← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

ကျိဖေးက ပိုင်လင်းရှိရာတချက် ကြည့်လိုက်တ ယ်။ သူ့မျက်လုံးထဲမှာ ဒေါသထွက်နေတဲ့ အရိပ် ယောင်တွေကို မြင်နိုင်ပြီး မထင်ထားလောက် အောင်ပဲ သူကပိုင်လင်းကိုရင်ဆိုင်ရာမှာ ရှုံးနိမ့် သွားခဲ့ရတယ် မဟုတ်လား။

“ငါ့အသက်ကို လွှတ်ပေးမယ်လို့ကတိပေးရင်ငါ ပြောမယ်”

ကျိဖေးက ထပ်ပြီးအထွန့်တက်တယ်။

“မင်းမှာ ရွေးချယ်ခွင့်မရှိဘူး သေလိုက်တော့”

တိလုံလည်း နောက်တကြိမ်ဓားကို ပင့်မြှောက် လိုက်ပြီး လက်စသတ်ဖို့ပြင်တယ်။

“ထန်းမိသားစုနဲ့ ကျား..”

ထိုချိန်မှာပဲ အလင်းတန်းတခုဖျတ်ခနဲပေါ်လာပြီ ကျိဖေးရဲ့လည်မြိုကို ဖောက်ထွက်သွားတော့တ ယ်။

“ကျားဖြူခန်းမလား…”

ပိုင်လင်းတယောက် အတွေးနက်နေစဥ်မှာပဲ တိ လုံက ကျယ်လောင်တဲ့ အသံနဲ့အတူ ဘေးပတ် ပတ်လည်ကို ကြည့်တယ်။

“ဘယ်သူလဲ..”

လုပ်ကြတဲ့သူက ကျိဖေးကို တချက်တည်းနဲ့အ ဆုံးသတ်ခဲ့ပြီး ကျိဖေးဆီကအချက်အလက်အ ပြည့်စုံမရခဲ့ဘူး။ ဒါပေမယ့် ထန်းမိသားစုက သေချာသလောက်ဖြစ်နေပြီ။ နောက်ဆက်တွဲက ကျားဖြူခန်းမလား…။

ဒါကမဖြစ်နိုင်ပေ။ ကျားဖြူခန်းမသာ အမှန်တ ကယ်ပါဝင်နေတယ်ဆိုရင် ချန်ဟယ်ကုန်သွယ် ရေးအတွက် ရန်သူပိုများလာတဲ့သဘောရှိနေတ ယ်။ ခက်တာက ကျားဖြူခန်းမသခင်က ချန်ထ န်းကို ခုချိန်ထိအကူညီပေးနေမှန်း တိလုံသိနေခဲ့ တယ်လေ။

ခဏကြာတော့ တိုက်ပွဲကိုရှင်းလင်းပြီး သေဆုံး သွားတဲ့အစောင့်တွေကို မြေမြုပ်လိုက်တယ်။ တဆက်တည်း ဒဏ်ရာရတဲ့အစောင့်တွေကို မြင် လှည်းတွေအပေါ်ခွဲတင်ပြီး တိုက်ပွဲနေရာကနေ အမြန်ဆုံးထွက်ခွာဖို့ပြင်ကြတယ်။ ဒီနေရာကဆ က်နေဖို့ ဘယ်လိုမှမသင့်တော်တော့ဘူး။

မော့ပေက ပိုင်လင်းရဲ့ပုခုံးကိုဆုပ်ကိုင်ပြီးတော့ စကားအချို့ဆိုတယ်။

“မင်းရဲ့အရည်အချင်းက ငါထင်ထားတာထက် ပိုမြင့်နေတာပဲ”

ပိုင်လင်းလည်း စိတ်ကိုတည်ငြိမ်အောင်ထားပြီး မော့ပေကို ပြုံးပြလိုက်တယ်။ သူ့အတွက်သေ ရေးရှင်ရေးတိုက်ပွဲတခုက ဒီလောကမှာဘယ်လို ရပ်တည်ရမလဲ သင်ပြပေးသွားခဲ့ပြီ။

နေ့ရက်တိုင်းက ကြိုးတန်းပေါ်လမ်းလျှောက်နေ ရသလိုဖြစ်နေပြီး သံယောဇဥ်များလေ အန္တရာ ယ်များလေ ဖြစ်နေမလားပဲ။ ကံကောင်းတာက ပိုင်လင်းမှာ မိဘဆွေမျိုးမရှိပဲ ဆုံးရှုံးစရာဆိုလို့ သူ့အသက်ပဲရှိတော့ ဘာဖြစ်ဖြစ် ရင်းလို့ရပါ သေးတယ်။

