← Chapters

ပဉ္စမမြောက် ကောင်းချီး ပြီးဆုံးခြင်း

Vol. 103 Ch. 1429

ပဉ္စမမြောက် ကောင်းချီး ပြီးဆုံးခြင်း

Vol. 103 Ch. 1429

စန်းယွန်းလီ နှုတ်ခမ်းကို ကိုက်လိုက်ရင်း ထိုအမျိုးသမီးအား ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ အထူးသဖြင့်... ထိုရှေးဟောင်း ဝိညာဉ်၏ စိတ်တာအို အပေါ် နားလည်မှုများမှာ သူမထက် အဆပေါင်း များစွာ သာပေသည်။ သူမက ခပ်မြန်မြန်ပင် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးကာ ရှေးဟောင်း ကျင့်စဉ် တစ်ခုကို ထုတ်ဖော်လိုက်၏။ အဆိုပါ ကျင့်စဉ်ကို အနာဂတ် ဧကရီ တစ်ယောက် အတွက် ရည်ရွယ်ထားသည့် အမွေအနှစ်များထဲမှ သူမ ရရှိထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အဆင့်အတန်းအားဖြင့် မြင့်မားကာ စိတ်အမတေများကို အသုံးပြု၍ ကျင့်ကြံရာ၌ လွန်စွာ အထောက်အကူ ဖြစ်ပေသည်။

ဟူး... ဟူး...

တဒင်္ဂ အတွင်းမှာပင် စန်းယွန်းလီ၏ စုပ်ယူမှုနှုန်းမှာ အချို့ သေမျိုးတစ်ပိုင်း အရှင် အဆင့်များကိုပင် ကျော်လွန် သွားခဲ့၏။

အရည်များ စိတ်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူမမှာ ဝါးတဝါး အိပ်မက်များကို ခံစားလိုက်ရသည်။ အတိတ်ဘဝတုန်းက သူမ၏ အသက်ကို နှုတ်ယူသွားသည့် လျှို့ဝှက်‌လောက ပေါက်ကွဲမှု အပါအဝင် စိတ်ဝိညာဉ်ကိုပင် ထိခိုက်စေခဲ့သည့် ကပ်ဘေးကြီးများမှာ အချိန်ကြာာလသည်နှင့် အမျှ တဖြည်းဖြည်း မှေးမှိန်သွားသလို ခံစားလိုက်ရ၏။ ၎င်းတို့က သူမ အတွက် သိပ်အရေးမပါတော့သည့် ဖြစ်တည်မှုများ ဖြစ်လာခဲ့သည်။

အိပ်မက် သန့်စင်ရည်၏ အစွမ်းက အံ့မခန်း အထင်ကြီးစရာ ကောင်းလှသည်။

ကံကောင်းထောက်မစွာပင်... ဝေ့ဝူယင်မှာ ထိုအိပ်မက်သန့်စင်ရည်နှင့် ပတ်သက်၍ မည်သည့် လှည့်စားမှုမျိုးကိုမှ လုပ်ဆောင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ချေ။ ထိုအရာက ထိရောက်မှုကိုသာ ပြန်လည်စမ်းသပ်ခြင်း သက်သက်ဖြစ်ပြီး အာနိသင်တွေကို လေ့လာရုံ သက်သက် ဖြစ်သည်။

ဝေ့ဝူယင်မှာ ဧဒင်၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည့် စိတ်တာအို အကြောင်းကို နက်ရှိုင်းစွာ လေ့လာဖူးခြင်း မရှိသော်လည်း... အတိတ် ဘဝမှာတုန်းကတော့ စမ်းသပ်မှုတွေ လုပ်ခဲ့ဖူးသည်။ အိပ်မက် သန့်စင်ရည်မှာ ဝတ်စုံနက် ဝေ့ဝူယင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပြီး တီထွင် ဖန်တီးထားခဲ့သည့် သီအိုရီ တစ်ခု ဖြစ်သည်။ ကံမကောင်းစွာပင်... အိပ်မက် သန့်စင်ရည်ကို ပြီးပြည့်စုံစေဖို့ လုံလောက်သည့် အချက်အလက်များ မရခင်မှာပင် သူက သေဆုံးသွားခဲ့သည်။

