ရန်ဟောင် သေဆုံးခြင်း
Vol. 017 Ch. 1621
နှစ်ဖက်မဟာမိတ်များ ဖွဲ့စည်းပြီးခဲ့ပြီ ဖြစ်၏။ သူတို့သည် အကြီးအကျယ် တိုက်ခိုက်လုဆဲဆဲ အခြေအနေ ဖြစ်ကာ လေဟာနယ်ခန်းအတွင်း အခြေအနေက ချက်ချင်း ငြိမ်သက်သွားသည်။
စွမ်းရည်အရ သိုင်းနတ်ဘုရားကလန်ဦးဆောင်သော မဟာမိတ်အဖွဲ့က ပို၍ အားကောင်းပေသည်။ ရိထျန်းယွီသည် ရီဖူရှင်း၏ အဖွဲ့ကို တိုက်ခိုက်ရန် တစ်ဖက်အင်အားစုနှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်စဥ်က သူနှင့် သိုင်းနတ်ဘုရားကလန်အကြား သွေးကြွေးရှိသည်ကို မေ့နေခဲ့ပုံရသည်။
ယခု ရန်ဟောင်အဆင့် တန်ခိုးရှင်များသည် လေးယောက်တစ်ယောက် ဖြစ်နေပြီး သိုင်းနတ်ဘုရားကလန် အဖွဲ့က ရီဖူရှင်းတို့ အဖွဲ့ထက်ပို၍ အားကောင်းပေသည်။
ရန်ဟောင်လေးယောက်မှာ သိုင်းနတ်ဘုရားကလန်၊ ကောင်းကင်အာဏာစက်ပြည်ထောင်၊ ရှန်ရှင်းကလန်နှင့် လျှို့ဝှက်နယ်မြေဘုံတို့မှ ဖြစ်ကြသည်။
တစ်ဖက်တွင် ရီဖူရှင်း၏ မဟာမိတ်အဖွဲ့၌ ကောင်းကင်နတ်ဆိုးနန်းတော်မှ နတ်ဆိုးအင်ပါယာသာလျှင် ရှိပေသည်။ နှစ်ဖက်အင်အားစုကြားမှ ကွာခြားမှုက သိသိသာသာပင် ဖြစ်သည်။
ရန်ဟောင်အဆင့် တန်ခိုးရှင်တစ်ယောက်သည် တစ်ဖွဲ့လုံးကို တစ်ယောက်တည်းနှင့် တိုက်ခိုက်နိုင်ပေသည်။ ရီဖူရှင်း၏ အဖွဲ့၌ ရန်ဟောင်ကို ဆန့်ကျင်တိုက်နိုင်သည့် ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်များ ရှိနေလျှင်ပင် သူတို့က အရေးနိမ့်နေဆဲ ဖြစ်သည်။ ထို့ပြင် ပြိုင်ဘက်အသင်းတွင် အခြားသော အရည်အချင်းရှိ တန်ခိုးရှင်များလည်း ရှိနေသည်။ တိုက်ပွဲ၏ အခြေအနေမှာ ပေါ်လွင်ထင်ရှားနေသည်။
ရီဖူရှင်း၏ မဟာမိတ်သည် သိသာစွာပင် အားနည်းသော အဖွဲ့လေးဖြစ်သည်။ ဤသည်မှာ ရှန်ရှင်းကလန်က အပေးအယူလုပ်ရန် အဖိုးအခ တောင်းရသနည်းဟူသော အကြောင်းပြချက်ပင် ဖြစ်သည်။ ရှန်ရှင်းကလန်က ရီဖူရှင်းဘက်၌ ရှိနေလျှင် သူတို့၏ အခြေအနေက ညီတူမျှတူ ဖြစ်နေမည်ဖြစ်သည်။ ရန်ဟောင်တစ်ပါးနှင့် ထိပ်သီးအင်အားစုများ၏ ထောက်ပံ့မှုက ရလဒ်ကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်ပေသည်။
ဝုန်း...
