အခန်း (၂၅)
Vol. 2 Ch. 25
ခန်းမတခုလုံး တိတ်ဆိတ်ပြီးအတွေးကိုယ်စီနဲ့ လေးလံနေကြတယ်။ ဖိအားတွေကပတ်ပတ်လ ည်တိုးလာနေပြီး အစစ်မှန်က ချန်ညီအစ်မကိုရ ယူတာထက်ပိုတဲ့ ကိစ္စတွေရှိနေနိုင်လောက်တ ယ်လို့ သူတို့ကယူဆတယ်။
လင်းမိသားစုနဲ့ပက်သက်ဖို့လား။ ဒါကဖြစ်နိုင် ချေမရှိဘူး။ ဘာလို့လဲဆိုတော့ ချန်သခင်မကြီး ကိုယ်တိုင် လင်းအိမ်တော်ရဲ့စွန့်ပစ်ခံထားရပြီး ယခုပါရမီထူးကဲတဲ့ သမီးနှစ်ဦးကြောင့်သာ လင် မိသားစုခေါင်းဆောင်က လက်ခံတွေ့ဆုံတယ်ဆို တာကို ချန်ထန်းကသိထားပြီးသားပါ။
လက်ခံတွေ့ဆုံတာနဲ့ လက်ခံတာနဲ့ကြားမှာကွာ ခြားချက်တွေရှိပါတယ်။ လင်းအိမ်တော်လို့သိုင် ဘုရင်အဆင့် မိသားစုကသာကူညီရင် သင်းပျံ့ ကောင်းကင်မြို့မှာ ချန်မိသားစုရပ်တည်ဖို့ကအ င်မတန်လွယ်ကူပါတယ်။ ဒါပေမယ့်လင်းမိသား စုခေါင်းဆောင်က ကူညီဖို့ဆန္ဒမရှိပါဘူး။
ထိုစဥ် အိမ်တော်ထိန်းက
“ကျတော့်မှာ အကြံတခုရှိပါတယ် သခင်ကြီး”
ချန်ထန်းရဲ့မျက်လုံးတွေ အရောင်လက်သွားခဲ့ တယ်။ အိမ်တော်ထိန်းက ဉာဏ်ရည်ထက်မြတ် ပြီး တချို့နေရာတွေမှာ သူ့စိတ်ကူးတွေကလည် ထိရောက်တယ်ဆိုတာကို ချန်ထန်းသိထားခဲ့တ ယ်လေ။
“ဘာများလဲ”
ချန်ထန်းရဲ့အမေးကို အိအ်တော်ထိန်းက
“သခင်ကြီးပြောပြပုံအရ လာမယ့်နှစ်ဝက်အတွ င်း ပွက့်လင်းရာသီမှာ စီးပွားရေးလုပ်ငန်းပိုင်ဆို င်မှုတွေ ပြန်လည်ခွဲဝေဖို့နဲ့ သခင်မလေးတို့အတွ က် သတို့သားရွေးချယ်မယ်လို့ ဆိုထားတယ်မ ဟုတ်လား”
“အင်း.. ဟုတ်တယ်”
အကုန်လုံးက အိမ်တော်ထိန်းရဲ့ စကားကိုအ လေးအနက်စောင့်မျှော်နေကြတယ်။
