မီးတို့၏အရှင်
Vol. 129 Ch. 1783
ယှက်လိမ်နေသော စက်ဝန်းများအတွင်း၌ ထိုမြင်ကွင်းသည် လုံးဝ ဝေဝါးနေ၏။ အပြင်ဘက်မှ ကြည့်မြင်ဖို့ အလွန်ခက်ခဲသည်။ လူတစ်ယောက်သည် ထိုစက်ဝန်းငါးခုထံမှ ထွက်ပေါ်လာသော လှိုင်းဂယက်များကိုသာ မြင်ရပေလိမ့်မည်။
ဝမ်လင်းက ထိုစက်ဝန်းငါးခုအတွင်း၌ ရှိနေ၏။ သူက အလွန်တည်ငြိမ်သည်။ သူ့ညာလက်ထဲ၌ ရွှေ့လျားနေသော မြေစိုင်ပုံငယ်တစ်ခု ရှိသည်။ ၎င်းသည် ပုံစံအမျိုးမျိုး ဆက်တိုက် ပြောင်းလဲနေသည်။
၎င်းက ဝမ်လင်းလက်ထဲကနေ ချိုးဖျက်နိုင်ဖို့ ကြိုးစားနေ၏။ သို့သော် အဆုံးသပ်၌ ဝမ်လင်းသည် လက်သီးခပ်တင်းတင်း ဆုတ်လိုက်သည်။ လက်တစ်ဆုပ်စာ မြေစိုင်က ပျက်စီးကာ ပုံစံအသွင် ပြန်ဖြစ်ပေါ်နိုင်စွမ်း မရှိတော့ပေ။ ၎င်းက ဝမ်လင်းလက်ဝါးထံမှ ပျောက်ကွယ်သွားသည်။
မြေဒြပ်စင်မှ ဖြစ်ပေါ်လာသော ထိုမြေစိုင်ပုံက မြေကြီးအနှစ်သာရ အရိပ်အမြွက် ပါဝင်သည်။ ဝမ်လင်းက ၎င်းကို သိမ်းဆည်းထားလိုက်ပြီး သူ၏သိုလှောင်နေရာလွတ်ထဲတွင် မြေစိုင်ပုံငယ်နှစ်ခု ရှိနေလေပြီ။
တခြားတစ်ခုမှာ ရှေ့ဖြစ်ဟောသူ သူ့အား ပေးခဲ့ခြင်း ဖြစ်၏။
“ဒီအစီအရင်ထဲမှာ မြေစိတ်ဝိညာဉ်ကို ထည့်သွင်းနိုင်တဲ့အတွက် သူတို့ဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက လူတွေဖြစ်ဖို့ တကယ်ပဲ ထိုက်တန်လှတယ်။ နှစ်ပေါင်းသောင်းချီကြာပြီးနောက် ဒီစိတ်ဝိညာဉ်ဟာ တတိယအဆင့်မြေစိတ်ဝိညာဉ်ခန္ဓာအဖြစ် ကြီးထွားလိမ့်မယ်…”
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာ၏။ သူက ထိုဒြပ်စင်ငါးခုအစီအရင်ကို စိတ်ပါဝင်စားစွာ ကြည့်နေသည်။
ဝမ်လင်းက သည်အစီအရင်ကို အလွန်စိတ်ဝင်စားမိနေသည်။
“ငါဟာ ဒြပ်စင်ငါးခုထဲက မီးအနှစ်သာရကို ပိုင်ဆိုင်ထားခဲ့ပြီ။ ငါသာသ တခြားလေးခုကို ရခဲ့ရင် ငါ့ကျင်ကြံမှုအဆင့်ဟာ များစွာ တိုးတက်လာလိမ့်မယ်။ ဒြပ်စင်ငါးခုလုံး တစ်ခုတည်းအဖြစ် ပေါင်းစပ်ခဲ့ရင် ငါဟာ နောက်ထပ်အနှစ်သာရအသစ်တစ်ခု မွေးဖွားလာမလား သိချင်မိတယ်…” ဝမ်လင်းသည် ဒြပ်စင်ငါးခုအစီအရင်ကို ကြည့်ကာ ပြုံး၏။ သူ့အပြုံးက ပိုပို၍ တောက်ပလာသည်။
ဝမ်လင်းသည် သူ့ရန်သူများနှင့် ပတ်သတ်၍ ကျင့်ဝတ်အကြောင်း ပြောနေမည့်သူ မဟုတ်ပေ။အထူးသဖြင့် လှိုဏ်ဂူလောကမှ လူများကို ဖြစ်၏။ ခွန်အားသည်သာ အရာရာ ဖြစ်သည်။ တဖက်လူက ဝမ်လင်းကို သည်နေရာတွင် ထိန်းသိမ်းထားနိုင်စွမ်း ရှိပါက သူသည် အလျှော့ပေးရမည်သာ။ မဟုတ်ပါက သည်လူများသည် ဝမ်လင်း၏ ဓားပြတိုက်ခြင်းကို ခံရမည်ပင်။ ဝမ်လင်းက ဓားပြများထက်ပင် ပို၍ ကြမ်းအုံးမည် ဖြစ်၏။
