← Chapters

ကောင်းကင်နယ်မြေ၏ စစ်ဗျူဟာ

Vol. 19 Ch. 236

ကောင်းကင်နယ်မြေ၏ စစ်ဗျူဟာ

Vol. 19 Ch. 236

အဖြူရောင်ဝတ် လူတစ်ယောက်သည် မြေအောက် နန်းတော်တစ်ခု၏ အပျက်အစီးများအကြား ဖြတ်သန်း၍ ၎င်း၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်လာခဲ့သည်။ လူလတ်ပိုင်း ဓားကျင့်ကြံသူတစ်ဦး ဖြစ်ကာ သူ၏ မျက်လုံးများတွင် ဓား ပင်လယ် နှစ်စင်း တည်ရှိနေသကဲ့သို့ ကြည့်လေရာရာ အဆုံးမရှိသော ဓားအလင်းများ ထွက်ပေါ်နေ၏။

"ချန်တိ"

သူက တစ်နေရာအရောက်တွင် ရပ်တန့်သွားကာ မျက်နှာထား အေးစက်စက်ဖြင့် မြေကြီးပေါ်မှ အပြာရောင် အထည်တစ်စကို ကောက်ယူလိုက်၏။ သူ၏ မျက်နှာက မည်းနက်သွားကာ ဒေါသတကြီး ကြုံးဝါးနေခဲ့သည်။

"တကယ် ရဲတင်းတာပဲ၊ ထာဝရ ဓားအကျဥ်းထောင်ရဲ့ တပည့်တစ်ယောက်ကို သတ်ရဲတယ်ပေါ့"

သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ အေးစက်စက် ပြုံးနေခဲ့သည်။

"မိစ္ဆာတစ်ကောင်ရဲ့ အနံ့ရတယ်။ ဒါဆိုရင် အဆုံးမဲ့ ငရဲပြည်ကလည်း တံခါးတွေကို ဖွင့်လိုက်ပြီ"

သူက ရုတ်တရက် လှည့်ထွက်၍ နန်းတော်၏ ထွက်ပေါက်သို့ လျှောက်သွားသည်။ လက်ရှိတွင် စိတ်ဓာတ်တက်ကြွနေသော ကောင်းကင်နယ်မြေ၏ လူသား ကျင့်ကြံသူများကို ယွမ်ရှောင် ဦးဆောင်၍ သူတို့ ကောင်းကင်နယ်မြေ၏ တံခါးထံ ချီတက်ကာ နတ်ဆိုးစစ်တပ်ကို ခုခံတိုက်ခိုက်ရန် အသင့်အနေအထားပြင်လိုက်သည်။

"ဒီလူငယ်လေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ တကယ်လို့ ဒါက အဆုံးအဖြတ် စစ်ပွဲဆိုရင် တရားခံမိစ္ဆာလည်း ထွက်လာလိမ့်မယ်။ မင်းက ငါ့တပည့်ကို သတ်ရဲတယ်ပေါ့။ အဆုံးမဲ့ငရဲပြည်မှာ မင်းရဲ့ အဆင့်အတန်းက အရေးမပါရင်တော့ သေဖို့ပြင်ထား"

ကုပိုင်ရီက နှုတ်ခမ်းကို လျှာဖြင့်တစ်ချက်သပ်၍ စဥ်းစားခန်းဝင်နေသည်။

ဘန်း

ကောင်းကင်နယ်မြေ၏ ရွှေရောင် တံခါးချပ်များ နောက်တစ်ကြိမ် ပေါ်လာ၍ ဝင်ပေါက်ကို ပိတ်ဆို့လိုက်စဥ် အပြင်ဘက်တွင် လူတစ်ယောက်သာ ရပ်နေသည်။ ကိုးကောင်းကင် အင်မော်တယ် စစ်တပ်၏ အဖွဲ့ဝင်များ နှင့် လူသား ကျင့်ကြံသူများက ဘိုးဘေးကျောင်းတော်ရှိ နတ်ဆိုးများကို အောင်နိုင်ပြီးနောက် ကောင်းကင်နယ်မြေ၏ တံခါးဝ၌ အလျင်အမြန် စုရုံးကာ ဧရာမ ဒိုင်းတစ်ခုကဲ့သို့ ကာကွယ်ထားသော တံခါးချပ်များအနောက်တွင် စနစ်တကျ နေရာယူထား၏။ ကောင်းကင်နယ်မြေ၏ ဝင်ပေါက်က ကျဉ်းမြောင်းသည့်အတွက် ကြီးမားလှသော နတ်ဆိုး စစ်တပ်မှာ တစ်ချိန်တည်းတွင် အလုံးအရင်းဖြင့် မဝင်ရောက်နိုင်ပေ။

