← Chapters

အခန်း (၃၀)

Vol. 2 Ch. 30

အခန်း (၃၀)

Vol. 2 Ch. 30

နောက်ရက်တွေမှာ ချန်ဟယ်ကုန်သွယ်ရေးက ကြေငြာချက်တခု ထုတ်ပြန်လာတယ်။ ဒါကအ စောပိုင်းကကြေငြာသလိုပဲ လုပ်ငန်းခွဲရဲ့သခင် လေးရာထူးကို ကြေငြာခဲ့ပြီး ကျင့်ကြံသူအများ စုက ထိုနေရာအတွက် လျှောက်ထားလာကြတ ယ်။

ပိုပြီးဉာဏ်ကောင်းတဲ့သူတွေကတော့ ဒီရာထူး က ကံကောင်းရင် ချန်ညီအစ်မကိုရနိုင်တယ်ဆို တာတွေးမိပုံပါပဲ။ တဆက်တည်း တချို့လူတွေ က အခြားအင်အားစုကြီးတွေကို အပြစ်မပြုချ င်တာကြောင့် ရှောင်ဖယ်သွားကြတာမျိုးလည်း ရှိပါတယ်။

ထိုရက်တွေမှာ ချီယောင်ရဲ့တိုက်တွန်းမျုကြော င့် ပိုင်လင်းရဲ့ ရွေးချယ်ပွဲကို စာရင်းသွင်းလိုက်ရ တယ်။ သူ့စိတ်ကူးအမှန်က ပိုများတဲ့အရင်းအ မြစ်တွေရရင် ကျင့်ကြံရေးလမ်းကြောင်းအတွ က်ပိုအဆင်ပြေမယ်ဆိုတာပဲ။ နောက်ပြီးကျိလင် တို့သားအမိကို ဒီထက်ပိုအဆင်ပြေပြေထားချင် တဲ့စိတ်ကူးလည်း သူ့မှာရှိနေတယ်လေ။

“သခင်လေး ကျွန် ကျွန်မလည်းကျင့်ကြံလို့ရ နိုင်သေးလား”

ပိုင်လင်းတယောက် ခြံဝန်းထဲ လက်ဖက်ရည်တ အိုးနဲ့အတူ ဇိမ်ကျနေစဥ် ကျိလင်ရောက်လာပြီး တီးတိုးမေးတယ်။

“ကျင့်ကြံဖို့ဟုတ်လား ဘာလို့လဲ”

ပိုင်လင်းရဲ့အမေးကို ကျိလင်က

“နောင်မှာသခင်လေးကို ကူညီပေးချင်လို့ပါ”

ကျိလင်က ရှက်ရွံစွာနဲ့ တီးတိုးပြောတယ်။ ပိုင် လင်းလည်းသက်ပြင်းချလိုက်ပြီး

“ကျင့်ကြံဖို့က.. အင်း… မဖြစ်နိုင်တာတော့မဟု တ်ပါဘူး ဒါပေမယ့် သေချာစဥ်းစားပါဦး ကျင့် ကြံရေးလမ်းစဥ်က အသက်ရှည်တာကလွဲပြီး အသက်အန္တရာယ်ရှိတယ်”

“ကျွန်မသိပါတယ်..”

သူမက ဆက်ပြောလာတယ်။

“နောင်မှာ ကျွန်မသမီးလေးနဲ့သခင်လေးကို စောင့်ရှောက်ဖို့ ကျွန်မကျင့်ကြံသူဖြစ်ချင်တယ်”

သူမရဲ့မျက်လုံးထဲစိုက်ကြည့်လိုက်တော့ ဆုံးဖြ တ်ချက်ပြတ်သားဟန် အရိပ်ယောင်တွေကိုမြင် လိုက်ရတယ်။ ဒီရက်တွေမှာ သူမကြိုစဥ်းစားခဲ့ ပုံရတယ်။

“သူမအတွက် ငါ့မှာကျင့်စဥ်အချို့ရှိတယ်”

ချီယောင်ရဲ့အသံက ပိုင်လင်းရဲ့နားထဲဝင်လာတ ယ်။

“သူမအတွက်တကယ်ရှိတာလား”

“ဟုတ်တယ် နောက်ပြီး ဟိုကလေးမအတွက် ကောပဲ”

