← Chapters

မြေအနှစ်သာရ

Vol. 129 Ch. 1782

မြေအနှစ်သာရ

Vol. 129 Ch. 1782

သူတို့လေးယောက်၌ တာအိုဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက်လည်း ရှိနေသေည်။သူ့မျက်နှာပေါ်တွင် အညိုရောင်အစက်အပြောက်များ ရှိနေ၏။ အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် သူက ခပ်ဩဩအသံဖြင့် ပြောလာသည်။ “ဒီကိစ္စကို ငါတို့ အကြီးအကဲနန်ဒူရှိ တင်ပြသင့်လား…”

သူက ဝမ်လင်းကို အတော်လေး ရှိနေသော ယင်တန်ရှန်ပင်။

နောက်ဆုံး စကားပြောလာသူမှာ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သူက မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အကြီးအကဲနန်ဒူကို သတင်မပို့ခင် ငါတို့ ဒီဝမ်လင်းကို ရန်မစသင့်ဘူး။ သူဟာ တော်တော်ပဲ ကျော်ကြားတယ်။ သူက အလည်လာတာဆိုရင်…ငါတို့…”

“ငါတို့ ကောက်ရီကလန်က တစ်ယောက်ယောက်ကို ဘယ်အချိန်တုန်းကများ ကြောက်သွားရတာလဲ။ သူက ဝမ်လင်း ဖြစ်နေပြီး ကျော်ကြားလှရင်တောင် ဘာဖြစ်သေးသလဲ…။ သူက နဂါးတစ်ကောင် ဖြစ်ရင်တောင် ငါတို့ရှေ့မှာ ပြားပြားဝပ်ရလိမ့်မယ်…”

သက်လတ်ပိုင်းအမျိုးသမီးက ကြားဖြတ်ကာ မကျေမနပ် ပြော၏။

ဝတ်ရုံနက်အဘိုးအိုကလည်း သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အေးစက်စက် ပြောလာသည်။ “ငြင်းခုံနေဖို့ မလိုဘူး။ ဒီအဘိုးအို ဆုံးဖြတ်ပြီးသွားပြီ။ ဒါ့အပြင် ဒီကိစ္စကို အကြီးအကဲ နန်ဒူ မသိဘူးလို့ မဆိုလိုဘူး။ ဒီဝမ်လင်းက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိနေလား ကြည့်ကြတာပေါ့…”

သူက အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်စဉ် သည်လေးယောက်ကြားရှိ ဟင်းလင်းပြင်သည် တွန့်ခေါက်ပုံပျက်ကာ ကြေးမုံတစ်ချပ် ပေါ်လာသည်။ ထိုကြေးမုံက ယှက်လိမ်နေသော စက်ဝန်းငါးခုထံသို့ လှမ်းလျှောက်လာနေသော ဝမ်လင်း၏ပုံရိပ်ကို လှစ်ဟ ဖော်ပြ၏။

တစ်ချိန်တည်းမှာ လူနှစ်ယောက်က ကိုးထပ်မြောက်အလွှာတွင် ထိုင်နေ၏။ သူတို့နှစ်ယောက်လုံးမှာ သက်လတ်ပိုင်းအရွယ်ရှိကာ တစ်ယောက်က ငါးရောင်စုံဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက မျှော်စင်အပြင်ဘက်ရှိ ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်၏။ သူ့မျက်လုံးထဲတွင် ဆန်းကြယ်မှုတို့ လှစ်ဟပေါ်နေသည်။

ဝမ်လင်း သည်နေရာတွင် ရှိနေပါက သူသည် ထိုလူမှာ နန်ဒူ ဖြစ်သည်ကို ချက်ခြင်း သိပေလိမ့်မည်။

နန်ဒူက အရင်တုန်းကအတိုင်းသာ အသွင်ပုံစံ ရှိ၏။ သူက ကောင်းကင်ထက်သို့ ကြည့်ကာ ပြုံးလာသည်။

“အတိတ်တုန်းက သူဟာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူလေးပဲ ရှိသေးတယ်။ နှစ်ပေါင်းတစ်ထောင်လောက်နဲ့ သူက ဒီလောက်ထိ မြင့်မားလာခဲ့ပြီ။ ငါတောင် သူ့ ပြိုင်ဘက် မဟုတ်နိုင်ဘူး…”

