အခန်း (၂၇)
Vol. 2 Ch. 27
ထိုရက်သတ္တပတ်တွေမှာ ကုန်စည်ပို့ဆောင်ရေး မရှိတာကြောင့် ပိုင်လင်းတို့အနားရနေခဲ့ပြီး တဖ က်မှာလည်း ပိုင်လင်းက ကျိလင်တို့သားအမိကို ခေါ်ပြီး အိမ်အသစ်ကိုပြောင်းရွှေ့ကြတယ်။
အိမ်အသစ်က ခြံဝန်းတင် မီတာ ၅၀၀နီးပါးအ ကျယ်ရှိပြီး အိမ်ကလည်းအောက်ထပ်မှာဆိုင်ခ န်းပုံစံ ဟောခန်းကျယ်ရှိပြီး အပေါ်ထပ်မှာအိပ် ခန်း၃ခန်းပါတဲ့ လူနေအိမ်ပုံစံပါ။
အိမ်အသစ်ပြောင်းနေတဲ့ရက်တွေမှာ မော့ပေနဲ့ လျှိုချင်းဖုန်း ရှန်ယုတို့ လာကူညီကြပြီး ကျင့် ကြံရေးနဲ့ပက်သက်တာအပြင် အခြားအကြောင် အရာအများစုကိုလည်း ဆွေးနွေးဖြစ်ကြတယ်။
“မြို့တော်က လူစိမ်းအဝင်အထွက်ပိုများလာတ ယ်လို့ ငါထင်တယ်”
လျှိုချင်းဖုန်းက စကားစတယ်။
“အမှန်ပဲ သခင်လေး၃ဦးနဲ့ ငါတို့သခင်မလေးနှစ် ဦးသတင်းတွေကလည်း ပွထနေတာပဲလေ”
ရှန်ယုက ဝင်ရောက်ပြောဆိုတယ်။
ပိုင်လင်းက
“သူ တိူ့က ဘယ်လိုတွေတောင်ဖိအားပေးနေလို့ ချန်သခင်ကြီးက သမီးနှစ်ဦးစလုံးနဲ့ သဘောတူ ပေးရတာလဲ”
ပိုင်လင်းရဲ့အမေးကို မော့ပေက
“မင်းမသိဘူးလား အပြင်လူတွေအမြင်မှာချန် ဟယ်ကုန်သွယ်ရေးက လည်ပတ်နေသေးတယ် ဆိုပေမယ့် မင်းအခုနေတဲ့အိမ်က ဆိုင်ခန်းတခု ဖြစ်ပြီးတော့ ပိတ်လိုက်ရတာပဲကြည့်”
“စီးပွားရေး ကျဆင်းသွားတာလား”
“ဟုတ်တယ် အဲ့ဒါလည်းပါတယ် အဓိက ချန်သ ခင်ကြီးဖခင်ဖြစ်တဲ့ ဘိုးဘေးက သိုင်းဘုရင်အ ဆင့်ကိုချိုးဖြတ်ဖို့ ပြင်ပလောကကိုထွက်သွား တာ ပြန်မလာတော့ဘူးလေ ဘာသတင်းမှလဲမ ကြားရတော့ သိုင်းဘုရင်အရှိန်အဝါမရှိတဲ့မိသာ စုက တဖြေးဖြေးကျဆင်းလာရတာပေါ့”
သဘောတရားကအင်မတန်ရှင်းပါတယ်။ အရင် ကအဆင့်တူဘိုးဘေးတွေ ကိုယ်စီရှိထားရာက ချန်သခင်ကြီးရဲ့ဖခင်မရှိတော့ လွှမ်းမိုးနိုင်စွမ်း ကျဆင်းသွားပြီး ပြိုင်ဘက်တွေကဖိနှိပ်ဖို့ကြိုး စားလာတော့တာပေါ့။
“အင်း.. ချန်ဟယ်လုပ်ငန်းက အခွံသာသာဆိုပေ မဲ့ ဆင်ပိန်တော့ ကျွဲလောက်ဆိုသလိုပေါ့ လင်းမိ သားစုနောက်ခံကလည်း ရှိနေသေးတော့ပေါ့ သေးသေးဘယ်ဟုတ်ပါ့မလဲ”
