← Chapters

ဒြပ်စင်ငါးခုဂြိုဟ်

Vol. 129 Ch. 1780

ဒြပ်စင်ငါးခုဂြိုဟ်

Vol. 129 Ch. 1780

တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်း တည်ရှိခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်တော့ပေ။ ၎င်း အချိန်မည်မျှကြာကြာ တည်ရှိခဲ့ပြီးဖြစ်သည်ကို မည်သူမျှ မသိကြပေ။ သည်လှိုဏ်ဂူလောက၏ မူလပိုင်ရှင်၊ ခုနစ်ရောင်စုံကောင်းကင်ဘုံတာအိုသခင်ကမူ သိချင်သိနိုင်၏။

ဝမ်လင်း မွေးဖွားခဲ့သည်မှာပင် နှစ်ပေါင်းနှစ်ထောင်ကျော် ရှိခဲ့ပြီး သည်အချိန်ကာလအတွင်း တောက်ပသောလေဟာနယ်၌ စစ်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ပြီးပင်။ ပထမစစ်ပွဲမှာ အလုံးစုံကောင်းကင်နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သေဆုံးမှုများ ရှိခဲ့သော ဗရမ်းဗတာ ဖြစ်ခဲ့၏။

သို့ပေမည့် ဒုတိယတိုက်ပွဲနှင့် ယှဉ်ပါက ပထမတိုက်ပွဲမှာ မည်ကာမတ္တသာ။ ဒုတိယစစ်ပွဲမှာ အတွင်းနှင့်အပြင်နယ်မြေကြား တိုက်ပွဲ ဖြစ်၏။ တောက်ပသောလေဟာနယ်မှာ အပျက်အစီးပုံ ဖြစ်ခဲ့ရ၏။ သေမျိုးဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ မျှော်လင့်ချက်မဲ့ကာ အော်ဟစ်ခဲ့ရပေသည်။

သက်ရှိများပြည့်နေသော ဂြိုဟ်များစွာမှာ အမှုန့်အမွှား ဖြစ်ခဲ့ရ၏။ တစ်ချိန်က တောက်ပခဲ့ဖူးသော သည်ကြယ်အဖွဲ့အစည်းမှာ ခုဆို ငြိမ်သက်တိတ်ဆိတ်နေသည်။

ဂြိုဟ်များလည်း သိပ်မကျန်တော့ပေ။ သို့သော်  မထိမခိုက်ကျန်ခဲ့သော ဂြိုဟ်အချို့တော့ ရှိနေသေးသည်ပင်။ ယင်းဂြိုဟ်များမျာ သည်စစ်ပွဲတွင် မပါဝင်ခဲ့၊ သို့တည်းမဟုတ် တခြားသူများ၏ ဖျက်စီးခြင်းမခံခဲ့ရခြင်းပင်။

သည်ကြယ်အဖွဲ့အစည်းအတွင်း၌ တဖြည်းဖြည်း လှည့်ပတ်နေသော ဂြိုဟ်တစ်လုံး ရှိ၏။ ယင်းဂြိုဟ်မှာ အစိမ်းရောင် ရှိပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည်။

၎င်းဂြိုဟ်ပတ်လည်၌ တခြားဂြိုဟ်ငယ်များ ရှိမနေဘဲ မတူညီသော အရောင်ငါးခု စက်ဝန်းများသာ ရှိ၏။

ထိုစက်ဝန်းများက ယှက်လိမ်ကာ ဖူးပွင့်နေသောပန်းတစ်ပွင့်အလား။ သည်ဂြိုဟ်ကို အကွာအဝေးတစ်ခုမှ ကြည့်ပါက အလွန်လှပသည်။

ဒီဂြိုဟ်ပေါ်တွင် သေမျိုးများစွာလည်း ရှိသည်။ သူတို့က စစ်ပွဲ၏ သက်ရောက်ခြင်း မခံရဘဲ ပျော်ပျော်ရွှင်ရွှင် ရှင်သန်နေထိုင်ခဲ့ကြရသည်။ ဤသည်မှာ ဒီကြယ်အဖွဲ့အစည်း၌ ရှားပါးလှသောအရာပင်။