”ငါက သူ့ကို မယှဉ်နိုင်တော့လည်း ဘာဖြစ်သေးသလဲ။ ငါတို့က ဒီနေရာကို စောင့်ကြပ်ရုံ၊ သူတို့ရဲ့ မျိုးဆက် ဖြစ်ရုံနဲ့တင် လုံလောက်နေပြီ…”  နန်ဒူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သက်လတ်ပိုင်းလူမှာ ခရမ်းရောင်ဝတ်ရုံဖြင့်ပင်။ သူက ချောမောကာ နန်ဒူ၏စကားကို ကြားသည့်နောက် ရယ်မောလိုက်၏။

“အစစ်အမှန်ရန်သူတစ်ယောက် ရောက်လာခဲ့ရင်လည်း ငါတို့ လှုပ်ရှားဖို့ မလိုပါဘူး။ ဘိုးဘေးထဲက တစ်ယောက်ယောက် နိုးထလာတာနဲ့ အရာအားလုံးကို ဖြေရှင်းပြီး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီဝမ်လင်းက ဒြပ်စင်ငါးခုအစီအရင်ကို ချိုးဖျက်လှမ်းလာနိုင်မလား…”

“သူ ဒြပ်စင်ငါးခုအစီအရင်ကနေ လှမ်းထွက်နိုင်စွမ်း ရှိလိမ့်မယ်။ ဒါပေမဲ့ စက်ဝန်းကိုးခုထဲမှာ တတိယတစ်ခုကိုတောင် သူ ဖြတ်ကျော်နိုင်လိမ့်မှာ မဟုတ်ဘူး။ ဒီအစီအရင်ဟာ ဟိုးလွန်ခဲ့တဲ့အချိန်တည်းက ဘိုးဘေးတွေ ချခင်းထားခဲ့တာ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကုန်လွန်လာတဲ့နောက် ဒါဟာ သာမန်လူတွေ ချိုးဖျက်နိုင်တဲ့အရာ မဟုတ်လေတော့ဘူး။ ငါ ဝမ်လင်းနဲ့ ပတ်သတ်လို့ နည်းနည်း သိထားတယ်။ သူဟာ စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်ပဲ…”  နန်ဒူက ပြုံး၏။

သက်လတ်ပိုင်းလူကလည်း ပြုံး၏။ သူက မျှော်စင်အပြင်ဘက်သို့ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါတို့ စောင့်ကြည့်ကြတာပေါ့…”

စက်ဝန်းငါးခုအတွင်း၌ ဝမ်လင်းသည် တည်ငြိမ်စွာ ရှေ့ဆက်လှမ်းလာသည်။ စက်ဝန်းများက ကျယ်လောင်စွာ တဝီဝိအသံများကို ထုတ်လွှတ်နေ၏။ သို့သော် မည်သည်ကမျှ ဝမ်လင်းကို ထိခိုက်အောင် မလုပ်နိုင်ပေ။

သူ၏ ရှေးတောက်ခန္ဓာကိုယ်မှာ အလွန်သန်မာကာ မန္တာန်များက ဒဏ်ရာရစေနိုင်သော အရာ မဟုတ်ပေ။ ဒြပ်စင်ငါးခုက ဆက်တိုက် ထွက်ပေါ်နေ၏။ တခါတရံ ကြောက်မက်ဖွယ်မီး၊ တခါတရံ သဲမုန်တိုင်း၊ ထို့နောက် ကောင်းကင်ထိ ဖုံးလွှမ်းသော ဒေါမာန်တကြီးပင်လယ်၊ သည့်နောက် သတ္တုအပိုင်းအစများ၊ ရံဖန်ရံခါ သစ်ပင်များက ပြိုလဲကျဆင်းသည်။

ဝမ်လင်းသည် တစ်စက်လေးမှ မရပ်ပေ။ သူက ဒြပ်စင်ငါးခုဂြိုဟ်ထံသို့ အပြည့်အဝ ပြင်ဆင်ပြီးမှ လာခဲ့ခြင်း ဖြစ်၏။ သည်နေရာက ကျားသိုက် ဖြစ်နေလျှင်ပင် သူက ချိုးဖျက်ရန် ကြိုးစားအုံးမည်သာ။

