← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

ပိုင်လင်းတို့အဖွဲ့က တစ္ဆေမြို့မှာတရက်ပဲနေပြီး ချက်ချင်းပြန်ထွက်ခွာရတယ်။ ရာသီဥတုကပို ဆိုးရွားလာနေပြီ။ လေတိုက်တိုင်း အေးစက်နေ တဲ့ခံစားချက်က သာမန်ကျင့်ကြံသူတွေကိုတုန် ခိုက်သွားစေလောက်တယ်။

ဒါကြောင့် အမြန်ဆုံးနဲ့ ရိက္ခာအထောက်ပံ့ဖြစ် အောင် ရွာတွေကနေဖြတ်ပြီးပြန်ဖို့ တိလုံကစဥ်း စားလိုက်တယ်။ အနည်းဆုံးတော့ ခရီးတထော က်နားတဲ့အခါမျိုးမှာ ရွာတွေမှာနားတာကပိုအ ဆင်ပြေမယ်လို့ သူထင်နေတယ်။

အပြန်ခရီးက တိတ်ဆိတ်စွာပဲ ပြန်လာကြတယ် ဒဏ်ရာရတဲ့သူတွေကို တစ္ဆေမြို့မှာတရက်တာ ကုသပေးခဲ့ပြီး လုံးဝမသက်သာတဲ့သူတွေကို တော့ တစ္ဆေမြို့ချန်ဟယ်ကုန်သွယ်ရေး ဌာနခွဲ မှာ ဆက်လက်ကုသစေတယ်။ ဒါကြောင့်အပြန် ခရီးက လူအနည်းငယ်ပဲပါလာပြီးတော့ အတိ ကျဆိုရင် ဆယ့်နှစ်ယောက်ပဲရှိတော့တယ်။

ပိုင်လင်းလည်း မြင်းကိုအသားကျအောင်စီးတ တ်သွားခဲ့ပြီ။ လမ်းကကြမ်းတမ်းလွန်းတာကြော င့် အဆင်မပြေပေမယ့် လမ်းလျှောက်တာထက် စာရင်တော့ မြင်းစီးတာကအများကြီးသက်သာ စေပါတယ်။

ဒီလိုနဲ့ ၃ရက်တာ ကုန်ခမ်းသွားတယ်။ အသက် ရှူလေ့ကျင့်ခန်းလုပ်ရင်း ချီဓာတ်စုဆောင်းနေခဲ့ တဲ့ပိုင်လင်းက အဆင့်၆ အလယ်အလတ်နားကို ရောက်လာတယ်။

“ ရှေ့မှာ ရွာသုံးရွာရှိတယ် အနီးဆုံးကမုန်းရွာပဲ”

“မုန်းရွာ..ဟုတ်လား”

ပိုင်လင်းရဲ့အမေးကို တိလုံကခေါင်းညိတ်ပြပြီး ဆက်ပြောတယ်။ တိုက်ပွဲမှာတုန်းက အဆင့်တူ ၃ယောက်ကို အနိုင်ယူခဲ့တဲ့ပိုင်လင်းကို ပေါ့ပေါ့ တန်တန်သဘောမထားတော့ပဲ အလေးအနက် ဆက်ဆံလာတယ်။

“ဟုတ်တယ် မုန်းချောင်းကိုအခြေတည်ပြီးတည် ထားတဲ့ရွာတွေပေါ့ သူတို့က တစ္ဆေမြို့နဲ့နီးတော့ တစ္ဆေဂိုဏ်းရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ် ဒါနဲ့ တစ္ဆေမြို့မှာတုန်းက တခုခုသတိထားမိတာ ရှိလား”

တိလုံရဲ့အမေးကို ပိုင်လင်းက ခေါင်းယမ်းပြလို က်ပြီး

“မရှိပါဘူး တခုပဲ စိတ်ထင်လို့လားတော့မသိဘူး တစ္ဆေမြို့က လူဦးရေကျဲတယ်လို့ ခံစားနေရတ ယ်”

ထိုချိန် မော့ပေနဲ့ လျှိုချင်းဖုန်းတို့က မြင်းကိုယ် စီနဲ့ ပိုင်လင်းတို့နားရောက်လာတယ်။ မော့ပေက