“အရင်ဆုံး သခင်မလေးအစီစဥ်အတိုင်း လုပ်င န်းအချို့ကိုပိတ်သိမ်းပြီး စီးပွားရေးအားလုံးကို စုစည်းလိုက်မယ် ပြီးတော့ အဲ့လုပ်ငန်းကိုလင်း မိသားစုခွဲပိုင်ဆိုင်မှုဆိုပြီး သခင်မကြီးကိုထိန်း ချုပ်ခိုင်းမယ်ဆိုရင်ကော”
အိမ်တော်ထိန်းရဲ့စကားအဆုံး ယန်ရှုက
“အဲ့ဒါက ဘာအကျိုးရှိလာမှာလဲ ငါတို့သခင်မ ကြီးက လင်းမိသားစုရဲ့အသိအမှတ်ပြုမှုကိုခုထိ ရမရ သေချာမသိသေးဘူးလေ နောက်ပြီးလုပ် ငန်းခွဲတခုဖန်တီးတာက နှစ်ဝက်အတွင်းရနိုင် တာမျိုးမှမဟုတ်တာကွ”
ယန်ရှုရဲ့ ဒေါသတကြီးတုန့်ပြန်မှုကို အိမ်တော် ထိန်းကအသာအယာပြုံးပြီး
“သခင်ကြီးစဥ်းစားကြည့်ပါ လင်းမိသားစုခွဲလို့ သက်မှတ်တာက လင်းမိသားစုအသိမှတ်ပြုတာ မပြုတာထက် သခင်မကြီးရဲ့လင်းမိသားစုသွေး သားဆိုတဲ့အချက်ကိုပဲ သုံးတာဖြစ်လို့ ပြဿနာ မရှိနိုင်ပါဘူး အဓိက တဖက်အဖွဲ့တွေက သခင် မကြီးအနေနဲ့ လင်းမိသားစုကအသိမှတ်ပြုတာ ကိုရမရ မသိထားဘူးလေ”
အိမ်တော်ထိန်းရဲ့စကားအဆုံး ချန်ဟယ်က
“ကျွန်မသဘောပေါက်ပြီး အဖိုးပြောချင်တာက လုပ်ငန်းခွဲလို့ အမည်သက်မှတ်ပြီး အမေကထိန် ချုပ်မယ် အဲ့လိုလား”
ချန်ဟယ်က ဝင်ပြောတယ်။
“အမှန်ပဲ အဲ့ဒီမှာ ချက်ချင်းပြန်ရမယ့်အကျိုး ကျေးဇူးနှစ်ခုနဲ့ ရေရှည်ပြန်ရမယ့်အကျိုးကျေး ဇူးတခုဆိုပြီး ရှိတယ်”
“ပြောစမ်းပါဦး ဘာတွေများလဲ”
အိမ်တော်ထိန်းက အသက်ကိုပြင်းပြင်းရှုလိုက် ပြီးတော့ ဆက်ပြောတယ်။
“ပထမအချက်က လင်းမိသားစုခွဲလုပ်ငန်းဆိုပြီး ဖြစ်လာတော့ တဖက်ကအလွယ်တကူဖိနှိပ်ဖို့ခ က်ခဲပြီး သူတို့မှာဆန္ဒရှိရင်တောင် နှစ်ခါပြန်စဥ်း စားရမယ် နောက်တခုက လုပ်ငန်းခွဲတခုခွဲထုတ် ပြီးရင် အဲ့လုပ်ငန်းခွဲခေါင်းစဥ်အောက်ကနေ သ ခင်မလေးတို့ကို ပိုင်ဆိုင်ဖို့ကြိုးစားမယ့်နောက် ထပ်ပါရမီရှင်တဦးကို ကျတော်တို့ဖန်းတီးမယ် ဆိုရင်ကော..”