သည်နေရာတွင် ရှေ့ဖြစ်ဟောသူအပြင် ဒုတိယမြောက် ပြောင်းလဲမှုကို ဖြစ်စေနိုင်သော အင်အားစုက ပုန်းကွယ်နေသည် မဟုတ်လား။ ဝမ်လင်းက သည်နေရာတွင် မည်သို့အင်အားက ပုန်းကွယ်နေသည်ကို မသိပေ။ ထိုသည်က တတိယစိတ်ဝိညာဉ်ကို ရှာဖွေခြင်းအတွက် ဆိုးကျိုးများစွာ ဖြစ်လာစေနိုင်သည်။

သည်နေရာသို့ လာရောက်သည့် သူ့ရည်ရွယ်ချက်မှာ မမြင်ရသောကိန်းရှင်အင်အားစုကို ဖော်ထုတ်ရန် ဖြစ်၏။ သူက သည်နေရာတွင် ပုန်းကွယ်နေသော အင်အားစုက မည်မျှ အစွမ်းထက်သည်ကို အတိအကျ သိလိုသည်။

ထိုသို့လုပ်ပြီးမှသာ ဝမ်လင်းသည် စိတ်အေးနိုင်မည် ဖြစ်၏။

သူက သည်အင်အားစုကို သူတစ်ယောက်တည်း ခြေမွပစ်ဖို့ ယုံကြည်ချက် လုံလောက်အောင် မရှိပေ။ သို့ပေမည့် သူသာ ထွက်သွားချင်ပါက မည်သူကမျှ သူ့ကို တားဆီးဝံ့မည် မဟုတ်ဟု ယုံကြည်မှု ရှိသည်။

ထိုသို့ ယုံကြည်မှု မရှိပါက သူသည် သူကိုယ်တိုင် ဒီနေရာသို့ လာရောက်ခဲ့လိမ့်မည် မဟုတ်ပေ။

သူ ရှေ့သို့ လှမ်းလာစဉ် ဒြပ်စင်ငါးခုက ဝမ်လင်း ပတ်လည်တွင် ဆက်လက် ပျက်စီးနေ၏။ ခြေလှမ်းဆယ့်လေးလှမ်း လှမ်းပြီးနောက် ဝမ်လင်းက စက်ဝန်းငါးခု ရှိနေသော အတွင်းပိုင်းနေရာသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

သည်နေရာရှိ အလင်းက တောက်ပကာ မျက်စိကျိန်းလောက်၏။ ဝမ်လင်းပတ်လည်ရှိ ဒြပ်စင်ငါးခုက ရုတ်တရက် ပြောင်းလဲသွား၏။ သူ့ပတ်လည်ရှိ ဒြပ်စင်အားလုံးမှာ မြေဒြပ်စင်အဖြစ်သို့ ပြောင်းလဲ၏။

အစောပိုင်းတုန်းက သူ တွေ့မြင်ခဲ့ရသော အရာအားလုံးမှာ အပြင်ပိုင်းအလွှာသာ ရှိသေး၏။ ဝမ်လင်း ခုရင်ဆိုင်နေရသည့် အရာကသာ ဒြပ်စင်ငါးခုအစီအရင်၏ အစစ်အမှန်ပထမဆုံးအစီအရင်ပင်။ ၎င်းမှာ မဟာမြေကြီးအစီအရင် ဖြစ်၏။

ဝမ်လင်းက စက်ဝန်းငါးခုအတွင်းသို့ ဝင်ရောက်လာကာ ထိုမြေအစီအရင် အသက်ဝင်လာသည့်နောက် သူ၏အမြင်သည် ဝေဝါးသွား၏။ သူက တခြားလောကတစ်ခုခုသို့ ဝင်ရောက်လိုက်ရသည့်အလား။

ထိုလောကတွင် မြေကြီးထုသာ ရှိကာ ကောင်းကင်ဟူ၍ မရှိ။ သူ့အောက်၌ အဆုံးအဆမဲ့ မြေပြင်ထု၊ သူ့အထက်တွင်လည်း ကောင်းကင်ယံအစား မြေပြင်ထုသာ ကြီးစိုးထားသည်။

