည့်ရန် ခုန်ထွက်လာကြ၏။ သို့သော် တစ်ချက်ပင် မအော်နိုင်ခင် စွမ်းအား အဖျားခတ်မှုကြောင့် ကြေမွသွားကာ သွေး သို့မဟုတ် အင်္ဂါအစိတ်အပိုင်းများပင် မကျန်ရစ်ခဲ့ချေ။ ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်၏ သက်ရှိအားလုံးကို ကျော်လွန်သော သတ်ဖြတ်နိုင်စွမ်းနှင့်တကွ ၎င်း၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို အားလုံးထံ ပြသခဲ့ပေသည်။
ကြယ်သတ်ဓားသိုင်း၊ ကြယ်တာရာမွေးဖွားရာ အလင်းစက်ကွင်း
ယွမ်ရှောင်က ဓားပေါ်တွင် ရပ်နေပြီး စကြဝဠာတစ်ခုလုံး ဓားသွားပတ်ပတ်လည်တွင် လည်ပတ်နေသကဲ့သို့ ထင်မှတ်ရသည်။ ကြယ်များ ထင်ဟပ်လာကာ စကြဝဠာကြီး ကိုယ်တိုင် ဤဓားချက်အတွက် ရွေ့လျားပေးနေသကဲ့သို့ ကောင်းကင်နှင့် မြေပြင်ကို ပြောင်းပြန်လန်သွားစေခဲ့၏။ တားမြစ်ကံကြမ္မာ၏ ခန္ဓာကိုယ်က အလွန်ကြီးမားသောကြောင့် အလွယ်တကူ ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။
ဘုန်း
မျက်တောင် တစ်ခတ်အတွင်း ဓားပျံ၏ စွမ်းအင် မုန်တိုင်းသည် မရေမတွက်နိုင်သော နတ်ဆိုးများကို အမှုန့်ချေရင်း ဓားဖျားက တားမြစ်ကံကြမ္မာ၏ ဧရာမ မျက်နှာထံ ထိုးဖောက်ဝင်ရောက်သွားပြီး ဦးခေါင်းခွံ နောက်ဘက်မှ ထုတ်ချင်းပေါက် ထွက်လာခဲ့သည်။ တားမြစ်ကံကြမ္မာ၏ ဦးခေါင်းကြီးက စစ်မြေပြင်တစ်ခုလုံး လွှမ်းခြုံနိုင်လောက်သော သွေးမြူခိုးအဖြစ် ဝုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့သည်။ တစ်စစီ ဖြစ်သွားသော အစိတ်အပိုင်းများမှာ ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်၏ အပြာရောင် စွမ်းအင်မုန်တိုင်းကြောင့် လျင်မြန်စွာ လောင်ကျွမ်းကုန်သည်။ ယွမ်ရှောင်က ပထမဆုံးအကြိမ်အနေဖြင့် ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ကို ဓားနှလုံးသားများစွာ၏ စွမ်းအားကို စုပ်ယူရန် အသုံးပြုခဲ့သောအခါ ယခင်က ဖမ်းချုပ်ထားသော ရန်သူတော်များ၏ ဝိညာဉ်များလည်း ပျက်စီးပျောက်ကွယ်ကုန်၏။
"ဒီဓားကျင့်ကြံသူက ကြောက်စရာကောင်းလိုက်တာ"
ထိုမြင်ကွင်းသည် မရေမတွက်နိုင်သော နတ်ဆိုးများ၏ ကျောရိုးများကို ကြောက်စိတ်ကြောင့် အေးစက်သွားစေခဲ့ပြီး တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်၏ ဦးခေါင်းပင် ဓားတစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်သွားသည်။ ဤမျှမကသေးဘဲ အပြာရောင် မီးလျှံတစ်ခုသည် နတ်ဆိုးဧကရာဇ်၏ လည်ပင်းတွင် စွဲကပ်၍ ခန္ဓာကိုယ်အောက်ပိုင်းသို့ ပျံ့နှံ့နေရာ မီးနှင့် ထိတွေ့သည့်နေရာတိုင်း အလောင်းကောင်ကြီး၏ အသွေးအသား အပြာရောင်မီးခိုးအဖြစ် အငွေ့ပျံသွားကာ ဆံပင်တစ်ချောင်းပင် မကျန်ရစ်ချေ။
