← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

တိလုံက လမ်းခရီးတလျှောက် တွေ့ဆုံရတာကို ပြန်ပြောပြနေခဲ့ပြီး ထိုအထဲမှာ သတင်းပို့ဆောင် ရေးမှတဆင့် မပြောလိုက်တဲ့အကြောင်းအရာ အသေးစိတ်တွေအကုန် ပါဝင်ပါတယ်။

နာရီဝက်ခန့်ကြာတော့ ချန်ထန်းက

“ကောင်းပြီ မင်းတို့လည်း ပင်ပန်းသွားကြပြီဆို တော့ ပြန်ပြီးအနားယူလိုက်ပါ မင်းတို့အတွက် ဆုလာဘ်ကိုမနက်ဖန်မနက် တိလုံလာပို့ပေးလိမ့် မယ်”

ပိုင်လင်းတိုကလည်း ချန်ထန်းရဲ့စကားဆုံးတာနဲ့ ခန်းမထဲသူတို့အတွက် လုပ်စရာမရှိတော့တာ ကြောင့် ပြန်ထွက်လာခဲ့တယ်။ တိလုံကတော့ ကျန်နေခဲ့တယ်။

ပိုင်လင်းသူ့အိမ်ကိုပြန်ရောက်တော့ ကျိလင်က တအိမ်လုံးကိုသန့်ရှင်းရေး လုပ်နေခဲ့ပြီး တန်တ န်က အိမ်ထဲပတ်ပြေးပြီး ဆော့ကစားနေခဲ့တယ် လက်ရှိပိုင်လင်းနေတဲ့အိမ်က အရင်သူမတို့နေခဲ့ တဲ့ဝါးအိမ်လေးထက် အများကြီးသာလွန်ပါတ ယ်။

ပိုင်လင်းဝင်လာတာကိုတွေ့တော့ ကျိလင်ကနဖူး ပေါ်ကချွေးစက်တွေကို လက်ခုံနဲ့သုတ်ပြီး ပိုင် လင်းကိုနှုတ်ဆက်တယ်။

“ပြန်ရောက်ပြီလား ကျွန်မလည်း အိမ်မှာရှုပ်ပွ နေတာတွေ့လို့ နည်းနည်းကူရှင်းနေတာပါ”

ပိုင်လင်းက ခေါင်းညိတ်ပြလိုက်ပြီး ထိုင်ခုံမှာဝင် ထိုင်လိုက်တယ်။ သူတားလည်း သူမကလုပ်မှာ ပဲဆိုတာကို သူသိတာပေါ့။

“နောက်ဆို သန့်ရှင်းရေးတွေလုပ်မနေပါနဲ့ အဆ င်ပြေသလိုနေလို့ရပါတယ်”

“မဟုတ်တာ ကျွန်မက သခင်လေးရဲ့အစေခံပဲ ဒီလောက်တော့လုပ်ပေးရမှာပေါ့”

ပိုင်လင်းလည်း ဦးခေါင်းကိုသာခါယမ်းလိုက် တယ်။ ခေတ်သစ်ကလာတဲ့သူ့အတွက် သခင် လေးနဲ့အစေခံသဘောတရားကို လက်ခံချင်တဲ့ စိတ်မရှိပါဘူး။

“ ဒီအိမ်မှာ အခန်းတခုရှိတယ် အစ်မကျိလင်တို့ သားအမိအိပ်ပါ မနက်ကျရင် ခေါင်းဆောင်လာ တဲ့အခါ အစ်မတို့သားအမိအတွက် တခုခုစီစဥ် ပေးဖို့အကြံတောင်းကြည့်ပေးမယ်”

“ဟုတ်ကဲ့”

ပိုင်လင်းက စကားအနည်းငယ်ပြောပြီး ရေချိုး ဖို့ထွက်သွားတယ်။ ကျင့်ကြံသူဖြစ်လာပေမယ့် ကိုယ်လက်သန့်စင်တာကတော့ ပိုင်လင်းမမေ့မ လျော့လုပ်ချင်နေတုန်းပဲ။

ထိုနေ့က ပိုင်လင်းပေးတဲ့ရိက္ခာအနည်းငယ်ကို ကျိလင်ကချက်ပြုတ်ပြီး သုံးယောက်သားညစာ စားလိုက်ကြတယ်။ ကျိလင်ရဲ့လက်ရာကထိပ် တန်းအဆင့်နီးပါးပါပဲ။ ခရီးပန်းလာတာကြောင့် ကျင့်ကြံဖို့ ဆန္ဒမရှိတော့ပဲ အိပ်ရာခပ်စောစောပဲ ဝင်လိုက်တော့တယ်။

နောက်တနေ့မနက် ၅နာရီလောက်မှ ပိုင်လင်းနိုး လာတယ်။ ညက အိမ်ရှေ့ခန်းမှာပဲ အိပ်လိုက်ရ တယ်။ ကိုယ်လက်သန့်စင်နေချိန်မှာ ကျိလင်နိုး လာပြီး မနက်စာအတွက်ပြင်ဆင်ပေးတယ်။