ထိုအခိုက်၌... ဧဒင်ကမ္ဘာ၏ ရပ်ဝန်း ၁၀၈ ခုတွင် မတူညီသည့် အိပ်မက် သန့်စင်ရည် အမျိုးအစား ၁၀၈ မျိုး ရှိနေခဲ့သည်။ သို့သော်လည်း ၎င်းတို့မှာ အလွန်ပင် သိမ်မွေ့လှလေရာ မသိသာလှချေ။ ဝတ်စုံနက် ဝေ့ဝူယင်မှာ အိပ်မက် သန့်စင်ရည်ကို လူတစ်ယောက်၏ နှလုံးသားထဲမှ နတ်ဆိုးအား ဖယ်ရှားရန်၊ စိတ်နှင့် ပတ်သက်သည့် ဝေဒနာများအား လျော့ပါးသက်သာစေရန် သီအိုရီ ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုဘဝတွင် ဝေ့ဝူယင်မှာ လျူရီလန်း၏ လက်တွင် ခရာတိုကို ဆုံးရှုံးခဲ့ရသည်။ ထိုကြောက်မက်ဖွယ် မှတ်ဉာဏ်ကြောင့်ပင် သူ့လက်ကျန် ဘဝ တစ်လျှောက်လုံး စိတ်ပိုင်းဆိုင်ရာ နာကျင်မှု မရှိခဲ့သည့် နေ့ဟူ၍ မရှိခဲ့ပါချေ။ စက္ကန့်တိုင်းက ဆိုးရွားလှကာ မိမိကိုယ်ကို အဆုံးစီရင်လုနီးပါးပင် ဖြစ်ခဲ့သည်။

ထို့ကြောင့်ပင် ဝတ်စုံနက် ဝေ့ဝူယင်မှာ ထိုဝေဒနာကို သက်သာစေဖို့၊ တစ်ချိန်တည်း၌ လျူရီလန်းကို လက်စားချေဖို့ ကြိုးစားနေခဲ့ကာ ကျင့်ကြံခြင်းကို အာရုံစိုက်သည် ဆိုသော်လည်း သူ၏ အခြေခံက နိမ့်ပါးလွန်းလှလေရာ ငရဲ၏ တတိယမြောက် ကပ်ဘေးကိုပင် စိန်ခေါ်ဖို့ပင် စိတ်မချ ဖြစ်နေခဲ့သည်။

အမာရွတ် ဝေ့ဝူယင်ကတော့ သူ့ဘဝ၏ အချိန် အတော်များများကို အရက်၊ အမျိုးသမီးများနှင့်သာ ဖြုန်းတီးခဲ့သည်။ သူတို့ နှစ်ယောက်စလုံးမှာ ၁၂၈ နှစ်သားများ ဖြစ်ကြပြီး၊ ဝတ်စုံနက် ဝေ့ဝူယင်က အမာရွတ် ဝေ့ဝူယင်ထက် တစ်ဆင့်သာ ပိုမြင့်သည်။

အိပ်မက် သန့်စင်ရည်မှာ အချိန်မြစ် ကြယ်တာရာ ကပ်ဘေး အပြီး ဝေ့ဝူယင် ကိုယ်တိုင် စိတ်အား ထက်သန် နေခဲ့သည့် စီမံကိန်း တစ်ခု ဖြစ်ကာ ဝတ်စုံနက် ဝေ့ဝူယင်၏ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးရာ ရောက်သည်။ ထို့အပြင်... သူ့အနီးအနားရှိ တစ်စုံတစ်ယောက် စိတ်ပိုင်ဆိုင်ရာ ထိခိုက် နာကျင်ခဲ့ရလျှင်လည်း ၎င်းကို သုံးနိုင်ပေသည်။

