အခန်း (၂၈)
Vol. 2 Ch. 28
ချီယောင်က လက်စွပ်လေးထဲကနေပြီး ပိုင်လင် တယောက် ဆေးလုံးအစွမ်းစုတ်ယူနေတာကို သေချာကြည့်နေခဲ့တယ်။ အဆင့်၅ဆိုတာက အရေးကြီးအဆင့်ဖြစ်တဲ့ အဆင့်၃ ကူးပြောင်း တာမျိုးမဟုတ်ပေမယ့် ပေါ့ဆလို့တော့မရပါဘူး
ချီဓာတ်သဘောအရ အခြေခံအဆင့်ဆယ်ဆင့် မှာ အဆင့်မြင့်အဆင့်ဖြစ်တဲ့ အဆင့်၃က အန္တာ ရယ်အများဆုံးဖြစ်တယ်။ ဒါက သဘာဝချီတွေ ကိုအသွင်ပြောင်းပြီး မြေကြီးနဲ့ကောင်းကင်က ချီဓာတ်ပုံစံ ဖြစ်စေတဲ့ ကနဦးအဆင့်တွေပါ။
အဆင့် ၁ ပြီးရင်တော့ သာမန်လူအဆင့်ကနေ တကယ့်ကျင့်ကြံရေးလမ်းကြောင်းပေါ် ရောက် သွားနိုင်ပြီး သိုင်းသခင်ဖြစ်လာရင် လေထဲမှာအ ချိန်အနည်းငယ် ပျံသန်းလို့ရပါပြီ။ ပြီးတော့စိ တ်စွမ်းအင်ကလည်း ကီလိုမီတာအနည်းငယ်ကို ဖုံးလွှမ်းထားနိုင်ပါသေးတယ်။
နှစ်နာရီနီးပါး ကြာချိန်မှာ ဆေးစွမ်းကုန်သွားခဲ့ပြီ ပိုင်လင်းကလည်း အဆင့်၅ အလယ်အလတ်ထိ ထိုးတက်သွားခဲ့တယ်။ သာမန်ကျင့်ကြံသူဆိုရင် အဆင့်ကြီးတဆင့်လောက် ခုန်ကျော်သွားစေမှာ ဖြစ်ပေမယ့် အလင်းမှတ်တခုကို ဖွင့်လိုက်ရတာ က ဆေးလုံးရဲ့အစွမ်းကိုတဝက်လောက်လျော့ ကျသွားစေတယ်။ ဒါတောင်ပိုင်လင်းက အလ ယ်အလတ်ထိ ရောက်သွားခဲ့ပါသေးတယ်။
လက်နှစ်ဖက်ကိုလက်သီးဆုပ်ကြည့်တော့ များ ပြားတဲ့ခွန်အားတွေကို သတိပြုမိလိုက်တယ်။
မဆိုးဘူး.. နောက်တလုံးလောက်ဆို အဆင့်၄အ စောပိုင်းလောက်ထိ တတ်နိုင်ပြီး စတုတ္ထအလင် မှတ်လည်း ပွင့်လောက်တယ်။
“နောက်ထပ်တလုံးသောက်ဖို့ စိတ်တောင်မကူးနဲ့ နင်ဒီစွမ်းအင်ကိုအသားကျအောင် လအနည်းင ယ်အချိန်ယူလိုက်ဦး”
ပိုင်လင်းရဲ့နှုတ်ခမ်းတွေ တွန့်ကွေးသွားတယ်။ မူလက နောက်ထပ်ဆေးတလုံးထပ်သောက်ဖို့ တွေးနေခဲ့တာပါ။
“ဒါနဲ့ တတိယအလင်းမှတ်ပွင့်သွားခဲ့ပြီ အဲ့ဒါက ဘာအတွက်လဲ”
ပိုင်လင်းရဲ့အမေးကို ချီယောင်က