လျှိုချင်းဖုန်းက တွေးတွေးဆဆ ဝင်ပြောတယ်။
“ဟက် လင်းအိမ်တော်က ချန်သခင်မကြီးကို မြေးနှစ်ယောက်မျက်နှာနဲ့ လက်ခံတွေ့ဆုံတာက လွဲပြီးခုထိ ဘာအကူညီမှလူသိထင်ရှားမပေးဘူ ခုတခေါက် သခင်မကြီးသွားတာကလည်း ဒီဖိ အားတွေကိုတုန့်ပြန်ဖို့ တစုံတရာ အကူညီသွား တောင်းတဲ့သဘောပဲ”
မော့ပေက ဆိုတယ်။
“သြော်.. အဲ့ဒါကြောင့်ဟိုတခေါက်က သခင်မ ကြီးကိုမတွေ့တာကိုး”
“ဟုတ်တယ် ဒါပေမယ့် သန်ဘက်ခါလောက်ပြန် ရောက်မယ်လို့ကြားတယ် တခုခုသတင်းထူးပါ လာလောက်မှာပါ”
ပိုင်လင်းတယောက် ထိုအရှုပ်ထွေးတွေကိုစိတ်မ ဝင်စားပါဘူး။ ဒါပေမယ့် လက်ရှိသူဌေးဖြစ်တဲ့ ချန်ဟယ်ကုန်သွယ်ရေးက အခက်ခဲဖြစ်နေချိန် စွန့်ခွာသွားဖို့လည်း စိတ်ကူးမရှိချေ။
“လက်ဖက်ရည်လေး သုံးဆောင်ပါဦး”
ကျိလင်က လက်ဖက်ရည်အိုးနဲ့ပန်းကန်လုံးအ ချို့ယူလာပြီး စားပွဲပေါ်တင်ပေးတယ်။ ရက်အ နည်းငယ် အစားအသောက်ဝဝလင်လင်စားခဲ့ရ ပြီး ဘာအန္တရယ်မှမရှိတဲ့အနေထားမှာ နေလာရ တော့ သူမရဲ့ပုံစံက အနည်းငယ်ပြည့်ဖြိုးလာပြီး အမျိုးသမီးတဦးရဲ့ အလှတရားအချို့တောင် ထွက်ပေါ်လာခဲ့တယ်။
“ကေျးဇူးတင်ပါတယ် အစ်မကျိလင်”
ပိုင်လင်းက မော့ပေတို့အတွက် ရေနွေးငှဲ့ပေးရင် စကားဆက်တယ်။
“လက်ရှိ ချန်ဟယ်ကုန်သွယ်ရေးလုပ်ငန်းက သူ တို့ရဲ့ဆိုင်ခန်းဘယ်လောက်များ ပြန်သိမ်းလိုက် တာလဲ”
“၇၅ ရာခိုင်နှုန်း”
မော့ပေက ပြန်ဖြေတယ်။
“မနည်းဘူးပဲ ဒါက ဒေဝါလီခံလုနီးပါးမဟုတ်နေ ဘူးလား”
ပိုင်လင်းတယောက် မှင်သက်သွားတယ်။
“သူ တို့မှာ တခြားအကြံစည်ရှိနေပုံပဲ သခင်မ ကြီးပြန်လာတဲ့အခါကျမှ သူတို့ဘာစိတ်ကူးရှိလို့ လုပ်တာလဲဆိုတာ သိနိုင်လိမ့်မယ်”
“ပန်းတရာဂိုဏ်းအကြောင်း ဘာသိလဲ”
ရှန်ယုက ရုတ်တရက်ဝင်မေးတယ်။ မော့ပေက
“မသိဘူး လက်ရှိချန်ဟယ်ကုန်သွယ်ရေးကို ပြ ဿနာရှာနေတဲ့ အင်အားစုတွေထဲမှာ ပန်းတရာ ဂိုဏ်းလည်းပါတယ်လို့တော့ ကြားတယ်”
“အဲ့ဂိုဏ်းက အရမ်းလျှို့ဝှက်တာ ရတနာဂိုဏ်းနဲ့ မတူဘူး”