အစောပိုင်းတုန်းက အိပ်မက်သန့်စင်ရည်မှာ ဝတ်စုံနက် ဝေ့ဝူယင်၏ သီအိုရီ အရ အပြစ်အနာအဆာ များစွာ ရှိနေခဲ့ကာ ဝေ့ဝူယင်က ဧဒင်၏ စိတ်တာအိုကို အသုံးပြု၍ ပြန်လည် ပြုပြင် ထုတ်လုပ်ခဲ့သည်။ ၎င်းမှာ နာကျင်စရာ မှတ်ဉာဏ်များကို ဖျောက်ဖျက်ပစ်ခြင်း၊ အစားထိုးခြင်းမျိုး မဟုတ်ချေ။ လူတစ်ယောက်ကို အိပ်မက်များထဲတွင် စွဲမြဲစွာ မြှုပ်နှံပစ်ပြီး စိတ်ဝိညာဉ် အပေါ် သက်ရောက်ထားခဲ့သည့် မည်သည့် ထိခိုက် နာကျင်မှုမျိုးကို မဆို လျော့ကျသွားအောင် တဖြည်းဖြည်း ပြင်ဆင်ပေးခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ အိပ်မက် သန့်စင်ရည်ကို စမ်းသပ်ရင်း ပိုမို၍ သဘာဝ ကျလာအောင် ထပ်မံ ပြုပြင်ဖို့ ရည်ရွယ်ထားပေသည်။

ဧဒင်ကမ္ဘာ တစ်ခုလုံးကို ခြုံငုံ၍ ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ စိတ်ခံစားချက်များနှင့် ပြည့်နှက် နေခဲ့၏။ သူက လက်ဟန် ချိပ်စည်းတစ်ချို့ကို ဖန်တီးရင်း ဝင်္ကပါများ၏ ဖွဲ့စည်းပုံများကို ပြောင်းလဲလိုက်ရာ အိပ်မက် သန့်စင်ရည် အမျိုးအစားမှာ ၁၀၈ ခုမှ ၃၀ သို့ လျော့ကျသွားခဲ့သည်။

၄၃ စက္ကန့်အကြာ၊ အရည် ၉၀% ကုန်ဆုံးသွားချိန်တွင် ဝေ့ဝူယင်မှာ အိပ်မက် သန့်စင်ရည် အမျိုးအစား သုံးခု အထိ လျှော့ချပြီး ဖြစ်သည်။ ထိုအိပ်သန့်စင်ရည် သုံးမျိုးမှာ အကြီးမားဆုံးသော သက်ရောက်မှုရှိကာ ပုံမှန်မဟုတ်သည့် သန့်စင်မှုလည်း ရှိသည်။

"အာနိသင်တွေ တိုးလာနေတယ်..."

ရုတ်တရက်... အမျိုးသမီး၏ အသံက စန်းယွန်းလီ၏ ခေါင်းထဲသို့ အံ့အားသင့်စွာ ပဲ့တင်ထပ်လာခဲ့၏။

"ဟမ်..."

စန်းယွန်းလီ သူမ၏ အာရုံစိုက်မှု အနည်းငယ်ကို အသံသို့ ပို့လွှတ်လိုက်သည်။

"တစ်ယောက်ယောက်က ဒီပစ္စည်းရဲ့ ဖော်မြူလာကို အချိန်နဲ့တပြေးညီ ပြောင်းလဲနေတယ်... ဒါက မယုံနိုင်စရာပဲ..."

အမျိုးသမီးမှာ အိပ်မက် သန့်စင်ရည်၏ ဂုဏ်သတ္တိများနှင့် ပါဝင်ပစ္စည်းများကို စစ်ဆေးရင်း အံ့အားသင့်နေခဲ့သည်။ သူမ စောင့်ကြည့်နေသည့် အချိန် အတွင်း အိပ်မက်သန့်စင်ရည် အမျိုးအစားမှာ သုံးကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ကာ အကြိမ်တိုင်းတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရှိခဲ့သည်။ အထူးသဖြင့် သန့်စင်မှုနှင့် သန့်စင်ရလွယ်ကူမှုတို့တွင် ပိုမို၍ ထင်ရှားသည်။

စန်းယွန်းလီ စိတ်ပူသွားခဲ့၏။ ဝေ့ဝူယင်က သူတို့ကို လှည့်စားနေသည်လား။ သူမ၏ စုပ်ယူမှုကို အဆုံးသတ်လိုက်တော့မည့် ဆဲဆဲတွင်ပင် အမျိုးသမီးက အလောတကြီး အော်ဟစ်လိုက်၏

"မရပ်နဲ့... ပိုစုပ်ယူလိုက်... ဘာတစ်ခုမှ အလဟဿ မဖြစ်စေနဲ့..."