ကြောက်မက်ဖွယ် အရှိန်အဝါက ပေါက်ကွဲထွက်လာသည်။ ကောင်းကင်အာဏာစက်ဘုံ၏ ရန်ဟောင်ထံမှ သတ်ဖြတ်လိုစိတ်များက အားကောင်းသန်မာလာပေသည်။ ယခင်တိုက်ပွဲတွင် သူတို့သည် အကြီးအကျယ် ဆုံးရှုံးနစ်နာခဲ့ရပြီး အမြစ်ပြတ်သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ရိထျန်းယွီပင်လျှင် နောက်ပြန်ဆုတ်ခဲ့ရကာ ရန်ဟောင်သည်လည်း ဒဏ်ရာရရှိခဲ့သည်။ သူတို့က အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရပေသည်။
ထိုအရာအားလုံး ဖြစ်ပွားရခြင်းမှာ ရီဖူရှင်းကြောင့်ဖြစ်သည်။ သူတို့က သူ့ကို မမုန်းဘဲ မည်သို့ နေနိုင်ပါမည်နည်း။
ထို့ကြောင့် သူတို့၏ လူသတ်ငွေ့များက လောင်ကျွမ်းနေသည်။
အခြားသော တန်ခိုးရှင်များက ရီဖူရှင်းနှင့် သွေးကြွေးမရှိကြပေ။ သို့သော် လေဟာနယ်ခန်းမမှ ရတနာများကို ရယူလိုသည့်အတွက် သူတို့သည် သူ့ကို ဆွဲချလိုကြသည်။
“ဂရုစိုက်။ သူ့ကို မသတ်နဲ့။” သိုင်းနတ်ဘုရားကလန်မှ ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။ သူ့အမည်မှာ ဝူကျန်း ဖြစ်သည်။ သူသည် ရန်ဟောင်တစ်ပါးမဟုတ်သော်လည်း သူသည် သိုင်းနတ်ဘုရားကလန်၏ တော်ဝင် သွေးဆက် ဖြစ်သည်။ ထို့ကြောင့် သူက ဤတာဝန်အတွက် ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ဤနတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း၌ သူသည် ရန်ဟောင်အဆင့်သို့ ရောက်ရှိရန် အခွင့်အရေး ရှိပေသည်။
သိသာစွာပင် သူတို့က ရီဖူရှင်းကို သတ်၍ မရပေ။
နှစ်ပေါင်းများစွာ ကြာသည့်တိုင် လေဟာနယ်ခန်းမတစ်ခုလုံးမှ ချိပ်စည်းကို ဖွင့်လှစ်နိုင်သကဲ့သို့သော ကံကြမ္မာမျိုးနှင့် မည်သူကမှ ကြုံဆုံဖူးခြင်း မရှိခဲ့ကြပေ။ ယခု သူတို့က ထိုသို့လုပ်နိုင်သော တစ်စုံတစ်ယောက်ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ကောင်းကင်မှ ပေးသည့် အခွင့်အရေး ဖြစ်သည်။ သူတို့က မည်သို့ဖြစ်၍ ဤအခွင့်အရေးကို လွဲချော်ခံနိုင်ပါမည်နည်း။
လူအုပ်ကြီးသည်လည်း ရီဖူရှင်းမှလွဲ၍ အခြားမည်သူ့ကိုမဆို သတ်၍ရကြောင်း သဘောပေါက်ကြသည်။
ဝုန်း...
ခဏအတွင်းတွင် ကောင်းကင်ထက်၌ လမ်းစဥ်စွမ်းအားများ လွှမ်းခြုံလာခဲ့သည်။ ချက်ချင်းပင် မရေတွက်နိုင်သည့် ဓားတိုက်ခိုက်မှုတို့က အထက်မှ ကျဆင်းလာခဲ့၏။ လေဟာနယ်တစ်ခွင်လုံးက ဝရုန်းသုန်းကား ဖြစ်နေခဲ့သည်။ ဖျက်ဆီးခြင်းလမ်းစဥ်စွမ်းအားများက နေရာအနှံ့တွင် ရှိနေပေသည်။
အဝေးတစ်နေရာ လေထဲမှ ထိုးခွဲကျဆင်းလာသော နတ်ဓားများ ရှိသည်။ တောက်လောင်နေသည့် မီးလျှံများက လောကကိုပင် ကျွမ်းလောင်စေတော့မယောင် ဖြစ်သည်။ အထက်ကောင်းကင်မှ ကျဆင်းလာသည့် စွမ်းအားများက ရှေးဟောင်းတောင်များကိုပင် ဖျက်ဆီးပစ်တော့မလို ဖြစ်သည်။