စိတ်ဝိညာဉ်စွမ်းအင် ပေါကြွယ်သဖြင့် ဒီဂြိုဟ်ပေါ်ရှိ သေမျိုးများသည် ဖျားနာခဲသည်။ ထို့အပြင် မျိုးဆက်များစွာ ဆင်းသက်လာပြီး ကျင့်ကြံဖို့ အရည်အသွေး ရှိသော ပိုများပြားသည့် သေမျိုးများလည်း ပေါ်ပေါ်လာသည်။ သည်ဂြိုဟ်မှာ ဒြပ်စင်ငါးခုဂြိုဟ် ဖြစ်၏။

သည်ဂြိုဟ်ပေါ်တွင် ကလန်တစ်ခုသာ ရှိသည်။ ၎င်းကို ကောက်ရီကလန်ဟု ခေါ်သည်။ ကလန်နာမည်မှာ ဒြပ်စင်ငါးခုကို တစ်ခုတည်းအဖြစ်သို့ ပေါင်းခေါ်ခြင်းနှင့် ဆင်တူသည်။

တောက်ပသောလေဟာနယ်၌ သည်ဒြပ်စင်ငါးခုဂြိုဟ်မှာ အလွန်ထူးခြားသည်။ ၎င်းသည် ကြယ်အဖွဲ့အစည်းအတွင်း၌ ရှိနေသော်လည်း ရှာတွေ့ဖို့ ခက်သည်။ ကျင့်ကြံခြင်းမဟာမိတ်သည်ပင် ၎င်း၏ တည်နေရာကို သေချာမသိပေ။ နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလျှင်ပင် သည်ဂြိုဟ်ကို မတွေ့ရဘဲ လေဟာနယ်ကိုသာ မြင်ရပေလိမ့်မည်။ ထို့ကြောင့် သည်ဂြိုဟ်မှာ စစ်ပွဲများတွင် ပါဝင်မပတ်သတ်ဘဲ ရှိနိုင်ခဲ့ခြင်းတည်း။

သို့ပေမည့် မတော်တဆမှုများကမူ ဖြစ်လာတတ်သည်သာ။ အတွင်းနှင့်အပြင်နယ်မြေ စစ်ပွဲအတွင်း ပြင်ပနယ်မြေမှ ကျင့်ကြံသူအုပ်စုတစ်စုက သည်ဂြိုဟ်သို့ ဝင်ရောက်ခဲ့လာဖူး၏။ သို့သော် သူတို့က လုံးဝ ပြန်မထွက်လာခဲ့ကြတော့ပေ။

ဤသည်ကား ဆန်းကြယ်၍ မခန့်မှန်းနိုင်သော ဒြပ်စင်ငါးခုဂြိုဟ်ပင်။

ဝမ်လင်းထံ၌ သည်ဂြိုဟ်၏ တည်နေရာကို သိရှိထား၏။ အတိတ်တုန်းက နန်ဒူက သည်တည်နေရာကို သူ့အား ပေးခဲ့ကာ ဒီဂြိုဟ်သို့ လာရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်၏။ ဝမ်လင်းက ကျောက်စိမ်းပြားတစ်ခုကို ကိုင်ကာ သေချာရှာဖွေနေသည်။

“နန်ဒူရဲ့ ဖိတ်ခေါ်မှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်က ဖြစ်တဲ့အတွက် ဒီနှစ်ပေါင်းအတွင်း ပြောင်းလဲမှုများစွာ ရှိခဲ့ပြီ…”  ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ကျောက်စိမ်းပြားထံမှ ပြန်ရုတ်သိမ်းသည်။ မြေနိမ့်သားရဲက ရှေ့သို့ မြောလွင့်ကာ ရွှေ့လျားနေသည်။

ဒြပ်စင်ငါးခုဂြိုဟ်သို့ လမ်းတွင် ဝမ်လင်းသည် အတိတ်အကြောင်းကို ပြန်စဉ်းစားကြည့်မိ၏။ သူက သိုလှောင်အိတ်တစ်ခုကြောင့် နန်ဒူနှင့် တွေ့ဆုံခဲ့ကာ သူ၏ အမဲလိုက်ခြင်းကို ခံခဲ့ရခြင်းပင်။ ထိုအန္တရာယ်မှာ သူ့ဂျိနယ်ပယ်ကို ဖော်ထုတ်ခဲ့သည်နှင့် ဖြေရှင်းပြီးသား ဖြစ်ခဲ့သည်။