အထက်မှ မြေမှုန့်မြေစတို့သည် မိုးကဲ့သို့ ရွာဆင်းနေ၏။ အထက်အောက် မြေပြင်ထု နှစ်ခုကို ချိတ်ဆက်ထားသော မုန်တိုင်းများ ပေါ်လာသည်။ ထိုမုန်တိုင်းမှာ ကိုးခု ဖြစ်၏။ မုန်တိုင်းကိုးခုက အတောမသပ် တဝီဝီအသံများကို ထုတ်လွှတ်နေသည်။

တစ်ချိန်တည်းမှာ မုန်တိုင်းကိုးခုက အလွန်မြန်ဆန်စွာ ရွှေ့လျားကာ ချက်ခြင်း နီးကပ်လာသည်။ ယင်းတို့က ဝမ်လင်းနှင့် ပေတစ်ထောင်အကွာတွင် လူသားမျက်နှာကိုးခုအဖြစ်သို့ ပြောင်း၏။ ထိုမျက်နှာကိုးခုသည် ရွှံ့၊သဲတို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ ဝမ်လင်းထံ တရကြမ်း တိုးဝင်လာကြသည်။

ဝမ်လင်းအောက်ရှိ မြေပြင်ထုက တုန်ခါလာသည်။

ကျယ်လောင်စွာတုန်ဟည်းသံများ သူ့နားထဲ ပဲ့တင်ထပ်နေစဉ် ဝမ်လင်းက အရာအားလုံးကို အေးတိအေးစက် တည်တည်ငြိမ်ငြိမ် ကြည့်နေသည်။

“ဒြပ်စင်ငါးခု စိတ်ဝိညာဉ်လောက်နဲ့ ငါ့ အသိအမှတ်ပြုခံရဖို့ မထိုက်တန်သေးဘူး…”

ဝမ်လင်းက ရှေ့သို့ လှမ်း၏။ သူက မျက်နှာတစ်ခုနား ရောက်လာသည်။ ဝမ်လင်းက ၎င်းထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေ၏။

ထိုမျက်နှာမှာ ဘန်းခနဲ ပေါက်ကွဲ ပျက်စီးသွား၏။ မြေမှုန့်အစများစွာက ဝမ်လင်းကြောင့် လွင်ထွက်သွားသည်။ ဝမ်လင်းသည် ရုတ်တရက် လှုပ်ရှားကာ ဒုတိယမျက်နှာနားသို့ ရောက်လာပြီး လက်သီးပစ်သွင်းလိုက်ပြန်သည်။

ထို့နောက် ဝမ်လင်းက ခြေလှမ်းကိုးလှမ်းလှမ်းကာ လက်သီးကိုးချက် ပစ်သွင်းပြီး ဖြစ်၏။ မျက်နှာကိုးခုလုံး ပျက်စီးရသည်။ သို့သော် ထိုအခိုက်တွင် ကောင်းကင်ထက်၌ တွဲလိုခိုနေသော မြေကြီးထုက စတင် ရွှေ့လျားကာ အောက်သို့ ညှစ်ချေလာသည်။

တစ်ချိန်တည်းမှာ သူ့အောက်ရှိ မြေပြင်ထုက စတင် မြင့်တက်လာ၏။ အဖြစ်အပျက်များမှ မြန်လှ၏။ မျက်စိတစ်မှိတ်အတွင်း မြေပြင်ထုနှစ်ခုက နီးကပ်လာကာ ဝမ်လင်းကို ခြေမွရန် တာဆူသည်။

မျှော်စင်အတွင်း၌ လူလေးယောက်က ကြေးမုံကို ကြည့်နေကြသည်။ ဝမ်လင်း၏အဖြစ်ကို တွေ့မြင်သည့်အခါ ဝတ်ရုံနက်အဘိုးအိုက စတင် ရယ်မော၏။

“မြေအစီအရင်က ဘယ်လိုလုပ် လွယ်လွယ်ကူကူ ဖျက်စီးခံရပါ့မလဲ။ ဒီဝမ်လင်းဟာ ယုံကြည်မှု လွန်ကဲနေတဲ့ပုံပဲ။ သူဟာ တတိယအဆင့်ဆိုပေမယ့် မြေအစီအရင်ကို ချိုးဖျက်ဖို့ အားစိုက်ဖို့ လိုလိမ့်မယ်…”