"ဒီဓားချက်က ငါ မျှောင့်လင်ထားတာထက်တောင် ပို ထိရောက်သေးတယ်"
ဓားပျံအထက်တွင် ရပ်နေသော ယွမ်ရှောင်က စိတ်ဓာတ်တက်ကြွလာခဲ့ပြီး တားမြစ်ကံကြမ္မာ၏ ကိုယ်တွင်း ကူကယ်ရာမဲ့ ပိတ်မိနေသည့် လနတ်သားကြောင့် စိတ်ဓာတ်ကျမနေတော့ဘဲ တည်ငြိမ်စပြုလာ၏။ ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်၏ လောင်ကျွမ်းပြာချနိုင်စွမ်းသည် အလောင်းပင်မကျန်အောင် ဖျက်ဆီးနိုင်သဖြင့် ရန်သူ၏ အကြီးဆုံး အားနည်းချက် ဖြစ်လာခဲ့သည်။
"ဒါပေမယ့်၊ ဓားနှလုံးသား ၄၀,၀၀၀ ရဲ့ စွမ်းအားက လျော့နည်းလာနေပြီ။ အလောင်းကောင်ကြီးရဲ့ အရွယ်အစားက အခုထိ ကြီးမားနေတုန်းပဲ"
ယွမ်ရှောင်က ဓားပျံကို လျင်မြန်စွာ ထိန်းချုပ်၍ အတွေးနက်နေစဥ် ခေါင်းပြတ်သွားသော ဧရာမအလောင်းကြီး၏ ခန္ဓာကိုယ်အထက်မှ ပါးစပ်များစွာသည် နာနာကျင်ကျင် အော်ဟစ်နေသည်။ မရေမတွက်နိုင်သော ကြက်သွေးရောင် မျက်လုံးများက အက်ကြောင်းများအတွင်းမှ တိုးထွက်လာကာ ယွမ်ရှောင်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
"မင်းအပိုင် မဟုတ်တဲ့ စွမ်းအားက ကုန်ကာနီးနေပြီ။ မင်းက ငါ့ကို မသတ်နိုင်သေးဘူး။ ငါကိုယ်တိုင် သေဖို့ ဆန္ဒမရှိရင် ထာဝရ အသက်ရှင်နိုင်တယ်ကွ"
ဒဏ်ရာကြောင့် ဒေါသူပုန်ထနေသော တားမြစ်ကံကြမ္မာ၏ အသံတွင် ဝါးမျိုထားသော အလောင်းများစွာ၏ အသံများ ပေါင်းစပ်ပါဝင်နေသဖြင့် အလွန် စိတ်မသက်မသာ ဖြစ်စေသည်။ သူ၏ကိုယ်တွင်း၌ လနတ်သားသည်လည်း မသေဆုံးသေးသဖြင့် ကောင်းကင်သင်္ချိုင်းဓားကဲ့သို့ ထိရောက်မှု မသိသာသော်လည်း အတွင်းအင်္ဂါများကို တရစပ် လိုက်လံဖျက်ဆီးနေခဲ့၏။
တားမြစ်ကံကြမ္မာ အသက်ရှင်နေဆဲဖြစ်ကြောင်း နားလည်သွားသောအခါ အဆင့်နိမ့် နတ်ဆိုးများသည် ကောင်းကင်နယ်မြေ၏ တံခါးကို နောက်တစ်ချီ တိုက်ခိုက်လာကြပြန်သည်။ စစ်ပွဲ၌ သေဆုံးသော အရေအတွက် များလေလေ တားမြစ်ကံကြမ္မာသည် အလောင်းများ စုပ်ယူနိုင်လေလေ ဖြစ်ကာ ပျက်စီးသွားသော ဦးခေါင်းကြီး ပြန်လည် ဖြစ်တည်လာနေသည်။ စစ်ပွဲနှင့် သတ်ဖြတ်မှုများ တည်ရှိနေသရွေ့ တားမြစ်ကံကြမ္မာ သေဆုံးမည် မဟုတ်ပေ။ ကံကောင်းသည်မှာ နတ်ဆိုးစစ်တပ်၏ အင်အားအများစုသည် ထိုမြင်ကွင်းကြောင့် တားမြစ်ကံကြမ္မာကို ပိုမို ကြောက်ရွံထိတ်လန့်လာခြင်းဖြစ်သည်။