ရီဖူရှင်းက လှံရှည်ကို ဆွဲထုတ်လိုက်သည်။ သူသည် လေထုအလယ်တွင် ရပ်နေပြီး သူ၏ အဖြူရောင်ဝတ်စုံက လေနှင့် တဖျတ်ဖျတ် လွင့်နေကာ သူ့ခန္ဓာကိုယ်မှ တိုက်ခိုက်ရေး စွမ်းအားတို့ ပေါက်ကွဲထွက်လာနေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားများမှာ ရန်ဟောင်အဆင့်ဖြစ်သည်။ ၎င်းက သူ့ကိုယ်ပေါ်မှ အရှိန်အဝါကို ကြောက်မက်ဖွယ် တိုးပွားလာစေသည်။ ပညာရှိကျမ်းစွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ မဟာလမ်းစဥ်က ရောယှက်သွားကာ လှံအတွင်း ပေါင်းစပ်သွားသည်။ လှံမှ ကြောက်မက်ဖွယ် ရွှေရောင်အလင်းများ ထုတ်လွှတ်နေခဲ့၏။
“သူ့ကိုသတ်”
ချက်ချင်းပင် နှစ်ဖက်လုံးမှ တန်ခိုးရှင်များက တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။ ရီဖူရှင်းသည် လက်ထဲမှ လှံရှည်ကို ထိုးထုတ်လိုက်၏။ သူ့ပေါ်သို့ ကျရောက်လာသော လမ်းစဥ်စွမ်းအားများက ဖျက်ဆီးခံလိုက်ရသည်။ သူ၏ လှံရှည်သည် လျှပ်စီးကဲ့သို့ပင် ဖြစ်သည်။ အမှန်တကယ်တွင် ထိုလှံက ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်ထံ ဦးတည်နေသည်။
အလွန် စိတ်ကြီးဝင်လွန်းလှပေသည်။ ရီဖူရှင်းက သူ့ကို ပြိုင်ဘက်အဖြစ် မသတ်မှတ်ဘဲ လုံးဝလျစ်လျူရှုထားသည်ကို မြင်သည့်အခါ ရိထျန်းယွီ၏ အမူအရာက အေးစက်သွားသည်။ ရီဖူရှင်းသည် အမှန်တကယ်ပင် ကောင်းကင်အာဏာစက်ဘုံ၏ ရန်ဟောင်ဆီ ဦးတည်နေပေသည်။ သူက ရန်ဟောင်တစ်ပါးနှင့် တိုက်ခိုက်ချင်နေသည်လား။
ထိုသည်မှာ စိတ်ကြီးဝင်၍ မောက်မာနေသည်ထက် ပိုသွားခဲ့ပြီ ဖြစ်၏။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်သည်လည်း ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူ၏ ခန္ဓာမှ မဟာလမ်းစဥ် နတ်ဝင်ရိုးက တုန်ခါ၍ အော်မြည်လာသည်။ အသင်္ချေ ချန်းချိုးစုတ်တံများတွင် သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေပြီး ရီဖူရှင်းအား ဝါးမျိုပစ်မည့် ရည်ရွယ်ချက်ဖြင့် ပြေးဝင်လာပေသည်။ တစ်ချိန်တည်းမှာပင် ရန်ဟောင်၏ လက်ထဲတွင် စုတ်တံများစွာ ပေါ်ပေါက်လာပြီး သူက ရှေ့သို့ ညွှန်ပြလိုက်သည်။
ဆင်အော်မြည်သံများကို ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ကြားလာရပြီး သူ၏ စွမ်းအားများကို နှစ်ဆတိုးတက်သွားစေသည်။ သူသည် လှံဖြင့် ရှေ့သို့ထိုးလိုက်ပြီး လေဟာနယ်ကို စုတ်ဖြဲပစ်လိုက်သည်။ သူ၏ လှံသည် အမှန်တကယ်ပင် ချန်းချိုးစုတ်တံကို ဖြတ်သန်းထိုးဖောက်လာပြီး ကောင်းကင်အာဏာစက် ပြည်ထောင်၏ ရန်ဟောင်ထံသို့ နီးကပ်လာခဲ့သည်။
ကောင်းကင်အာဏာစက် ပြည်ထောင်၏ ရန်ဟောင်က နှာခေါင်းရှုံ့လိုက်သည်။ ရီဖူရှင်းက သူ၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက် ရင်ဆိုင်ချင်နေသည်လား။