မြေစိတ်ဝိညာဉ်ကို ထုတ်ယူပြီးနောက် ဝမ်လင်းက ရှေ့သို့ ခြေလှမ်းသည်။ သည်အဆင့်သို့ ရောက်လာပြီးနောက် ဝမ်လင်း၏ရှေ့တွင် မီးလောကတစ်ခု ပေါ်လာသည်။
ထိုလောကတွင် မီးပင်လယ် ပြည့်နှက်လာသည်။ ဝမ်လင်းသည် နီရဲနေသော ကောင်းကင်နှင့်မြေကြီးကို မြင်၏။ သည်အနီရောင်အားလုံးမှာ မီးပင်။ ကောင်းကင်က လောင်ကျွမ်းနေ၏။ မြေပြင်သည်လည်း ထိုနည်းတူသာ။ သူ၏အမြင်မှာ အပူလှိုင်းများက ဖန်တီးနေသော လှိုင်းဂယက်များကြောင့် နှောက်ယှက်ခြင်း ခံရ၏။
သည်အပူထဲ၌ သက်ရှိအရိပ်အယောင် မရှိပေ။ မီးသာ ရှိ၏။
ကြောက်မက်ဖွယ်မီးသည် မာန်ဟည်းနေ၏။ ဝမ်လင်း၏နားထဲသို့ တစီစီအသံများ ဝင်ရောက်နေသည်။ သို့ပေမည့် ဤသည်က ဝမ်လင်းအပေါ်သို့ သက်ရောက်နိုင်ခြင်း မရှိပေ။ တကယ်တော့ ဝမ်လင်းက အပြင်ဘက်ထက် ဒီနေရာတွင် ပို၍ပင် သက်တောင့်သက်သာ ဖြစ်နေသေးသည်။
ဒြပ်စင်ငါးခုဂြိုဟ်၏ အလယ်ထပ်အလွှာများတွင် ဝတ်စုံနက်အဘိုးအိုတို့ လေးယောက် အုပ်စုက သူတို့၏စိတ်ထဲရှိ အကြောက်တရားကို ဖိနှိပ်နိုင်ရုံမျှသာ ရှိသေး၏။ သူတို့က ကြေးမုံကို စိုက်ကြည့်ကာ မီးအတွင်းရှိ ဝမ်လင်းကို တွေ့မြင်ကြသည်။
“မီးစိတ်ဝိညာဉ်ရဲ့ စွမ်းအားဟာ မြေစိတ်ဝိညာဉ်နဲ့ သဏ္ဍာန်တူပေမယ့် မီးဟာ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို လောင်ကျွမ်းနိုင်စွမ်း ရှိကြတယ်။ ဒီဝမ်လင်းဟာ မြေစိတ်ဝိညာဉ်ကို ယူဆောင်လိုက်ပေမဲ့ ဒီမီးအစီအရင်နဲ့ဆိုရင်တော့ သူဟာ လွယ်လိမ့်မှာ မဟုတ်ဘူး…”
ဝတ်ရုံနက်နှင့်အဘိုးအိုသည် ဝမ်လင်းက မီးအနှစ်သာရပိုင်ဆိုင်ထားသည်ကို မသိပေ။
အမှန်တော့ သူတို့ အရာအားလုံးကို မသိသည်က သူတို့၏အမှား မဟုတ်ပေ။ ဒြပ်စင်ငါးခုဂြိုဟ်က ပြင်ပလောကနှင့် အဆက်ဖြတ်ထားသည်မှာ အချိန်ကြာခဲ့ပြီပင်။ ဝမ်လင်း၏အဆင့်အတန်းနှင့် ကျင့်ကြံမှုအဆင့်ကိုတောင် ပြင်ပနယ်မြေကျင့်ကြံသူအုပ်စုက မတော်တဆ ချိုးဖျက်ဝင်ရောက်ခဲ့၍သာ သူတို့ သိနေကြခြင်း ဖြစ်၏။
သူတို့က လုံလောက်အောင် မသိထားသည်ဖြစ်၍ ထိုမတော်တဆ သိခဲ့ရသည့်နောက် စုံစမ်းရန် လူအချို့ လွှတ်ခဲ့သေး၏။ သူတို့က နောက်ထပ် ပိုသိလာတာ ရှိသော်လည်း ဝမ်လင်း၏အနှစ်သာရများနှင့် ပတ်သတ်၍မူ သိမထားကြပေ။
