← Chapters

အခန်း (၂၉)

Vol. 2 Ch. 29

အခန်း (၂၉)

Vol. 2 Ch. 29

ပြီးနောက် ဘေးက သခင်မကြီးဆိုတဲ့သက်လ တ်ပိုင်းအရွယ် ကျက်သရေရှိတဲ့ အမျိုးသမီးကို တီးတိုးပြောလိုက်တာကို တွေ့ရတယ်။

ခဏကြာတော့ ထိုအမျိုးသမီးက ခေါင်းတချက် ညိတ်ပြလိုက်တယ်။ အိမ်တော်ထိန်းကလည်း ပို င်လင်းတို့ရှိရာကို လှမ်းကြည့်နေတာတွေ့ရတယ် သူတို့ဘာတွေလုပ်ချင်နေတာလဲ…။

မိနစ်အနည်းငယ်ကြာတော့ ခန်းမထဲကအသံ တွေငြိမ်ကျသွားပြီး ဝန်ထမ်းအားလုံးကတူညီ တဲ့လစာနဲ့ ပြန်လည်အလုပ်ဝင်မယ့်အကြောင်း ကတိပြုကြတယ်။ ကျပ်တည်းနေတဲ့ကာလကြီး မှာပုံမှန်ဝင်ငွေတခုရှိဖို့က ခက်ခဲတတ်တော့ပြန် ရတဲ့အလုပ်ကို ဘယ်သူကငြင်းပယ်နိုင်မှာတဲ့လဲ

“အားလုံးပဲ ခဏငြိမ်ပေးကြပါ”

ထိုချိန် ချန်ဟယ်က မတ်တပ်ထရပ်ပြီး စကားစ ပြောလာတယ်။

“ဒီခန်းမထဲမှာ ရှိတဲ့ဝန်ထမ်းတွေ ပြီးတော့အစော င့်အချို့ရှိနေတုန်း ကြေငြာစရာတခုရှိပါတယ်”

သူမရဲ့ပုံစံက အရေးကြီးကြေငြာစရာတခုရှိနေ ပုံပါပဲ။ ပိုင်လင်းတို့က အစောင့်ဆိုတဲ့စကားပါ လာတာကြောင့် စိတ်ဝင်စားသွားကြတယ်။

“သိပ်မကြာခင်မှာ စတင်မယ့် လင်းမိသားစုခွဲ လုပ်ငန်းအသစ်မှာ လက်ရှိအစောင့်တွေထဲကအ ချို့ ကူးပြောင်းရဖို့ရှိပြီးတော့ ထပ်ပေါင်းပြောချ င်တာကတော့ လုပ်ငန်းအသစ်ကို ကိုယ်စားပြုမဲ့ ကိုယ်စားလှယ် တနည်းအားဖြင့် လင်းမိသားစုခွဲ လုပ်ငန်းအသစ်ရဲ့ သခင်လေးတဦးကို အစောင့် တွေနဲ့ ပြင်ပကျင့်ကြံသူတွေကို ခေါ်ပြီးပြိုင်ပွဲတ ခုလုပ်ပေးမှာပါ”

“လုပ်ငန်းအသစ်ရဲ့ ကိုယ်စားလှယ်ဟုတ်လား”

“သခင်လေးဆိုပါလား ဒါက တခြားအင်အားစု တွေရဲ့ သခင်လေးဆိုတာတွေနဲ့ အဆင့်တူမှာရှိ နေလောက်တယ်”

ခန်မးတခုလုံး နောက်တကြိမ်ဆူညံသွားတယ်။ ဒီအချက်က အရေးကြီးပြီး သခင်မလေးနှစ်ဦး ရှိထားတဲ့ ချန်ဟယ်ကုန်သွယ်ရေးက နောက်ထ ပ်လုပ်ငန်းခွဲအသစ်ထောင်ရုံနဲ့ သခင်လေးတဦး လက်ခံဖို့ဆန္ဒရှိနေတာက အပေါ်ယံအမြင်မှာရိုး ရှင်းပေမယ့် အလေးအနက်စဥ်းစားရင်တော့ ရှု ပ်ထွေးတယ်လို့ ပိုင်လင်းထင်တယ်။

“ဒါက ပွင့်လင်းရာသီမှာလုပ်မယ့် သခင်လေး၃ ဦးပြိုင်ပွဲနဲ့ဆက်စပ်နေတာလား”

ပိုင်လင်းကတီးတိုး ရေရွတ်လိုက်တယ်။ မော့ပေ ကလည်း

“ကိစ္စကတော့ ရှုပ်ထွေးလာပြီ” လို့ တီးတိုးရေရွ တ်နေတယ်။

“သခင်လေးရွေးချယ်မှုအတွက် ပြိုင်ပွဲကိုလာမ ယ့်နှစ်လအတွင်း ကျင်းပမှာဖြစ်ပြီးတော့လက်ရှိ အစောင့်တွေကော ဝန်ထမ်းတွေကပါ ဝင်ရော က်ယှဥ်ပြိုင်ခွင့်ရှိတယ်”