“အလင်းမှတ်တွေဆိုတာက ကျင့်ကြံသူတွေရဲ့ ချီ သွေး စုံမှတ်တွေပဲ အလင်းမှတ်တခုစီတိုင်း မှာ ချီစွမ်းအင်ကိုသိုလှောင်ထားနိုင်ပြီး အလင်း မှတ်များလေ ချီအပိုလျှံများလေပဲ အဲ့ဒါကသေ ရေးရှင်ရေးတိုက်ပွဲတွေမှာ ချီဓာတ်ကုန်ခမ်းတာ မျိုးမဖြစ်စေတော့ဘူးပေါ့”
“ဒါပဲလား.. အလင်းမှတ်တွေက ချီသိုလှောင်တဲ့ သဘောပေါ့”
“ဟုတ်တယ် ဒီထက်ပိုတာတွေရှိပေမယ့် နင့်အ ဆင့်နဲ့သိစရာမလိုသေးဘူး”
ဟမ့်.. ဒီဘုရင်မကနှိမ်ချက်ပဲ။
“ဒါနဲ့ ငါ့အထင်နင့်အတွက် မကြာခင်မှာအခွင့်အ ရေးကြီးတခုရှိလာလောက်တယ်”
ပိုင်လင်းတယောက် ချီယောင့်စကားကိုနားမလ ည်နိုင်ဖြစ်သွားတယ်။
“ဘာအခွင့်အရေးကြီးလဲ”
ချီယောင်က
“နင်မကြာခင်သိလာလိမ့်မယ်”
ဒီဟာမက မောက်မာပြီး လျှို့ဝှက်လွန်းနေတယ် ချီးထဲမှ…။ ပိုင်လင်းလည်း မကျေမနပ်နဲ့ငြိမ် ကျသွားပြီး ချီယောင်သင်ပေးထားတဲ့အသက် ရှုလေ့ကျင့်ခန်းသုံးပြီး လတ်တလောရထားတဲ့ စွမ်းအင်တွေကို ထိန်းညှိလိုက်တယ်။
များပြားလွန်းတဲ့ ချီဓာတ်တွေကို ထိန်းချုပ်ရတ ယ်ဆိုတာ ခက်ခဲပါတယ်။ ခန္ဓာကိုယ်အနှံ့ချီဓာ တ်ကိုပြန့်နှံ့စေပြီး အင်အားကို ချိန်ညှိရတာပါ။
နောက်တရက်မှာတော့ ခွန်အားအဓိကအသုံးပြု တဲ့ ရွှေခန္ဓာကိုယ်ကျင့်စဥ်ကို ေလ့ကျင့်တယ်။ တခုကံကောင်းတာက လက်ဝှေ့ကျင့်စဥ်သ ဘောတရားက ရွှေခန္ဓာကိုယ်ကျင့်စဥ်ကိုမထင်မှ တ်ပဲအထောက်ကူ ပေးနေတာပါပဲ။
ချီယောင်တယောက် ပိုင်လင်းလေ့ကျင့်နေတာ ကိုကြည့်ပြီး မှင်သက်နေတယ်။ ရွှေခန္ဓာကိုယ် ကျင့်စဥ်က သီးခြားကျင့်စဥ်တမျိုးဖြစ်ပြီး တွဲ ဖက်မကျင့်ကြံနိုင်ပါဘူး။ ဒါပေမယ့် ပိုင်လင်း လေ့ကျင့်တဲ့လက်ဝှေ့ကတော့ လက်သီးထိုးချ က်တွေအတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာမာကြောမှုကို သိသိသာသာတိုးမြင့်စေနိုငိတဲ့အချက် ဖြစ်နေ တာသူမသိပြုမိလိုက်တယ်။ ဒါဘယ်လိုကျင့်စ ဥ်လဲ သူမလိုတဘဝဘုရင်မဖြစ်ခဲ့သူ ပါရမီရှင် အင်မော်တယ်တပိုင်းအဆင့်တောင် မသိပါဘူး။