အရာအားလုံး၏ မဟာလမ်းစဥ်က ပေါင်းစည်းလာပြီး ရန်ဟောင်၏ ခန္ဓာကိုယ်အတွင်း တိုးမြင့်လာသည်။ တောက်ပသည့် ရန်ဟောင်စုတ်တံက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပြီး ပတ်ဝန်းကျင်ကို မှေးမှိန်လာစေသည်။ နှစ်ဖက်မဟာမိတ်အဖွဲ့များမှ လူတို့သည် ယခုတွင် တိုက်ပွဲဆင်နွှဲနေကြပြီး ရန်ဟောင်အဆင့်များကြားမှ တိုက်ခိုက်မှုက အခြားသူများကို တုန်လှုပ်ခြောက်ခြားစေပေသည်။
“သတ်”
အော်သံများက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ကြီးမားသည့် စုတ်တံနှင့် လှံတို့က ထိပ်တိုက်တွေ့ဆုံမိကြသည်။ ထိပ်တိုက်တွေ့ဆုံသည့် အချက်ပြမြည်သံတို့က ထွက်ပေါ်လာ၏။ သို့သော် ရီဖူရှင်းသည် တိုက်ခိုက်မှုကြောင့် နောက်သို့ ဆုတ်ခွာခဲ့ရခြင်း မရှိပေ။ သူ၏ တိုက်ခိုက်မှုစွမ်းအားများက တစ်ဖန်ပေါက်ကွဲထွက်လာကာ သူ့ခန္ဓာကိုယ်မှ တောက်ပသည့် အလင်းတို့ ထုတ်လွှတ်နေပြီး သူက အစွမ်းထက် စစ်နတ်ဘုရားတစ်ပါး ဖြစ်လာသကဲ့သို့ပင် ဖြစ်လေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်၏ အမူအရာက အလွန် လေးနက်သွားခဲ့သည်။ သူ၏ အကြည့်တို့က ရီဖူရှင်းအပေါ်တွင်သာ စွဲမြဲနေသည်။ သူ၏ လက်ချောင်းက ရန်ဟောင်စုတ်တံကို ညွှန်လိုက်သည်။ အားလုံးသော မဟာလမ်းစဥ် စွမ်းအားများက ရန်ဟောင်ထံသို့ စီးဆင်းသွားပြီး သူ၏ စွမ်းအားကို အပြင်းအထန် တိုးမြင့်လာစေသည်။
ဟူး...
ရီဖူရှင်းသည် တွန်းကန်အားဖြင့် ကောင်းကင်သို့ ပျံတက်သွားသည်။ ထို့နောက် သူသည် နောက်ထပ် တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ စွမ်းအားများက သတ်ဖြတ်ခြင်းစွမ်းအားတို့နှင့် ရောယှက်နေပြီး လေဟာနယ်ကို ဖြတ်ကာ ရန်ဟောင်ထံတိုးဝင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်တွင် ရေတွက်မရနိုင်အောင် များပြားသည့် လှံအရိပ်များ ပေါ်ပေါက်လာသည်။ အနီးတွင် ပေါက်ကွဲသံက မြည်ဟီးလာပြီး လေဟာနယ်အပေါက်များမှ လှံအရိပ်များ ဖြတ်သန်းကျဆင်းလာခဲ့ပေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်သည် သူ၏ လက်နှစ်ဖက်ကို ယှက်လိုက်၏။ သူသည် ရီဖူရှင်း၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ အမှန်တကယ်ပင် ဖိအားကို ခံစညးရပေသည်။ ရန်ဟောင်တစ်ပါး၏ နတ်ရောင်ဝါတို့က သူ့အနီးတွင် လှည့်ပတ်နေခဲ့သည်။ သူ့ရှေ့တွင် ရန်ဟောင်စုတ်တံများက တစ်ခုပြီးတစ်ခု ဖြစ်တည်လာပြီး လှံဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရန်ဟောင်နတ်အလင်း လင်းလက်လာပြီး သူသည် ခြေတစ်လှမ်းလှမ်းကာ သူ၏ လက်ချောင်းနှင့် ရှေ့သို့ ညွှန်ပြလိုက်သည်။ ရန်ဟောင် စုတ်တံတစ်ချောင်း ထွက်ပေါ်လာပြီး ကျန်းရာချီ မြင့်မားသည်အထိ ကြီးမားလာကာ ၎င်း၏ အရှေ့ရှိ အရာအားလုံးကို ဝါးမျိုပစ်လိုက်နိုင်စွမ်းရှိပေသည်။
ဝုန်း...