“ဒါအမှန်ပဲ။ မြေစိတ်ဝိညာဉ်ဟာ ပိုညင်သာတယ်။ မီးစိတ်ဝိညာဉ်လောက် မကြမ်းဘူး။ မီးစိတ်ဝိညာဉ်ကြောင့် သူ ဒဏ်ရာရသွားမှာ ငါ သေချာသိတယ်…” သက်လတ်ပိုင်းအမျိုးသမီး၏ မျက်လုံးတို့မှာ ကြမ်းကြုတ်နေ၏။ သူမက စစ်ထူနန်ကို မုန်းတီးပေသည်။ ထို့အတွက် စစ်ထူနန်နှင့် အသိမိတ်ဆွေဖြစ်နေသော လူတိုင်းကိုလည်း မုန်းတီးနေ၏။
တခြားနှစ်ယောက်ကမူ ငြိမ်သက်စွာ စဉ်းစားနေကြသည်။ သူတို့က ကြေးမုံကို ကြည့်ကာ သူတို့၏မျက်လုံးထဲ၌ ကြောက်ရွံ့မှုတို့ ရှိနေကြ၏။ သူတို့က ဆက်လက်၍ စကားမဟဝံ့ကြတော့ပေ။
မီးအစီအရင်၏အတွင်း၌ မီးများ ရုန်းကြွနေ၏။ ဝမ်လင်း ဝင်ရောက်လာသည့်အခါ မီးပင်လယ်သည် အော်မြည်ကာ သူ့ထံ အပူလှိုင်းတစ်ခု တရကြမ်း ဝင်လာသည်။
၎င်းက ဝမ်လင်းထံ ချက်ခြင်းနီးကပ်လာကာ မီးချီလင်သားရဲကိုးကောင် ပေါ်လာ၏။ ထိုမီးချီလင်များသည် ပေထောင်ချီ မြင့်မားကာ မီးဖြင့် အတိပြီးသည်။ သူတို့၏အောက်၌လည်း မီးလုံးများ ရှိနေသေးသည်။
ထိုမီးချီလင်များက ကြမ်းကြုတ်သောအမူအရာရှိကာ ဝမ်လင်းထံသို့ အရပ်ကိုးမျက်နှာကနေ တိုးဝင်လာသည်။ တုန်လှုပ်ဖွယ် မြင်ကွင်းပင်။ ထိုသားရဲကိုးကောင်၏ နောက်တွင် ကြောက်မက်ဖွယ်အပူလှိုင်းတစ်ခုလည်း ရှိနေသေးသည်။
ဒြပ်စင်ငါးပါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်းက ရက်စက်လိုဟန် ပြုံး၏။ ဝတ်ရုံနက်အဘိုးအို ကြည့်ရှုရန် အသုံးပြုသော ကြေးမုံအပြင် ကောင်းကင်ထက်၌ ဝဲကတော့တစ်ခုလည်း ရှိနေသည်။ ထိုဝဲကတော့က အစီအရင်အတွင်းရှိ ဖြစ်ပျက်သမျှကို ဖော်ပြပေးနေသည်။
ဝမ်လင်းကို ကျင့်ကြံသူထောင်သောင်းချီက ကြည့်ရှုနေသည်ဟု ပြော၍ရ၏။ မျှော်စင်အတွင်းမှ ထွက်လာခဲ့သော ကျင့်ကြံသူအားလုံးက သူ့ကို ကြည့်နေကြသည်။
ဝတ်ရုံနက်အဘိုးအိုက အံတင်းတင်းကြိတ်ကာ သူ၏ရှေ့ရှိ ကြေးမုံကို ကြည့်ကာ ပြောသည်။ “သူ ဘယ်လိုခုခံမလဲ ငါ မြင်ချင်မိတယ်။ ဒီတစ်ကြိမ်တော့ သူ ကျိန်းသေပေါက် ဒဏ်ရာ ရသွားလိမ့်မယ်…”
သို့ပေမည့် ထိုအခိုက်တွင် ယင်းအဘိုးအို၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။တစ်ချိန်တည်းမှာ သက်လတ်ပိုင်းအမျိုးသမီးက စူးစူးရှရှ အော်ဟစ်လိုက်သည်။
“မဖြစ်နိုင်ဘူး…သူ..သူ…”
တအောင့်အကြာတွင် ကောင်းကင်ထက်ရှိ ဝဲကတော့ကို ကြည့်နေသော ကောက်ရီကလန်မှ ကျင့်ကြံသူအားလုံးသည် အံ့အားတသင့် အော်ဟစ်မိကုန်၏။
