← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

နောက်တနေ့မနက်စောစောမှာ ခရီးပြန်ထွက်ခဲ့ ကြတယ်။ နေရောင်က သစ်ပင်တွေကိုသာမက ထူထပ်နေတဲ့ နှင်းတွေကိုပါ ထိုးဖောက်နေခဲ့ရ တော့ မြေပြင်ကိုမရောက်နိုင်တော့ဘူး။

အေးစက်နေတဲ့လေတိုက်ခတ်မှုကို ကြံ့ကြံ့ခံရင်း မြင်းလှည်းတွေရဲ့ တအိအိရွေ့လျားသံက ပိုင် လင်းနားထဲ တေးသီချင်းလို ခံစားရစေတယ်။

“အရက်က ဘယ်လိုနေလဲ”

တိလုံက ပိုင်လင်းအနားကို မြင်းစီးရင်းရောက် လာတယ်။ သူ့ပုံစံကတက်တက်ကြွကြွဖြစ်နေပြီ သက်လတ်ပိုင်းဆိုပေမယ့် သန်မာတဲ့ဟန်ပန်အ ပြည့်ရှိနေတယ်။

“မဆိုးပါဘူး”

“ ရှေ့နားက ဒီခရီးရဲ့အဓိကနေရာပဲ ငါတို့ရဲ့ကုန် သွယ်ရေးပစ္စည်းတွေ ခနခနလုယက်ခံရတဲ့နေ ရာပေါ့ ဒါပေမယ့် ဒီတကြိမ်မှာတော့ သူတိူ့သတ င်းအပြည့်အဝရဖို့မရှိဘူး ငါတို့က လမ်းကြောင် အချို့ပြောင်းထားတယ်လေ”

ဟုတ်ပေတယ်။ တိလုံကရွာတွေကို ရှောင်ကွင်း ပြီး သွားလာတာကို သတိပြုမိလိုက်တော့ဒါက ခန်းမမှာတုန်းက ဆွေးနွေးထားတာမျိုးမဟုတ်မှ န်း သတိထားမိလိုက်တယ်။ ချန်ဟယ်မိန်းက လေးက ခရီးစဥ်မှာသစ္စာဖောက်ပါမှာကိုသတိ ပြုမိပုံပါပဲ။

ပိုင်လင်းက တိလုံရဲ့စကားကို ခေါင်းညိတ်ပြလို က်ပြီး လက်စွပ်ထဲက သေနတ်ကိုထုတ်ယူလိုက် တယ်။ ပြီးတော့ကျည်ကတ်တပ်လိုက်ပြီး သေန တ်မောင်းအတင်ချလုပ်တယ်။ သေနတ်ကအနီး ကပ်တိုက်ခိုက်မှုမှာ အသုံးမဝင်ပေမယ့် အဝေး ပစ်ခတ်တာမျိုးက ထိပ်တန်းပဲ။ တခုတော့ရှိတ ယ် သေနတ်ကျည်က ကျင့်ကြံသူတွေကိုထိုး ဖောက်နိုင်ပါ့မလား ဆိုတာပဲ။

တိလုံက ထူးဆန်းတဲ့ပုံစံနဲ့သေနတ်ကိုတချက် ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ သေနတ်နဲ့ပက် သက်ပြီး စပ်စုတာမျိုးမလုပ်ခဲ့ဘူး။ တဖက်မှာ ကျိဖေးကပိုင်လင်းရှိရာကို လှမ်းကြည့်ရင်းသူ့ရဲ့ နှုတ်ခမ်းထောင့်တွေက အပေါ်ကိုကော့တက် သွားတယ်။

သိပ်မကြာခင်မှာပဲ ထူထဲတဲ့ချုံနွယ်တွေရှိရာနေ ရာကိုရောက်လာတယ်။ အချိန်ကနေ့လည်ပိုင်း ရောက်လုနေပြီ။ နှင်းမြူတွေက ကျဲပါးလုဖြစ် နေတော့ မြင်ကွင်းကအနည်းငယ်ရှင်းနေတယ်။ ဒါပေမယ့် ပိုင်လင်းရဲ့မသိစိတ်က တစုံတရာကို ခံစားမိနေပြီးတော့ အန္တရာယ်အငွေ့အသက်အ ချို့ရနေတယ်။

တိလုံနဲ့မော့ပေအပါအဝင် အကုန်လုံးကလည်း သူ့လိုခံစားရပုံရှိပြီး ဓားတွေကိုတင်းတင်းဆုပ် ကိုင်ထားတယ်။ ဒါက ကျင့်ကြံသူတွေရဲ့စိတ်စွ မ်းအင်တမျိုး ဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် လည်း အလိုလိုသိစိတ်တမျိုးပေါ့လေ။

ရွှီး…

ရုတ်တရက် မြှားတစင်းက အစောင့်တယောက် ကိုထိမှန်သွားတယ်။

အား…

မြှားက အစောင့်ရဲ့လည်ပင်းကို ထုတ်ချင်းခတ် ဖြစ်သွားစေပြီး အေးစက်နေတဲ့လေထဲကိုသွေး က ဖြာထွက်သွားစေတယ်။

