← Chapters

ဓားနတ်ဘုရား၊ ကုပိုင်ရီ

Vol. 19 Ch. 240

ဓားနတ်ဘုရား၊ ကုပိုင်ရီ

Vol. 19 Ch. 240

"နတ်ဆိုးတို့၊ နတ်ဆိုးတိုက်ကြီးကို ဆုတ်ခွာကြ၊ ငါတို့ မျိုးနွယ်ကို ဆက်လက်တည်တံ့စေရမယ်"

နောက်ဆုံးတွင် လေးနက်သော အမိန့်များက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ဉာဏ်ရည် မြင့်မားသော နတ်ဆိုးအချို့သည် နတ်ဆိုးဧကရာဇ် လေးပါး နှင့် နတ်ဆိုးသူတော်စင် ၁၀၈ ပါး သေဆုံးသွားကြောင်း သိထားပြီး တားမြစ်ကံကြမ္မာ ထိန်းချုပ်မရ ဖြစ်လာသောအခါ သူတို့၏ တိုက်ခိုက်လိုစိတ်ကို ဆုံးရှုံးပြီးဖြစ်ကာ ထွက်သွားလိုကြသည်။ အဆင့်နိမ့် နတ်ဆိုးများကမူ အမုန်းတရား နှင့် တားမြစ်ကံကြမ္မာအပေါ် ယုံကြည်မှုကြောင့် စစ်တိုက်ရန် တွန်းပို့ခံလိုက်ရပြီး နတ်ဆိုးဧကရာဇ်အနေဖြင့် နတ်ဆိုးတိုက်ကြီးကို ဦးဆောင်၍ ကောင်းကင်နယ်မြေနှင့် နတ်ဘုရားတိုက်ကြီးကို အုပ်စိုးနိုင်လိမ့်မည်ဟု သက်ဝင်ယုံကြည်ကြသည်။ သို့သော် တားမြစ်ကံကြမ္မာ၏ အလောင်းကောင်ကြီး ကောင်းကင် နှင့် မြေကြီးအကြား ပျောက်ကွယ်သွားသည်နှင့်တပြိုင်က သူတို့၏ ယုံကြည်မှု ပြိုလဲသွားကာ စိတ်ဓာတ် ပျက်စီးသွား၏။

ကောင်းကင်နယ်မြေ၏ တံခါးကို နတ်ဆိုးစစ်တပ်မှာ လက်ရှိအချိန်အထိ မထိုးဖောက်နိုင်သေးသည့်အပြင် ယွမ်ရှောင်သည် သူတို့အတွက် အံ့ဩစရာအကောင်းဆုံး နှင့် ကြောက်မက်ဖွယ် ပုံရိပ်တစ်ခု ဖြစ်လာ၏။ သူက လောင်ကျွမ်းနေသော အလောင်းကောင်ကြီး၏ အကြွင်းအကျန်များအထက်တွင် ရပ်နေပြီး လက်ထဲတွင် ဓားကိုင်ထား၍ အဖြူရောင် ဝတ်ရုံ တဖြတ်ဖြတ်လွင့်နေကာ နတ်ဆိုးများအတွက် အိပ်မက်ဆိုးတစ်ခုပမာ တူညီနေသည်။

"ယွမ်ရှောင်"

ကောင်းကင်နယ်မြေအတွင်းရှိနေသော လူသားမျိုးနွယ်ဝင် သန်းပေါင်းများစွာက ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့ပြီး သမိုင်းတွင်လောက်သော အကျယ်လောင်ဆုံး အားပေးသံများ ပေါက်ကွဲထွက်လာသည်။

"ငါတို့ အရှင်မတောင် တိုက်ခိုက်စရာ မလိုခဲ့ဘူး။ ရှေးဦး အစီအရင်ကိုလည်း မလိုအပ်ခဲ့ဘူး"

ယုံကြည်မှု အပြည်ဖြင့် အောင်ပွဲခံလိုက်သောအခါ ရာစုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော လူသားတို့၏ ဖိနှိပ်ခံရမှုများ တခဏအတွင်း ပျောက်ကွယ်ကုန်သည်။