“နန်ဒူမှာ ခုနစ်ရောင်စုံဂျီနယ်ပယ် ပိုင်ဆိုင်ထားတယ်…”  မြေနိမ့်သားရဲ ရွှေ့လျားနေစဉ် ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်သည်။

သည်ကြယ်နယ်မြေမှာ အပြင်ဘက်မှ နတ်ဘုရားအာရုံဖြင့် ကြည့်မြင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းမှာ တောက်ပသောလေဟာနယ်နှင့် ပိုင်းခြားထားသည့်အလား။

ဝမ်လင်းက သူ့ရှေ့တွင် ဖူးပွင့်နေသော ပန်းကဲ့သို့ ဒြပ်စင်ငါးခုဂြိုဟ်ကို မြင်လိုက်ရ၏။

သည်ဂြိုဟ်ကို တွေ့မြင်လိုက်သည်နှင့် ဝမ်လင်း၏မျက်လုံးထံမှ မူးယစ်မှုအရိပ်အမြွက် မလှစ်ဟမပေါ်ဘဲ မနေနိုင် ဖြစ်မိ၏။ သည်ဂြိုဟ်ပတ်လည်ရှိ စက်ဝန်းငါးခုမှာ အလွန်လှပသည် မဟုတ်လား။ ဝမ်လင်းက ဂြိုဟ်များစွာကို တွေ့မြင်ခဲ့ဖူး၏။ သို့သော် သည်ဂြိုဟ်မှာ အလှပဆုံးပင်။

“ဒီဂြိုဟ်ဟာ ဒီလှိုဏ်ဂူလောကရဲ့ အပိုင် မဟုတ်ဘူး…”  ဝမ်လင်းက မျက်လုံးမှိတ်လိုက်သည်။ သူက ကောင်းကင်ဘုံတာအို၏သခင် ဖြစ်၏။ ထို့ကြောင့် သူသည် သူ့အောက်ရှိ မြေနိမ့်သားရဲ၏အတွေးများကို သိနေပေသည်။

သည်ဂြိုဟ်ကို နတ်ဘုရားအာရုံဖြင့် မထောက်လှမ်းနိုင်သည့် အကြောင်းရင်းမှာ ၎င်းသည် တောက်ပသောလေဟာနယ်ကနေ ကွဲထွက်နေခြင်းကြောင့် ဖြစ်နိုင်၏။ အကြောင်းမှာ သည်ဂြိုဟ်သည် ဒီလှိုဏ်ဂူလောက၏ အပိုင် မဟုတ်လေသောကြောင့်ပင်။

“ဒီနေရာကို ရောက်လာတဲ့နောက် ပြင်ပကကျင့်ကြံသူတွေဟာ ငါ မသိတဲ့ တချို့နည်းလမ်းတွေကို အသုံးပြုပြီး အင်မောတယ်ကောင်းကင်ဘုံနယ်မြေက ဂြိုဟ်တစ်လုံးကို ဒီနေရာဆီ ယူဆောင်လာခဲ့တာ ဖြစ်ရမယ်…”  ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူက ကောင်းကင်ဘုံတာအိုနှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း မျက်လုံး ပြန်ဖွင့်လာသည်။ ခုချိန်၌ သူ့မျက်လုံးတို့မှာ ကြည်လင်နေသည်။

ဝမ်လင်းသည် ထရပ်ကာ ရှေ့သို့လှမ်း၏။ မြေနိမ့်သားရဲကို ဒီနေရာတွင် ဆက်ရှိနေစေပြီး သူကမူ တောက်ပနေသောဒြပ်စင်ငါးခုဂြိုဟ်ထံသို့ လှမ်းလာသည်။

သူ နီးကပ်လာသည့်အခါ ဂြိုဟ်ပတ်လည်ရှိ စက်ဝန်းငါးခုသည် တောက်ပကာ ပြန့်ကားလာသည်။ ထိုစက်ဝန်းငါးခုက မြန်ဆန်စွာ လှည့်ပတ်၍ တဝီဝိအသံကို ဖန်တီးကာ ဝမ်လင်း ဝင်ရောက်လာခြင်းကို တားဆီးသည်။