တံခါးအပြင်ဘက်တွင် ယွမ်ရှောင်သည့ မြို့တံခါး၌ ရန်သူကို စိန်ခေါ်နေသော တစ်ကိုယ်တော် ဗိုလ်ချုပ်တစ်ဦးပမာ ရပ်နေပြီး ကြောက်မက်ဖွယ် နတ်ဆိုး တိမ်တိုက်များကို ကြောက်စိတ်ကင်းမဲ့စွာ ရင်ဆိုင်နေသောကြောင့် လူတိုင်းကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။ ဤအခိုက်အတန့်တွင် ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများသည် ယုံကြည်ချက် ခိုင်မာစွာ ရှိနေပြီး ဘိုးဘေးကျောင်းတော်ရှိ နတ်ဆိုးများကို ချေမှုန်းနိုင်ခဲ့သဖြင့် ကောင်းကင်သို့ ရောက်အောင် စိတ်ဓာတ်တက်ကြွနေသည်။ ထို့အပြင် နောက်ထပ်ကာကွယ်ရေး ခံတပ်ဖြစ်သော ရှေးဦးအစီအရင်က ကျောဘက်မှ ထောက်ပံ့ကာကွယ်ပေးထားသည်ဟု ယုံကြည်နေသဖြင့် နှလုံးသားများ ခိုင်မာနေ၏။

"နတ်ဆိုး စစ်တပ်က အားနည်းနေပြီ၊ ကြောက်စရာမရှိဘူး။ ငါတို့ရဲ့ ကာကွယ်ရေး နှစ်ခုနဲ့ဆိုရင် အင်မော်တယ်နတ်ပြည်ထောင် လေးခုရဲ့ စစ်တပ်တွေ ရောက်လာတဲ့အထိ သေချာပေါက် ထိန်းထားနိုင်တယ်"

" စိုးရိမ်စရာက တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်ပဲ။ သူက အလောင်းတွေ အများကြီး စားသုံးပြီးရင် ပိုအားကောင်းလာနိုင်တယ်လို့ ကြားတယ်။ ငါတို့က သူ ကောင်းကင်နယ်မြေရဲ့ တံခါးကို မတိုက်ခိုက်နိုင်အောင် တားဆီးရမယ်"

သာမန် နတ်ဆိုးများသာ တံခါးကို တိုက်ခိုက်လာလျှင် သူတို့၏ အသက်ဖြင့် ပေးဆပ်ရမည်ဖြစ်သော်လည်း တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်ကမူ ထိုဒိုင်းကာကို ဖျက်ဆီးနိုင်စွမ်း ရှိနေ၏။

"စိတ်မပူပါနဲ့၊ နတ်ဧကရီနဲ့ ယွမ်ရှောင်က ကိုင်တွယ်နိုင်တယ်"

လူသား ကျင့်ကြံသူများက ထိုကျင့်ကြံသူနှစ်ယောက်အပေါ် မျက်ကန်းယုံကြည်ကြပြီး ပြည်သူများသည်လည်း နတ်ဆိုးစစ်တပ်တိုက်ခိုက်လာခြင်းကို တိရိစ္ဆာန်များ တိုက်ခိုက်လာသလောက်သာ သဘောထားကြ၏။ တစ်ဖက်တွင် နတ်ဆိုးစစ်တပ်က ပြင်းထန်စွာ ဟိန်းဟောက်နေ၍ အခြားတစ်ဖက်တွင် လူသား ကျင့်ကြံသူများအားလုံးက ပြုံးရွှင်တက်ကြွစွာ အသင့်ပြင်ထားကြ၏။

စစ်သေနာပတိချုပ်၏ အမိန့်အောက်တွင် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်က ပထမဆုံး ရောက်ရှိလာပြီး ကောင်းကင်နယ်မြေ၏ တံခါးတွင် အစီအရင်များ ခင်းကျင်းကာ ရှေ့တန်း၌ စစ်သည်တစ်သန်းသာ နေရာယူနိုင်လောက်အောင် သီးသန့်စကြဝဠာ၏ ဝင်ပေါက်မှာ ကျဥ်းမြောင်းပေ၏။ သို့သော် ၎င်းက ကောင်းကင်နယ်မြေ၏ စစ်ရေး အားသာချက်ဖြစ်၍ ၎င်းနေရာလပ်သာ ပို၍ကြီးမားခဲ့လျှင် အရေအတွက်သာလွန်သော ရန်သူ၏ အားသာချက် ဖြစ်သွားပေလိမ့်မည်။