နောက်ရက်အနည်းငယ်ကို လေ့ကျင့်တာနဲ့ပဲအ ချိန်ကုန်ဆုံးစေလိုက်တယ်။ တဖက်မှာတန်တန် လေးက ပိုင်လင်းကိုကပ်တွယ်လာခဲ့ပြီး အချိန် အများစုကို ပိုင်လင်းလက်ပေါ်ကမဆင်းပဲနေ လေ့ရှိတယ်။
တရက်မှာတော့ မော့ပေတယောက် ရောက်လာ တယ်။
“မင်းပြောတဲ့လူနှစ်ယောက်ကို စုံစမ်းခဲ့တယ်သူ တို့က လတ်တလောမှာတော့ ဂိုဏ်းအပြင်ထွက် မရသေးလို့ မလာနိုင်ဘူးတဲ့ အဆင်ပြေတဲ့ရက် ကျသူတို့လာလိမ့်မယ်”
“ကေျးဇူးပဲ မော့ပေ”
မော့ပေက ကျိလင်ချပေးတဲ့ လက်ဖက်ရည်ကို တငုံသောက်လိုက်တယ်။ ပြီးနောက်
“ဒီနေ့ ခန်းမကိုသွားရအောင် မနေ့ကသခင်မကြီ ပြန်လာတယ်လို့ကြားတယ် ပြီးတော့ သိမ်းထား တဲ့ ဆိုင်တွေကို လုပ်ငန်းအသစ်အမည်နဲ့ပြန်ဖွင့် မယ်လို့လည်း ကြားတယ်”
“အင်း… သွားကြတာပေါ့”
မော့ပေနဲ့အတူ မနက်စာစားပြီးနောက်မှာ ကုန်သွယ်ရေးခန်းမဆီ ထွက်လာလိုက်တယ်။ ချန်အိမ်တော်ကြီးတခုလုံး လှုပ်လှုပ်ရှားရှားဖြစ် နေခဲ့ပြီး အဓိက ခန်းမမှာတော့ ချန်သခင်ကြီးတို့ လင်မယားအပြင် ချန်သခင်မလေးနှစ်ဦး အိမ် တော်ထိန်းနဲ့ အသောင့်အရှောက်၅ဦးအပြင် အဓိ ကပညာရှင်အချို့လည်း ရောက်နေကြတယ်။
ပိုင်လင်းလည်း မော့ပေနဲ့အတူ ခန်းမထဲဝင်သွား ခဲ့ပြီး လျှိုချင်းဖုန်း ရှန်ယုတို့ရှိတဲ့စားပွဲဝိုင်းဆီ သွားတယ်။
ခဏကြာတော့ ခန်းမထဲလူစုံသွားချိန်မှာ ချန်သ ခင်ကြီးက စကားစပြောလာတယ်။
“ ဒီနေ့ ချန်ဟယ်ကုန်သွယ်ရေးလက်အောက်က ဝန်ထမ်းတွေကို အရေးကြီးသတင်းပြောစရာရှိ တယ် သိပ်မကြာခင်မှာ လုပ်ငန်းအချို့ပိတ်သိမ် လိုက်ရတာကို မင်းတို့သိမှာပါ အခုဆိုင်ခန်းအ ချို့ပြန်ဖွင့်မယ် ပြန်ဖွင့်တဲ့ဆိုင်ခန်းတွေကို မင်း တို့ရဲ့သခင်မကြီးက လင်းမိသားစုခေါင်းစဥ်ခွဲ အောက်ကနေ စတင်မှာဖြစ်တယ် ဒါကြောင့်အ ရင်ဝန်ထမ်းအဟောင်းတွေအနေနဲ့ အလုပ်ပြန်ဝ င်ဖို့ဆန္ဒရှိရင် ဝင်လို့ရတယ်”
ချန်ထန်းရဲ့စကားအဆုံးမှာ ခန်းမတခုလုံးတီး တိုးပြောသံတွေထွက်လာတယ်။
