← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ရာသီဥတုက ပုံမှန်ထက်ပိုအေးစက်လာတယ်။ ခရီးစဥ်မှာ ကျင့်ကြံသူတွေချည်းဖြစ်လို့ ပုံမှန် အအေးဓာတ်ကို ခံနိုင်ပေမယ့် လွန်ကဲတဲ့အပူချိ န်ကျဆင်းမှုမျိုး ကြုံရင်တော့ ခန္ဓာကိုယ်က တောင့်ခံနိုင်ဖို့ မသေချာတော့ဘူး။

ပိုင်လင်းက လမ်းတလျှောက် အသက်ရှုလေ့ကျ င့်ခန်းကိုထိန်းညှိရင်း ပတ်ဝန်းကျင်ကိုလည်းသ တိမပြတ်လေ့လာနေခဲ့တယ်။ နေရာလောကအ သစ်မှာရှင်သန်ရတာက တောတွင်းဥပဒေအော က်အသက်ကို အပေါင်ထားရခြင်းတမျိုးမဟုတ် လား။

အဆင့်၈ အစောင့်အများစုကတော့ ပိုနွေးတဲ့ချ ည်ထပ်အပေါ်ရုံတွေကို ထပ်ဝတ်လိုက်ပြီးမြင်း လှည်းတွေရဲ့သွားနှုန်းက တဖြေးဖြေးလျော့ကျ လာတယ်။ ဒီတိုင်းဆိုနောက်ထပ် မိုင်တရာသာ သာပဲကျန်တဲ့ခရီးအတွက် ၃ရက်လောက်ထပ် ကုန်မယ့်သဘောပဲ။

ဒီလိုနဲ့ အနည်းငယ်ကျယ်ဝန်းတဲ့ ချောင်းတခုကို ရောက်လာတယ်။ ချောင်းရေက ကြည်လင်ပြီး အေးစက်တဲ့ရာသီဥတုကြောင့် ရေမျက်နှာပြင် အပေါ်ယံအလွှာက မာတင်းနေပုံရှိတယ်။ ဒါပေ မဲ့ ချောင်းတဖက်ကိုကူးပေးတဲ့ ဖောင်သမားတွေ ကတော့ ရာသီဥတုကိုအံတုပြီး စောင့်နေတုန်းပဲ ချောင်းအနီးနားမှာလည်း ဆိုင်ခန်းငယ်အချို့ရှိ နေပြီး ဒါကခရီးသွားစီးပွားရေးတမျိုးဆိုတာကို ပိုင်လင်းကောင်းကောင်း သိတာပေါ့။

တိလုံက အကုန်လုံးကိုခရီးတထောက်နားဖို့အ သိပေးတယ်။ သူကိုယ်တိုင်ကလည်း အနည်းင ယ်ပင်ပန်းနေပုံရပြီး ဆိုးရွားတဲ့ရာသီဥတုကိုကျ င့်ကြံသူတွေတောင် တောင့်ခံဖို့ခက်တယ်ဆိုတာ သိလိုက်ရတယ်။

ဒါက သူဖတ်ဖူးတဲ့ရှန်းရှ စာစဥ်တွေထဲကအ ကြောင်းအရာအများစုကို သွေဖယ်နေတာပဲလို့ ပိုင်လင်းထင်လိုက်တယ်။ ဟုတ်တယ်လေ..ကျင့် ကြံသူတွေက ကီလိုမီတာထောင်ပေါင်းများစွာ ကိုလျှပ်တပြတ်သွားနိုင်ပြီး လေပေါ်ပျံတာ ရေ ပေါ်လမ်းလျှောက်တာက အသေးအမွှားစွမ်းရ ည်တွေမဟုတ်လား။

အခုတော့ အဆင့်၆ ရောက်တဲ့အထိ အစားအ စာကိုလိုအပ်နေပြီး အနည်းငယ်အနားယူဖို့လို အပ်နေသေးတယ်။ ရုပ်ပိုင်းဆိုင်ရာကျင့်စဥ်ကို မကျင့်ကြံထားရင် ခုခံဖို့အင်မတန်ခက်ခဲတယ်။

မြင်းလှည်းတွေကို နေရာချပြီးနောက် တိလုံဦး ဆောင်တဲ့အဖွဲ့လိုက် ဆိုင်ခန်းငယ်တွေဆီခွဲပြီး ထွက်သွားလိုက်တယ်။ ဘယ်ဆိုင်ခန်းလေးကမှ လူ၅၀ လုံးကိုလက်မခံနိုင်ဘူး။ ပိုင်လင်းက မော့ ပေ လျှိုချင်းဖုန်းနဲ့ အခြားအစောင့်အနည်းငယ် နဲ့အတူ ဝါးအိမ်တခုဆီဦးတည်လိုက်တယ်။