ပိုင်လင်း မသိမသာခေါင်းညိတ်လိုက်တယ်။ ချီ ယောင့်ဆီမှာ နည်းလမ်းရှိမှတော့ သူမငြင်းနေ တော့ပါဘူး။ ချောင်းတချက်ဟန့်လိုက်ပြီး

“ကောင်းပြီလေ ဒါဆို အစ်မကျိလင်ဆန္ဒအတိုင်း ပဲပေါ့ မနက်ဖန်ကျရင် အစ်မအတွက်ကျင့်စဥ် အချို့ပေးမယ်”

ပိုင်လင်းရဲ့စကားကိုကြားတော့ ကျိလင်လည်း ဝမ်းသာသွားပြီး ရုတ်တရက် မြေပြင်ပေါ်ဒူး ထောက်ချလိုက်တယ်။

“ ကျေးဇူးတင်ပါတယ် သခင်လေး”

ရုတ်ချည်း ဒူးထောက်ချလိုက်တဲ့အပြင် နှစ်ဦး သားအရမ်းနီးကပ်နေတာကြောင့် ကျိလင်ရဲ့ဖွံ့ ထွားတဲ့ ရင်သားဆိုငိတွေက ပိုင်လင်းရဲ့ဒူးခေါင် ကို ထိခတ်သွားတယ်။ အသားချင်းထိခိုက်မှုကို သတိပြုမိသွားတဲ့ပိုင်လင်းက တကိုယ်လုံးတော င့်တင်းသွားသလို ကျိလင်လည်း မျက်နှာတခု လုံးနီးရဲသွားပြီး သူမခန္ဓာကိုယ်လေးက အနည်း ငယ်တုန်ယင်သွားတယ်။

“အဟမ်း. အဟမ်း. ဒါဆိုလုပ်စရာရှိတာလုပ် တော့လေ ညစာအတွက် အဆင်ပြေရာချက်လို့ ရတယ်”

ပိုင်လင်းတယောက် အဆက်စပ်မရှိတဲ့စကားသံ အချို့ ပြောလိုက်မိတယ်။ ရည်းစားထားဖူးပေမဲ့ ခုလိုအသားချင်းထိခတ်မှု မရှိခဲ့တဲ့ လူပျိုလေး အဖို့ အနည်းငယ်တောင်ရင်တုန်ပန်းတုန်းဖြစ်ရ တာမဆန်းပါဘူးလေ။

ကျိလင်းလည်း ဦးခေါင်းကိုငုံ့ပြီး ပြေးထွက်သွာ တယ်။ ခဏကြာတော့ ချီယောင်က ကျင့်စဥ်တ ခုထုတ်ပေးလာပြီး ပိုင်လင်းကြည့်လိုက်တော့ ထိုအရာက အမျိုးသမီးတွေအတွက် သင့်တော် တဲ့ချီကျင့်စဥ်တခုဖြစ်ပြီး ထိပ်တန်းအဆင့်ဖြစ် နေတာကို တွေ့လိုက်ရတယ်။

အဲ့ဒီကျင့်စဥ်က ဖီးနစ်ကျင့်စဥ်လို့ အမည်ပေး ထားပြီး ချီယောင်ကိုယ်တိုင်ကျင့်ကြံထားတာ ဖြစ်ပြီး ရေခဲသဘောတရားနဲ့ မီးတောက်သ ဘောတရားဆိုပြီး နှစ်ခုရှိရာက ခုတခုကတော့ ရေခဲကျင့်စဥ်ပဲ ဖြစ်တယ်။

ကျင့်စဥ် အဆင့်မြင့်ပိုင်းကိုရောက်ရင် ပတ်ဝန်း ကျင်တခုလုံး အေးခဲသွားစေပြီး ထူးခြားတာက ကျင့်စဥ်ကျင့်ကြံတဲ့အမျိုးသမီးက ၎င်းကျင့်စဥ် ကိုကျင့်ကြံမယ်ဆိုရင် အပျိုစင်ဖြစ်ပါက သိုင်း ဘုရင်အဆင့်မရောက်မချင်း လိင်ဆက်ဆံလို့မ ရတာပါပဲ။