ရီဖူရှင်းသည် ပြင်းထန်သည့် တိုက်ခိုက်ရေးစွမ်းအားများနှင့် သူ၏ ပြိုင်ဘက်များကို သုတ်သင်လိုခဲ့သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်သည် သူ၏ ကျန်းရာချီ ကြီးမားသော ရန်ဟောင်စုတ်တံနှင့် တိုက်ခိုက်လိုက်သည်။ ယင်းသည် ရီဖူရှင်း၏ တိုက်ခိုက်မှုနှင့် ထိခတ်သွားခဲ့ပြီး သူတို့အနီးဝန်းကျင်တွင် ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်အာဏာစက် ပြည်ထောင်၏ ရန်ဟောင်သည် ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်ကို ခံစားမိသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။
ရွှေရောင်ပုံရိပ်များက သူ့ကို ဖြတ်ကျော်လာပြီး ရုတ်တရက် အခြားဘက်သို့ လျင်မြန်စွာ လှည့်လာကာ ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်ထံ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။ ကြောက်မက်ဖွယ် ထက်ရှသည့် လက်သည်းများက နတ်ဆိုးအင်ပါယာ၏ အရှိန်အဝါကို ထုတ်ဖော်နေပြီး ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်၏ ဦးခေါင်းကို အပိုင်းပိုင်းစုတ်ဖြဲပစ်ရန် ရည်ရွယ်နေသည်။
“ခွေးတိရစ္ဆာန်”
ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်က ကျိန်ဆဲလိုက်သော်လည်း ယခုတွင် သူက စဥ်းစားနေရန် အချိန်မရှိတော့ပေ။ ဤကြွက်နတ်ဆိုး၏ လက်သည်းများက နတ်ဆိုးအင်ပါယာ အရှိန်အဝါရှိပေသည်။ ယင်းက သူ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာလျှင် သူ့ခေါင်းက အစိတ်စိတ် ပျက်စီးသွားရပေလိမ့်မည်။
သူ၏ အတွေးများကို ပြောင်းလိုက်ပြီး သူ့မျက်လုံးများက ကောင်းကင်သို့ ကြည့်လိုက်သည်။ ရန်ဟောင်အလင်းတို့က လင်းလက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဥ် နတ်ဝင်ရိုးထွက်ပေါ်လာကာ နတ်အလင်းတို့က မျက်စိကိုပင် ကျိန်းစပ်သွားစေပေသည်။ ရန်ဟောင်စုတ်တံက ရှုဟွမ်စွန်းထံသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။
ဘန်း...
ပြင်းထန်သည့်တိုက်ခိုက်မှုက ရှုဟွမ်စွန်း၏ ထက်ရှသော လက်သည်းများကို တားဆီးထားလိုက်သည်။ ခရမ်းရွှေကြွက်က ဒုတိယအခွင့်အရေးကို လွဲချော်သွားခဲ့ပြီး ပြည်ထောင်မှ ရန်ဟောင်၏ လွှမ်းမိုးမှုကို အပြည့်အဝ ပြသနိုင်ခဲ့သည်။ တစ်စုံတစ်ယောက်က ရန်ဟောင်ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့လျှင်ပင် ထိုတိုက်ခိုက်မှုက တားဆီးခံရပြီး အောင်မြင်နိုင်မည်မဟုတ်ပေ။
စွပ်...
တိုးသဲ့သဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်မှ ရန်ဟောင်၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့သည်။ သူသည် တဖြည်းဖြည်း ခေါင်းကို ငုံ့ကာ အောက်သို့ ကြည့်လိုက်သည်။ အဆုံးမဲ့ တိုက်ခိုက်ရေးစွမ်းအားများ လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခုက သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။ ထိုသူ၏ လက်ထဲမှ လှံရှည်က သူ့ လည်မျိုကို တည့်မတ်စွာ ထိုးစိုက်လိုက်၏။
သူ၏ အာရုံက ရှုဟွမ်စွန်း၏ ချောင်းမြောင်းတိုက်ခိုက်မှုအပေါ် ကျရောက်သွားသည့်တခဏ၌ ရီဖူရှင်း၏ တိုက်ခိုက်မှု ထွက်ပေါ်လာပြီး ရန်ဟောင်၏ တိုက်ခိုက်မှုကို ဟန့်တားကာ လှံရှည်ဖြင့် လည်မျိုသို့ ထိုးဖောက်ပစ်လိုက်လေသည်။
ထိပ်သီးတန်ခိုးရှင်များကြားမှ တိုက်ပွဲသည် အနည်းငယ်မျှ သတိလွတ်သွားရုံနှင့် သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်ခဲ့ပေသည်။
ရီဖူရှင်းသည် ရှန့်ထိုအဆင့်၌သာ ရှိနေသေးသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားများက မြင့်မားသော်လည်း သူက ရန်ဟောင်၏ တိုက်ခိုက်မှုကို ထိုးဖောက်ရန် မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်း။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်ခြင်းတို့နှင့် ပြည့်နေခဲ့သည်။ သူက အလွန်အမင်း စိတ်ဓာတ်ကျနေခဲ့သည်။
ဝုန်း...
သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုးမှ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ် အရှိန်အဝါက လွှမ်းခြုံသွား၏။ သို့သော် ရီဖူရှင်း၏ လှံရှည်မှာလည်း အလွန် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်၏ ဆခါင်းက ချက်ချင်း ပေါက်ကွဲထွက်သွားခဲ့သည်။ သူ၏ စိတ်ဝိညာဥ်က သုတ်သင်ရှင်းလင်းခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ရန်ဟောင်တစ်ပါး၏ အလောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
နတ်ဘုရားအမွေအနှစ် နယ်မြေသည် ကောင်းပင်၏ သားတော်များစွာ ကျဆုံးရာနယ်မြေဟု ကျော်ကြားသည်။ သူသည် နတ်ဘုရားအမွေအနှစ် နယ်မြေ၌ ပထမဆုံး ကျဆုံးခဲ့သည့် ရန်ဟောင်တစ်ပါးဖြစ်လေသည်။
အစတွင် ရီဖူရှင်းက ရှုဟွမ်စွန်း၏ တည်ရှိမှုကို စောစီးစွာ မထုတ်ဖော်ချင်ခဲ့ပေ။ သို့သော် သူက ထိုကဲ့သို့ မလုပ်လျှင် သူနှင့် ရန်ဟောင်ကြားမှ ကွာခြားချက်က အလွန် ကြီးမားပေသည်။ လေးယောက်တစ်ယောက် ရင်ဆိုင်ခြင်းမှာ အလွန်ပင် ဖိအားများလိမ့်မည် ဖြစ်သည်။ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားလာသည်နှင့် ရန်ဟောင်လေးပါး၏ ဖျက်ဆီးခြင်းစွမ်းအားတို့က အလွန် ကြောက်မက်ဖွယ် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူတို့က ရန်ဟောင်နှစ်ဦးကို စောစီးစွာ သတ်ဖြတ်ထားရန် လိုသည်။ ထိုသည်မှာ သူက ရှုဟွမ်စွန်းကို စောစီးစွာ ထုတ်ဖော်ခဲ့ပြီး ပထမဆုံး ရန်ဟောင်အား သတ်ဖြတ်ရန် ချောင်းမြောင်းတိုက်ခိုက်စေရသည့် အကြောင်းရင်းပင် ဖြစ်သည်။
အခြားတစ်ဖက်တွင် တိုက်ခိုက်နေသည့် ရိထျန်းယွီက ထိုမြင်ကွင်းကို မြင်သည့်အခါ သူ၏ အမူအရာက အလွန် အရုပ်ဆိုးသွားခဲ့သည်။
“အမျိုးယုတ်ကောင်” သူက ကျယ်လောင်စွာ ကျိန်ဆဲလိုက်၏။
သူသည် ထိုခရမ်းရွှေကြွက်က ရုတ်တရက် သတ်ဖြတ်ရန် သွားလိမ့်မည်ဟု မည်သည့်အခါကမှ တွေးထင်မထားခဲ့ပေ။ ယခင်က ကောင်းကင်နတ်တံခါးကို တိုက်ခိုက်ရာ၌ ခရမ်းရွှေကြွက်ကလန်သည်လည်း ပါဝင်ခဲ့သည်။ ခရမ်းရွှေကြွက်အင်ပါယာသည် ဝမ်ကလန်ခေါင်းဆောင်ကိုပင် သတ်ဖြတ်ခဲ့၏။ ထိုအပြစ်ကြွေးမှာ မည်သည့်အခါမှ ကြေနိုင်မည် မဟုတ်ပေ။ သူတို့၏ ကံကြမ္မာက ရီဖူရှင်းနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ရန်သာ ဖြစ်လေသည်။
ထို့ကြောင့် ရိထျန်းယွီသည် ခရမ်းရွှေကြွက်ကလန်ကို မည်သည့်အခါကမှ သံသယမဝင်ဖူးခဲ့ပေ။ ထိုရန်ဟောင်သည်လည်း တူညီစွာပင် ဖြစ်၏။ ရီဖူရှင်းနှင့် ခရမ်းရွှေကြွက်ကလန်ကြားမှ ရန်ငြိုးကို သိထားသည့် သူတို့က ခရမ်းရွှေကြွက်ကလန်အား မည်သို့ သံသယဝင်ပါမည်နည်း။ သို့သော် ကောင်းကင်အာဏာစက်ဘုံမှ ရန်ဟောင်သည် ရုတ်တရက် ရှုဟွမ်စွန်း၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရကာ အနည်းငယ် သတိလက်လွတ် ဖြစ်သွားမိသည်က ရီဖူရှင်း၏ လှံချက်ဖြင့် အသတ်ခံလိုက်ရသည့် ရလဒ်ကို ဖြစ်ပေါ်လာစေသည်။ ထိုသို့ပင် ရန်ဟောင်တစ်ပါးက မည်သည့် အရိပ်အမြွက်မျှမရှိ သေဆုံးသွားခဲ့ရခြင်းက မမျှတခြင်းပင် ဖြစ်သည်။