"တပ်ဖွဲ့အားလုံး၊ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြ"

စစ်သေနာပတိချုပ်က စစ်တပ်၏ ရှေ့ဆုံးတွင် ခန့်ညားထည်ဝါစွာ ရပ်နေပြီး လေးလေးနက်နက် အမိန့်ပေးလိုက်သည်။

နတ်ဆိုး စစ်တပ်က အလုံးအရင်းချီတက်လာ၍ အနက်ရောင် လှိုင်းလုံးများ တိုးဝင်လာသကဲ့သို့ သူတို့ထံ ဟိန်းဟောက်သံများ ရောက်ရှိလာကာ မျက်စိတစ်ဆုံး အဆုံးမရှိပေ။ အထင်ရှားဆုံးမှာ ကောင်းကင်နယ်မြေ၏ ရွှေရောင် တံခါးချပ်များ မဟုတ်ဘဲ ၎င်းရှေ့တွင် ရဲရင့်စွာ ရပ်နေသော အဖြူရောင်ဝတ် လူငယ်တစ်ဦးပင်။

"ယွမ်ရှောင်"

လူတစ်ယောက်တည်းက နတ်ဆိုး သန်း ၈၀ ကို ရင်ဆိုင်ရပ်တည်နေပြီး ရန်သူ့အမြင်တွင် ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် မခြားပေ။ နတ်ဆိုး စစ်တပ်မှ ဆူညံသံက ကျယ်လောင်လွန်းသောကြောင့် မည်သည့် အသံကိုမဆို လွှမ်းမိုးရန် လုံလောက်သည်။ ထို့​ကြောင့် သူက စကားမပြောခဲ့ပေ၊ ပြောခဲ့လျှင်လည်း မည်သူမှ ကြားနိုင်မည် မဟုတ်ပေ။ သူက ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ကို ဆွဲထုတ်၍ အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ခုန်တက်ပြီး အဆုံးမရှိသော အနက်ရောင် နတ်ဆိုးတိမ်တိုက်များထံ ပြေးဝင်သွားခဲ့သည်။ သူ၏ အနောက်မှ လူသား စစ်တပ်၏ နှလုံးသားများ တဒုန်းဒုန်း ခုန်နေပြီး ရဲရင့်သော လုပ်ရပ်ကြောင့် စိတ်လှုပ်ရှားကုန်သည်။ သူ ထွက်ပေါ်လာသည့် အခိုက်အတန့်မှစ၍ လူသား ကျင့်ကြံသူအားလုံး၏ နှလုံးသားများအတွင်း အထွတ်အထိပ် ယုံကြည်မှုမျိုးစွဲထင်စေခဲ့သည်။

မျိုးဆက်ပေါင်းများစွာတိုင်အောင် လူသားများက နတ်ဆိုးများကို ကြောက်ရွံ့ခဲ့ပြီး သူတို့၏ လက်နက်များကို ဆွဲထုတ်ရန် တုံ့ဆိုင်းခဲ့ကြသည်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် အောက်စည်းတွင် ဖိနှိပ်ခံခဲ့ရသော်လည်း လက်ရှိတွင် သူတို့၏ နှလုံးသားများ အမှန်တကယ် ရဲဝံ့လာကြ၏။ ငကြောက်များအဖြစ်မှ မားမားမတ်မတ် ရပ်တည်၍ တိုက်ပွဲဝင် သူရဲကောင်းများအဖြစ် ပြောင်းလဲနိုင်ခဲ့ကြသည်။

"ယွမ်ရှောင်က တကယ့် ရဲရင့်တယ်"

"သူ့လို လူမျိုးကသာ ပြည်သူတွေနဲ့ လူထုကို အိပ်မက်ဆိုးက နိုးထပြီး အသက်နဲ့ရင်း တိုက်ခိုက်ဖို့ လှုံ့ဆော်နိုင်လိမ့်မယ်"