“ဟုတ်တယ် ပုံမှန်ဆို တစ္ဆေမြို့က စည်ကားတ ယ်လို့ ငါသိထားတာ ဒီတခေါက်မြို့ထဲရောက် တော့ သိပ်မစည်သလိုပဲ”

မော့ပေရဲ့စကားအဆုံးမှာပိုင်လင်းက

“မြို့တမြို့စည်ကားတယ်ဆိုတာကလည်း မြို့ နေလူထုရဲ့စီးပွားရေး လူမှုရေးအဘက်ဘက်က ပြေလည်နေမှဖြစ်မှာလေ ကျပ်တည်းနေတယ် ဆိုရင်တော့ ဝမ်းရေးအတွက်ရုန်းကန်နေရတော့ လူတွေကိုလမ်းမတွေပေါ်မှာ မြင်ရဖို့ခက်တယ်”

“ပိုင်လင်းပြောတာမှန်တယ် လူတိုင်းကအသက် ရှင်ဖို့ နည်းမျိုးစုံနဲ့ ရုန်းကန်နေရတာ ကျင့်ကြံသူ မဟုတ်တဲ့ သူတွေဆိုပိုတောင်ခက်ခဲသေးတယ် အခုမင်းတို့သတိထားကြည့် ဒီနှစ်ဆောင်းရာသီ ကပိုအေးလာတယ် တချို့ဘုန်းကြီးတွေကတော့ ဒါကနတ်ဘုရားတွေ ဒေါသထွက်တာလို့ဆိုပြီး သာမန်ပြည်သူတွေဆီက အကျိုးအမြတ်တွေလိ မ်ယူကြဦးမှာပေါ့ကွာ”

တိလုံရဲ့စကားက ခေတ်သစ်ကမ္ဘာမှာဆိုရင် တော့ ဘာသာရေးအထိကရုဏ်းဖြစ်ဖို့ရှိတယ်။ ဘာသာရေးဆိုတာက မည်သည့်နိုင်ငံမှာမဆို အထိခိုက်မခံတဲ့ ကျွတ်ဆတ်တဲ့အသားလွှာတခု လိုပဲ။ ဗုဒ္ဓဘာသာအမည်ခံ ကျင့်ကြံရေးဘုန်း ကြီးတွေက တောက်နဲ့ ဇင်သဘောတရားတွေကို လက်ဆင့်ကမ်း သယ်​ဆေင်လာရင်းပိုလေးနက် တဲ့ တာအိုသဘောတရားတွေကိုပါ မျှဝေပေး ကြတယ်။

သိထားရမှာက တာအိုရဲ့သဘောတရားပဲ။ ဘာ သာရေးတခုမှာ အောက်ဆုံးစည်းဆိုတာရှိတတ် ပြီးတော့ ကျင့်ကြံရေးလမ်းစဥ်ကို ဘာသာရေးနဲ့ ရောထွေးလိုက်တဲ့အခါမှာ တန်ခိုးရှင်ဝါဒကပို အားကောင်းလာတဲ့ သဘောကိုပြတယ်။ ဥပမာ နတ်ဘုရားတွေ…။

“ဟက်.. တန်ခိုးရှင်ဆိုတာ ထိပ်တန်းကျင့်ကြံသူ ပဲ တနည်းအားဖြင့် မသေမျိုးပေါ့”

ချီယောင်ရဲ့ စကားသံထွက်ပေါ်လာတယ်။ သူမ က စကားပြောခဲပြီး အများအားဖြင့် မောက်မာ တဲ့စကားတွေပဲ ပြောတတ်လို့ ပိုင်လင်းကသူမ ကိုလျစ်လျူရှုထားလေ့ရှိတယ်။

“မသေမျိုးဆိုတာ အင်မော်တယ်တွေလား”

ပိုင်လင်းရဲ့အမေးကို ချီယောင်က

“နင် သိဖို့အဆင့်မမီသေးဘူး”

“ဒီ….”