“အမှန်ပဲ။ မြေအစီအရင်ရဲ့ ဒုတိယပြောင်းလဲမှုပဲ ရှိသေးတယ်။ နောက်ထပ် ခုနစ်ခု ကျန်သေးတယ်။ ဝမ်လင်းက မြေအစီအရင်ကို ဖြတ်ကျော်နိုင်ရင်တောင် သူ အပြင်းအထန် ဒဏ်ရာ ရသွားလိမ့်မယ်လို့ ငါ ယုံတယ်…”  သက်လတ်ပိုင်းအမျိုးသမီးက စူးရှရှအသံ ဖြင့်ပြောလာ၏။  သူမက ဝမ်လင်းကို ပျော်ရွှင်ဟန်၊မုန်တီးဟန်ဖြင့် ကြည့်၏။

“ဝမ်လင်း…နင် စစ်ထူနန်ကို သိတယ်မလား။ ဒါ့ကြောင့် နင်ဟာ အဲ့မုန်းစရာကောင်းတဲ့လူအစား ပြစ်ဒဏ်ခံရမယ်…”

တခြားနှစ်ယောက်သည် မင်သက်ကာ မျက်မှောင်ကြုတ်သွား၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြကာ တစ်ခုခုမှားနေသလို ခံစားမိလိုက်သည်။

ထိုအခိုက်တွင် ကြေးမုံထဲရှိ လောကသည် တိုက်ရိုက် ပြောင်းလဲသွား၏။ သည်ပြောင်းလဲမှုမှာ ရုတ်တရက် ဆန်လွန်းသည်။ ၎င်းက ဝတ်ရုံနက်အဘိုးအိုနှင့် သက်လတ်ပိုင်းအမျိုးသမီးတို့၏ ရယ်သံကို နှောက်ယှက်သွားလေပြီ။ သူတို့နှစ်ယောက် မြင်လိုက်ရသည့်အရာကြောင့် သူတို့၏အမူအရာများသည် ပြောင်းလဲသွားကြသည်။

ကြေးမုံ၏အတွင်းဘက်၌ မြေပြင်ထုနှစ်ခုမှာ နီးကပ်နေပြီး ဝမ်လင်းကို အလယ်တွင် ချိပ်ပိတ်ထားခဲ့ကာ ထွက်ပေါက်မရှိစေတော့ပေ။ သို့ပေမည့် သည်အခိုက်တွင် စည်းချက်ကျကျမြည်ဟည်းသံ မြေပြင်ထုနှစ်ခုကြားမှ ထွက်ပေါ်လာ၏။

မြေပြင်ထက်တွင် အက်ကြောင်းများ ရုတ်တရက် ပေါ်လာသည်။ အက်ကြောင်းများ ပိုပိုများပြားလာကာ ထိုမြေပြင်ထုသည် ရုတ်တရက် ပျက်စီးခြင်း ဆိုက်သည်။ ဝမ်လင်းက သည်ပျက်စီးသွားသော မြေပြင်ထုထံမှ လှမ်းလျှောက်ထွက်လာ၏။

ထိုမျှသာ ဆိုပါက ဝတ်စုံနက်အဘိုးအိုနှင့် သက်လတ်ပိုင်းအမျိုးသမီးတို့ကို တုန်လှုပ်သွားစေဖို့ မလုံလောက်သေးပေ။ သူတို့ကို တုန်လှုပ်သွားစေသည်မှာ ဝမ်လင်းက လက်ဝေ့ယမ်း၍ မန္တာန်တစ်ခုကို အသုံးပြုလိုက်ခြင်းပင်။ ထိုအခါ မြေပြင်သည် တစစီ ဖြစ်ကာ ဝမ်လင်းထံ ပျံသန်းလာပြီး သူ့ညာလက်တွင် သိပ်သည်းသွားသည်။

၎င်းက မြေစိုင်ပုံတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။

ထိုမြေစိုင်ပုံအငယ်စားက ပြင်းထန်သောစိတ်ဝိညာဉ်အော်ရာတစ်ခုကို ပေးစွမ်းနေ၏။ ၎င်းမှာ မြေအစီအရင်၏ စိတ်ဝိညာဉ်ပင်။