စစ်သေနာပတိချုပ်၊ ဓား သူတော်စင် စွန်း၊ နှင့် အခြားကျင့်ကြံသူများသည် ယွမ်ရှောင်၏ လုပ်ရပ်တိုင်းမှာ လူသားများ ရဲစွမ်းသတ္တိ ရှိလာစေရန် လှုံ့ဆော်မှုတစ်ခု ဖြစ်ကြောင်း သိရှိနားလည်ကြသည်။ လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင် စိတ်ဓာတ်မှာ စစ်မြေပြင်၌ အကြီးမြတ်ဆုံး လက်နက် ဖြစ်ပေသည်။

"တိုက်ကြ"

မျိုးဆက်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီး အရှက်တရားကို သည်းခံခဲ့ရသဖြင့် နောက်တစ်ကြိမ် ခေါင်းငုံ့ရန် မလိုလားကြတော့ပေ။ လူသားမျိုးနွယ်ကို သစ္စာဖောက်များက သွေးခွဲ၍ အဆက်မပြတ် ကိုယ့်ကိုယ်ကို သံသယဝင်စေကာ အကြံပက်စက်ခဲ့ကြသည်။ ယွမ်ရှောင်က အပြာရောင်အလင်းတန်းအဖြစ် နတ်ဆိုးစစ်တပ်အတွင်း ထိုး​ဖောက်ဝင်ရောက်သွားကာ အရေအတွက်များများ မသတ်နိုင်ခဲ့သော်လည်း မည်သူမှ မဟန့်တားနိုင်ခဲ့ချေ။ သူက နှစ်ခါပြန် စဥ်းစားမနေဘဲ တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ပစ်လိုက်ပြီး သူ၏ကိုယ်ပွားမှာလည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်း ပိတ်မိနေကာ အသက်အန္တရာယ်ရှိနေခဲ့၏။

"ငါ ဒီနတ်ဆိုးကို ထိန်းထားနိုင်ခဲ့ရင် ကျန်တာကို ကိုင်တွယ်ဖို့ သူတို့အပေါ် မူတည်တယ်"

နောက်ပြန်လှည့်ကြည့်လိုက်လျှင် ကောင်းကင်နယ်မြေတစ်ခုလုံး တိုက်ခိုက်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်နေသည်ကို မြင်တွေ့နိုင်သည်။ ကောင်းကင်နယ်မြေ၏ စစ်တပ်အပြင် အနက်ရောင် ပုံရိပ်တစ်ခု အရိပ်များအတွင်း ရှိနေ၍ မိစ္ဆာမျိုးနွယ်၏ စစ်မင်းသမီး ဖြစ်သည်။ ယွမ်ရှောင် နှင့် လနတ်သားသည် တားမြစ်ကံကြမ္မာကို အတွင်းအပြင် ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်နေရသောကြောင့် စစ်ပွဲ အခြေအနေကို ပြောင်းလဲရန် သူမက ဝင်ရောက်တိုက်ခိုက်ပေးရပေလိမ့်မည်။ အကယ်၍ ယွမ်ရှောင်သာ တားမြစ်ကံကြမ္မာကို ထိန်းထားနိုင်လျှင် ကောင်းကင်နယ်မြေ၏ တံခါးတွင် လူသားစစ်တပ်ကို သူမက လျှို့ဝှက်ကူညီပေးနိုင်သည်။ ထို့အပြင် အဆုံးမဲ့ငရဲပြည်၏ မိစ္ဆာမျိုးနွယ် စစ်ကူများလည်း ရောက်လာနိုင်ချေရှိ၍ နတ်ဆိုးစစ်တပ်ကို ကောင်းကင်နယ်မြေ၏ တံခါးတွင် ထိန်းထားရပေလိမ့်မည်။ ထို့နောက် နတ်ဆိုး စစ်တပ်၏ တပ်ဦးက ဧရာမ သွေးရေလှိုင်းကြီးပမာ ကောင်းကင်နယ်မြေ၏ တံခါးထံ ဝင်ဆောင့်ခဲ့သည်။

"ပစ်"