အဲ့ဒီဝါးအိမ်က အရက်နဲ့တောကောင်သားအချို့ ရနိုင်ပြီး အနားယူဖို့အတွက်တော့ နေရာကျဥ်း ကျဥ်းလေးတခုလည်း အနောက်ဘက်မှာထပ်မံ ဆောက်လုပ်ပေးထားသေးတယ်။ ပိုင်လင်းတို့ အတွက်ကတော့ အနားယူတာက အိပ်စက်ခြင်း မဟုတ်ပဲ ဝမ်းဗိုက်ဖြည့်တင်းပြီး ယာယီထိုင်နား တာလို့ ယူဆတယ်။

“သေရည် ၅အိုးနဲ့ အမြည့်ရှိတာအကုန်ချဟေ့”

မော့ပေက ဦး​ဆောင်ပြီးမှာလိုက်တယ်။ ကျန်အ စောင့်တွေက ပိုင်လင်းတို့လောက် လခမရသူ တွေဖြစ်နေတော့ မှာဖို့တွန့်ဆုတ်နေတာကို မော့ ပေသတိထားမိသွားပြီး ဒကာခံမယ့်သဘောရှိ တယ်။

“စိတ်ကြိုက်သောက်ကြ ဒီတဝိုင်းကိုငါရှင်းမယ်”

မော့ပေရဲ့စကားအဆုံးမှာ အဆင့်နိမ့်အစောင့် တွေက ဝမ်းသာအားရလက်ခုပ်တီးကြတယ်။ ငွေတုံးအနည်းငယ် ကုန်ကျစရိတ်က မော့ပေအ တွက်ပြောပလောက်စရာ မရှိပါဘူး။

“သောက်ကြည့် ဒါကရွာတွေမှာပဲရတတ်တဲ့အ ရက်တမျိုးကွ အရမ်းပြင်းတယ် ချီဓာတ်နဲ့တော င့်ခံဖို့မလွယ်ဘူး”

ပြောရင်း ပိုင်လင်းနဲ့လျှိုချင်းဖုန်းတို့ရှေ့က ခွက် တွေထဲ အရက်ငှဲ့ပေးလိုက်တယ်။ ပိုင်လင်းက အရက်သောက်တတ်ပေမယ့် စွဲစွဲလမ်းလမ်း သောက်တတ်တာမျိုးတော့မဟုတ်ဘူး။ ဒါပေ မဲ့ယောက်ကျားတယောက်က နေရာဒေသအသ စ်ကိုရောက်ရင် အသစ်အဆန်းတခုခုစမ်းသပ်ချ င်စိတ်ပေါ်တာက ထုံးစံပါပဲ။

အမြည်းက တောဝက်သားနဲ့ အရွက်ကြော်အချို လာချပေးတယ်။ ပိုင်လင်းက မော့ပေငှဲ့ထားပေး တဲ့အရက်ခွက်ကို တကျိုက်တည်းမော့ချလိုက် တယ်။

“ကောင်းတယ်ဟေ့ ဟားးးး လာထပ်ချဦး”

ပိုင်လင်းအရက်သောက်တဲ့ ပုံစံကိုကြည့်ပြီးမော့ ပေနဲ့ လျှိုချင်းဖုန်းတို့ သဘောကျသွားတယ်။ ယောက်ကျားချင်း ဆက်ဆံရေးကအရက်ဝိုင်း ကစတယ်ဆိုတာ သိပ်ကိုသေချာတယ်။ မူလက အေးစက်စက်ဖြစ်နေတဲ့ လျှိုချင်းဖုန်းလည်းအ နည်းငယ်လျှာသွက်လာတယ်။

“ဒီတခေါက် ကုန်ပစ္စည်းပို့တာက မရိုးရှင်းဘူး ချန်ဟယ်ကုန်သွယ်ရေးက အရင်အကြိမ်တွေ တိုက်ခိုက်ခံရမှုကို အဖြေတခုထုတ်ချင်နေပုံရ တယ် လက်သည်တရားခံအချို့ပေါ့လေ”

မော့ပေက အရက်တခွက်မော့သောက်ရင်းစ ကားစတယ်။

“ချန်ဟယ်ကုန်သွယ်ရေးလို အင်အားကြီးကမိ သားစုက အတိုက်ခိုက်ရှိနေတာလား ဘယ်သူက လုပ်တာလဲ”

လျှိုချင်းဖုန်းက အာလေးလျှာလေးပုံစံနဲ့မေးတ ယ်။ မော့ပေက နှုတ်ခမ်းထောင့်တွန့်ကွေးပြီး

“ပြိုင်ဘက်လုပ်ငန်းတွေပေါ့ကွာ မသိသာလွန်း နေဘူးလား”

ဘယ်လောကမှာမဆို နယ်ပယ်တိုင်းကယှဥ်ပြိုင် မှုဆိုတာရှိတယ်။ အထူးသဖြင့် စီးပွားရေးလော ကမှာအဆိုးဆုံးပဲ။ တူညီတဲ့လုပ်ငန်းတွေကိုလုပ် ကိုင်ကြရင်း ပြိုင်ဆိုင်မှုက ပိုတောင်ဆိုးရွားနိုင် သေးတယ်။