ကျိလင်ကတော့ အပျိုစင်မဟုတ်တဲ့အတွက်အဲ့ ကန့်သတ်ချက်ကို မကြုံရတော့ပါဘူး။ ဒါပေမဲ့ ကျင့်စဥ်ရဲ့ အားအပြည့်ကိုတော့ ထုတ်နိုင်ဖို့ခက် ပါလိမ့်မယ်။

“မီးသဘောတရားဆိုပြီး ထပ်ရှိသေးတယ်ပေါ့ အာ့ကကော တန်တန်လေးအတွက်လား”

ပိုင်လင်းရဲ့အမေးကို ချီယောင်က

“ဟုတ်တယ် ကလေးမလေးရဲ့ဖွဲ့စည်းပုံကမီးသ ဘောတရားနဲ့ ကိုက်ညီတယ်”

“ကောင်းပြီး တန်တန်၅နှစ်ပြည့်တာနဲ့ ကျင့်ကြံ ဖို့ပေးလိုက်မယ်”

နောက်ရက်ကျတော့ မော့ပေတို့ရောက်လာပြီး တနေကုန်နေသွားကြတယ်။ တဆက်တည်းသူ တို့လည်းစာရင်းသွင်းထားပြီဆိုတဲ့အကြောင်းနဲ့ ပိုင်လင်းကို ပထမရအောင်လုပ်စေချင်တဲ့အ ကြောင်းပြောဆိုသွားတယ်။

ပြိုင်ပွဲအတွက်စာရင်းသွင်းသူတွေကတော့ အရေအတွက် တိုးနေတုန်းပဲ။ ထိုရက်တွေမှာ ပိုင်လင်းက ချီယောင်ရဲ့သင်ကြားမှုကိုတဆင့်ခံ ပြီး ကျိလင်ကိုပြန်သင်ပေးရတယ်။ သူမက အမှန်တကယ် ဆန္ဒရှိနေပုံရပါတယ်။

ပါရမီနိမ့်ပေမယ့် ကြိုးစားချင်စိတ်ကြောင့်ရက် အနည်းငယ်အတွင်းမှာ အခြေခံကိုဆုပ်ကိုင်မိခဲ့ ပြီး ကျင့်ကြံမှုက အဆင့်၉ ကိုရောက်လာတယ်။ နောက်ထပ်ရက်အနည်းငယ်အကြာမှာ အဆင့်၈ နှောင်းပိုင်းထိ ထိုးတက်သွားပြီး ပြိုင်ပွဲကာလနီး ချိန်မှာတော့ အဆင့်၇ ဖြစ်သွားခဲ့တယ်။

၂လအတွင်း အဆင့်၇ထိ ကျင့်ကြံနိုင်ခဲ့တာပါ။ ဒါကအရမ်းကြီးအဆင့်မမြင့်ပေမယ့် သင်းပျံ့ ကောင်းကင်မြို့ရဲ့ အနိမ့်ဆုံးလိုအပ်ချက်ဖြစ်တဲ့ အဆင့်၇ ကိုတော့ရောက်လာခဲ့ပြီး အရင်လိုပိုင် လင်းကိုခေါ်ပြီး စျေးဝယ်စရာမလိုတော့ပါဘူး။

သူမဆန္ဒရှိတဲ့အချိန်တိုင်း တန်တန်နဲ့အတူအပြင် ထွက်နိုင်ပြီး အိမ်အတွက်လိုအပ်တာကိုဝယ်နိုင် ခဲ့ပါပြီ။ တဖက်မှာပိုင်လည်းက အဆင့်၅ နှောင်း ပိုင်းထိ ရောက်သွားခဲ့တယ်။ ပြီးပြည့်စုဲအဆင့် ရောက်ဖို့ ခြေတလှမ်းနီးကပ်သွားချိန်မှာ ချီယောင်က ဆေးလုံးကိုထပ်သောက်ဖို့အကြံပြု လာတယ်။

“အခု ဒုတိယဆေးလုံးသောက်ဖို့ အချိန်ကျပြီ”

ပိုင်လင်းလည်း ခေါင်းညိတ်လိုက်ပြီး အခန်းထဲရှိ ကုတင်ပေါ်မှာ တင်ပျဥ်ခွေထိုင်လို က်တယ်။ ပြီးတော့ ဆေးလုံးကိုတိုက်ရိုက်မြိုချ လိုက်တယ်။

…………………………………………………

စာစဥ် ၂ ပြီး၏

All Chapters