စစ်သေနာပတိချုပ်က ရှေ့တန်းမှ ဦးဆောင်၍ တည်ငြိမ်စွာ အမိန့်ပေးသည်။ သူကိုယ်တိုင်လည်း လျှပ်စီးဖြင့် ကျားတစ်ကောင် ဖန်တီး၍ နတ်ဆိုးများထံ ပစ်လွှတ်လိုက်သည်။ လူသား စစ်တပ်၏ အဓိကအင်အားမှာ ဧရိယာအလိုက် ​ကျယ်ကျယ်ဝန်းဝန်း တိုက်ခိုက်နိုင်သော တာအိုဂါထာများဖြစ်၍ နတ်ဆိုးစစ်တပ်မှာ အနီးကပ်တိုက်ခိုက်ရေး၌ ထူးချွန်သည်။ ထို့ကြောင့် ကောင်းကင်နယ်မြေ၏ တံခါးကို ကာကွယ်ရန် အဝေးပစ် ဂါထာများဖြင့် အဆက်မပြတ် တိုက်ခိုက်ခြင်းမှာ ပဓာနကျပေသည်။

ဘုန်း ဘုန်း ဘုန်း

ဂါထာ သန်းပေါင်းများစွာက တံခါးကို ဖြတ်သန်းသွား၍ လေ၊ မီး၊ ရေ၊ မြေ၊ မိုးကြိုး နှင့် ရေခဲကဲ့သို့ အမျိုးမျိုးသော ဓာတ်စွမ်းအားများမှာ နတ်ဆိုးစစ်တပ်ထံ တရစပ် ထိမှတ်သွား၏။ ဂါထာစွမ်းအားသည် မုန်တိုင်းပမာ တိုက်ခတ်၍ နတ်ဆိုးများကို မရေမတွက်နိုင်သော အလောင်းများအဖြစ် အဆုံးသတ်ပစ်ခဲ့သည်။ သို့သော် အလောင်းတိုင်းကို တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်မှ စုပ်ယူဝါးမျိုနေသဖြင့် လူသားတိုင်း ထိတ်လန့်သွားကြ၏။ သတ်ဖြတ်မှုတိုင်းသည် တားမြစ်ကံကြမ္မာကို ပို၍ အားကောင်းစေနိုင်သော်လည်း ကောင်းကင်နယ်မြေ၏ တံခါးကို ကာကွယ်ရန် ရွေးချယ်စရာ မရှိခဲ့ပေ။

စစ်သေနာပတိချုပ် နှင့် ယွမ်ရှောင်သာ ရှေးဦး အစီအရင် မရှိတော့ကြောင်း သိထားပြီး ၎င်းမှာ နောက်ဆုံးခံစစ် ဖြစ်၏။ အကယ်၍ ဤခံစစ် ကျဆုံးသွားခဲ့လျှင် နတ်ဆိုးများက ကောင်းကင်နယ်မြေကို ကျူးကျော်ဝင်ရောက်ကာ လူသားမျိုးနွယ်အတွက် ပျက်စီးကိန်း စိုက်သွားပေလိမ့်မည်။ ရက်စက်ကြမ်းကြုတ်သော ဤတိုက်ပွဲတွင် နတ်ဆိုးများက အသက်နှင့်ရင်း၍ ကျူးကျော်နေကြပြီး ကိုးကောင်းကင် အင်မော်တယ် စစ်တပ်မှာမူ သူတို့၏ အသက်ကို အသုံးပြု၍ ကာကွယ်နေရသည်။ ချန်ရှောင်အနေဖြင့် ကျဆုံးသွားသူများကို အစားထိုးရန် စစ်သည်များ ကို အဆက်မပြတ် ညွှန်ကြားနေရသည်။

"ဒီကလေးရဲ့အကြံက တကယ် အလုပ်ဖြစ်တယ်"

စစ်သေနာပတိချုပ်ချန်က ကိုးကောင်းကင် အင်မော်တယ် စစ်တပ်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုစစ်သည်များသည် နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ကြောက်စိတ်ကင်းမဲ့၍ မျက်လုံးများတွင် အမုန်းတရားနှင့် လက်စားချေလိုသော ဆန္ဒများကိုသာ မြင်နိုင်ကြ၏။

"သူတစ်ယောက်တည်း မဟုတ်ဘူး။ အရှင်မရဲ့ စစ်ကြေညာတဲ့ လုပ်ရပ်ကလည်း လူသားမျိုးနွယ်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် အရှင်မက ဘာကြောင့် ဒီစစ်ပွဲမှာ ယွမ်ရှောင်နဲ့ မပူးပေါင်းတာလဲ"

ဓားသူတော်စင်စွန်းက ပတ်ဝန်းကျင်ကို တစ်ချက်စူးစမ်း၍ မေးလိုက်ခြင်းဖြစ်သည်။

" ငါ့သမီးက ဒီလိုစစ်ပွဲလေးမှာ ဝင်ပါစရာ မလိုဘူး"

