← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

မနက်၅နာရီလောက်ရောက်တော့ အကျင့်ဖြစ် နေတဲ့ ပိုင်လင်းကဆတ်ခနဲ နိုးလာတယ်။ ညက မီးဖိုချောင်ထဲ ငုတ်တုတ်အိပ်ပျော်သွားတာကို သတိရလိုက်ပြီး ဦးခေါင်းကိုခါယမ်းလိုက်တယ် ပုံမှန်ဆို သူကငုတ်တုတ်အိပ်တတ်တဲ့သူ မဟုတ် ပါဘူး။

မီးသေနေတဲ့ မီးဖိုကို ပြန်မွှေးပြီး အနည်းငယ်ပဲ ရှိတဲ့ ရေကန်ငယ်လေးထဲက ရေကို အိုးတခုထဲ တည့်ပြီးရေနွေးတည်လိုက်တယ်။ ဒီရာသီဥတု နဲ့ ကလေးမလေးကို ကိုယ်လက်သန့်စင်ဖို့က ရေ နွေးနွေးနဲ့မှ အဆင်ပြေမှာပါ။

ပိုင်လင်းတယောက် မီးဖိုချောင်ထဲအလုပ်များ နေစဥ်မှာပဲ လှုပ်ရှားသံအချို့နဲ့အတူ ကျိလင်လဲ မီးဖိုချောင်ထဲဝင်လာတယ်။ သူမကနှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်ထားပုံရှိပြီး မျက်မှာလေးကအန ည်းငယ် ဝင်းနေတယ်။

“ကျွန်မကူညီမယ် သခင်လေး”

“ဒီရေနွေးအိုးရရင် ရေအေးနဲ့ရောလိုက် ကျတော် အဖွဲ့ဆီသွားပြီး မနက်စာအတွက်ရိက္ခာနည်းနည် သွားယူလိုက်ဦးမယ်”

“ဟုတ်ကဲ့”

ပိုင်လင်းလည်း လုပ်လက်စကို လွှဲပေးလိုက်ပြီး ဝတ်ရုံကိုတင်းတင်းဆွဲစေ့ပြီး အိမ်အပြင်ထွက် လိုက်တယ်။ အိမ်လေးရဲ့အပြင်ကိုရောက်တော့ လေကအဆတ်မပြတ်တိုက်နေပြီး ရာသီဥတုက ထင်ထားတာထက်ဆိုးနေတယ်။ မုန်တိုင်းလား။

တိလုံရှိရာ အိမ်ကြီးဆီခပ်သွက်သွက်သွားလိုက် ပြီး အိမ်ကိုရောက်တော့ မော့ပေနဲ့တိလုံက လက် ဖက်ရည်တောင်သောက်နေကြပြီ။

“လာကောင်လေး ဒီမှာလာထိုင်”

တိလုံက လှမ်းခေါ်တယ်။ ပိုင်လင်းကခေါင်းယမ် ပြလိုက်ပြီး

“မထိုင်တော့ဘူး ကျတော့်ဝေစုကိုလာယူတာပါ”

တဆက်တည်း အိမ်လေးထဲက အမျိုးသမီးနဲ့ ကလေးမလေးအကြောင်းကိုပါ ပြောပြလိုက်ပြီး ချိန်မှာတော့ တိလုံကခေါင်းတဆတ်ဆတ်ညိတ် လိုက်ပြီး

“ကောင်းတယ် အသက်ရှင်ကျန်နေသူရှိတော့ ဒီ ရွာကအဖြစ်ဆိုးအတွက် သက်သေရတာပေါ့ ဒါ့ အပြင်လူ့အသက်ကိုကယ်တာက ကောင်းပါတ ယ် သွားသွား အသားခြောက်ကို ငါ့ဝေစုပါယူလို က် ပြီးတော့ မုန့်အချို့ကလေးမလေးအတွက်ပါ ထည့်ယူ”

တိလုံကနားလည်မှုရှိစွာပဲ သဘောတူတယ်။ ဘေးမှာထိုင်နေတဲ့ မော့ပေကလည်း

“ငါ့ဝေစုပါယူသွားလိုက် တရက်စာဝေစုဆိုပေမဲ့ လူနှစ်ယောက်တော့လောက်မှာပါ ရာသီဥတုက လည်း ခရီးချက်ချင်းဆက်ထွက်ဖို့ မဖြစ်နိုင်လို့ ဒီမှာနောက်နှစ်ရက်လောက် နေရလိမ့်မယ်”

ပိုင်လင်းလည်း ခေါသ်းညိတ်ပြလိုက်ပြီး အစော င့်တယောက်နဲ့အတူ ရိက္ခာဝေစုသွားထုတ်လိုက် တယ်။ ကလေးမလေးအတွက် အသင့်စားဆန် မုန့်အချို့ကိုပါ ထပ်ယူလိုက်တယ်။