သူတို့လေးယောက်က ငြိမ်သက်စွာ စဉ်းစားနေပြီး ဝတ်ရုံနက်အဘိုးအိုက ပင့်သက်ရှိုက်ကာ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်လာ၏။ သူက ဝမ်လင်း ထိုမြေစိုင်ကို ဆုပ်ကိုင်ကာ သိမ်းဆည်းလိုက်သည်ကို ကြည့်နေမိသည်။ သူက ဝမ်လင်း သူ့ထံ မော့ကြည့်လိုက်သည်ကိုလည်း တွေ့မြင်သဖြင့် အလိုလို အော်မိသွားသည်။

သူ တစ်ယောက်တည်း မဟုတ်ပေ။ သူ့အကြည့်က သက်လတ်ပိုင်းအမျိုးသမီးနှင့် တခြားနှစ်ယောက်ကိုပါ သူတို့၏ဦးရေပြား ထုံထိုင်းမိသွားစေ၏။ သူတို့က ချက်ခြင်း နောက်ဆုတ်လိုက်မိသည်။

“သူ ငါတို့ကို မတွေ့နိုင်ဘူး။ ငါတို့က အစီအရင် အပြင်ဘက်မှာလေ…”

“သူ…သူ တကယ်ပဲ မြေစိတ်ဝိညာဉ်ကို ဖမ်းဆီးခဲ့တာပဲ…”

ဆယ်လွှာမြောက်၌ နန်ဒူသည် မျှော်စင်အပြင်ဘက်ရှိ ကောင်းကင်ထက်သို့ ကြည့်နေဆဲ ဖြစ်၏။ သူက တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်။

သူ့မျက်နှာချင်းဆိုင်ရှိ သက်လတ်ပိုင်းလူက တိုးညင်းစွာ ပြောလိုက်သည်။ “သူ မြေအစီအရင်ကို ချိုးဖျက်ရုံပဲဆို အဆင်ပြေသေးတယ်။ အခု သူက ဒီမြေစိတ်ဝိညာဉ်ကိုပါ ယူဆောင်လိုက်တာပဲ။ သူဟာ သူ့ဂုဏ်သတင်းနဲ့ တကယ်ပဲ ထိုက်တန်တယ်။ သူ တကယ် သန်မာတာပဲ…”

“ပြဿနာတော့ မရှိဘူး။ နောက်ထပ် အစီအရင်လေးခု ကျန်သေးတယ်။ ဒီလေးခုပြီးရင်လည်း စက်ဝန်းကိုးခု ရှိသေးတယ်။ သူ ဒီကျန်တဲ့အစီအရင် စိတ်ဝိညာဉ်တွေကို ဘယ်လို ယူဆောင်မလဲ ငါ မြင်ချင်သေးတယ်…”  နန်ဒူ၏မျက်လုံးထံမှ အေးစက်စက်အကြည့် လှစ်ဟပေါ်၏။ သူနှင့်ဝမ်လင်းတို့သည် အသိမိတ်ဆွေများဟု သတ်မှတ်၍ မရနိုင်ပေ။ သူတို့က တွေ့ကြုံဖူးရုံသာ ရှိ၏။

သည်အခိုက်တွင် လှိုဏ်ဂူလောကရှိ မည်သူကမျှ သတိမပြုမိဘဲ သွေးအလင်းတစ်ခုက တောက်ပသောလေဟာနယ်၌ လင်းလက်သွား၏။ ထိုသွေးအလင်းက ဆံပင်နက်လူငယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုလူငယ်သည် ဝတ်ရုံနက်ကို ဝတ်ဆင်ထားကာ အကွာအဝေးတစ်ခုသို့ ကြည့်၏။ သူက ပြုံးယောင်သမ်းလာသည်။

“သူ ဟိုမှာပဲ…။ ကောင်းတယ်။ ဒီကောင်လေးရဲ့ စိတ်နေစိတ်ထားကို ငါ မသိသေးဘူး။ ဒါ့ကြောင့် ငါ သူ့နောက်လိုက်သွားပြီး တစ်ချက်လောက် ကြည့်ကြည့်အုံးမှ…”

All Chapters