အသံ၏ အလောသုံးဆယ် နိုင်လွန်းမှုကြောင့်ပင် စန်းယွန်းလီသည် ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။ သူမ ထိုရှေးဟောင်း ဝိညာဉ်ကို လုံးလုံး မယုံကြည်သော်လည်း အဆိုပါ အမျိုးသမီး၏ အနာဂတ်က သူမနှင့် ချည်နှောင်ထားလေရာ သူမကို ထိခိုက်အောင် လုပ်ခြင်းဖြင့် သူ့ အတွက်လည်း အန္တရာယ်ရှိလိမ့်မည်။ သို့သော်လည်း... အိပ်မက် သန့်စင်ရည်က သန့်စင်ရ ပိုမို လွယ်ကူလာကာ ထိရောက်မှုတွင်လည်း အဆပေါင်းများစွာ တိုးတက်လာသည်ကိုတော့ သူမ ဝန်ခံရမည် ဖြစ်သည်။

၆၃ စက္ကန့် ကြာပြီးနောက်...

ဧဒင်ကမ္ဘာ အတွင်းရှိ အိပ်မက် သန့်စင်ရည်များမှာ လုံးဝခြောက်သွေ့သွားခဲ့၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများထဲတွင် နူးညံ့သော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။

"မင်းရဲ့ အိပ်မက်ကို ငါ ပြီးစီးအောင် လုပ်ဆောင်ပေးလိုက်ပြီ... ဝေ့ဝူယင်... မင်း ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ဆေဘာနဲ့ မဟုတ်ဘဲ ဒါနဲ့ပဲ ဖယ်ရှားနိုင်ခဲ့တဲ့ အတွက် ငါ့ကို ခွင့်လွှတ်ပါ"

ဝေ့ဝူယင်မှာ အပြိုင်စကြဝဠာမှ ဝေ့ဝူယင်များနှင့် လွန်စွာ ရင်းနှီးသည်ဟု မခံစားခဲ့ရချေ။ သူတို့က တစ်ယောက်တည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း... ခြားနားပေသည်။ ဝေ့ဝူယင် ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် သူ၏ တစ်ခုတည်းသော ရည်မှန်းချက်ကို ဝေ့ဝူယင် သိရှိ နားလည်ခဲ့သည်။ ၎င်းက လျူရီလန်း ကို သတ်ရန်ပင်။

သို့သော်လည်း ဤစကြဝဠာမှ အပြစ်မဲ့ လျူရီလန်း မဟုတ်ပါချေ။ သူ့ကိုယ်ပိုင် စကြဝဠာမှ လျူရီလန်း၊ ရက်စက် ကြမ်းကြုတ်သည့် လျူရီလန်း... သူ့ထံမှ ခရာတိုကို လုယူသွားခဲ့သည့် လျူရီလန်းကိုသာ ဖြစ်ပေသည်။

ရုတ်တရက် စိတ်ထဲမှ ထူးဆန်းသည့် အသံ တစ်ချို့ကို ကြားလိုက်ရလေရာ ဝေ့ဝူယင် ခေါင်းမော့ကြည့် လိုက်၏။ သူ့ခန္ဓာကိုယ်မှ ထာဝရတည်မြဲခြင်း အော်ရာက နူးညံ့သိမ်မွေ့စွာ ထွက်ပေါ်လာကာ ဝိညာဉ်နှင့် ချိတ်ဆက်ထားသော အချိန် ဥပမဒေသ အပေါ် သာမည အာဏာနှင့် အပြန်အလှန် တုန့်ပြန်လာခဲ့သည်။

ဝေ့ဝူယင် မသိစိတ်၏ စေ့ဆော်မှုဖြင့် ဘယ်ဘက်လက်မောင်းထံကို ငုံ့ကြည့်လိုက်ရာ သူ့မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ သူ့ဘယ်ဘက် လက်ကောက်ဝတ် တစ်ဝိုက်တွင် တစ်ခါမျှ မမြင်ဖူးသည့် လျှို့ဝှက် ဆန်းကြယ်သော ဝင်္ကပါ သင်္ကေတ တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ လည်ပတ်နေ၏။ အလွန် နှေးကွေးသော်လည်း တဖြည်းဖြည်းနှင့် ပိုမို မြန်ဆန်လာသည်။ ထို့နောက် ရုတ်ချည်းပင် ပျောက်ကွယ်သွားခဲ့၏။

"ဘာဖြစ်သွားတာလဲ... နင့်ရဲ့ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်က တစ်ခုခု ပြောင်းလဲသွားတယ်... အဲဒါ ဘာလဲ..."