ယခုတွင် ရန်ဟောင်များသည် သုံးယောက်တစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်၏။
တစ်ချိန်တည်း၌ ဖြစ်ပွားနေသော အခြားတိုက်ပွဲတွင်လည်း သေစေနိုင်လောက်သည့် တိုက်ခိုက်မှုတို့ ဖြစ်ပေါ်နေသည်။ စတင်တိုက်ခိုက်ပြီးနောက် ကောင်းကင်နတ်ဆိုးနန်းတော်မှ နတ်ဆိုးအင်ပါယာနှင့် လျှို့ဝှက်နယ်မြေဘုံမှ ရန်ဟောင်သည် အချင်းချင်း အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်သည့် မြင်ကွင်းက ထိတ်လန့်ဖွယ်ပင် ဖြစ်သည်။ နတ်ဆိုးသားရဲများသည် အနီးကပ်တိုက်ပွဲစွမ်းရည်၌ ကောင်းမွန်ပြီး တိုက်ခိုက်မှုတစ်ခုပြီးတစ်ခု တန်ပြန်တိုက်ခိုက်နိုင်သည်။ သူတို့၏ တိုက်ခိုက်မှုတိုင်းက သေစေနိုင်လောက်ပေသည်။ တစ်ဖက်အဖွဲ့မှ ကျန်သည့် ရန်ဟောင်နှစ်ယောက်သည်လည်း
အင်အားအပြည့်ပင် ဖြစ်သည်။ ကျွင့် ဦးဆောင်သည့် ကောင်းကင်နတ်ဆိုးနန်းတော်မှ အဖွဲ့ဝင်များသည် ရန်ဟောင်တစ်ယောက်ကို တိုက်ခိုက်နေကြစဥ် ယူချင်းနှင့် လုံချန်ကဲ့သို့သော တန်ခိုးရှင်များက နောက်ထပ်ရန်ဟောင်တစ်ယောက်ကို တိုက်ခိုက်နေသည်။
လျှို့ဝှက်နယ်မြေဘုံမှ ရန်ဟောင်နှင့် ကောင်းကင်နတ်ဆိုးနန်းတော်မှ ရန်ဟောင်တို့၏ တိုက်ခိုက်မှုက သေစေနိုင်လောက်သည့် တိုက်ကွက်နှင့်စွမ်းအားတို့ကို ထုတ်လွှတ်နေသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းစွမ်းအားများက ဝရိန်ခုနစ်ပါးကလန်၏ တန်ခိုးရှင်များထံမှ ထွက်ပေါ်လာပြီး ကောင်းကင်နတ်ဆိုးနန်တော်မှ နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်နေခဲ့သည်။
သတ္တမဝရိန်သည် သတ်ဖြတ်ခြင်းနတ်ဘုရား၏ သတ္တမအဆင့်ကို အသက်သွင်းထားခဲ့သည်။
ဤတိုက်ခိုက်မှုသည် ကောင်းကင်နတ်ဆိုးနန်းတော်မှ သူများကို ရည်ရွယ်ခြင်းမဟုတ်ဘဲ လျှို့ဝှက်နယ်မြေဘုံမှ ရန်ဟောင်ထံသို့ ပျံသန်းသွားလေသည်။
ဝရိန်ခုနစ်ပါးကလန်သည် သတ်ဖြတ်ခြင်း၌ ကျွမ်းကျင်ကြသည်။ သူတို့က သတ္တမဆင့်ကို အသက်သွင်းလိုက်သည့်အခါ သူတို့သည် သူတို့၏ တိုက်ခိုက်မှုအပေါ်တွင် အသက်ကို လောင်းကြေးထပ်လိုက်ပြီး ဖြစ်သည်။ သူတို့၏ အသက်ရှင်သန်ရန် ပြိုင်ဘက်က သေမှ ရမည်ဖြစ်သည်။ အကယ်၍ သူတို့ပြိုင်ဘက်က အသက်ရှင်နေပါလျှင် သူတို့က ကိုယ့်တိုက်ခိုက်မှုဖြင့်ကိုယ်ပြန် အသတ်ခံရလိမ့်မည် ဖြစ်၏။ အတူတကွ ဝိညာဥ်လက်နက်နှင့် အသုံးပြုသည့်အခါ ဤတိုက်ခိုက်မှုသည် ရန်ဟောင်အဆင့်သို့ပင် ရောက်ရှိနိုင်သည်။ ယင်းသည် လျှို့ဝှက်နယ်မြေဘုံမှ ရန်ဟောင်၏ ခုခံကာကွယ်မှုကို ထိုးဖောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးစိုက်သွားလေသည်။
ရန်ဟောင်၏ ခန္ဓာပေါ်တွင် သွေးစီးကြောင်းတစ်ခု ပေါ်ပေါက်လာ၏။ သို့သော် သူက သတ္တမဝရိန် ကို တစ်ချက်တည်းနှင့် လွင့်စင်ထွက်သွားအောင် ရိုက်ချလိုက်ပြီး သတ္တမဝရိန် ကို လေထဲမှာပင် လတ်ဆတ်သည့်သွေးတို့ ပါးစပ်အပြည့် အန်ထွက်လာစေသည်။
ဆွစ်...
