← Chapters

အခန်း (၂၁)

Vol. 2 Ch. 21

အခန်း (၂၁)

Vol. 2 Ch. 21

ပိုင်လင်းရဲ့ကျင့်ကြံဆင့်ကြောင့် အသက်ရှုသံမျှ င်မျှင်လေးကအစ အာရုံခံမိတာမဆန်းချေ။

ပိုင်လင်းက ကြမ်းခင်းနားတိုးကပ်သွားလိုက်တ ယ်။ မူလကဖျတ်ခနဲ လှုပ်သွားတဲ့ ကြမ်းခင်းက တည်ငြိမ်သွားတယ်။

တယောက်ယောက်ရှိနေတာလား။ ဒါမှမဟုတ်

ခြေနှစ်လှမ်းစာအကွာကိုရောက်တော့ ဆတ်ခနဲ ရှေ့တိုးလိုက်ပြီး ကြမ်းခင်းအဖုံးကို ဆွဲခွာလိုက် တော့ ထိတ်လန့်နေတဲ့မျက်ဝန်းအစုံ နှစ်ခု….

အတိအကျဆိုရင် သူနဲ့ရွယ်တူခန့်ရှိတဲ့ အမျိုးသ မီးငယ်လေးတဦးက အသက်၄နှစ်အရွယ်က လေးမလေးကို ကျစ်နေအောင်ဖက်ထားပြီး တ ကိုယ်လုံးတုန်ယင်နေလေတယ်။

သူမရဲ့မျက်ဝန်းအစုံကလည်း ပိုင်လင်းကိုအနူး အညွတ်တောင်းပန် တိုးလျှိုနေပုံရှိပြီး ကလေးမ လေးက ပိုင်လင်းကိုဆတ်ခနဲ မော့အကြည့်မှာ ဝိုင်းစက်နေပြီး မျက်ရည်လေးတွေရွဲနေတဲ့အ ကြည့်က ပိုင်လင်းရဲ့ နှလုံးအိမ်ကိုခပ်ကြမ်းကြမ် ဆွဲခါသွားတယ်။

အစောပိုင်းအချိန် အလောင်းတွေမီးရှို့စဥ်က ကလေးငယ်တွေရဲ့အလောင်းတွေကို ထိကိုင်ရ င်းစိတ်ထဲမကောင်းဖြစ်နေတဲ့ ပိုင်လင်းရဲ့စိတ်က ကလေးမလေးရဲ့ ကြည်လင်ဝိုင်းစက်နေတဲ့ကာ တွန်းဆန်ဆန် ချစ်ရာမျက်ဝန်းတွေနဲ့ ကြုံချိန်မှာ တော့ ပြိုလဲသွားလေပြီ။

ဟူး….

ချီယောင်ဆီက သက်ပြင်းချသံတိုးတိုး ထွက် ပေါ်လာတယ်။

“ကျွန်…ကျွန်မတို့ကို မသတ်ပါနဲ့ရှင်”

အမျိုးသမီးက တိုးညင်းပြီးအားနည်းနေတဲ့လေ သံလေးနဲ့ တောင်းပန်ရှာတယ်။ သူမပုံစံကလည် အစာရေစာပျတ်လပ်ထားလို့ ဖြူဖျော့နေပြီးနား ထင်နဲ့ ပါးနှစ်ဖက်က သိသိသာသာကိုပဲ ချိုင့်နေ တာသတိပြုမိတယ်။ နောက်ပြီး ချစ်စရာကလေ မလေးက သူမအမေကို ပိုင်လင်းအန္တရာယ်ပြုမ ယ်အထင်နဲ့ ကျစ်နေအောင်ဖက်ထားပြီးတော့ ပို င်လင်းကို ခပ်စူးစူးပြန်ကြည့်နေတယ်။

“အပေါ်တက်ခဲ့ပါ ခင်ဗျားတို့ကိုကျတော်ဘာအန္တ ရာယ်မှ မပေးပါဘူး”

ပိုင်လင်းက စိတ်ကိုတည်ငြိမ်အောင်ထားလိုက် ပြီး အတတ်နိုင်ဆုံးနူးညံ့တဲ့အမူအရာနဲ့ ပြုံးပြလို က်တယ်။ အမျိုးသမီးက ပိုင်လင်းကိုစေ့စေ့စပ် စပ်ကြည့်ရင်း တွန့်ဆုတ်နေတယ်။

“လာပါ ဘာမှမစားရသေးဘူးမဟုတ်လား”