ကောင်းကင်နယ်မြေသည် ဘိုးဘေးကျောင်းတော် စစ်ပွဲ၌လည်း အောင်ပွဲရခဲ့ပြီး အင်မော်တယ်စစ်ပွဲသည်လည်း အောင်ပွဲတစ်ခုဖြစ်ကာ နတ်ဆိုးဧကရာဇ် ငါးပါးကို သတ်ဖြတ်နိုင်ခြင်းသည် နတ်ဘုရားတိုက်ကြီးရှိ လူသားများ၏ အောင်ပွဲအဖြစ် ခိုင်မာသွားစေ၏။ နာရီပိုင်းအတွင်း အဖြစ်အပျက်များစွာသည် နတ်ဘုရားတိုက်ကြီးရှိ လူသားမျိုးနွယ်၏ သမိုင်းကို ပြောင်းလဲပစ်လိုက်သည်။

အရုဏ်တက်နတ် ဧကရီနှင့် ရှေးဦး အစီအရင်ကို ပျောက်ကွယ်သွားခြင်းကို မသိသောကြောင့် သူတို့အနေဖြင့် ယွမ်ရှောင်သည် ဤစိန်ခေါ်မှုများကို ကျော်လွှားပြီး ပြိုင်ဘက်ကင်း သမိုင်းဝင် အခိုက်အတန့်ကို မည်သို့ အောင်ပွဲဆင်ခဲ့ကြောင်း အတိအကျ နားလည်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့က ယွမ်ရှောင်ကို လေးစားကြည်ညိုနေဆဲဖြစ်ကာ ကောင်းကင်နယ်မြေသို့ ရောက်လာသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း ဓားသမား ပါရမီရှင်တစ်ဦးနှင့် အရုဏ်တက်နတ် ဧကရီ၏ ခင်ပွန်းအဖြစ် အသိအမှတ်ပြုထားကြ၏။ သူက အသူရာဓားဂိုဏ်းမှ လက်ရှိအခြေအနေသို့ လပိုင်းအတွင်း မြင့်တက်လာနိုင်ခဲ့သည်မှာ ယုံကြည်နိုင်စရာပင် မရှိချေ။

ကောင်းကင်နယ်မြေ၏ အောင်ပွဲခံသံများသည် စိတ်ဓာတ်ကျနေသော နတ်ဆိုး စစ်တပ်ကို သေချာပေါက် နောက်တစ်ကြိမ် စိတ်ဓာတ်ကျသွားစေလိမ့်မည်။ ထိုနတ်ဆိုးများ မင်သက်ရင်း နေရာ၌ ရပ်နေကြပြီး အရေအတွက်များစွာ သာလွန်သည့်တိုင်အောင် တိုက်ခိုက်လိုစိတ် ဆုံးရှုံးသွားကာ အရာရာကို နားမလည်နိုင် ဖြစ်နေကြသည်။

"ကောင်းကင်နယ်မြေမှာ စစ်ပွဲကို ဆက်တိုက်ရမှာလား"

"ငါတို့ရဲ့ အဆင့်မြင့် နတ်ဆိုး တပ်ဖွဲ့တွေက ဒဏ်ရာမရသေးဘူး။ ငါတို့ ရှေ့ဆက်တိုးရင် ကောင်းကင်နယ်မြေရဲ့ တံခါးကို ထိုးဖောက်ပြီး လူသားတွေကို သတ်ဖြတ်နိုင်တယ်။ နတ်ဧကရီနဲ့ ယွမ်ရှောင် နှစ်ယောက်လောက်က ငါတို့ကို မတားဆီးနိုင်ဘူး"

"ဒါပေမယ့် ရှေးဦး အစီအရင်နဲ့ အင်မော်တယ်နတ်ပြည်ထောင် လေးခုရဲ့ ခြိမ်းခြောက်မှု ရှိနေတယ်။ စစ်ပွဲကို ဆက်တိုက်ခိုက်နေရင်း လူသားတွေရော နတ်ဆိုးတွေရော ကောင်းကောင်း အဆုံးသတ်မှာ မဟုတ်ဘူး"

"နတ်ဆိုးဧကရာဇ်က ငါတို့ကို နတ်ဆိုးတိုက်ကြီးကို ပြန်သွားပြီး မျိုးနွယ်ကို ထိန်းသိမ်းဖို့ အမိန့်ပေးခဲ့တယ်"

