← Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

“ဘာအတွက်လဲ”

“သူ တို့က ၅နှစ်အောက် ကလေးတွေကိုလိုချင် တာလေ သူတို့ပြောတာကတော့ ဒီကလေးတွေ ကနောင်မှာ ထိပ်တန်းပညာရှင်တွေ ဖြစ်လာနိုင် ပြီး ရွာကိုအထောက်ကူပြန်ပေးလိမ့်မယ်တဲ့”

ပိုင်လင်း မျက်မှောက်ကြုတ်လိုက်တယ်။ ဒါက ကလေးသူငယ် ပြန်ပေးဆွဲမှုနဲ့ဆင်ပေမယ့် အဖြ စ်ပျက်က ပိုရက်စက်မယ့်သဘောရှိတယ်။

“အရင်ကလည်း တနှစ်ကို ကလေး၃ယောက် ပေးပေးနေရတာလေ ဒီနှစ်ကျ ရွာသူကြီးကမ ပေးနိုင်ဘူးလို့ ယဥ်ယဥ်ကျေးကျေးငြင်းတာကို သူတို့က ခုလိုတွေလုပ်သွားခဲ့တာပါပဲ”

ကျိလင်က အဖြစ်ပျက်ကို အတိုချုံးပြောပြပေ မယ့် ဆက်စပ်လို့ရနေပါပြီ။ ဒါက တစ္ဆေဂိုဏ်းရဲ့ လက်ချက်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

“မနက်ရောက်ရင် ဘာလုပ်ဖို့တွေးလဲ ရွာကပျက် စီးသွားပြီဆိုတော့ ခင်ဗျားတို့သားအမိဆက်နေ ဖို့အဆင်မပြေလောက်ဘူး တခြားရွာကိုပြောင်း မလား”

“ဟင့်အင်း ဒီရွာသူကြီးက မုန်းချောင်းနားကရွာ ၃ခုလုံးရဲ့အချုပ်ပဲ ဒီရွာတောင်ခုလိုဖြစ်ရင်တခြ ားရွာတွေလည်း မလွတ်နိုင်ဘူး”

“ဒါဆို…”

ပိုင်လင်းတယောက် တိတ်ဆိတ်သွားတယ်။ ဒီ လိုတောတွင်းဥပဒေ ကြီးစိုးတဲ့နေရာကြီးမှာသာ မန်အမျိုးသမီးငယ်လေးအနေနဲ့ ရပ်တည်ဖို့ဆို တာ အင်မတန်ခက်ခဲမှာပါ။

“ကျွန်မ… ကျွန်မ ဘာလုပ်ရမလဲ မသိတော့ဘူး”

ကျိလင်က ပြောရင်းငိုချလိုက်တယ်။

“ခင်ဗျားယောက်ကျားကကော ဘယ်မှာလဲ ဒီအ ဖြစ်ပျက်ကြီးထဲမှာ သေသွားတာလား ဒါမှမဟု တ်ခရီးလွန်နေတာလား”

“သူ..သူက လွန်ခဲ့တဲ့နှစ်တည်းက ဆုံးသွားပါပြီ”

ဟူးးးးးး

အားကိုးရာမဲ့ မုဆိုးမငယ်လေးတယောက်။ သူ လည်းသူမတို့ကို ဘယ်လိုကူညီရမလဲ မသိတော့ ပါဘူး။

“နင်ခေါ်သွားလိုက်..”

ထိုချိန် ချီယောင့်အသံထွက်ပေါ်လာတယ်။

“မဖြစ်နိုင်ဘူး ကျုပ်တောင် နေစရာအိမ်တလုံးမ ရှိတာ သူမတို့ကိုခေါ်သွားရင် အကုန်လုံးအခက် တွေ့ကုန်မှာပေါ့”

ပိုင်လင်းရဲ့တုန့်ပြန်စကားကို ချီယောင်က

“နင်က အဲ့လောက်အသည်းမာလို့လား နောက် ပြီး ဒီတခေါက်နင်ပြလိုက်တဲ့ အရည်အချင်းကို နင့်အလုပ်ကလူတွေ သိမှာပဲ အဲ့ကနေအခွင့်အ ရေးတခုခုရလာမှာပေါ့”