စစ်သေနာပတိချုပ်က ယုံကြည်မှုရှိစွာ ကြွားဝါလိုက်သဖြင့် ဓားသူတော်စင်စွန်းကို တိတ်ဆိတ်သွားစေသည်။

"မေးခွန်းတွေ တော်လောက်ပြီ။ နောက်တစ်လှိုင်းကျရင် မင်းတို့ ဓားကျင့်ကြံသူတွေ ရှေ့တန်းက နေရာယူကြ။ မင်းတို့ရဲ့ ဓားမြှောင်တွေကို အသုံးပြုပြီး လမ်းတစ်ခု ထိုးဖောက်ကြစမ်း"

စစ်သေနာပတိချုပ်က စစ်မြေပြင်ကို တစ်ချက် လေ့လာ၍ ညွှန်ကြားခဲ့သည်။

"ဟုတ်ကဲ့"

နန်းကုန်းရှု၊ ရောင်ယွဲ့ နှင့် စုလန်လန်သည် ဓားကျင့်ကြံသူများနှင့်အတူ တိုက်ပွဲဝင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

"တားမြစ်ကံကြမ္မာ ရှေ့တက်လာပြီး ကောင်းကင်နယ်မြေရဲ့ တံခါးကို မဖျက်ဆီးနိုင်သရွေ့ အင်မော်တယ်နတ်ပြည်ထောင် လေးခုရဲ့ စစ်ကူတွေ ရောက်လာတဲ့အထိ ထိန်းထားနိုင်ရမယ်"

စစ်သေနာပတိချုပ်က တင်းမာပြတ်သားစွာ ကြေညာသည်။

"ခင်ဗျား သတိထားမိလား။ နတ်ဆိုးတွေရဲ့ စိတ်ဓာတ်က ယိမ်းယိုင်နေပုံပဲ။ အဆင့်နိမ့် နတ်ဆိုးတွေက တံခါးကို ဖောက်ထွက်ဖို့ ရှေ့တန်းကို ပြေးဝင်ကြတယ်။ ကြီးမြတ်တဲ့ နတ်ဆိုးတွေကတော့ နောက်မှာ ကျန်ရစ်ပြီး စောင့်ကြည့်နေကြတယ်"

ဓားသူတော်စင်စွန်းက မျက်ခုံးတစ်ချက်ပင့်၍ ထောက်ပြလိုက်၏။

"တားမြစ်ကံကြမ္မာက နတ်ဆိုးတွေရဲ့ အလောင်းတွေကို စားသုံးနေတယ်ဆိုတော့ သူတို့အချင်းချင်း ကြောက်နေကြတာ ဖြစ်ရမယ်။ ဒါက ငါတို့အတွက် အခွင့်အရေးပဲ…"

ထို့နောက် စစ်သေနာပတိချုပ်က စစ်တပ်ကို အမိန့်ပေးပြီး ဓားသူတော်စင်က ဓားကျင့်ကြံသူများကို ညွှန်ကြား၍ နှစ်ယောက်လုံး ကောင်းကင်နယ်မြေ၏ တံခါးကို ပိတ်ဆို့ကာကွယ်ထားနိုင်ရန် မအားမလပ်ဖြစ်နေကြ၏။ ဂါထာများ နှင့် ဓားများကို နတ်ဆိုးစစ်တပ်ထံ အဆက်မပြတ် ပစ်ခတ်နေသဖြင့် ဟိန်းဟောက်သံများ နှင့် ပေါက်ကွဲသံများမှာ ကောင်းကင် နှင့် မြေကြီးကို တုန်လှုပ်စေ၍ ကောင်းကင်နယ်မြေ တစ်ခုလုံးကို တုန်ခါသွားစေသည်။ တစ်လှိုင်းပြီးတစ်လှိုင်း ချီတက်လာသော နတ်ဆိုးစစ်တပ်ကြောင့် ကောင်းကင်နယ်မြေ၏ ရွှေရောင် တံခါးတွင် အနီရောင်သွေးများ စွန်းထင်းနေသော်လည်း တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်သည် အရာရာကို လျင်မြန်စွာ စုပ်ယူပစ်ပြီး အလောင်းကောင်ကြီး အစိတ်အပိုင်းတစ်ခု ဖြစ်လာစေခဲ့သည်။