ပိုင်လင်းရဲ့နောက်ထပ်စကားက နှစ်ရက်လော က်အစာငတ်နေတဲ့ သမီးဖြစ်သူကို အာရုံကျသွာ ခဲ့ပြီး စိတ်ပိုင်းဖြတ်လိုက်တဲ့ အမူအရာနဲ့အမျိုး သမီးကဦးခေါင်းကို ညိတ်လိုက်တယ်။

“မေမေ…”

ကလေးမလေးက အမေဖြစ်သူကို ဖက်ထားတုန် ပဲ။ တခဏကြာတော့ ပိုင်လင်းလည်းအမျိုးသမီ နဲ့ ကလေးမလေးကို ကြမ်းခင်းအောက်လူတကို ယ်စာပုန်းခိုနေရာကနေ အပေါ်ကိုထုတ်ပေးလို က်တယ်။ သေခြင်းတရားကနေ ဉာဏ်ကောင်း စွာလွတ်မြောက်ခဲ့တဲ့ အမျိုးသမီးလေးက သိသိ သာသာပဲ ထက်မြတ်မယ့်ပုံပါ။

“ခဏစောင့်ပါ ကျတော်စားစရာအချို့ပြင်လိုက် မယ်”

လက်စွပ်ထဲက ခြုံစောင်ကိုထုတ်ပြီး အမျိုးသမီ ကိုကမ်းပေးတယ်။ အမျိုးသမီးက စောင်ကိုသူ မနဲ့အတူ ကလေးမလေးကိုပါ ခြုံပေးလိုက်ပြီး မီးဖိုချောင်ထောင့်တနေရာမှာ ကွေးကွေးတိုးဝေ့ ထိုင်နေတယ်။

ပိုင်လင်းလည်း သက်ပြင်းမောကိုချလိုက်ပြီး ရိက္ခာအတွက် ဝယ်ထားတဲ့ဆန်ကြမ်းကို ချက်ဖို့ ပြင်တယ်။ မူလက အသားပြုတ်ပဲစားဖို့စိတ်ကူး ထားပေမဲ့ ကလေးမလေးနဲ့အမျိုးသမီးရဲ့ပုံစံက အစားမစားရတာ ရက်အချို့ရှိနေပုံပေါ်တော့ ထ မင်းနည်းနည်းစားသင့်တယ်လို့ သူထင်မိတယ်။

မီးဖိုနှစ်ခုစာမွှေးလိုက်ပြီး တခုကိုအသားပြုတ်ရ ည်တည်ပြီး တခုကိုတော့ ထမင်းအိုးတည်တယ် အမျိုးသမီးက ထောင့်တနေရာကနေ ပိုင်လင်ရဲ့ လှုပ်ရှားမှုမှန်သမျှကို အသေးစိတ်ကြည့်ရှုနေပြီး တချက်တချက် တိုးဝင်လာတဲ့ ဆောင်းလေအေ ကြောင့် သူမရဲ့ပိန်ပါးနေတဲ့ ခန္ဓာကိုယ်ကဆတ်ခ နဲ့တုန်ယင်သွားတယ်။

“ဆန်….ဆန်လား”

တိုးညင်းတဲ့စကားသံကြောင့် ပိုင်လင်းလှည့်ကြ ည့်တယ်။

“ဟုတ်တယ် ဒီညအတွက်တော့ ထမင်းနဲ့အသား ပြုတ်ပေါ့ အဆင်ပြေတယ်မဟုတ်လား”

ပိုင်လင်းရဲ့အမေးကို အမျိုးသမီးကခေါင်းညိတ် ပြတယ်။ ကလေးမလေးကတော့ မအေဖြစ်သူရဲ ရင်ခွင်ထဲတိုးရင်း အသားပြုတ်အိုးကအနံ့ကိုခိုး ပြီးရှုနေတယ်။ သူမလေးပုံစံက အတော့်ကိုဆာ လောင်နေဟန်ပါ။

တနာရီနီးပါးကြာတော့ စားစရာကအသင့်ဖြစ် သွားလေပြီ။ ထည့်စားဖို့ တခုခုရှာနေတုန်းအ မျိုးသမီးက ခိုအာလာ လိုသူမကိုတွယ်ကပ်နေ တဲ့ကလေးမလေးကို တဖက်ကချီရင်း ပိုင်လင်း နားတိုးကပ်လာတယ်။

“ကျွန်မ ကျွန်မကူညီပါ့မယ်”

သူမကအိမ်ပိုင်ရှင်ဖြစ်တာကြောင့် ပန်းကန်ခွက် ယောက်တွေထားရာကို သူထက်စာရင်ပိုသိနေ တာပေါ့လေ။ မိနစ်အနည်းငယ်အကြာမှာပဲ ည လယ်စာအသင့်ဖြစ်သွားပြီး အမျိုးသမီးကစား ပွဲပေါ်အစီအရီတည်ခင်းလိုက်တယ်။

