Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

ရာသီဥတုက တရက်နဲ့တရက်ပိုပိုဆိုးလာခဲ့ပြီး ၃ရက်မြောက်နေ့မှာတော့ ကြည်လင်တဲ့နေရော င်ခြည်ကို ပြန်လည်မြင်တွေ့ခဲ့ရတယ်။

ဒါက ဆောင်းတွင်းမုန်တိုင်းအလွန် အေးခဲဒေသ တွေရဲ့ အခက်ဆဲဆုံးကာလတိုကို ဖြတ်ကျော်ရ ခြင်းဖြစ်မယ်လို့ ပိုင်လင်းထင်ပါတယ်။ နေရော င်ခြည်က ဝါးအိမ်ငယ်အပေါ် ထိုးကျလာပြီးချိန် မှာတော့ ပိုင်လင်းက တည်ငြိမ်တဲ့ခြေလှမ်းတွေ နဲ့ တိလုံရှိရာအဓိကတဲအိမ်ကြီးဆီ ထွက်သွားလို က်တယ်။

ရာသီဥတုသာယာပြီဆိုမှတော့ မြို့တော်ကိုပြန်ဖို့ ပြင်ဆင်ရတော့မယ်လေ။ တဖက်မှာလည်းတိ လုံက အစောင့်တွေကိုအသင့်ပြင်ဆင်ထားခိုင်း ခဲ့ပြီး ဖြစ်တယ်။

“မင်းရောက်လာပြီပဲ”

ပိုင်လင်းကတိလုံကို ရိုရိုသေသေပဲ နှုတ်ဆက်စ ကားဆိုလိုက်တယ်။

“ကျတော်အသင့်ဖြစ်နေပါပြီ”

“ကောင်းပြီ အမြန်ဆုံးပြန်ထွက်ကြရအောင် ငါ့ ဘက်က ခန်းမဆီသတင်းပို့ထားပေမယ့် စိတ်ပူ နေကြမယ်လို့ငါထင်တယ်”

တိလုံက မော့ပေ လှိုချင်းဖုန်းတို့ကိုခေါ်ပြီး မြင်း တွေကိုအသင့်ပြင်ခိုင်းတယ်။ ပိုင်လင်းကတော့ သူ့အတွက်မြင်းတကောင်အပေါ် သားအမိနှစ်ဦး နဲ့အတူသူတို့ရဲ့ အဝတ်အစားတချို့တင်ပေးလို က်ပြီး သူကတော့ တခြားမြင်းတကောင်ကိုယူ တယ်။

ကံကောင်းတာက ကျိလင်က မြင်းမစီးတတ်ပေ မဲ့ ဟန်မပျက်နေတတ်တာကြောင့် ပိုင်လင်းရဲ့ မြင်းက ဘေးနားကနေလိုက်ပါထိန်းကျောင်းရင် နေ့တဝက်အကြာမှာပဲ သူမတို့သားအမိကမြင်း ပေါ်မှာတည်ငြိမ်သွားခဲ့တယ်။

ဒီလိုနဲ့ ရက်တွေကတဖြေးဖြေးကုန်လွန်သွားခဲ့ ပြီး မြို့တော်ကိုပြန်ရောက်ဖို့ခရီးက မိုင်၂၀ ဝန်း ကျင်ခန့်ပဲ ကျန်တော့တယ်။

ချန်ဟယ်ကုန်သွယ်ရေးခန်းမ…

“မျက်နှာလည်းမကောင်းပါလား ဘာဖြစ်လို့လဲ အဖေ”

ချန်ဟယ်က ဖခင်ဖြစ်သူရဲ့ မှုန်မှိုင်းနေတဲ့မျက် နှာကိုကြည့်ပြီး စိုးရိမ်စွာနဲ့မေးတယ်။ ချန်ထန်း ကတော့ တခုခုကိုစိတ်ရှုပ်ထွေးပြီး စိတ်ဓာတ် ကျနေပုံရပါတယ်။

“အစည်းအဝေးရလာဒ်က ဘာတဲ့လဲသခင်ကြီး”

အဓိကအစောင့်၄ဦးကလည်း အစည်းအဝေးကို လိုက်ပါခွင့်မရတာကြောင့် သိလိုနေကြတယ်။

“ငါ့သမီးနှစ်ယောက်နဲ့ လူငယ်သခင်လေးတွေကိ စ္စက ပိုပြီးဖိအားပေးလာတယ်”

“အဖေ…”

ချန်ဟယ်က ဒေါသတကြီးခေါ်လိုက်တယ်။ သူမ အဖေက တွေဝေလွန်းပြီး အရာရာကိုငဲ့ညှာနေ တတ်သူဖြစ်တော့ တဖက်က အလွယ်တကူဖိ အားပေးနေတာဖြစ်ပါလိမ့်မယ်။