"သူက ထိန်းချုပ်မရတော့ဘူး"
"တကယ်လို့ ဒီအတိုင်း ဆက်ဖြစ်နေရင် ငါတို့ ကောင်းကင်နယ်မြေကို အနိုင်ရခဲ့ရင်တောင် အကျိုးမရှိဘူး"
" ကောင်းကင်နယ်မြေရဲ့ ရှေးဦး အစီအရင် ပျောက်ကွယ်သွားပြီလို့ သူ ပြောတာကို မင်းတို့ ယုံကြည်လား"
အနည်းငယ် ဉာဏ်ကောင်းသော နတ်ဆိုးများအကြား ဗြောင်းဆန်နေပြီး လနတ်သား ပြောခဲ့သော စကားများကို ထပ်ကာထပ်ကာ ကြားနေမိသည်။ အလောင်းနတ်ဆိုးက ပို၍ သန်မာလာလေလေ ဆင်ခြင်ဉာဏ် ပျောက်ဆုံးသွားလေလေ ဖြစ်ကာ မရေမတွက်နိုင်သော အလောင်းများ၏ အမုန်းတရားများကြောင့် အဆုံးမရှိ ဝါးမျိုလိုစိတ်သာ ကျန်ရစ်ခဲ့ပေလိမ့်မည်။ ထို့ကြောင့် နတ်ဆိုး စစ်တပ်အတွင်း အဖွဲ့အချို့ ကွဲထွက်သွားကာ အဆင့်မြင့် ဉာဏ်ရည်ဖြင့် နတ်ဆိုးများ အလန့်တကြား နောက်ဆုတ်သွား၍ ကောင်းကင်နယ်မြေကို မကူညီလိုသော်လည်း တားမြစ်ကံကြမ္မာ အစွမ်းမြင့်တက်လာစေရန် သူတို့၏ အသက်များ မစတေးချင်ကြပေ။
"တားမြစ်ကံကြမ္မာ သေဆုံးသွားရင် နတ်ဆိုး စစ်တပ်က ခေါင်းဆောင်ကို ဆုံးရှုံးသွားလိမ့်မယ်။ သူတို့ရဲ့ တိုက်ခိုက်လိုစိတ်လည်း ပျက်စီး ပြိုလဲသွားနိုင်တယ်"
ယွမ်ရှောင် စစ်သေနာပတိချုပ် နှင့် အစွမ်းထက်ကျင့်ကြံသူများသည် ဤအချင်ကို ကောင်းစွာ သိနားလည်ကြ၏။ နတ်ဆိုးအရေအတွက် သန်းရှစ်ဆယ်က အလွန်များသောကြောင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် မျှော်လင့်ချက် မရှိချေ။ သို့ရာတွင် တစ်ဖက်ရန်သူ၏ စိတ်ဓာတ်ကို ဖျက်ဆီးနိုင်လျှင် အခြေအနေကို ထိန်းသိမ်းနိုင်ချေရှိသောကြောင့် အဓိကပစ်မှတ်မှာ တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်ဖြစ်လာခဲ့သည်။
"ကပ်ဘေး မိစ္ဆာ သွေးကို သုံးလိုက်။ ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်က အလောင်းတွေကို လောင်ကျွမ်းစေပြီး ကပ်ဘေး မိစ္ဆာ သွေးက သူတို့ကို စုပ်ယူနိုင်လို့ အခွင့်အရေး တစ်ခု ရှိလာနိုင်တယ်"
ကြယ်ပြာက အကြံပေးလိုက်ခြင်း ဖြစ်သည်။
"ဒီကို လာခဲ့စမ်း"
ယွမ်ရှောင်သည် ကောင်းကင်နယ်မြေ၏ တံခါးသို့ မျှော်ကြည့်၍ ရေရွတ်လိုက်သည်။ ဆူညံပွက်လောရိုက်နေသော စစ်မြေပြင်ကို သူ၏ အသံက မထိုးဖောက်နိုင်သော်လည်း ကပ်ဘေးမိစ္ဆာသွေးဖြင့် ထိန်းချုပ်ခံထားရသော စစ်မင်းသမီးသည် ဆင့်ခေါ်သံကို ကောင်းစွာ ကြားလိုက်ရလေသည်။