မီးအစီအရင်၏အတွင်းထဲ၌ ဝမ်လင်းက သူ့ထံ တိုးဝင်လာသော မီးချီလင်ကိုးကောင်ကို တည်ငြိမ်စွာ ကြည့်နေသည်။ ထိုချီလင်များသည် သူနှင့် ပေတစ်ရာအကွာတွင် ရပ်ကုန်ကြ၏။ သူတို့က မကြာခင်မှာပင် စတင် တုန်ရီလာသည်။ သူတို့က မြေပြင်ထက်သို့ ဒူးထောက်ကာ စတင် ဦးညွှတ်ကုန်၏။
သူတို့က ချီလင်များနှင့်မတူတော့ဘဲ ကြောင်များ ဖြစ်ကုန်လေပြီ။ သူတို့က ပျော်လို့ပင် နေနေသေး၏။
၎င်းတို့နောက်ရှိ မီးသည်ပင် ဝမ်လင်းကို မြူးထူးစွာလှည့်ပတ်နေသေးသည်။ မီးအစီအရင်တစ်ခုလုံးက ကျယ်လောင်စွာ မြည်ဟည်းစဉ် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းသည်။
သည်လောကရှိ မီးအားလုံးက အရူးအမူး စုဝေးလာကုန်၏။ ချက်ခြင်းပင် ချီလင်သားရဲကိုးကောင်အပြင် မီးအားလုံးက ဝမ်လင်း၏ရှေ့၌ စုဝေးကာ ပေထောင်သောင်းချီ မြင့်မားသော မီးဘီလူးကြီးအသွင် ဖြစ်ပေါ်သည်။ ထိုမီးဘီလူးက အစွမ်းထက်သော ခံစားမှုကို ပေးစွမ်းကာ ၎င်း၏ဆံပင်များသည်ပင် မီးဖြင့် ပြုလုပ်ထားခြင်းတည်း။
ထိုမီးဘီလူး ပေါ်လာသည့်နောက် ၎င်းက ဝမ်လင်းထံသို့ ဒူးတစ်ဖက်ထောက်၊ သူ့လက်နှစ်ဖက်ကို ရင်ဘက်ပေါ်သို့ တင်ကာ အရိုအသေ ပြုသည်။
“ဘာတွေ ဖြစ်ကုန်တာလဲဟ…။ မီးစိတ်ဝိညာဉ်…။ ဒီမီးစိတ်ဝိညာဉ်က ဝမ်လင်းရှေ့မှာ တကယ်ပဲ ဒူးထောက်နေတာပဲ…” မျှော်စင်ထဲရှိ ဝတ်ရုံနက်အဘိုးအိုက ဖြူရောကာ အရာအားလုံးကို တွေ့မြင်နေရသည်။ သူ၏စိတ်မှာ ဗလာဟင်းလင်း ဖြစ်သွားသည်။
သက်လတ်ပိုင်းအမျိုးသမီးလည်း ရှိသေး၏။ သူမ၏မျက်နှာက ဖြူရောသွားသည်။ သူမက ပါးစပ်ဟလိုက်သောလည်း မည်သို့မျှ မပြောနိုင် ဖြစ်ရသည်။ သူမက ကြေးမုံကို ဖြတ်၍ ဝမ်လင်းကို တွေ့မြင်ရသည် ဖြစ်သော်လည်း သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု တွယ်ငြိနေလေပြီ။
သူတို့နှစ်ယောက်သာ ထိုသို့ ဖြစ်သည် မဟုတ်ပေ။ သည်မြင်ကွင်းကို ကြည့်နေသော ကောက်ရီကလန်မှ ကျင့်ကြံသူအားလုံးသည် အသက်မဲ့ကုန်သည့်အလား ငြိမ်သက်ကုန်သည်။
ဝမ်လင်းက မြေစိတ်ဝိညာဉ်ကို ဖမ်းဆီးလိုက်သည့်အခါ၌ သူတို့သည် တုန်လှုပ်သွားခဲ့ရသည်။ အခုလည်း မီးစိတ်ဝိညာဉ်က သူ့အား အလေးအမြတ်ပြုသည်ကို တွေ့မြင်သည်ကို အမှန်တကယ် တွေ့မြင်နေရလေပြီ။ ဝမ်လင်းက သူ ဝင်ရောက်လာခဲ့တည်းက စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။ သူက နေရာတွင်သာ ရပ်နေခဲ့၏။