ပရမ်းပတာဖြင့် စနစ်မကျသော နတ်ဆိုး စစ်တပ်မှာ ယခု ပို၍ပင် ပရမ်းပတာဖြစ်လာပြီး ထိုအချိန်တွင် တားမြစ်ကံကြမ္မာ၏ အလောင်းကောင်ကြီး လုံးဝ ပျောက်ကွယ်သွားကာ ကောင်းကင်တွင် ထူထပ်များပြားသော မီးခိုးလုံးမှလွဲ၍ ဘာမှ မကျန်ရစ်ပေ။ သို့သော် ထိုအချိန်၌ မြေအောက်မှ အသံတစ်ခု ရုတ်တရက် တီးတိုးထွက်ပေါ်လာခဲ့သည်။

"ငါက ဒီလောက်လေးနဲ့ အလွယ်တကူ ရှုံးနိမ့်မှာ မဟုတ်ဘူး။ အားနည်းသွားပြီး အနားယူဖို့ လိုအပ်နေတာသက်သက်ပဲ။ နတ်ဆိုးတိုက်ကြီးကို ချက်ချင်း ပြန်သွားကြပြီး ငါတို့ ပြန်လည် မြင့်တက်လာမယ့် နေ့ကို စောင့်နေကြစမ်း"

ထိုအသံမှာ မရေမတွက်နိုင်သော အသံပေါင်းစုံ ရောနှောမနေတော့ဘဲ တားမြစ်ကံကြမ္မာဧကရာဇ်၏ သန့်စင်သော စကားသံပမာ အထီးကျန် ဖြစ်လာခဲ့သည်။ ထိုစကားကို ကြားသည်နှင့်တပြိုင်နက် နတ်ဆိုးများ၏ မှိန်ဖျော့နေသော မျက်ဝန်းများ နောက်ဆုံးတွင် တောက်ပလာသည်။ နတ်ဆိုးတိုက်ကြီးအတွက် အခွင့်အရေးတစ်ခု ရှိနေသေးသည် မဟုတ်ပါလော။

"ဆုတ်ခွာကြ"

နတ်ဆိုး တိမ်တိုက်၏ အစိတ်အပိုင်းတစ်ခု အုပ်စုမှ ခွဲထွက်သွားကာ နတ်ဆိုးတိုက်ကြီးဘက်သို့ ပြန်လည် ဦးတည်သွားသောကြောင့် နတ်ဆိုး စစ်တပ်၏ တိုက်ပွဲဝင်စိတ်ဓာတ် နောက်တစ်ကြိမ် ပြိုလဲသွားသည်။

"အရှုံးကို လက်ခံပြီး ပြန်လည်စုဖွဲ့ပြီးရင် နောက်တစ်ကြိမ် ချီတက်လာကြမယ်"

"ဒီစစ်ပွဲက ခုထိ မပြီးသေးဘူး"

နတ်ဆိုးများက စိတ်ပျက်အားငယ်ပြီး နာကျင်နေသော်လည်း လက်တွေ့ အမှန်တရားကို လက်ခံခဲ့ရသည်။ မျိုးနွယ်နှစ်ခုအကြား စစ်ပွဲက မပြီးဆုံးသေးသော်လည်း နတ်ဆိုးတိုက်ကြီး၏ အားအကောင်းဆုံး ကျင့်ကြံသူများ နှင့် အတောက်ပဆုံး ပါရမီရှင်များ အားလုံး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ အရေအတွက်အများဆုံး နတ်ဆိုး စစ်တပ်သာ ကျန်ရစ်ခဲ့သဖြင့် လက်ရှိ၌ သူတို့မှာ တိုက်ခိုက်လိုစိတ် ကင်းမဲ့နေသည်။ ယွမ်ရှောင်မှာ အမှန်တကယ်၌ သူတို့ကို လိုက်လံပြီး အဆုံးတိုင် ချေမှုန်းပစ်ချင်သော်လည်း လက်တွေ့ဘဝက စိတ်ကူးယဥ်မဆန်ချေ။ ကောင်းကင်နယ်မြေတွင် တိုက်ပွဲဝင်ရန် အသင့်အနေအထားရှိသည်မှာ ကျင့်ကြံသူ သန်း ၃၀ သာ ရှိပြီး တစ်ဝက်မှာ စစ်တပ် စံချိန်မမီပေ။ သူတို့က မျိုးဖြုတ်စစ်ပွဲတစ်ခုအတွက် ကောင်းကင်နယ်မြေသို့ အပြင်ထွက်ပြီး လိုက်လံသတ်ဖြတ်ရန် အရေးမသာချေ။

ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်၏ ကံကြမ္မာမှာ သူတို့အတွက် သတိပေးချက်တစ်ခု ဖြစ်သည်။ အင်မော်တယ်နတ်ပြည်ထောင် လေးခု၏ အင်အားများကို စည်းရုံးလှုံ့ဆော်ရန်မှာလည်း အနည်းဆုံး အချိန်တစ်ရက် ယူရပေလိမ့်မည်။ နတ်ဆိုး စစ်တပ်၏ အရှုံးဖြင့် ဆုတ်ခွာခြင်းမှာ ကောင်းကင်နယ်မြေအတွက် အကောင်းဆုံး ရလဒ် ဖြစ်နေပြီးသားပင်။

အနာဂတ်အတွက်မူ ယွမ်ရှောင်၌ အချိန်အလုံအလောက် ရှိနေသရွေ့ ကြောက်စရာ မရှိပေ။ သူက လေထဲတွင် မတ်တပ်ရပ်နေပြီး နတ်ဆိုး စစ်တပ်မှာ အရှုံးကြောင့် ဖရိုဖရဲ ဆုတ်ခွာသွားသည်ကို တင်းမာစွာ စိုက်ကြည့်နေခဲ့သည်။

" အဲ့ဒီအလောင်း နတ်ဆိုး မသေဘူးလို့ မင်း ပြောလိုက်တာလား"

ယွမ်ရှောင်က မျက်မှောင်ကြုတ်သည်။

"အမှန်ပဲ၊ သူ့ကို သတ်ဖို့ ခက်တယ်။ အမုန်းတရား တည်ရှိနေသရွေ့၊ သူက အသက်ရှင်နိုင်တယ်။ ဒါပေမယ့် ဒီအခြေအနေအထိ ရောက်သွားမှတော့ အချိန်တိုအတွင်း ဒုက္ခပေးနိုင်စရာ မရှိဘူး"

ကြယ်ပြာက ရှင်းပြသည်။

"ပြဿနာက ငါ့ကိုယ်ပွားနဲ့ ပေါင်းစပ်တာကို သူ မြင်သွားတယ်။ သူသာ လျှောက်ပြောနေရင် ငါ့ရဲ့ နတ်ဆိုးကိုယ်ပွားက အသုံးမဝင်တော့ဘူး"

"ဒါပေမယ့် သူက ဘယ်သူ့ကို ပြောမှာလဲ။ မိစ္ဆာမျိုးနွယ်လား။ မိစ္ဆာမျိုးနွယ်က မင်းသမီးဟာ မင်းရဲ့ကျွန် ဖြစ်နေတယ်လို့ သူ ဘယ်လောက်ပြောပြော ယုံကြည်မှာ မဟုတ်လို့ အချည်းနှီးပဲ။ ထာဝရ ဓားအကျဥ်းထောင်အတွက်ကတော့ မင်းအပေါ် မူတည်တယ်"

ကြယ်ပြာက တစ်ချက်ပြုံးသည်။

"တားမြစ်ကံကြမ္မာကို ယာယီ ဖြေရှင်းပြီးပြီဆိုတော့ ကောင်းကင်နယ်မြေနဲ့ နတ်ဘုရားတိုက်ကြီးရဲ့ ပြည်သူတွေ အခုလောလောဆယ် အသက်ရှူချောင်နိုင်ပြီ။ အရုဏ်တက်နတ်ဧကရီ မရှိပေမယ့် ငါက သူမရဲ့ တာဝန်ကို ဖြည့်ဆည်းရမယ်။ နောက်တစ်ခုအနေနဲ့ ငါက နတ်ဘုရားတိုက်ကြီးရဲ့ အင်မော်တယ်နတ်ပြည်ထောင် ခြောက်ခုကို ပြန်လည် စုစည်းပြီး ပြည်သူတွေကို တစ်သားတည်းဖြစ်စေရမယ်။ ဒီလိုဆိုရင် စစ်ရေး အင်အားအရ နတ်ဘုရားတိုက်ကြီးက နတ်ဆိုးတိုက်ကြီးကို ကြောက်စရာ မလိုတော့ဘူး"