"အခြေအနေက မဆိုးဘူး"

နတ်ဆိုး စစ်တပ်၏ အလုံးအရင်း တိုက်ခိုက်မှုကို ခုခံနိုင်နေသောကြောင့် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်၏ ယုံကြည်မှု တိုးတက်လာသည်ကာ တံခါးချပ်များသည်လည်း တောင်တစ်လုံးပမာ ခိုင်မာစွာ ရပ်တည်နေသည်။

"သတ်ကြ"

ခိုင်မာလာသော စိတ်ဓာတ်ခွန်အားကြောင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားလည်း တိုးတက်လာသည်။

"တားမြစ်ကံကြမ္မာကို ဖြတ်သန်းခွင့် မပေးနဲ့"

လူသား စစ်တပ်က ကျဉ်းမြောင်းသော တံခါး လမ်းကြောင်းကို ကာကွယ်နေစဉ် မရေမတွက်နိုင်သော လူသား ကျင့်ကြံသူများ၏ မျက်လုံးများ တောက်ပ၍ တားမြစ်ကံကြမ္မာနှင့် တိုက်ခိုက်နေသော ပုံရိပ်ထံ ငေးကြည့်နေမိသည်။

ထန်

ဓား အလင်းတစ်ခုသည် ကြယ်ကြွေတစ်စင်းပမာ အလောင်းကောင်ကြီးကို ထိမှန်သွားသောအခါ ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်၏ အလွှာ ၁,၀၀၀ ဓားအော်ရာအစွမ်းက ထိရောက်သဖြင့် ဓားတစ်ချက်တည်းနှင့် မီတာ တစ်ထောင် ရှည်လျားသော အက်ကြောင်းတစ်ခု ပွင့်ထွက်သွား၍ သွေး နှင့် ခြေလက်အင်္ဂါများ တဝေါဝေါ ထွက်ကျလာခဲ့သည်။

"ဓားကျင့်ကြံသူ။ မင်းက တော်တော် သတ္တိရှိနေတာပဲ"

သူ၏နဖူးရှိ ခရမ်းရောင်ဧကရာဇ် ခေါင်းပြတ်က ယွမ်ရှောင်ကို စိုက်ကြည့်ကာ ပြုံးနေခဲ့သည်။

"ငါ စဉ်းစားနေတယ်၊ တကယ်လို့သာ မင်းရဲ့ ခန္ဓာကိုယ်ကို ဓားစက်ကွင်းအဖြစ် သန့်စင်လိုက်ရင် ဘယ်လောက်တောင် အစွမ်းထက်နိုင်မလဲ"

ဓားပျံပေါ်တွင် ရပ်၍ တားမြစ်ကံကြမ္မာ၏ လမ်းကို ပိတ်ထားသော ယွမ်ရှောင်၏ အကြည့်က တင်းမာပြင်းထန်သည်။

"ငါလည်း တစ်ခုခု စဉ်းစားနေတယ်။ မင်းကို ဝါးမျိုပြီး ကောင်းကင်နယ်မြေရဲ့ တံခါးကို ဖျက်ဆီးမယ်။ ကောင်းကင်နယ်မြေနဲ့ နတ်ဆိုး စစ်တပ်ရဲ့ အလောင်းအားလုံးကို စားပစ်ပြီးတာနဲ့ နတ်ဘုရားတိုက်ကြီးနဲ့ နတ်ဆိုးတိုက်ကြီးကို လှည့်ပတ်သွားလာပြီး သက်ရှိ သတ္တဝါအားလုံးကို ဝါးမျိုလိုက်ရင် ငါလည်း ဘယ်လောက်အထိ အစွမ်းထက်လာနိုင်မလဲ"

ခရမ်းရောင်ဧကရာဇ် ခေါင်းပြတ်က ထူးထူးဆန်းဆန်း ရယ်မော၍ စိတ်ညစ်ညူးဖွယ် အသံနှင့် ကြွေးကြော်ခဲ့သည်။

"ဒီလို မဖြစ်လာစေရဘူး။ ဘိုးဘေးတို့ ကျုပ်ကို ကောင်းချီးပေးပါ"

ယွမ်ရှောင်က စကားပြောနေရင်း သိုလှောင်အိတ် လေးခုအား ထုတ်ယူကာ ဓားနှလုံးသား လေးသောင်းကျော်ကို သွန်ချလိုက်လေသည်။

All Chapters