အကုန်လုံးက အိမ်တော်ထိန်းရဲ့အတွေးကို သေ ချာစဥ်းစားသွားတယ်။ ပြည့်စုံတဲ့အကြံတခုဆို ပေမယ့် ဟာကွက်တွေတော့ရှိနေတုန်းပဲ။
“မင်းပြောတဲ့လုပ်ငန်းခွဲအောက်က ပါရမီရှင်ကို ငါတို့ကနှစ်ဝက်အတွင်း ဘယ်လိုရှာမလဲ ပြီးတော့ တဖက်သခင်လေးဆိုတဲ့ကောင်တွေနဲ့ သဘောမတူချင်လို့ ခုလိုလုပ်တာလေ နောက်ထ ပ်တယောက်ထပ်ဖန်တီးတာက သဘာဝမကျနို င်ဘူး”
ကျန်းထျန်းက ချက်ချင်းတုန့်ပြန့်တယ်။ ဝေမင် ကလည်း ဦးခေါင်းကိုညိတ်လိုက်ပြီး
“သူပြောတာကိုငါထောက်ခံတယ် ဒီမြို့တခုလုံး မှာငါတို့သခင်မလေးနှစ်ယောက်နဲ့ ထိုက်တန်တဲ့ ပါရမီရှင်ဆိုတာ ရှိလို့လား”
အိမ်တော်ထိန်းက
“ဒီလူအိုကြီးမှာ အဲ့အတွက်ဖြေရှင်းနည်းရှိပါတ ယ် လက်ထပ်ဖို့ကိစ္စကို ကိစတွေပြီးမှ ပြန်ဆွေး နွေးလို့ရတယ်လေ ဘာလို့လဲဆိုတော့ လုပ်ငန်းခွဲ ကဖန်တီးထားမယ့်လူငယ်က ငါတို့လူပဲလေ”
“သဘောပေါက်ပြီ ဒါပေမယ့် နှစ်ဝက်ပဲအချိန်ရှိ တာနော်”
ချန်ထန်းက အလိုမကျဟန်နဲ့ပြောတယ်။ နှစ်ဝ က်အတွင်း အရည်အချင်းရှိတဲ့လူငယ်တဦးကိုရ ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
“အဲ့ကိစ္စကိုတော့ သခင်မကြီးပြန်လာမှဆွေးနွေး ကြည့်တာကောင်းပါတယ် သခင်မကြီးလည်း မ ကြာခင်ပြန်လာတော့မှာပဲ”
ယန်ရှုက ဆိုတယ်။
“ဟုတ်တယ် အဖိုးရဲ့အကြံကို အမေပြန်လာရင် ဆက်ပြီး တိုင်ပင်ကြတာပေါ့ လက်ရှိဒီအကြံက အကောင်းဆုံးအနေထားပဲ နောက်ဆုံးအဖေရာ အမေကိုယ်တိုင်ရွေးချယ်ထားတဲ့ လူဆိုရင်သမီး အနေနဲ့ လက်ခံပေးလိုက်ပါ့မယ်”
ချန်ဟယ်က ဆုံးဖြတ်ချက်ချထားဟန်နဲ့ ယတိ ပြတ်ပြောလိုက်တယ်။
နောက်ဆုံးမှာတော့ ပိုင်လင်းတို့အဖွဲ့ မြို့ကိုပြန် ရောက်ရှိလာခဲ့တယ်။ ဒီအကြိမ်ကုန်စည်ပို့ဆော င်မှုကနေ လက်သည်အချို့ကိုသိလိုက်ရပြီး ဝင် ငွေအနည်းငယ်အကျိုးမြတ်ဖြစ်လာတဲ့အပြင် ကျဆင်းနေတဲ့ သိက္ခာပိုင်းအရ ပြန်လည်မြင့်တ က်လာတာကြောင့် အကျိုးဖြစ်ထွန်းတယ်လို့ ယူ ဆနိုင်တယ်။
ဝါး… လူတွေအများကြီးပဲ
တန်တန်လေးက မြင်းပေါ်ကနေတဆင့် လမ်းမ ပေါ်သွားလာနေတဲ့ လူတွေကိုကြည့်ပြီးချစ်စဖွ ယ်အော်ဟစ်နေတယ်။ ကျိလင်ရဲ့မျက်လုံးထဲမှာ လည်း စိတ်လှုပ်ရှားနေတဲ့ အရိပ်ယောင်တွေကို မြင်တွေ့နေရပြီး ဒီအရာက သူမသက်တမ်းတ လျှောက်မြို့ပေါ်ကို ပထမဆုံးရောက်ဖူးတာဖြစ် မယ်လို့ ပိုင်လင်းတွေးမိတယ်။