အသည်းမာလို့လား ဆိုတော့ ဘယ်ဟုတ်မလဲ။ သူက ကလေးချစ်တတ်ပြီး ခုလိုသနားစရာသား အမိကို ဒီတိုင်းထားပစ်ဖို့ တွေးရုံနဲ့တောင်နှလုံး ထဲစူးအောင့်နေတာက ရေစက်ပါလာတဲ့သဘော များလားလို့ တွေးနေမိသေးတယ်။

“ဘာမှတွေးမနေနဲ့ ကလေးမလေးက ထူးဆန်း တဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတယ် သူ့ကိုငါ့တပည်အ နေနဲ့ လက်ခံပေးမယ် နင်ကဒီသားအမိနှစ်ယော က်ကိုအတိုင်းအတာ တခုထိစောင့်ရှောက်လိုက်”

ချီယောင်ရဲ့စကားအဆုံးမှာ ပန်းကန်ထဲက ထမ င်းနဲ့အသားပြုတ်ကို လက်စသတ်နေတဲ့ တန်တ န်လေးကို ကြည့်လိုက်တယ်။ ကလေးတွေကအ ပြစ်ကင်းပါတယ်။

အချိန်ခဏ တွန့်ဆုတ်အပြီးမှာတော့ ပိုင်လင်းက ဆုံးဖြတ်ချက်ချလိုက်တယ်။

“ခင်ဗျား ကျတော်နဲ့လိုက်ခဲ့မလား အနည်းဆုံး အသားအစာနဲ့နေစရာတော့ မပူရပါဘူး”

ပိုင်လင်းရဲ့စကားကြောင့် ကျိလင်တယောက် သတိလက်လွတ်ဖြစ်သွားရတယ်။ ဒီချောမော တည်ငြိမ်တဲ့ အမျိုးသားရဲ့မျက်ဝန်းအစုံက ကြ ည်လင်နေပြီး သူမတို့သားအမိကို အမြတ်ထုတ် မယ့်ပုံစံ မရှိပါဘူး။ ဒါပေမယ့်…

“မဖြစ်ပါဘူး လူနှစ်ယောက်တာဝန်ကကြီးတယ် ရှင့်ကို အခက်တွေ့စေလိမ့်မယ်”

အားကိုးရာမဲ့သွားတဲ့မိန်းမသားအဖို့ ဒီရွာလေး ထဲဆက်နေဖို့ မဖြစ်တဲ့အချိန် တစုံတယောက်အ ကူညီပေးလာတာက ဝမ်းသာစရာပါ။ ဒါပေမဲ့ သူမက အတ္တကြီးပြီး တကိုယ်ကောင်းစိတ်များ တဲ့လူမဟုတ်နေဘူး။

“ကျတော်သိပါတယ် ဒါပေမယ့် ဒါကလူနှစ်ဦး ပိုလာတာပဲလေ ပြဿနာကြီးကြီးမားမားမရှိပါ ဘူး”

ပိုင်လင်းက ပေါ့ပေါ့ပါးပါးပဲ တုန့်ပြန်လိုက်တယ် ဖြစ်ချင်ရာဖြစ် သင်းပျံ့ကောင်းကင်မြို့ကိုခေါ် သွားပြီးမှ ငွေအနည်းငယ်ကြိုထုတ်ပြီး အိမ်တ လုံးဝယ်ရမယ်လို့ တွေးတယ်။ သူ့အနေနဲ့ကလဲ ချန်ဟယ်ကုန်သွယ်ရေးဝန်းကြီးထဲ မနေချင်တာ လည်းပါမယ်။

“တန်တန် သမီးလေးကကော ဦးဦးနဲ့လိုက်ချင်ရဲ့ လား”

ပိုင်လင်းက ကလေးမလေးကိုပြုံးပြီးမေးလိုက် တယ်။ ကလေးမလေးက မျက်နှာလေးကိုတဖ က်စောင်းလိုက်ပြီး ချစ်စဖွယ်အမူအရာလေးနဲ့ စဥ်းစားနေပုံဖြင့် အတန်ကြာတဲ့အထိ ငြိမ်သက် နေတယ်။

“ရှင့်အတွက် တာဝန်မကြီးရင် ရှင့်ရဲ့အစေခံအ နေနဲ့ လိုက်ခဲ့ပါ့မယ်သခင်လေး”

ကျိလင်ရဲ့အခေါ်အဝေါ်က ပြောင်းသွားတယ်။

“မုန့်တွေအများကြီးစားရမှာလား”

“ဒါပေါ့ တန်တန်ရ”

“မေမေ့ကိုကော ဦးဦးကရိုက်မှာလား”

“ဟေ..”