ပိုင်လင်းနဲ့ချီယောင်စကားပြောနေစဥ်မှာပဲ ခရီး တထောက်နားဖို့ တိလုံကဆုံးဖြတ်လိုက်တယ်။

“ ရှေ့၅မိုင်သာသာလောက်မှာ မုန်းရွာရှိတယ်အဲ့ မှာတညနားကြတာပေါ့”

တိလုံက အပေါ်ဝတ်ကိုဆွဲခြုံရင် ပြောတယ်။ လေကရေခဲရေနဲ့ ပတ်ဖြန်းလိုက်သလိုအေးစက် နေပြီး တချက်ချက်ကျောရိုးကိုတောင် တွန့်ခါ သွားစေတယ်။

အကုန်လုံးက အေးစက်တဲ့ရာသီဥတုနဲ့ နေဝင်ချိ န်ကိုမခံစားနိုင်တော့ပဲ ၅မိုင်ပဲကျန်တော့တဲ့နား နေရာဆီ အမြန်သွားကြတော့တယ်။

နာရီအချို့ကြာပြီးတော့ မုန်းချောင်ကိုလှမ်းမြင် နေရပြီ။ ချောင်းဆိုပေမယ့် အတော်လေးကျယ် ဝန်းတယ်။ ရေမျက်နှာပြင်ကတော့ အေးခဲနေလို့ ဖြတ်သန်းသွားရခက်မယ့် သဘောရှိတယ်။

“အလာတုန်းကလည်း ချောင်းတခုဖြတ်ရတယ် မဟုတ်လား”

ပိုင်လင်းက မော့ပေကိုမေးလိုက်တယ်။

“ဟုတ်တယ် ဒီမုန်းချောင်းရဲ့ နောက်ဆက်တွဲ လေ ငါတို့ကအလာတုန်းက ဒီရွာတွေကိုမဖြတ် ခဲ့ဘူး”

တခဏကြာတော့ ရွာနဲ့နီးကပ်လာတယ်။ ဒါပေမဲ့ ထူးခြားတာက ပတ်ဝန်းကျင်တခုလုံးတိတ်ဆိ တ်နေပြီး မည်သည့်အသံဗလံမှ မကြားရတာပဲ။

“ထူးဆန်းတယ် ဘာလို့ဒီလောက်တိတ်ဆိတ်နေ ရတာလဲ”

တိလုံက ပတ်ဝန်းကျင်ကို အဆက်မပြတ်စစ် ဆေးရင်း ရွာအဝင်နားကိုရောက်လာတော့ လေ ထဲမှာ ညှီစို့စို့အနံ့တွေပါလာတယ်။

“မကောင်းတော့ဘူး”

အထိတ်တလန့်ရေရွတ်ရင်း တိလုံကရွာထဲကို ပြေးဝင်သွားတယ်။ တိတ်ဆိတ်နေတဲ့ ညဦးပိုင်း ကာလကြီးမှာ မြင်းခွာသံက ကျယ်ကျယ်လော င်လောင်ထွက်ပေါ်နေတယ်။

ပိုင်လင်းတို့လည်း တိလုံအနောက်ကလိုက်ဝင် ကြည့်တော့ အိမ်ခြေ၅၀ နီးပါးရှိတဲ့ရွာလေးက အလောင်းတွေနဲ့ ပြည့်နေပြီး အလွန်ဆိုးရွားတဲ့ သေခြင်းတရားကို ရင်ဆိုင်ထားရပုံပေါ်တယ်။ အေးစက်တဲ့ရာသီဥတုကြောင့် အလောင်းတွေ ကတွန့်ကွေးပြီး သွေးတွေကမြေပေါ်မှာ ခဲနေတ ယ်။

ပိုင်လင်းတယောက် ကြက်သီးမွေးညင်းထသွား ရတယ်။ လူရာဂဏန်းရဲ့အလောင်းတွေ လုံးဝ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရပြီးတော့ အချို့ဆိုရင် ခန္ဓာကိုယ်က အစိတ်အပိုင်းအပြ ည့်အစုံတောင် မရှိကြတော့ဘူး။