ဝမ်လင်းက ရပ်တန့်ကာ ထိုစက်ဝန်းငါးခုအတွင်းရှိ ဂြိုဟ်ထံသို့ လှမ်းကြည့်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“နန်ဒူ…ဒီနေ့ ငါလာခဲ့တာ အတိတ်တုန်းက ငါတို့ရဲ့ ချိန်းဆိုချက်ကြောင့်ပဲ…”

ဝမ်လင်း၏အသံက တည်ငြိမ်၏။ သူ့အသံက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ သူ့အသံက ဂြိုဟ်အတွင်းသို့ ဝင်ရောက်လာသည်။ သူ၏အသံမှာ ကောင်းကင်ဘုံ၏ခွန်အား ဖြစ်လေသည့်အလား။

သည်အခိက်တွင် ဂြိုဟ်ပေါ်ရှိ သေမျိုးများ၊ကျင့်ကြံသူများသည် လုပ်ဆောင်နေသော အရာများကနေ ရပ်တန့်သွားကြသည်။ တောအုပ်အတွင်းရှိ သားရဲများသည်ပင် တုန်ယင်ကုန်သည်။

ဝမ်လင်း၏အသံက သူတို့၏နားထဲ၌ ပဲ့တင်ထပ်သည်။

ဝမ်လင်းသည် စက်ဝန်းများအပြင်ဘက်တွင် တည်ငြိမ်စွာ ရပ်၍ ခွန်းတုန့်ပြန်မည့်စကားကို စောင့်ဆိုင်းနေသည်။

အချိန်အတန်ကြာပြီးနောက် ခပ်ဩဩအသံတစ်သံ ဂြိုဟ်ထံမှ ထွက်ပေါ်လာ၏။ ထိုအသံက ထိတ်လန့်မှုကို ကောင်းကောင်းဖုံးကွယ်ထားသည်။

“အကြီးအကဲနန်ဒူ တံခါးပိတ်ကျင့်ကြံနေတယ်။ ထွက်မလာနိုင်ဘူး။ ငါတို့ သူ့ကို သွားအသိပေးလို့လည်း မရဘူး။ သင် သူ့ကို ဘာကြောင့် လာရှာတာလဲ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းယမ်းကာ ပြောလိုက်သည်။ “သင်က ဘယ်သူလဲ…”

“ဒီအဘိုးအိုက ကောက်ရီကလန်ရဲ့ ဒုကလန်ခေါင်းဆောင်၊ အဘိုးအို ယင်တန်ရှန်ပဲ။ ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲတွေ တံခါးပိတ်ကျင့်ကြံနေကြတယ်တဲ့အချိန်မှာ ငါဟာ ကိစ္စအားလုံးကို တာဝန်ယူထားတယ်။ ငါ သင် ဘယ်သူလဲဆိုတာ သိတယ်။ ဒါပေမဲ့ အကြီးအကဲနန်ဒူ ထွက်မလာနိုင်တဲ့အတွက် ကျေးဇူးပြုပြီး သင် ပြန်ထွက်သွားပါ…”

ထိုအသံသည် အလွန်သတိထားနေဟန် ပေါ်သည်။

ဝမ်လင်း၏အကြည့်က စက်ဝန်းငါးခုကို ထွင်းဖောက်သွားကာ ဂြိုဟ်တစ်ခုကို ခပ်ရေးရေး တွေ့မြင်၏။ အချိန်အတန်ကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ငါ လာနေတာ သူ သိတယ်…”  ထိုသို့ပြောပြီးနောက် ဝမ်လင်းက စက်ဝန်းငါးခုထံ မြန်ဆန်စွာ လှမ်းဝင်လာတော့သည်။