“အဖေ ပြတ်ပြတ်သားသား ငြင်းလို့မရဘူးလား”

ချန်ဟယ်ရဲ့အမေးကို ချန်ထန်းက

“မရဘူးသမီး အဖေတို့ရဲ့လုပ်ငန်းချင်းချိတ်ဆ က်ထားမှုအရ ငြင်းပယ်တာနဲ့ခွဲထွက်တယ်လို့ယူ ဆပြီး သူတို့က အဖေတို့ကိုသေချာပေါက်ဒုက္ခ ပေးလိမ့်မယ်”

“လူယုတ်မာတွေ..”

ချန်ရှင်းက သူမရဲ့လက်သီးဆုပ်လေးတွေကိုကျ စ်နေအောင်ဆုပ်ပြီး ဒေါသထွက်နေတယ်။

“အဖေတို့အခြေနေက ဟန်မပျက်ထိန်းထားရုံပဲ ဆိုတာကို သမီးအသိဆုံးဖြစ်မှာ သမီးအမေက လည်းအခုထိ လင်းအိမ်တော်ကနေပြန်မလာနိုင် သေးဘူး အဖေတို့မှာ နောက်ခံမရှိတဲ့အတွက်အ ခုလိုဖိနှိပ်ခံနေရတာပဲ”

ချန်ထန်းက သက်ပြင်းမောကိုချပြီး အဝေးကို ရီ ဝေစွာနဲ့ငေးနေတယ်။ လွန်ခဲ့တဲ့၃နှစ်ကစပြီး တ ဖြေးဖြေး နိမ့်ကျလာတဲ့စီးပွားရေးက အစပိုင်း မှာ အမှားယွင်းမရှိပေမယ့် တဖြေးဖြေးဒါတွေ အားလုံးကို တစုံတရာကဖန်တီးနေတယ်ဆိုတာ သူတိူ့သိလာကြတယ်။ ခက်တာက နောက်ကွယ် ကလူကို ခန့်မှန်းနိုင်ရင်တောင်သူတို့မှာ သက် သေပြစရာမရှိနေဘူး။

“လုပ်ငန်းအများစုကို ပိတ်သိမ်းပြီး အဓိကနေ ရာတွေပဲ ဆက်ဖွင့်ရင်ကော”

ချန်ဟယ်က မေးတယ်။

“အဆင်ပြေတယ် ဒါပေမယ့် အိမ်တော်ရဲ့မိသား စုတွေကို ဘယ်နှနှစ်ထိန်းထားနိုင်မှာလဲ”

အမှန်ပင် နည်းပါးတဲ့အရင်းအမြစ်လမ်းကြောင် က လူနည်းစုကိုသာ ထောက်ပံ့နိုင်ပါလိမ့်မယ်။ ချန်ဟယန်ကုန်သွယ်ရေးကသာ လုပ်ငန်းအများ စုကိုပိတ်သိမ်းလိုက်ရမယ်ဆိုရင် ဂုဏ်သိက္ခာပိုင် အရ ကျဆင်းသွားမှာဖြစ်ပြီး ရေရှည်မှာကျန်အ င်အားစု၃ခုရဲ့ အဆက်မပြတ်ဖိနှိပ်မှုအောက်မှာ ဒီထက်ပိုဆိုးလာဖို့ပဲ ရှိပါလိမ့်မယ်။

ချန်ထန်းကိုယ်တိုင်ကလည်း သူ့ရဲ့အသည်းနှလုံ ဖြစ်တဲ့ သမီးနှစ်ယောက်စလုံးကို မပေးချင်ပေ။ ဒါပေမယ့်… ..

“နည်းလမ်းတော့ ရှိပါလိမ့်မယ် အဖေ”

“ သေချာပေါက်ရှိပါတယ် ဟုတ်တယ်မလား”

ချန်ဟယ်နဲ့ ချန်ရှင်းက အလောတကြီးပြောလာ တယ်။ ချန်ထန်းရဲ့ပြောပြချက်အရ အစည်းအ ဝေးမှာ အင်အားစု၃စုရဲ့ သခင်လေး၃ဦးစလုံးက ချန်ဟယ်ညီအစ်မနှစ်ဦးစလုံးကို ရယူလိုနေပြီး အဲ့အတွက် ပြိုင်ဆိုင်ဖို့တောင်ဝန်မလွယ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားကြတယ်။

ဆိုတော့ ချန်ထန်းအနေနဲ့ သခင်လေး၃ဦးထဲက တဦးကို ရွေးချယ်ပြီး သဘောတူရမှာပဲဖြစ်တ ယ်။

………………………………………………