ယွမ်ရှောင်၏ ပထမဆုံး ခြေလှမ်းမှာ နတ်ဘုရားတိုက်ကြီးရှိ နတ်ဆိုးလက်ပါးစေများကို ဖယ်ရှားရန် ဖြစ်ပြီး ဒုတိယအနေဖြင့် မြောက်ပိုင်း ဖုန်းဆိုးမြေ နှင့် မဟာဖုန်းဆိုးမြေကဲ့သို့ နတ်ဆိုး အသိုက်များကို လုံးဝ ချေမှုန်းရပေလိမ့်မည်။

"ခရမ်းရောင်ကောင်းကင်မှာ ဧကရာဇ် မရှိတော့ဘဲ အင်မော်တယ်နတ်ပြည်ထောင် လေးခုကတော့ အရုဏ်တက်နတ်ဧကရီရဲ့ နောက်လိုက်လုပ်ဖို့ ဆန္ဒရှိတယ်။ ငါတို့က ကောင်းကင်နယ်မြေကို မြို့တော်အဖြစ်ထားပြီး နိုင်ငံသစ်တစ်ခု တည်ထောင်ပြီး ရှေးဟောင်း အင်မော်တယ်နတ်ပြည်ထောင်ကို ပြန်လည် အသက်သွင်းနိုင်တယ်"

၎င်းတို့မှာ အရေးကြီးကိစ္စများ ဖြစ်၍ အင်မော်တယ်နတ်ပြည်ထောင် လေးခု၏ စစ်တပ်များ အလျင်အမြန် မရောက်လာနိုင်ခြင်းမှာ နတ်ဆိုးမျိုးနွယ်၏ သူလျှိုများ အလွန် များပြားနေသောကြောင့် ဖြစ်ကာ ထိုသစ္စာဖောက်များကို နတ်ဘုရားတိုက်ကြီး၏ အနာဂတ်အတွက် ချေမှုန်းပစ်ရပေလိမ့်မည်။

"နေစမ်းပါဦး၊ မင်းလို ဓားသမားတစ်ယောက်က ဘဝဟောင်းမှာလို ဧကရာဇ်တစ်ယောက်အဖြစ် ပြန်လုပ်တော့မှာလား"

ကြယ်ပြာ၏ အမေးကို ယွမ်ရှောင်က ခေါင်းခါပြပြီး တစ်ချက်ပြုံးသည်။

"မင်း အများကြီး တွေးနေတာပဲ။ ဒီနေရာကို အရုဏ်တက်နတ်ဧကရီရဲ့ အဖေအတွက် ထားခဲ့လိုက်မယ်။ ငါက သူတို့ကို ညွှန်ကြားပေးဖို့ပဲ လိုအပ်တယ်"

အကယ်၍ ယွမ်ရှောင်သာ အရာအားလုံးကို ကိုယ်တိုင် ကိုင်တွယ်ခဲ့ရလျှင် အလွန်တရာ အလုပ်များပေလိမ့်မည်။ ပြန်လည်မွေးဖွားခြင်း နှင့် ကျင့်ကြံခြင်းက သူ့ကို ပြောင်းလဲစေခဲ့ပြီး ထိုသို့သော ဧကရာဇ် တာဝန်များအတွက် မသင့်လျော်တော့ပေ။

"တားမြစ်ကံကြမ္မာက ခုထိ မသေသေးဘူး။ နတ်ဆိုးတိုက်ကြီးရဲ့ ခြိမ်းခြောက်မှုက ရှိနေတုန်းပဲ။ အခုလောလောဆယ်တော့ ငါ့မှာ ပို အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်"

ယွမ်ရှောင်သည် ဆုတ်ခွာနေသော နတ်ဆိုး စစ်တပ်ကို စိုက်ကြည့်နေရင်း ဓားဝိညာဉ်ကို ပွတ်သပ်ကာ အေးစက်စက် ရေရွတ်လိုက်သည်။

"ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ရဲ့ စွမ်းအားနဲ့ဆိုရင် ငါက နတ်ဆိုးတိုက်ကြီးရဲ့ မြေကို သိမ်းပိုက်နိုင်တယ်"