“ရန်သူ…ရန်သူ”

တိလုံရဲ့အသံကို ကြားလိုက်ရပြီးတဆက်တည်း လမ်းဘေးဝဲယာနှစ်ဖက်က လက်နက်မျိုးစုံကိုင် ထားတဲ့ လူတွေအလျှိုလျှိုထွက်လာကြတယ်။ စုစုပေါင်း အယောက်တရာနီးပါးရှိပြီး ထိပ်ဆုံး ထွက်လာတဲ့သူက တိလုံနဲ့အဆင့်တူမှာရှိနေနိုင် တာကို ပိုင်လင်းသတိထားမိတယ်။

ဒါက ရိုးရိုးဓားပြမဟုတ်တော့ဘူး။ နောက်ပြီး အဲ့လူရဲ့ဘေးမှာ အဆင့်၆ နှောင်းပိုင်းနှစ်ဦးထပ် ပါလာပြီး ကျန်လူတွေထဲမှာလည်း အဆင့်၇အ ချို့နဲ့ အဆင့်၈ တွေအများကြီးပါနေတယ်။

“သြော်…မင်းကိုး”

တိလုံကတဖက်သူကို သိနေပုံရှိပြီး ရန်စအချို့ လည်းသူတို့ကြားမှာ ရှိနေတယ်။ ထိုချိန်ကျိဖေး က တဖြေးဖြေးနဲ့ ဓားပြအဖွဲ့ရှိရာတိုးကပ်သွား နေတာကို ပိုင်လင်းတွေ့လိုက်တယ်။

“ဘယ်လိုလဲ မိတ်ဆွေဟောင်းကြီးငါ့ကိုပြန်တွေ့ ရတာဝမ်းမသာဘူးလားကွ ဟားး”

ထိုသူက အားရဝမ်းသာဟန်နဲ့ ဆိုတယ်။ တိလုံ ကနှုတ်ခမ်းကိုမဲ့လိုက်ပြီး

“မင်းက တောင်ကြားတိုက်ပွဲမှာတည်းက သေ သွားခဲ့ရမှာ အတော်သက်ဆိုးရှည်တဲ့ကောင်ပဲ ပြောစမ်း မင်းအနောက်မှာဘယ်အင်အားစုရှိနေ လို့ ငါတို့ကိုတိုက်ခိုက်ရဲတာလဲ”

တိလုံရဲ့စကားအဆုံးမှာ တဖက်သူက မျက်နှာ ကိုတည်လိုက်ပြီး မထေ့မဲ့မြင်ပုံစံနဲ့ တုန့်ပြန်လာ တယ်။

“မင်းက သေတော့မှာပဲ သိစရာမလိုပါဘူး”

“ဟက်… ဘယ်သူသေမလဲ မသိသေးပါဘူးဒီ တကြိမ်တော့ မင်းတကယ်သေရမယ်ကွ.”

“တိုက်ကြစမ်း…”

တိလုံက ကြုံးဝါးလိုက်တာနဲ့ ရန်သူဘက်ကိုတိုး ကပ်နေတဲ့ ကျိဖေးက နီးရာအစောင့်တဦးကိုဓား နဲ့ခုတ်ပိုင်းလိုက်တယ်။ ထိုမြင်ကွင်းကို တိလုံက မြင်လိုက်တယ်။

“သစ္စာဖောက်က မင်းပဲကိုး”

“ဟားးးးးဟားးး”

မကြာခင်မှာပဲ ဓားချင်းထိခတ်သံများ အော်ဟ စ်သံများ ကျယ်လောင်စွာထွက်ပေါ်လာတော့တ ယ်။

ပိုင်လင်းက သေနတ်လုံခြုံရေးခလုတ်ကိုဖြုတ် ချလိုက်ပြီး အဆင့်နိမ့်ကျင့်ကြံသူတွေကို ပစ်ခ တ်ဖို့ကြိုးစားလိုက်တယ်။ ပိုင်လင်းရှိတဲ့မြင်းလှ ည်းက တိုက်ပွဲနေရာနဲ့အတန်ငယ် ကွာဟနေတာ က သေနတ်ပစ်ဖို့တကယ့်ကို အခွင့်ရေးကောင်း တခုဖြစ်နေစေတာပဲ။

ဒိုင်း… ဒိုင်း… ဒိုင်း…

ကျည်ဆံက အဆင့်၈ ကျင့်ကြံသူတွေကိုဘိုင်း ကနဲ့လဲကျသွားစေတယ်။ ကျင့်ကြံသူဖြစ်လာ ပြီးနောက်ပိုင်လင်းရဲ့ အာရုံခံစားမှုအားကောင်း လာတာနဲ့အမျှ သေနတ်ပစ်စွမ်းရည်ကပါတိုးတ က်လာတယ်။ မီတာ၂၀၀ လောက်ကရန်သူကို သေကွင်းသေကွက်မဟုတ်​တောင် အဓိကနေရာ အချို့ထိအောင် ပစ်ခတ်နိုင်နေပြီ။

……………………………………………….

All Chapters