တိုက်ပွဲနေရာကိုကျော်ပြီး နောက်ထပ်နာရီအန ည်းငယ်သွားပြီချိန်မှာတော့ တစ္ဆေမြို့အစပ်ကို ရောက်လာတယ်။ စုစုပေါင်း ဆယ်ရက်ကြာခဲ့ တယ်။ မြို့တံတိုင်းက သင်းပျံ့ကောင်းကင်မြို့ တံတိုင်းလောက်မမြင့်ပေမယ့် ခမ်းနားထည်ဝါ တာကိုတော့ ငြင်းမရပါဘူး။

တိလုံက အစောင့်အချို့နဲ့ ကုန်စည်လှည်းတွေ ကို ဆွဲပြီးမြို့ထဲဦး​ဆောင်ဝင်သွားတယ်။ ဒီမြို့ က တစ္ဆေဂိုဏ်းအာဏာရှိပေမယ့် မြို့ထဲမှာတော့ သူတို့ကိုဘာအန္တရာယ်မှ ပေးမှမဟုတ်ဘူးလို့ တိ လုံကဆိုတယ်။ အင်အားစုချင်း တိုက်ခိုက်မှုက အတိအလင်းမဖြစ်သေးတဲ့သဘောပဲ။

တိလုံလည်း ပိုင်လင်းတို့အတွက် စျေးသင့်တင့် တဲ့တည်းခိုရာနေရာကို ခေါ်​ဆောင်သွားပြီး ကုန် စည်လှည်းတွေကိုတော့ သက်မှတ်နေရာကိုတို က်ရိုက်ပို့ဖို့ကြိုးစားတယ်။ ဒီမြို့မှာပေါ်ပေါ်တင် တင်အန္တရာယ် မရှိပေမယ့် ရက်ကြာကြာတော့ နေဖို့အဆင်မပြေဘူးလေ။

“အခြေနေဘယ်လိုရှိလဲ…”

“ကျဆုံးပါတယ်…”

အရိပ်နဲ့တူတဲ့ လူတဦးက ခန်းမကျယ်ထဲမှာရှိနေ တယ်။ ထိုသူက ကျိဖေးကိုအဆုံးသတ်ခဲ့တဲ့လူ ဖြစ်ပြီး သူ့ရှေ့ကလူကတော့ ထန်းမိသားစုခေါင် ဆောင် ဖြစ်တယ်။

“ကိစ္စမရှိဘူး.. နောက်ကွယ်ကအကြောင်းတွေမ ပေါ်အောင် လက်စသတ်ခဲ့တယ်မဟုတ်လား”

“စိတ်ချပါ သခင်ကြီး သူတို့ဘာအချက်အလက် မှရမသွားပါဘူး”

အရိပ်လူရဲ့ စကားအဆုံးမှာ ထန်းမိသားစုခေါင်း ဆောင်က စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချ လိုက်တယ်။

“သွားတော့ သူတို့ကိုအဆက်မပြတ်စောင့်ကြည့် ထား”

“ဟုတ်ကဲ့”

အရိပ်လူလည်း အရိုအသေပေးပြီး ခန်းမထဲမှ ထွက်သွားတယ်။ မကြာသေးခင်က သတ္တူတွင် ပြဿနာကြောင့် ထန်းမိသားစုနဲ့ချန်ဟယ်ကုန် သွယ်ရေးကြား အငြင်းပွားမှုကို အကြောင်းပြပြီ သိပ်မကြာခင်မှာ ချန်ဟယ်ကုန်သွယ်ရေးကိုမြို့ ကနေဖယ်ထုတ်ဖို့ သူတွေးနေခဲ့တယ်။

မိသားစုခေါင်းဆောင်တယောက်အနေနဲ့ မိသား စုရှေ့ရေးကို ကြိုတွေးနေခဲ့ပြီး ရှားပါးလာတဲ့အ ရင်းအမြစ်နဲ့ ပါရမီရှင်တွေကိုထောက်ပံ့ပေးနေရ တာက သူတို့လိုအဆင့်နိမ့်မိသားစုတွေအတွက် အခက်ခဲတခုဖြစ်လာတယ်။