တန်တန်ရဲ့ ရုတ်တရက်စကားလုံးက ပိုင်လင်း ကိုဆွံ့အသွားစေတယ်။ ဘယ်လိုတောင်လဲ။

“မဟုတ်ဘူး မဟုတ်ဘူး ဒီဦးဦးက မေမေ့ကိုဘ ယ်တော့မှရိုက်မှာမဟုတ်ဘူး”

ကျိလင်က သမီးဖြစ်သူကို ကမန်းကတန်းဝင် ပြောတယ်။ သူမရဲ့မသိစိတ်ထဲမှာလည်း ဒီအ မျိုးသားငယ်ကို ယုံကြည်နေပြီး သူမတို့သားအ မိအနေနဲ့ လုံခြုံတဲ့ဘဝတခုရနိုင်လိမ့်မယ်လို့ တွေးနေမိတယ်။

“ဟုတ်ပြီ.. အဲ့ဒါဆိုမီးမီးလိုက်မယ်”

စကားတတ်လွန်းတဲ့ ကလေးမလေးကိုကြည့်ပြီး ပိုင်လင်းတယောက် ကြည်နူးသလိုခံစားနေရတ ယ်။ ဒါက ကူးပြောင်းလာပြီးနောက်ပထမဆုံး စိတ်ပိုင်းဆိုင်ရာ ခံစားမှုကောင်းတခုကို ရလိုက် တာဖြစ်တယ်။

“ဒါဆို ဒီညကောင်းကောင်းနားလိုက် မနက်ကျ ရင်ရာသီဥတု အခြေနေကြည့်ပြီး ခရီးထွက်လို့ ရတာနဲ့ ခင်ဗျားတို့သားအမိ ကျတော့်နောက်လို က်ခဲ့တော့”

ပိုငိလင်းရဲ့စကားအဆုံးမှာ ကျိလင်ကချက်ချင် ပဲ ကြမ်းခင်းပေါ်ဒူးထောက်ချလိုက်ပြီး မျက်ရ ည်တွေနဲ့ ပြောလာတယ်။

“ ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး”

“မဟုတ်တာ ထထလိုက် ကျတော့်ကိုသခင်လေး လို့မခေါ်နဲ့ ပိုင်လင်းလို့ပဲခေါ်ပါ”

ကျိလင်က ဦးခေါင်းကိုခါယမ်းလိုက်ပြီး ပိုင်လ င်းရဲ့စကားကို ယတိပြတ်ငြင်းတယ်။

“ရှိစေတော့”

ခဏကြာတော့ ခြုံစောင်အချို့ပေးလိုက်ပြီး အထိတ်တလန့်နဲ့ အိပ်ရေးပျက်ခဲ့ရတဲ့သားအမိ နှစ်ဦးကို သေးကျဥ်းတဲ့အိပ်ခန်းလေးထဲ အနား ယူစေတယ်။ သူကတော့ မီးဖိုချောင်ထဲမှာထိုင် ပြီး မီးဖိုကို အဆက်မပြတ်အောင်ထင်းချောင်း အနည်းငယ်ထပ်ထည့်လိုက်တယ်။

ကံကောင်းတာက ကျိလင်ရဲ့အိမ်မှာ ထင်းက တော့ အပိုအလျှံရှိနေတာပါပဲ။

မနက်ကျရင်တော့ ခေါင်းဆောင်ကိုအကျိုးအ ကြောင်းပြောပြီး ရိက္ခာနည်းနည်းပိုတောင်းရမ ယ်။

………………………………………………….

All Chapters