“ငါ့အထင် ဒီချောင်းကိုကျော်ပြီး နောက်မိုင်အချိ ရောက်တဲ့အခါ တိုက်ခိုက်မှုကြုံရနိုင်တယ်”

မော့ပေ ပုံစံကအချို့အကြောင်းအရာတွေကိုသိ ထားပုံရတယ်။ ဒါပေမယ့်အကုန်တော့ ထုတ်မ ပြောဘူး။

“တိုက်ခိုက်မှုလား ဓားပြတွေပေါ့”

“ဟုတ်တယ် ဒါပေမယ့်အဲ့ဓားပြတွေကို ဘယ်သူ ကထောက်ပံ့ပေးနေတာလဲ အဲ့အချက်ကသက် သေဖြစ်သွားပြီးတော့ ချန်ဟယ်ကုန်သွယ်ရေး အနေနဲ့ ပြိုင်ဘက်ကိုရင်ဆိုင်ဖို့ သော့ချက်တခု ဖြစ်စေတယ်”

မော့ပေရဲ့စကားအဆုံးမှာ ပိုင်လင်းက

“ခန့်မှန်းထားတာမျိုးရှိရင် ထိပ်တန်းအင်အားစု တွေအနေနဲ့ ထိပ်တိုက်ဖြေရှင်းလို့ရတယ်မဟုတ် လား”

ပိုင်လင်းရဲ့အတွေးက ခွန်အားနဲ့အာဏာ အပြည့် အဝရှိထားရင် ဘာကိုစိုးရိမ်နေရမလဲပေါ့။

“အဲ့လောက်မလွယ်ဘူးလေ သင်းပျံ့ကောင်းက င်ရဲ့ ဟန်ချက်ကို အင်အားစု၄ခုက ထိန်းညှိထား တယ်ဆိုပေမယ့် အရာအားလုံးတော့ ဟုတ်မနေ ဘူး မျိုးဆက်တဆက်ပြီးတဆက် ကုန်လွန်သွား တိုင်း လျော့ကျလာတဲ့အရင်းအမြစ်တွေကိုအ ချိန်မီဖြည့်တင်းဖို့ဆိုတာ ခက်ခဲတယ်”

“အင်း… ငါနားလည်ပြီ”

ဒါက လူဦးရေတိုးပွားလာတဲ့ အခြေခံအကြောင် အရင်းပဲ။ မျိုးဆက်တိုင်းမှာ ထိပ်တန်းပါရမီရှင် တွေ ပေါ်ထွက်လာပြီး အင်အားစုတွေကသူတို့ အပေါ်အရာအားလုံး ပုံအောရင်းနီးရတဲ့အခါမျိုး ပြိုင်ဆိုင်မှုက ထင်ထားတာထက်ပို ပြင်းထန် လာတော့တာပဲ။

“ဒါကြောင့် ဒီညကောင်းကောင်းနား မနက်ဖန်တို က်ပွဲက မရိုးရှင်းဘူး”

မော့ပေက သတိပေးရင်း ဆိုင်ထဲက ထထွက် သွားတယ်။ ဆိုင်အနောက်မှာ ခရီးသည်တွေယာ ယီနားဖို့ တဲအိမ်လေးတွေ ဆောက်ထားပေးထား တာရှိတယ်လေ။

ပိုင်လင်းကတော့ လက်ကျန်အရက်အိုးထဲက အ ရက်ကို မော့လိုက်တယ်။ သူသောက်တာအ တော်လေးများနေပေမယ့် ကျင့်ကြံသူဖြစ်လာ ပြီးတော့ သူ့ရဲ့အသက်ရှုလေ့ကျင့်ခန်းကြောင့် မူးတယ်လို့ မခံစားရပဲ ရီဝေဝေနဲ့နေလို့ကောင်း နေတယ်။

“ငါသွားတော့မယ်”

ခနကြာတော့ လျှိုချင်းဖုန်းလည်း ထွက်သွားတ ယ်။ အစောင့်တွေကတော့ မော့ပေထွက်သွားပြီး တည်းက မရှိတော့တာကြာပြီ။ ပိုင်လင်းတစ် ယောက်တည်း ဆိုင်ထဲမှာထိုင်နေရင်း သူ့အနေနဲ့ ဒီလောကမှာ အသားမကျသေးသလို ခံစားနေခဲ့ ရတယ်။

နေရာအသစ် လူအသစ် ဓလေ့ထုံးတမ်းကအစ လုံးဝကွဲပြားတဲ့ နေရာကြီးတခုကိုရောက်နေတာ လေ။ ပြီးတော့ ခွန်အားကသာ ဥပဒေဖြစ်နေတဲ့ တောတွင်းကမ္ဘာကြီးပေါ့။

……………………………………………….

All Chapters