“လုပ်ငန်းအသစ်လား”
“သခင်မကြီးက လင်းမိသားစုရဲ့အသိမှတ်ပြု တာကိုရလိုက်ပြီလား”
“ဟုတ်လောက်တယ် ပြီးခဲ့တဲ့ရက်တွေတုန်းက လင်းသခင်မကြီး ခရီးတခုထွက်သေးတယ်လေ”
“ဘယ်သူက လင်းမိသားသုက ခွင့်ပြုချက်မရပဲ လင်းမိသားစုအမည်သုံးရမှာလဲ”
အကုန်လုံးက တီးတိုးပြောဆိုနေပြီး အများစုက တော့အလုပ်ပြန်ဝင်ရမှာဖြစ်လို့ ဝမ်းသာနေကြ တယ်။
“ဒီကိစ္စက မရှင်းဘူး မင်းဘလိုထင်လဲ”
လျှိုချင်းဖုန်းက မော့ပေကိုတီးတိုးမေးတယ်။ မော့ပေလည်း မရှိတဲ့မှုတ်ဆိတ်မွှေးကိုသပ်ရင်း
“အင်း… တခုခုတော့တခုခုပဲ ဘာလို့လုပ်ငန်းအ မည်ပြောင်းတာလဲ အရင်လုပ်ငန်းကိုပိတ်သိမ်း ထားပြီးပြီမဟုတ်လား”
ပိုင်လင်းရဲ့ အကြည့်တွေကတော့ ခန်းမတခုလုံး ဖြန့်ကြည့်နေခဲ့ပြီး လင်းမိသားစုခွဲအမည်ကိုသုံး ပေမယ့် လင်းမိသားစုကလူကို သူမတွေ့မိတာ ထူးဆန်းတယ်လို့ ထင်နေမိတယ်။ သခင်မကြီး သာ ဒီလိုအမည်သုံးချင်ရင် အနည်းဆုံးလင်းမိ သားစုက လူတယောက်တော့ရှိနေသင့်တယ်လို့ သူထင်တယ်။ ပိုင်လင်းက
“ဒီခန်းမထဲမှာ မင်းမသိတဲ့လူစိမ်းအချို့သတိပြု မိလား ဥပမာလင်းအိမ်တော်ကလူတွေပေါ့”
ပိုင်လင်းရဲ့စကားကိုကြားမှ မော့ပေနဲ့လျှိုချင်းဖု န်းတို့ ခန်းမနေရာအနှံ့ လိုက်ကြည့်ကြတယ်။
“မရှိဘူး အကုန်လုံးက ဝန်ထမ်းအဟောင်းတွေနဲ့ ချန်အိမ်တော်က ကျင့်ကြံသူတွေချည်းပဲ”
“ငါက ဒီလိုပွဲရှိမယ်လို့ထင်ပြီး ပိုင်လင်းကိုခေါ် လာတာမဟုတ်ဘူး ဒီရောက်မှသိရတာ ခေါင်း ဆောင်က ငါတို့ကိုမဖိတ်တဲ့သဘောလား”
မောပေရဲ့စကားအဆုံး ရှန်ယုက
“မဟုတ်လောက်ဘူး ငါတို့ကိုသီးသန့်ဖိတ်မယ့် သဘောပဲ တခုက ငါတို့က အစောင့်ဆိုပေမယ့် အစမ်းခန့်ကာလပဲရှိသေးတာလေ”
ရှန်ယုရဲ့စကားက နည်းလမ်းကျတာကြောင့် ပိုင် လင်းတို့ လက်ခံလိုက်ကြတယ်။ ထိုစဥ်မှာပဲ ချန် သခင်ကြီးရဲ့အကြည့်က ပိုင်လင်းတို့ရှိတဲ့စားပွဲ ဝိုင်းဆီရောက်လာတယ်။
………………………………………………..