ထိုခဏတွင် ကောင်းကင်နတ်ဆိုးနန်းတော်မှ နတ်ဆိုးအင်ပါယာ၏ ထက်ရှသော လက်သည်းများက ထိုရန်ဟောင်၏ ဦးခေါင်းကို ကုပ်ဆွဲစုတ်ဖြဲလိုက်သည်။ ထိုတိုက်ပွဲ၏ အဆုံးသတ်က မည်မျှ ပြင်းထန်ရက်စက်သည်ကို သိနိုင်ပေသည်။
ဝုန်း...
ရက်စက်ပြင်းထန်သည့် အရှိန်အဝါက အနီးမှ လူတိုင်းကို ပြင်းထန်စွာ ရိုက်ခတ်၍ နောက်သို့ လွင့်စင်သွားစေသည်။ အားလုံးသော တန်ခိုးရှင်များနှင့် အခြားသော ရန်ဟောင်နှစ်ဦးသည်လည်း နောက်သို့ ဆုတ်ခွာလိုက်ကြရသည်။ သူတို့သည် လေထဲ၌ ရပ်နေခဲ့ပြီး သူတို့၏ အမူအရာများက သွေးဆုတ်ဖြူရော်နေသည်။
ရန်ဟောင်နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရသည်။ သူတို့သည် တူညီသော အပြုအမူနှင့်ပင် သေဆုံးခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးက ချောင်းမြောင်းသတ်ဖြတ်ခံရခြင်း ဖြစ်လေသည်။
ခရမ်းရွှေကြွက်ကလန်သည် ဘက်ပြောင်းသွားခဲ့သည်။ ဝရိန်ခုနစ်ပါးကလန်သည်လည်း သူတို့၏ မဟာမိတ်ကို ဆန့်ကျင်ကာ ပြိုင်ဘက်ကို ကူညီ၍ ရန်ဟောင်အား သတ်ဖြတ်ခဲ့သည်။
သူတို့၏ ကြီးမားသော အားသာချက်မှာ ရန်ဟောင်လေးယောက် ရှိနေခြင်းဖြစ်သော်လည်း ချက်ချင်းပင် ရန်ဟောင်နှစ်ယောက်အဖြစ် လျော့ကျသွားခဲ့သည်။
စွမ်းအားကွာဟမှုက သိသာခြင်း မရှိတော့ပေ။ ထို့ပြင် အင်အားစုကြီးနှစ်ခုကလည်း ကိုင်းကူးသွားခဲ့ပေသည်။
“ဘာကြောင့်လဲ” ဝူကျန်းက ဒေါသတကြီးအော်ဟစ်လိုက်၏။
ရီဖူရှင်းသည် ထိုနေရာသို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အေးစက်နေခဲ့၏။
“ရန်ဟောင်လေးယောက် ရှိတဲ့ အချိန်တုန်းက လေးပုံခွဲဝေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ မင်းတို့အားလုံးက လေဟာနယ်ခန်းမက ရတနာတွေကို ရဖို့ ကြိုးစားနေတယ်ဆိုရင် တခြားလူတွေ အတွက်ကရော ဘယ်မှာလဲ။ မင်းတို့က တခြားလူတွေကို အရူးလို့ ထင်နေတာလား။” ရီဖူရှင်းက ကျယ်လောင်စွာ ပြောလိုက်သည်။ တိုက်ပွဲမစတင်ခင်၌ ရီဖူရှင်းသည် သူ၏ အတွေးများကို ဝရိန်ခုနစ်ပါးကလန်မှ သတ္တမဝရိန် ထံသို့ စိတ်ချင်းဆက်သွယ်ကာ ပြောပြခဲ့ပြီး ဖြစ်ပေသည်။
***