သူတို့မနက်စာစားနေတုန်း တိလုံတယောက်ပိုင် လင်းဆီရောက်လာတယ်။

“အို အစောကြီးနိုးနေတာပါလားကွ”

ပိုင်လင်းလည်း တိလုံကိုနှုတ်ဆက်လိုက်ပြီးနေ ရာပေးလိုက်တယ်။

“ဒီဟာက မင်းအတွက်ဆုလာဘ်ဖြစ်တဲ့ ငွေစ၅၀၀ ပြီးတော့ ချီစုဆောင်းတဲ့ဆေး ၃လုံး”

“ချီစုဆောင်းတဲ့ ဆေး၃လုံးဟုတ်လား”

ငွေစ၅၀၀က များပြားတဲ့အပြင် ဆေးလုံးပါပေး မယ်လို့ပိုင်လင်း မထင်ထားပါဘူး။ ပိုင်လင်းက

“ခေါင်းဆောင်ကို ကျတော်တခုပြောစရာရှိလို့”

ပိုင်လင်းရဲ့စကားအဆုံး တိလုံက ကျိလင်တို့သာ အမိကိုတချက်ကြည့်လိုက်ပြီး

“သူမတို့အတွက်လား ငါသခင်ကြီးကိုပြောပြခဲ့ ပြီးပြီ သခင်ကြီးကမင်းအတွက် ရွေးချယ်စရာ နည်းနည်းပြောပြလိုက်တယ်”

“ဘာတွေများလဲဗျ”

တိလုံက ပိုင်လင်းကိုစေ့စေ့ကြည့်ပြီး

“သခင်ကြီးကပြောတယ် သူမတို့သားအမိကို သခင်မလေးအတွက် ပေးချင်လည်းရတယ် ဒါမှမဟုတ် မင်းခေါ်ထားမယ်ဆိုရင်လည်း သဘောတူပါတယ်တဲ့ ဒါပေမယ့်လက်ရှိနေတဲ့ အိမ်က မင်းတို့နေဖို့ကျဥ်းလွန်းတဲ့အတွက် အိမ် အသစ်တော့လိုလိမ့်မယ်”

တိလုံရဲ့စကားကြားတော့ ကျိလင်ကထိတ်ခနဲ ဖြစ်သွားပြီး ပိုင်လင်းကိုစိုးရိမ်တကြီးမော့ကြည့် လာတယ်။ သူမက တခါမှမမြင်ဖူးတဲ့ သခင်မ လေးရဲ့အစေခံဖြစ်ဖို့ ဆန္ဒရှိပုံမရပါဘူး။ သူမရဲ့ အတွေးကိုသိနေတဲ့ ပိုင်လင်းက သူမကိုနှစ်သိမ့် သလိုတချက်ပြုံးပြလိုက်ပြီး

“အစ်မကျိလင်က အစေခံမဟုတ်ပါဘူး ဒါကြောင့် သူမတို့သားအမိကို ပေးဖို့ကမဖြစ်နိုင် ဘူး ကျတော်အိမ်တော်အပြင်မှာပဲ အိမ်တလုံး ဝယ်လိုက်ပါ့မယ်”

ကျိလင်ကို ချန်သခင်မလေးဆီမပေးရင် အိမ် တော်ကထောက်ပံ့ပေးထားတဲ့အိမ်မှာ ဆက်နေ ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

“ဟားးးး မင်းအဲ့လိုပြောမယ်ဆိုတာ ငါသိပြီးသာ ပါ ဒီအတွက်လည်း ချန်သခင်ကြီးကမင်းနေဖို့ အိမ်တလုံးရောင်းပေးမယ်လို့ ငါ့ကိုပြောခိုင်းလို က်တယ် အိမ်ရဲ့တန်ဖိုးကိုတော့ မင်းရတဲ့လစာနဲ့ ဆုလဘာ်ထဲက အရစ်ကျပြန်နှုတ်မယ်ပေါ့ကွာ”

ပိုင်လင်းထိုအခါမှ သက်ပြင်းချလိုက်တယ်။ ကျိ လင်ကိုမပေးလိုက်ချင်ပေမယ့် အပြင်မှာအိမ်ဝ ယ်ဖို့က အပြောထက်အလုပ်က ပိုခက်မယ်ဆို တာကိုသူတွက်ထားပြီးသားပါ။ မြို့တော်ကအိ မ်စျေးဆိုတာက အနိမ့်ဆုံးထောင်ဂဏန်းကစနိင် တယ်မဟုတ်လား။

“ကောင်းပြီ အဲ့ဆိုမင်းအတွက်ပေးမယ့်အိမ်ကို သခင်ကြီးက ငွေစ၃၀၀၀နဲ့ စျေးဖြတ်လိုက်တ ယ် ဒီအခေါက်ထဲကမနှုတ်ထားဘူး နောက်အ ကြိမ်တွေကျ ထက်ဝက်ကိုနှုတ်ယူထားလိမ့်မ ယ် အဆင်ပြေလား”

“အဆင်ပြေပါတယ် ဒါနဲ့ အိမ်ကဒီနေရာနဲ့ဝေး လား”