"အဆုံးမဲ့ ငရဲပြည်နဲ့ ထာဝရ ဓားအကျဥ်းထောင်က ပြဿနာတွေပဲ။ သူတို့က တိုက်ခိုက်လာနိုင်တယ်"

ကြယ်ပြာက ထောက်ပြသည်။

"အဆုံးမဲ့ ငရဲပြည်က မသေချာဘူး၊ ဒါပေမယ့် ထာဝရ ဓားအကျဥ်းထောင်ကတော့ အတားအဆီးတစ်ခု ဖြစ်လာနိုင်တယ်"

ယွမ်ရှောင်က ကောင်းကင်နယ်မြေကို တစ်ချက်ဝေ့ကြည့်၍ သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။

"ဒီကောင် လာနေပြီ"

"စစ်ပွဲပြီးမှပဲ ပေါ်လာတတ်တာမျိုး၊ ဒါက ဘယ်တော့မှ ကောင်းတဲ့ လက္ခဏာမျိုး မဟုတ်နိုင်ဘူး"

ကြယ်ပြာက လှောင်ရယ်နေစဥ် ကြီးမားသော အဖြူရောင် ဓားအလင်းတစ်ခု ကောင်းကင်မှ ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းက အဖြူရောင်ဝတ် သက်လတ်ပိုင်း လူတစ်ဦးအဖြစ် ပြောင်းလဲသွားကာ ယွမ်ရှောင်ရှေ့တည့်တည့်တွင် ထွက်လာသည်။ ထိုလူက နူးညံ့သိမ်မွေ့သော ဟန်ပန်ဖြင့် ပြုံးနေပြီး လောကကြီးနှင့် မပတ်သက်လိုသော သူတော်စင်တစ်ယောက်ဟန်ပန်မျိုး တမင်တကာ ပြုလုပ်ဖန်တီးထား၏။

"အကြီးအကဲက ဘယ်သူလဲလို့ မေးခွင့်ရှိမလား ခင်ဗျာ"

ယွမ်ရှောင်က လေးစားစွာ မေးသည်။

"ထာဝရ ဓားအကျဥ်းထောင်ရဲ့ ဓားနတ်ဘုရား ကုပိုင်ရီပါ။ ငါ အဲ့ဒီဓားပေါ်က ဓားစက်ကွင်း လေးခုနဲ့ တော်တော်လေး ရင်းနှီးတယ်"

အဖြူရောင်ဝတ်လူက ယွမ်ရှောင်၏ လက်ထဲမှ ဓားဝိညာဉ်ကို မသိမသာ ခိုးကြည့်၍ ရည်မွန်စွာ မိတ်ဆက်ခဲ့သည်။

"မိန်းကလေးတစ်ယောက်က ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော့်မှာ တုံ့ပြန်တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး။ သူမရဲ့ ဓားစက်ကွင်းတွေကို ယူခဲ့မိတယ်။ သူမက ခင်ဗျားရဲ့ သမီးတော့ မဟုတ်ဘူးမလား"

ယွမ်ရှောင်က ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ကို မြှောက်ပြ၍ တောင်းပန်သော လေသံမျိုးဖြင့် ပြောလိုက်၏။

"သမီး မဟုတ်ပါဘူး။ တပည့်တစ်ယောက်ပါပဲ"

ကုပိုင်ရီက ရှင်းပြသည်။

"ကောင်းပြီ၊ ဒါဆိုရင် တော်သေးတာပေါ့"

ယွမ်ရှောင်က သက်ပြင်းချလိုက်၏။

"မင်းက စိတ်အေးသွားပြီလား"

"ဟုတ်ကဲ့"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ ကျွန်တော်က အဲ့ဒီမိန်းကလေးအစား ခင်ဗျားရဲ့ တပည့်အဖြစ် နေရာယူနိုင်လို့ပဲ။ အမှိုက်တစ်စကို ပါရမီရှင်တစ်ယောက်နဲ့ အစားထိုးလိုက်နိုင်ရင် ခင်ဗျားအနေနဲ့ တပည့်တစ်ယောက် ဆုံးရှုံးရတဲ့ ခံစားချက်ကို မေ့သွားမှာပါ"

ယွမ်ရှောင်က ခေါင်းမော့ရင်ကော့၍ တည်ငြိမ်စွာ အဖြေပေးလိုက်လေသည်။

All Chapters