ဟိုမှာ… အချိုလုံး
မေမေ မေမေ ဒီ ဒီမှာပေါက်စီတွေ…
သူမလေးက တွေ့သမျှစားစရာအားလုံးကိုအဆ က်မပြတ်လက်ညှိုးထိုးနေပြီး ပုံစံကထိုအရာ တွေကို စားချင်နေပုံရပါတယ်။
“မဆူနဲ့သမီး နောက်ရက်ကျ မေမေလိုက်ဝယ် ကျွေးမယ်ဟုတ်ပြီလား”
ကျိလင်က စိတ်မကောင်းခြင်းကြီးစွာနဲ့သူမသမီ ဖြစ်သူကို မာန်မဲလိုက်တယ်။ သူမမှာကြေးပြား အနည်းငယ်တောင်ရှိမနေပါဘူး။ ဒီအတွက်သမီ ဖြစ်သူကို ဘယ်လိုလုပ်ဝယ်ကျွေးနိုင်ပါ့မလဲ။
တန်တန်က မအေဖြစ်သူရဲ့ဆူပူမှုကို ခံလိုက်ရ တော့ နှုတ်ခမ်းလေးဆူပြီး ငြိမ်ကျသွားတယ်။ ထိုအချင်းအရာကို ဘေးကလိုက်ပါနေတဲ့ပိုင်လ င်းကမြင်လိုက်ပြီး ကုန်သွယ်ရေးခန်းမကိုပြန်ရေ က်ပီးမှ ကျိလင်ကိုငွေအနည်းငယ်ပေးထားရမ ယ်လို့ တွေးလိုက်တယ်။
အချိန်အနည်းငယ်ကြာတော့ ချန်ဟယ်ကုန်သွ ယ်ရေးဆီရောက်လာတယ်။ အစောင့်အချို့ထွ က်လာပြီး မြင်းတွေကို ဆွဲခေါ်သွားတယ်။ တိလုံ က ပိုင်လင်းတို့ကိုခေါ်ပြီး အဓိကနေရာဖြစ်တဲ့ ချန်ဟယ်အိမ်တော်ရဲ့ ခန်းမကိုဦးဆောင်ခေါ်သွာ ခဲ့ပြီး ကျိလင်တို့သားအမိကိုတော့ ပိုင်လင်းနေ တဲ့အိမ်ဆီ အစောင့်တဦးအကူညီနဲ့ သွားရောက် အနားယူစေတယ်။
“ဝင်ခဲ့ပါ”
ခန်းမအတွင်းက စကားသံထွက်လာပြီး ခန်းမ ထဲ ချန်သခင်ကြီးရှိနေပုံရပါတယ်။ ပိုင်လင်းတို့ အထဲရောက်တော့ ထင်ထားတဲ့ချန်သခင်ကြီးအ ပြင် အစောင့်အရှောက် ၄ဦး အိမ်တော်ထိန်းနဲ့ ချန်ညီအစ်မတို့ကို တွေ့လိုက်ရတယ်။
ချန်ရှင်းက ဝင်လာတဲ့တိလုံတို့ကို စပ်စုသလိုကြ ည့်နေခဲ့ပြီး သူမလေးရဲ့အကြည့်တွေက ပိုင်လင် ဆီအရောက်မှာတော့ မိနစ်အနည်းငယ်စူးစိုက် ကြည့်နေခဲ့တယ်။ ပိုင်လင်းရဲ့သွင်ပြင်က ခြားနာ ပြီး အရပ်မြင့်မြင့်အသားလတ်လတ်နဲ့ ဆံပင်တို တိုကြောင့် ပေါ်လွင်ထင်ရှားတဲ့မေးရိုးတွေ မျက် ခုံးထူထူတွေနဲ့ တည်ငြိမ်ပြီးကြည်လင်နေတဲ့မျ က်ဝန်းအစုံက ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတဲ့ အမျိုးသားတဦးအသွင် ဆောင်နေတယ်။
“ပြန်ရောက်ပါပြီ သခင်ကြီး”