အိမ်ကိုပြန်ရောက်တော့ အိပ်ချင်မူးတူးဖြစ်နေ တဲ့ကလေးမလေးကို ကျိလင်က ကိုယ်လက်သန့် စင်ပေးနေတာကို တွေ့လိုက်ရတယ်။

“တန်တန်ရေ ဒီမှာသမီးအတွက်မုန့်တွေပါလာတ ယ်”

“မုန့်တွေ…”

တန်တန်က မအေဖြစ်သူရဲ့လက်ထဲကရုန်းပြီး ပိုင်လင်းဆီပြေးလာတယ်။ ပြီးတော့ပိုင်လင်းကို မျက်လုံးရွဲကြီးတွေနဲ့ မော့ကြည့်ပြီး မျှော်လင့် စောင့်စားနေတယ်။

“ဒီဟာက မီးမီးတန်တန်အတွက်ပဲ”

ပိုင်လင်းက ဆန်မုန့်အနည်းငယ်ထုတ်ပေးလိုက် ပြီး မီးဖိုချောင်ထဲဝင်သွားလိုက်တယ်။ ပြီးနော က်ပါလာတဲ့အသားခြောက်ရိက္ခာကို ကျိလင်ဆီ ကမ်းပေးလိုက်တယ်။

“ကျတော်တို့ ဒီရွာမှာနောက်နှစ်ရက်လောက်ထပ် နေရဖို့ရှိတယ် ဒါကြောင့်ရိက္ခာပိုယူလာတယ်မ လောက်ရင်ပြောပါ”

ကျိလင်က သူမလက်ထဲက အသားခြောက်တွေ ကိုကြည့်ပြီး ခေါင်းယမ်းပြတယ်။

“လုံလောက်ပါပြီ ဒါကနှစ်ရက်စာတော့လောက် ငှပါတယ်”

“ကောင်းပြီ အဆင်ပြေသလိုချက်လိုက်ပါ”

ချက်ပြုတ်ရတာကို ပျင်းရိတဲ့ပိုင်လင်းက ကျိလ င်ကို သူ့အိတ်ထဲက ဆားနဲ့ဟင်းခတ်အမွှေးအ ကြိုင်အချို့ထုတ်ပေးလိုက်တယ်။ ထိုအရာတွေ ကိုတွေ့တော့ ကျိလင်က မျက်လုံးပြူးပြီးအံံသြ နေတယ်။ ဆားနဲ့ဟင်းခတ်အမွှေးအကြိုင်ဆို တာက အရမ်းစျေးကြီးတဲ့အရာတွေဖြစ်လို့သူမ တို့လိုရွာကသူတွေ တတ်နိုင်တဲ့အရာမဟုတ်ခဲ့ပါ ဘူး။

ခဏကြာတော့ ဧည့်ခန်းငယ်လေးထဲသွားလိုက် ပြီး အသက်ရှုလေ့ကျင့်ခန်းကို လေ့ကျင့်ရင်းမန က်စာကိုစောင့်နေခဲ့တယ်။ ဓားကွက်လေ့ကျင့်ဖို့ နဲ့ လက်ဝှေ့လေ့ကျင့်ဖို့ကတော့ နေရာအခက်ခဲ ကြောင့် အဆင်မပြေတော့ဘူး။

နာရီဝက်လောက်ကြာတော့ မနက်စာအသင့်ဖြစ် သွားပြီး ကျိလင်က စားပွဲပေါ်တည်ခင်းပြီး ပိုင် လင်းနဲ့အတူ မနက်စာစားတယ်။ ဒါတောင်နော က်မှစားမယ်ငြင်းနေလို့ ပိုင်လင်းကအတင်းခေါ် ခဲ့ရသေးတယ်။

“မြို့မှာ ဘယ်လိုအခြေနေရှိလဲ”

ပိုင်လင်းရဲ့ မလှမ်းမကမ်းမှာထိုင်ပြီး သမီးဖြစ် သူရဲ့ အဝတ်အစားအပြဲလေးတွေကိုချုပ်ရင်း ပိုင်လင်းကိုလှမ်းမေးတယ်။

“နည်းနည်းတော့ ရှုပ်ထွေးနေတယ် ဒါပေမယ့် သာမန်သူတွေအတွက်တော့ အဆင်ပြေပါတယ် ပြဿနာမရှိဘူး”

“သခင်လေးကကော ကျင့်ကြံသူပဲလား”

“ဟုတ်တယ်”

ထိုအရာအတွက် လိမ်ထားစရာအကြောင်းမရှိခဲ့ ပေ။ စိုးရိမ်ရမှာက အဓိကသူလျှိုကို သတ်လိုက် တဲ့တိလုံနဲ့အတူ သူကတော့ တဖက်သူတွေရဲ့ရန် ငြိုးထားခံရမယ့် အခြေနေရှိနေတာပဲ။

…………………………………………………

All Chapters