ဤသည်မှာ သူတို့၏စိတ်ကူးနိုင်သည်၊ နားလည်နိုင်သည်ထက် ကျော်လွန်နေသည်။ အကြောက်တရားနှင့် မလွယ်ကူမှုကို သူတို့အား ခံစားရစေသည်။
မျှော်စင်ဆယ်လွှာရှိ နန်ဒူနှင့်သက်လတ်ပိုင်းလူတို့က ငြိမ်သက်စွာ စဉ်းစားနေကြ၏။ နန်ဒူ၏ အမူအရာက တဖြည်းဖြည်း သုန်မှုန်လာသည်။ သူနှင့် ခရမ်းရောင်ဝတ်စုံဖြင့်လူက တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြကာ တစ်ယောက်မျက်လုံးထဲရှိ ကြောက်ရွှံ့မှုကို တစ်ယောက် မြင်လိုက်ကြရသည်။
တခြားသူများက ပြဿနာကို မမြင်နိုင်ကြပေ။ သို့သော် သူတို့နှစ်ယောက်ကမူ မြင်ကြ၏။
နန်ဒူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မီးအနှစ်သာရ…”
“ဒါ့အပြင် ဒီအနှစ်သာရဟာ အထွတ်အထိပ်ကို ရောက်နှင့်နေပြီး သူ့ကို မီးတို့ရဲ့ သခင် ဖြစ်လာစေတာပဲ။ မဟုတ်ရင် မီးစိတ်ဝိညာဉ်က သူ့ကို အရိုအသေ ပေးမှာ မဟုတ်ဘူး…”
“ဒြပ်စင်ငါးခုအစီအရင်က သူ့ကို မတားဆီးနိုင်ဘူး…”
“ဒါပေမဲ့လည်း ကြည့်ရတာ သူတစ်ယောက်တည်း လာခဲ့တဲ့ပုံ မပေါ်ဘူး။ သူက စိတ်ဝိညာဉ်ငါးခုကို ယူဖို့အတွက် ရည်ရွယ်နေတယ်လို့ ငါ မြင်တယ်…”
နန်ဒူ၏မျက်လုံးသည် အေးစက်လာ၏။
“ငါတို့ သူ့ကို စွဲဆောင်ပြီး အစီအရင်အပြင်ဘက် ထွက်လာအောင် လုပ်သင့်လား။ ဒါဆို ငါတို့ နောက်ထပ်စိတ်ဝိညာဉ်သုံးခု ဆုံးရှုံးမှာ မဟုတ်တော့ဘူး…”
ထိုသက်လတ်ပိုင်းလူက အသက်ဝဝရှိုက်သွင်းကာ မတ်တပ်ထရပ်သည်။ သူက မျှော်စင်အပြင်ဘက်သို့ လှမ်းကြည့်သည်။
“ဘိုးဘေးရဲ့ တိုက်ပွဲချပ်ဝတ်ကို ငါ ဆင့်ခေါ်လိုက်မယ်…” သက်လတ်ပိုင်းလူက မာန်သွင်းလိုက်၏။ ထို့နောက် ဆယ်လွှာမြောက်၏ ထိပ်ဆုံးမှ အပြာရောင်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ ထိုအလင်းက သူ့ပတ်လည်တွင် သိပ်သည်းကာ သူ့ပတ်လည်၌ ရေပြာရောင်ချပ်ဝတ်တစ်ခု ဖြစ်ပေါ်သည်။
“နောက်အစီအရင်က ရေအစီအရင်ပဲ။ ငါ သူ့ကို ဒီအစီအရင်ထဲကနေ ကိုးခုစက်ဝန်းထဲ တန်းရောက်သွားအောင် လုပ်နိုင်မလား ကြည့်ရတာပေါ့…” ထိုသက်လတ်ပိုင်းလူက သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထံ လက်ညွှန်လိုက်သည်။ ရေ ပေါ်လာကာ သူ့လက်ထဲတွင် လှံရှည်တစ်လက် ဖွဲ့တည်သည်။
“ဒီအစီအရင်ကို ဖိနှိပ်ဖို့ ငါ့ကို ကူညီပေးပါ။ ငါ အရင်ဆုံး သွားလိုက်မယ်…” ထိုသက်လတ်ပိုင်းလူက လှံကို ချိန်ရွယ်ကာ လှုပ်ရှားလိုက်ရာ သည်ဆယ်လွှာမြောက်ကနေ ရေခိုးရေငွေ့အဖြစ် ပျောက်ကွယ်သွားတော့သည်။