ချန်ဟယ်က ဆက်လက်ကြေငြာလိုက်တယ်။ သူမကြေငြာချက်က ဗုံးတလုံးပေါက်ကွဲသလို ဆူညံသွားစေမှန်း သတိပြုမိပုံရပြီး ပိုင်လင်းက တော့ အတွေးများနေခဲ့တယ်။ ထိုစဥ် သူ့နားထဲ အေးစက်စက်အသံတခု ဝင်လာတယ်။

“ဒါ ငါပြောတဲ့အခွင့်အရေးပဲ”

ချီယောင်ရဲ့အသံပါ။

“ဒါက အခွင့်အရေးလား မဖြစ်နိုင်ဘူး”

ပိုင်လင်းရဲ့စကားကြားတော့ ချီယောင်ကအေး စက်စက်လေသံနဲ့

“ဟမ့်.. နင်က ဒီအလှလေးနှစ်ယောက်ကိုစိတ်မ ဝင်စားလို့လား”

ပိုင်လင်းတယောက် ဒေါပွသွားတယ်။

“ခဗျားက ကျတော့်ကိုဘယ်လိုလူထင်နေတာလဲ တွေ့သမျှမိန်းကလေး ကြိုက်တတ်တဲ့ကောင်လို့ ထင်နေတာလား”

ပိုင်လင်းတယောက် တကယ်စိတ်ဆိုးသွားမှန်း သိတော့ချီယောင်က လေသံကိုလျှော့ချလိုက်ပြီ

“နင်သာ လုပ်ငန်းခွဲအသစ်က သခင်လေးဖြစ်ခဲ့ ရင် နင်ရမာ့်အရင်းအမြစ်ပမာဏ တိုးလာမယ် နောက်ပြီး ​တကယ့်ပွင့်လင်းရာသီမှာလုပ်မယ့် ပြိုင်ပွဲမှာသာထပ်နိုင်ရင် ဒီလုပ်ငန်းခွဲကနင့်အပို င်ဖြစ်သွားမှာပဲ”

“ကိစ္စကအဲ့လောက်မရိုးရှင်းဘူးလေ”

“ငါသိတယ် နင်စိုးရိမ်တာက ပြိုင်ပွဲအပြင်ဒီညီ အစ်မနှစ်ဦးကို လက်ထပ်တဲ့ကိစ္စလား”

“ဟုတ်တယ်”

“ဟက်.. နင်အတွေးလွန်နေပြီ နင့်ထက်သာတဲ့ အင်အားစုသုံးခုက သခင်လေးတွေကိုတောင်သူ တို့သဘောမတူနိုင်လို့ ဒီအကွက်ရွှေ့တာလေ နင် ကပြိုင်ပွဲမှာနိုင်ရုံနဲ့ ဒီအလှလေးနှစ်ယောက်ကိုရ မတဲ့လား မဖြစ်နိုင်ဘူး”

ချီယောင့်စကားအဆုံးမှာ ပိုင်လင်းက

“ဒါဆို သခင်လေးဆိုတဲ့ဂုဏ်ပုဒ်အတွက်နဲ့သက် သက်ဒုက္ခရှာသလိုဖြစ်မှာပဲပေါ့”

“အပေါ်ယံဆိုရင်တော့ဟုတ်တယ် ဒါပေမယ့်နင် မှတိမိရမှာက နင့်ကိုငါပေးတဲ့တာဝန်ကနင်တစ် ယောက်တည်းအင်အားနဲ့တော့မရဘူး နင့်အ နောက်မှာ လုံလောက်တဲ့အင်အားစုနဲ့ ကျော်ကြာ မှုအချို့ရှိမှဖြစ်မှာ ဒါကနင့်ရဲ့ပထမဆုံးခြေလှမ်း တခုပဲ ညီအစ်မနှစ်ယောက်ကိုတကယ်မရလည် ပြဿနာမရှိဘူး”

“ခင်ဗျားပြောပုံအရဆို ပြိုင်ပွဲမှာနိုင်ရင်လုပ်ငန်း ခွဲကိုချုပ်ကိုင်နိုင်မယ်ပေါ့”

“ဒါပေါ့ သူတို့ကသခင်မလေးနှစ်ဦးနဲ့သဘောမ တူမှတော့ လုပ်ငန်းခွဲကိုနင့်ဆီပေးရုံကလွဲပြီးအ ခြားရွေးချယ်စရာ မရှိဘူးလေ”

“ငါသဘောပေါက်ပြီ”

ပိုင်လင်းမသိတာက သူနဲ့ချီယောင်စိတ်ချင်းဆ က်သွယ်နေချိန် ချန်ထန်းတို့က ပိုင်လင်းတို့စားပွဲ ဆီကြည့်ပြီး တီးတိုးဆွေးနွေးနေတာပါပဲ။

……………………………………………….

All Chapters