အထူးသဖြင့် သေးငယ်တဲ့မြို့လေးကိုအစိတ်အ ပိုင်းတွေအများကြီး ပိုင်းခြားမျှဝေနေရတာပဲ။

ထိုချိန် ခန်းမထဲသို့ လူနှစ်ဦးဝင်လာတယ်။ တစ် ဦးက ထန်းမိသားစုရဲ့သခင်လေးဖြစ်ပြီး သမီး အရေတွက်များနေတဲ့ ထန်းမိသားစုတိုက်ရိုက် မျိုးဆက်ထဲမှာ သူကပါရမီအရကော အရည်အ ချင်းအရပါ မြင့်မားနေလို့ ထန်းမိသားစုခေါင်း ဆောင်ရဲ့ အချစ်တော်ဖြစ်နေတယ်။

“ကျတော်တို့ကမ်းလှမ်းချက်နဲ့ ပက်သက်ပြီး ချန်ဟယ်ကုန်သွယ်ရေးက အကြောင်းပြန်ပြီတဲ့ လား”

ထန်းသခင်လေးက သိလိုစွာနဲ့မေးတယ်။

“ခုထိ အကြောင်းမပြန်သေးဘူး ဒါပေမယ့်သူတို့ ဒီထက်ကြာကြာတောင့်မခံနိုင်တော့ပါဘူး”

ထန်းသခင်လေးလည်း သူ့အဖေလုပ်သူရဲ့စ ကားကိုကြားတော့ ကျေနပ်စွာနဲ့ခေါင်းညိတ်လို က်တယ်။ အရည်အချင်းရှိပြီး နတ်သမီးလိုလှပ လွန်းတဲ့ ချန်ညီအစ်မကို သူစွဲလမ်းနေခဲ့တယ်မ ဟုတ်လား။ သူသာ ညီအစ်မနှစ်ဦးစလုံးကိုသိမ်း ပိုက်နိုင်ခဲ့ရင် ချန်ဟယ်လုပ်ငန်းသာမကပဲ ထက် မြတ်တဲ့ ချန်ဟယ်ကြောင့် နောက်ထပ်အလုပ်သ မားတဦးထပ်ရလိုက်သလို ဖြစ်နေမှာပါ။

“နောက်တပတ်ထဲမှာ အဖေတို့စည်းဝေးပွဲတခု လုပ်မယ် အဲ့ဒီမှာ နောက်တကြိမ်ဖိအားပေးပြီး စီစဥ်ခိုင်းရမှာပဲ တခုရှိတာက မြို့မကုန်သွယ် ရေးကော ကျားဖြူခန်းမက လူငယ်လေးတွေက ပါ တောင်းဆိုထားတော့ ချန်ညီအစ်မတွေရဲ့ရွေး ချယ်မှုက ဘယ်သူဖြစ်မလဲစောင့်ကြည့်ရမယ်”

“ကျားဖြူခန်းမက ပါလာတယ်လား”

“ဟုတ်တယ်… မူလက ကျားဖြူခန်းမကိုချန်ထ န်းက လက်ခံတဲ့အရိပ်ယောက်ပြပေမယ့် ချန်ဟ ယ်ဘက်က ယတိပြတ်ငြင်းလိုက်တော့ ကျားဖြူ ခန်းမက အဖေတို့လိုပဲ ဖိအားပေးလာတဲ့ပုံစံရှိတ ယ် မင်းသိထားရမှာက အခြေနေတခုကြောင့်ပူး ပေါင်းထားရပြီး ဒါကရေတိုအတွက်ဆိုတာပဲ”

“ကျတော်သဘောပေါက်ပါတယ် ကျတော့်အနေ နဲ့ မြို့မကော ကျားဖြူခန်းမက လူငယ်သခင် လေးတွေကို ရင်ဆိုင်ဖို့မကြောက်ပါဘူး အဟက် သူတို့ကိုတောင်အသာလေး ဖိနှိပ်လို့ရတယ်”

“ကောင်းတယ် လူငယ်ဆိုတာ ယုံကြည်ချက်ရှိရ တယ် အဖေမင်းကို သေချာပေါက်ကူညီမယ်”

သားအဖနှစ်ဦးက အကြောင်းအရာအချို့ဆက် ပြီးဆွေးနွေးနေကြတယ်။ အဓိကတော့ မြို့တွင် လုပ်ငန်းတွေကို ခွဲဝေတဲ့အပိုင်းနဲ့ လက်ရှိပူးပေါ င်းထားတဲ့ကိစအပေါ် မည်သူ့ကိုမှရာနှုန်းပြည့်မ ယုံထားဘူးဆိုတာပဲ။

………………………………………………..

All Chapters