ရတနာဂိုဏ်းဆိုမှ ထျန်းနင်တို့တောင်ဘယ်လို အခြေနေဖြစ်နေမလဲ သိချင်သွားတယ်။ အပြင် စည်းတပည့်ဖြစ်သွားတာက အနည်းဆုံးအသ က်ရှင်ရပ်တည်ဖို့တော့ ရသွားကြမှာပါ။
“ဒါနဲ့ မင်းက နှံနှံစပ်စပ်ရှိတဲ့သူဆိုတော့ ငါအကူ ညီတခုတောင်းချင်တယ်”
ပိုင်လင်းက ပြောတယ်။
“ပြောကြည့်လေ ငါတတ်နိုင်တယ်ဆိုကူညီပေး မှာပါ”
မော့ပေရဲ့စကားအဆုံး ပိုင်လင်းက
“ရတနာဂိုဏ်းမှာ ငါ့သူငယ်ချင်းနှစ်ယောက်ရှိတ ယ် ထျန်းနင် ထျန်းချင်တဲ့ သူတို့ကိုအဆက်သွ ယ်လုပ်ချင်တာ ဖြစ်နိုင်လား”
“အင်း… မခက်ပါဘူး ငါကြိုးစားကြည့်ပေးမယ် မင်းဆီကိုသူတို့ဆက်သွယ်ရင် ရပြီမလား”
“ရပြီ”
တနေကုန် လေများပြီးတဲ့နောက်မှာတော့ မော့ ပေတို့ပြန်ထွက်သွားတယ်။ ပိုင်လင်းလည်း ကျိ လင်ချက်ထားတဲ့ ညစာကိုခပ်သောစောစားလို က်ပြီး နောက်ရက်ကျ ကုန်သွယ်ရေးခန်းမကိုတ ချက်သွားကြည့်ရမယ်လို့ တွေးတယ်။ အဓိက ဆေးပင်အချို့ ဝယ်ချင်တာပါ။
“အာ… ငါ့မှာဆေးလုံး၃လုံး ရှိနေတာပဲ တလုံးကို လေ့လာဖို့ထားပြီး ကျန်တဲ့နှစ်လုံးကိုသုံးရမယ်”
ပိုင်လင်းလည်း ဆေးလုံးတွေကို သတိရသွားခဲ့ ပြီး ညစာစားပြီးတာနဲ့ အိပ်ခန်းထဲတန်းဝင်သွား တယ်။
“ဒီ ဆေးလုံးတွေက တိုက်ရိုက်သုံးလို့ရလား”
ပိုင်လင်းရဲ့အမေးကို ချီယောင်ကအေးစက်စက် လေသံနဲ့
“ရတယ် ဆေးလုံးသောက်ပြီးတာနဲ့ ဆေးစွမ်းကို ခန္ဓာကိုယ်က အလင်းမှတ်တွေဆီ ဖြတ်ပြီးစီးဆ င်းစေလိုက်”
“ကောင်းပြီ”
ပိုင်လင်းက ပထမဆေးလုံးကို ထုတ်သောက်လို က်တယ်။ ဆေးလုံးက ဝမ်းဗိုက်ထဲ ဆင်းသွားပြီ ပူနွေးတဲ့ချီစီကြောင်းက အလင်းမှတ်၇ခုလုံးကို ဖြတ်သန်းသွားတယ်။ ပိုင်လင်းက ဒုတိယအလ င်းမှတ်ပဲ ပွင့်သေးတာပါ။
ခန္ဓာကိုယ်တခုလုံး ရေနွေးစိမ်ထားသလိုပူနွေး ပြီး တတိယအလင်းမှတ်က စတင်လင်းလက် လာတယ်။ ပြီးတော့ အဆင့်၅ လက္ခဏာဖြစ်တဲ့ စိတ်စွမ်းအင် တရိပ်ရိပ်တိုးလာပြီး ထိုအရာတွေ အားလုံးက ချီစီးကြောင်းကနေ ပြောင်းလဲသွား တာတွေပါ။
……………………………………………..