ဝမ်လင်း ရှေ့သို့ လှမ်းဝင်လာစဉ် ခပ်ဩဩအသံသည် စူးရှလာကာ ကြောက်ရွှံ့မှုနှင့် ပြည့်၏။

“အသင့်ရဲ့ အဆင့်အတန်းက မြင့်မြတ်ပါတယ်။ ဒါပေမဲ့ ဒြပ်စင်ငါးခုဂြိုဟ်ဟာ သင် ဆန္ဒရှိသလို ဝင်ရောက်နိုင်တဲ့ နေရာ မဟုတ်ဘူး။ သင် ချိုးဖျက်ဖို့ ကြိုးစားရင် ဒီအဘိုးအိုက ဒြပ်စင်ငါးခု အစီအရင်ကို အသက်သွင်းလိုက်ရလိမ့်မယ်။ ဒီအစီအရင်ဟာ ရက်စက်…” ထိုအဘိုးအို၏ စကားမဆုံးခင်မှာပင် လွှမ်းမိုးမောက်မာသော နတ်ဘုရားအာရုံတစ်ခုက သူ့အား ကြားဖြတ်နှောက်ယှက်လာသည်။

“သင် ဒြပ်စင်ငါးခုအစီအရင်ကို ချိုးဖျက်နိုင်ရင် ငါ့ရဲ့ ဒြပ်စင်ငါးခုဂြိုဟ်ထဲ ဝင်လာနိုင်တယ်။ သင် ချိုးဖျက်ရဲရင် ဝင်လာခဲ့။ မဟုတ်ရင် ပြန်ထွက်ပြေးတော့…”

ဝမ်လင်း၏အမူအရာက တည်ငြိမ်သည်။ သူက ထိုအသံကို တစ်စက်လေးမှ ဂရုမစိုက်ပေ။ သူက သူ့အရှိန်နှုန်းအတိုင်း ရှေ့ဆက်လျှောက်လာသည်။ ဝမ်လင်းက ယှက်လိမ်နေသော စက်ဝန်းများနှင့် ထိမိသည့်အခါ သူ၏ပတ်လည်၌ တစီစီအသံများ ပဲ့တင်ထပ်လာသည်။

ထိုအသံသည် ပြင်းထန်၏။ မရေမတွက်နိုင်သော မန္တာန်များက ဝမ်လင်းထံ တပြိုင်နက်တည်း တိုက်ခိုက်လာသည့်အလား။ သည်မန္တာန်များသည် စက်ဝန်းငါးခုထံမှ လာကာ ဒြပ်စင်ငါးခု၏စွမ်းအား ပါဝင်သည်။ တခါတရံ ၎င်းက မီး၊ ထို့နောက် ရေ၊ ရံဖန်ရံခါ သတ္တု၊ ထို့နောက် မြေကြီး၊ သည့်နောက်တွင် သစ်သား ဖြစ်လိုက် ရှိနေ၏။

ဝမ်လင်းက ထိုအစီအရင်ထံ ခြေလှမ်းဝင်သည်။ သည်ဂြိုဟ်၏ အရှေ့ပိုင်း၌ မိုးထိမြင့်မားကာ စက်ဝန်းတစ်ခုအသွင် ဖြစ်နေသော တောင်ကိုးလုံး ရှိ၏။ ၎င်းမှာ ကောက်ရီကလန်၏ တည်နေရာပင်။

တောင်ထိပ်ကိုးခုက ကောင်းကင်ယံထိ ထွင်းဖောက်နေ၏။ ပြင်းထန်သောသတ်ဖြတ်လိုစိတ်သည် ကီလိုမီတာ တစ်သန်းကျော်ထိ ပျံ့လွင့်လာသည်။

ထိုကီလိုမီတာတစ်သန်းအတွင်း မည်သည့်သက်ရှိမျှ ရှိမနေ၊ မြေပြင်ထုမှာ လုံးဝ နက်မှောင်နေသည်။

ထိုတောင်ကိုးလုံး ဝန်းရံထားသော မျှော်စင်ကြီးတစ်ခုသာ ရှိ၏။ ထိုမျှော်စင်က တောင်များထက်ပင် ပိုမြင့်မားကာ အလွှာကိုးဆယ့်ကိုးထပ် ရှိသည်။ ထိုမျှော်စင်သည် ကောက်ရီကလန်ပင်။

ကောက်ရီကလန်တစ်ခုလုံးက သည်ကြီးမားမြင့်မားသော မျှော်စင်ထဲ၌ တည်ရှိ၏။ ၎င်းမှာ သည်လှိုဏ်ဂူလောကရှိ တခြားကလန်အားလုံးနှင့် ကွဲပြားသည်။