မဲညစ်နေတဲ့ဝါးတူလေးတွေ အက်ကွဲနေတဲ့ပန်း ကန်တွေနဲ့ ညလယ်စာကြည့်ရမကောင်းပေမယ့် အမျိုးသမီးနဲ့ကလေးမလေးကတော့ အစားစာ ကို ဂျေးမများနိုင်တော့ပါဘူး။

သူမတို့တွန့်ဆုတ်နေတာကိုတွေ့တော့ ပိုင်လင်း ကခေါင်းညိတ်ပြလိုက်တယ်။

“စားပါ ကုန်ရင်ထပ်ချက်လို့ရတယ်”

အမျိုးသမီးက ခေါင်းညိတ်ပြလိုက်ပြီး ကလေး မလေးကို ထမင်းနဲ့အသားတဖတ် အရင်ခွံ့ပေး တယ်။ နောက်ပြီး သူမလည်းတလုပ်စားရင်း စိ တ်ထိခိုက်သွားပုံရတယ် မျက်ရည်စီးကြောင်းအ ချို့ ဖျော့တော့နေတဲ့ပါးပြင်နှစ်ဖက်ပေါ် စီးကျ လာတယ်။

“ဆန်က အရမ်း…စျေး…စျေးကြီးတယ်”

သူမက တိုးတိုးလေးပြောတယ်။

“ဆန်မစားဖူးဘူးလား..”

ပိုင်လင်းရဲ့တအံ့တသြ အမေးကိုသူမက

“ကျွန်မ ယောက်ကျားရှိတုန်းက တနှစ်ကိုတခါ နှစ်ခါလောက်တော့ ခုလိုဆန်ကြမ်းထမင်းစားဖူး ပါတယ်”

သေချာတာက တနှစ်မှတခါပဲနေမှာပါ။ ဒါတော င်မသေချာဘူးရယ်။ တဖက်မှာကလေးမလေး က မအေဖြစ်သူခွံ့နေတာကို စိတ်မရှည်လာပုံနဲ့ သူမရှေ့က ပန်းကန်ကိုအတင်းဆွဲယူတယ်။

“တန်တန်”

ပိုင်လင်းလည်း လက်ကာပြလိုက်ပြီးတော့ နော က်ထပ်ပန်းကန်လုံး တခုထဲ ထမင်းနဲ့အသားဖ တ်အချို့ထည့်ပေးပြီး ကလေးမလေးရှေ့ချပေး လိုက်တယ်။

“သူ့ဘာသာသူစားတတ်နေပြီပဲ လွတ်လွတ်လပ် လပ်စားပါစေ”

ကလေးမလေးက ပိုင်လင်းကို တချက်မော့ငေး ပြီးနောက် သူမလေးရှေ့ကပန်းကန်ကို ဆွဲယူပြီး အငမ်းမရစားတော့တယ်။ လက်သေးသေးတ ဖက်က ဝါးတူကို ကျင်လည်စွာကိုင်ပြီး တဖက် ကလည်း အသားဖတ်ကိုမလွှတ်တမ်းကိုင်ထား သေးတယ်။

“ကျတော်က ပိုင်လင်းပါ ခင်ဗျားကကော”

ဒါ ရိုးစင်းတဲ့မိတ်ဆက်မှုပဲ..။ ရွာလုံးကျွတ်အသ တ်ခံရတဲ့ အဖြစ်ပျက်ပြီးနောက် သူမတို့ဘာဆ က်လုပ်မလဲဆိုတာ သူစိတ်ဝင်စားနေမိတယ်။

“ကျွန်မက ကျိလင်ပါ ဒါကသမီးလေး တန်တန်”

တန်တန်ကတော့ မအေဖြစ်သူနဲ့ပိုင်လင်းတို့အ ပြန်အလှန်စကားပြောနေတာကို လုံးဝဂရုစိုက် တဲ့ပုံမရှိဘူး။

“ ဒီရွာကဘယ်လိုဖြစ်ရတာလဲ”

ပိုင်လင်းရဲ့ မေးခွန်းကိုကြားတော့ ကျိလင်က စားလက်စ ပန်းကန်ကိုလက်စသတ်လိုက်ပြီး သက်ပြင်းချတယ်။

“လွန်ခဲ့တဲ့ နှစ်ရက်က ရွာထဲကိုကျင့်ကြံသူအချို့ ဝင်လာတယ်”

…………………………………………………

All Chapters