ပိုင်လင်းရဲ့အမေးကို တိလုံက

“သိပ်မဝေးဘူး မြို့အလယ်မှာပဲ အရင်ကဆိုင်ခ န်းဖွင့်ထားတဲ့နေရာဆိုတော့ နေရာကောင်းလို့ ပြောနိုင်တယ်”

ထိုသို့နှင့် အိမ်အသစ်ကိစ ငွေပေးချေဖို့ကိစကို ဆွေးနွေးခဲ့ကြပြီး အချိန်တန်တော့ တိလုံလည်း ထွက်ခွာသွားတယ်။ ပိုင်လင်းတို့အနေနဲ့အိမ်အ သစ်ကိုတပတ်အတွင်း ပြောင်းလို့ရတယ်ဆိုတဲ့ အကြောင်းလည်း တပါတည်းအသိပေးသွားခဲ့ တယ်။

“ကေျးဇူးတင်ပါတယ် သခင်လေး”

ကျိလင်က ပိုင်လင်းကိုမျက်ရည်ဝဲနေတဲ့အကြ ည့်နဲ့ ဆိုတယ်။ သူမစိတ်ထဲပိုင်လင်းကသာသူမ တို့သားအမိရဲ့အသက်နဲ့ဘဝကို ပိုင်ဆိုင်သူလို့မှ တ်ယူထားပုံပါပဲ။

“မဟုတ်တာ ဒါက ကျတော်လုပ်ပေးရမှာပါ ဒါနဲ့ ဒီမှာငွေစ၅၀၀ ဒီနေ့ကစပြီး အိမ်ရဲ့ဝင်ငွေထွက် ငွေအကုန်လုံး အစ်မပဲတာဝန်ယူတော့ အခုတန် တန်နဲ့အစ်မတို့ ရေချိုးလိုက်ဦး ခနနေလိုအပ်တဲ့ ပစ္စည်းအချို့ထွက်ဝယ်ကြတာပေါ့”

ပိုင်လင်းက ငွေစ၅၀၀ ကိုပေးလိုက်တယ်။ ကျိ လင်ကသူမတဘဝလုံး ဒီလောက်များတဲ့ငွေပ မာဏကို မကိုင်ဖူးတာကြောင့် သူမလက်တွေက တုန်ယင်နေပြီး မတော်တဆ ပျောက်သွားမည် ကိုစိုးရိမ်နေတဲ့အလား ချက်ချင်းပဲ ငွေအိတ်ထဲ ပြန်ထိုးထည့်လိုက်တယ်။

မနက်စာစားပြီးတော့ ပိုင်လင်းက ခြံဝန်းထဲ ဓား ကွက်ကို လေ့ကျင့်နေပြီး တဆက်တည်းလက် ဝှေ့ပညာကိုလည်း ကျွမ်းကျင်အဆင့်ပြည့်စုံတဲ့ အထိရောက်အောင် အဆက်မပြတ်လေ့ကျင့်နေ ခဲ့တယ်။

နောက်ထပ်နာရီအချို့ ကြာပြီးနောက်မှာ ကျိလ င်တို့သားအမိနှစ်ယောက် ထွက်လာတယ်။ ပိုင် လင်းက သားအမိနှစ်ဦးကိုခေါ်ပြီး မြို့အလယ် ကစျေးဆိုင်တွေဆီ လိုက်ပြပေးတယ်။

ငွေစ ၅၀၀ ဆိုတာက အတော်လေးများတဲ့ပမာ ဏဖြစ်ပြီး အိမ်အသစ်အတွက်လိုအပ်တဲ့ပရိ ဘောဂ သားအမိနှစ်ဦးအတွက် အဝတ်အစားနဲ့ တချို့အသေးသုံးပစ္စည်းဝယ်လိုက်တာတောင်မှ ငွေစ၂၀၀ မကျော်ပါဘူး။

တန်တန်လေးက ပိုင်လင်းလက်ပေါ်ကနေတဆ င့် တွေ့သမျှစျေးသည်တွေဆီက မုန့်တွေအကုန် ဝယ်စားနေခဲ့ပြီး သာယာတဲ့ရယ်မောသံလေး တွေကြောင့် လမ်းသွားလမ်းလာတွေအကုန်လုံး ကလည်း ပိုင်လင်းတို့ကို ကြည့်သွားကြတယ်။

“တန်တန်ကတော့ အလိုလိုက်တဲ့သခင်လေးနဲ့ တွေ့တော့ ဆိုးနေတာပဲ”

ကျိလင်တယောက် စိတ်မသက်မသာဟန်နဲ့ ဦး ခေါင်းကိုခါယမ်းရင်း သက်ပြင်းချလိုက်တယ်။ ပိုင်လင်းက ကလေးချစ်တတ်ပြီး တန်တန်ကလဲ တကယ်ကို မြင်သူတိုင်းချစ်စေမယ့် ချစ်မွှေးပါ တဲ့ကလေးမလေးဖြစ်နေတယ်လေ။

……………………………………………….

All Chapters