သည်အခိုက်တွင် အလင်းတန်းများသည် အလွှာသုံးဆယ်ထံမှ ပျံသန်းထွက်လာကာ ဘေးပတ်လည်တွင် စုဝေးသည်။ အလင်းတန်းတစ်ခုစီ၌ ကျင့်ကြံသူတစ်ယောက်စီ ရှိ၏။ သူတို့၏ကျင့်ကြံမှုများမှာ အမျိုးမျိုးပင်။ အများစုမှာ ပထမအဆင့်ကျင့်ကြံသူများ ဖြစ်ပြီး ဒုတိယအဆင့် ကျင့်ကြံသူများသည် များများစားစား မရှိပေ။

သည်အခိုက်တွင် ထိုကျင့်ကြံသူများက ကောင်းကင်ထက်သို့ အထင်သေးဟန်ဖြင့် မော့ကြည့်ကြသည်။

သူတို့ အောက်ဆုံးအလွှာသုံးဆယ်မှ ပျံသန်းထွက်လာစဉ် ကျင့်ကြံသူတစ်ရာနီးပါးက အလယ်အလွှာသုံးဆယ်ထံမှ ပျံသန်းထွက်လာသည်။ ထိုကျင့်ကြံသူများထဲတွင် လူအိုများ ပိုများသည်။ အများစုမှာ ဒုတိယအဆင့်တွင် ရှိသည်။ သူတို့က တည်ငြိမ်စွာဖြင့် တောင်ထိပ်လေးခု၌ နေရာယူသည်။ သူတို့အားလုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။

သူတို့၏မျက်လုံးများထဲ၌ အထင်သေးဟန်တို့ ပြည့်နေသည်။

သူတို့က အစောင့်အကြပ်အစီအရင်ကို ဖြတ်ကာ မည်သူကမျှ ကောက်ရီကလန်သို့ လွယ်လွယ်ကူကူ ဝင်ရောက်လာနိုင်မည်ဟု မယုံကြည်ကြပေ။

မျှော်စင်၏ ထိပ်ဆုံးအလွှာဆယ်ခုတွင် လူလေးယောက် ထိုင်နေသည်။ သူတို့ထဲမှ တစ်ယောက်က ဝတ်ရုံနက်ကို ဝတ်ဆင်ထားကာ သူ့ညာမျက်လုံးအောက်တွင် မှဲ့တစ်လုံး ရှိသည်။ သူက အလွန်မောက်မာဟန်ပေါ်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“သူက ဝမ်လင်း ဖြစ်နေတော့ရော ဘာအရေးလဲ။ ခုနစ်ရောင်စုံရဲ့ စိတ်ဝိညာဉ်ကလွဲလို့ ဒီလှိုဏ်ဂူလောကထဲမှာ ဘယ်သူ့ကိုမျှ ငါတို့ ကြောက်ဖို့ မလိုဘူး။ ငါကိုယ်တိုင် ဒြပ်စင်ငါးခုအစီအရင်ထဲ ဝင်ရောက်ရရင် အမွှေးတိုင်တစ်တိုင်စာလောက် ကြာမြင့်ပြီး ပထမစမ်းသပ်မှုမှာတင် ရပ်လိုက်ရနိုင်တယ်။ သူ့ကျင့်ကြံမှုအဆင့်က ငါ့ထက် ပိုမြင့်မားပေမယ့် စမ်းသပ်မှုငါးခုလုံးကို ဖြတ်ကျော်နိုင်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူး…”

ထိုအဘိုးအို၏ဘေးတွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ရှိသည်။ သူမ၏အမူအရာက ရက်စက်ဟန် ရှိကာ သူမက ရယ်မောလိုက်၏။ “သူ စမ်းသပ်မှုငါးခုကို ဖြတ်ကျော်ပြီး အစီအရင်အပြည့်အဝကို အသက်ဝင်စေပြီး စက်ဝန်းကိုးခုဒြပ်စင်ငါးခုကို ထွက်ပေါ်လာအောင် လုပ်နိုင်ဖို့ ငါ မျှော်လင့်မိတယ်။ သူ စက်ဝန်းဘယ်နှစ်ခုများ တောင့်ခံနိုင်မလဲ ငါ မြင်ချင်မိတယ်…”

All Chapters