တိလုံက ရွာအလယ်ရွာသူကြီးအိမ်လို့ထင်ရတဲ့ အိမ်ကြီးဆီသွားလိုက်တယ်။ အိမ်ထဲကိုဝင်ကြ ည့်တော့ ရွာသူကြီးဖြစ်ပုံရတဲ့လူကြီးတဦးက မှောက်လျက် သေဆုံးနေပြီး သူ့ဘေးမှာလည်း ဆယ်ကျော်သက်အရွယ် ကလေးမလေးနဲ့အ မျိုးသမီးတဦးက ပွေ့ဖက်လျက် သေနေတယ်။

စိတ်မခိုင်သူတွေဆိုရင် သတိလစ်သွားနိုင်စေတဲ့ မြင်ကွင်းမျိုးပါပဲ။ ခဏအကြာမှာ မျက်နှာပျက် နေတဲ့ တိလုံက အိမ်ပေါ်ကအလောင်းတွေကိုဆွဲ ချလာပြီး ရွာရဲ့မြေကွက်လပ်ကြီးမှာ မီးရှို့ဖို့စီစ ဥ်တယ်။ ဒီအလောင်းတွေကို မြေမြုပ်တာထက် မီးရှို့တာက ပိုအဆင်ပြေတယ်။

ခရီးရောက်မဆိုက် ပိုင်လင်းတို့လည်းအလုပ်မျာ သွားရပြီး အလောင်းတွေကို ၃ပုံခွဲပြီး မီးရှို့ကြရ တယ်။ အားလုံးပြီးသွားတော့ အချိန်ကညလယ် မရောက်တရောက်ဖြစ်နေပြီ။ ဒါကြောင့် လူစုခွဲ ပြီးနီးရာအိမ်မှာ ဝင်နားဖို့ပြင်တယ်။ တိလုံကအ စောင့်အချို့နဲ့ ရွာသူကြီးအိမ်မှာတည်းလိုက်တ ယ်။ ရိက္ခာတင်ထားတဲ့မြင်းလှည်းကို ခြံဝန်းထဲ ထည့်လိုက်ပြီး လူဆယ့်နှစ်ယောက်စာ ခွဲဝေပေး တယ်။

ပိုင်လင်းက သူ့ဝေစုကိုယူပြီး အတန်ငယ်သပ်ရ ပ်တဲ့ အိမ်ငယ်လေးဆီသွားတယ်။ အိမ်ငယ်လေ က အထဲမှာ မည်သည့်အလောင်းမှမရှိပေမယ့် အပျက်စီးတွေတော့ဖြစ်နေတယ်။ ဒါပေမယ့်တ ညတာနားဖို့ကတော့ လုံလောက်ပါတယ်။

ပိုင်လင်းလည်း အိမ်ရဲ့ဧည့်ခန်းနေရာမှာထိုင်ချ လိုက်ပြီး ရိက္ခာတွေကို စီစဥ်တယ်။ ဒီညအတွက် အသားခြောက်နဲ့ အရွက်အချို့ရောပြုတ်ဖို့စဥ်း စားထားတယ်။

အိမ်ရဲ့ပတ်ပတ်လည်က အပျက်စီးတချို့ရှိနေ ပေမဲ့ ဒီမတိုင်ခင်က အတော်လေးသပ်ရပ်တဲ့နေ အိမ်ဖြစ်မှန်းသိသာပါတယ်။ ပိုင်လင်းလည်းမီး ဖိုချောင်ရှိရာကို သွားပြီး ချက်ပြုတ်ဖို့ပြင်ဆင် တယ်။

အဲ့ဒီချိန်မှာပဲ ပိုင်လင်းရဲ့မျက်လုံးထောင့်နားက နေ လှုပ်ရှားမှုတခု ဖျတ်ခနဲတွေ့လိုက်ရတယ်။ လှည့်ကြည့်တော့ မီးဖိုချောင်ထောင့်က လူတကို ယ်စာ ဗီရိုလေးအောက်ခြေက ကြမ်းခင်းအဖုံး ကဖျတ်ခနဲ လှုပ်ရှားသွားတာဖြစ်နေတယ်။

……………………………………………….

All Chapters