ကောင်းကင် စိတ်ဝိညာဉ်မှာ ချက်ချင်းပင် သတိပြုမိသွားကာ မေးလိုက်၏။ ဝေ့ဝူယင်က တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

"ငါမသိဘူး..."

သူ၏ စိတ်က တဖြည်းဖြည်းချင်း တည်ငြိမ်သွားကာ အချိန် သာမည ဥပဒေသနှင့် ဆက်နွယ် ဖြစ်ပေါ်လာသော ပုံရိပ်ကို စစ်ဆေးလိုက်သည်။ မည်သည့် အရာမျှ ထူးထူးခြားခြား မရှိလှဘဲ ထိုပုံရိပ်မှာ သူ့ဘယ်ဘက် လက်မောင်းထံမှ ပျောက်ကွယ်သွားခဲ့သည်။ မည်သည့် အရာများ ဖြစ်သွားသည်ကို သူ မသိခဲ့ပေ။

"ဒါပေမဲ့ တစ်ခုခုတော့ ဖြစ်သွားတာ သေချာတယ်..."

ဝေ့ဝူယင်က ရေရွတ်လိုက်လေ၏။

...

အလွန် အလှမ်းကွာဝေးလှသည့် တစ်နေရာ၊ အဖြူရောင် သက်သက်ရှိသော ကမ္ဘာတစ်ခုထဲတွင် အသံတစ်ခုမှာ ပဲ့တင်ထပ်ကာ ပျံ့နှံ့လာခဲ့၏။

"ဒီကလေး... သတိထားဖို့ ငါ မပြောခဲ့ဘူးလား... မင်း ဒီ ကမ္မ ကို ကိုယ်တိုင်ဖြေရှင်းရလိမ့်မယ်..."

အတန်ကြာပြီးနောက် သက်ပြင်းချသံ တစ်ချက် ထွက်ပေါ်လာခဲ့၏။

"မြစ်ငယ်လေး... ကလေးကို အချိန်နည်းနည်း ပေးလိုက်ပါဦး..."

ထိုစကား အဆုံးသတ်၌ အဖြူရောင် သက်သက် ကမ္ဘာမှာ စတင် ပြောင်းလဲလာကာ အပြာရောင်သက်သက် ဖြစ်လာခဲ့လေတော့သည်။

...

"ရှင်တို့အားလုံး မျှော်လင့်ထားတဲ့အတိုင်းပါပဲ..."

ပဉ္စမမြောက် ကောင်းချီး အဆုံးသတ်သွားပြီးနောက်... ထျန်းရှောင်ချွမ်းမှာ သူမ ကျင့်သားရပြီးသား မိန့်ခွန်းကိုပင် ဆက်လက် ပြောကြားခဲ့ကာ သုံးပတ်ကြာ အနားယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

"အနားယူတဲ့ ကာလပြီးတာနဲ့ စတုတ္ထမြောက် အဂ္ဂိရတ် ထုတ်ကုန် လာပါလိမ့်မယ်... အဲဒီထုတ်ကုန်ဟာ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်ဝေ့ ပေးထားခဲ့ဖူးတဲ့ ကတိတစ်ခုနဲ့ ပတ်သက်နေပါလိမ့်မယ်... တိတိကျကျ ပြောရရင် အဲဒါဟာ ကောင်းကင်ဓာတ်တော်ကနေ ဆင်းသက်လာမယ့် အဂ္ဂိရတ် ထုတ်ကုန်ပါပဲ”

"..."

ထိုစကားကို ကြားရသည်နှင့် လူအုပ်ကြီးမှာ စတင်ကာ အုတ်အုတ်ကြွပ်ကြွပ် ဖြစ်လာခဲ့လေတော့၏။ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၌ ဖြစ်ပျက် သွားခဲ့သမျှ အရာအားလုံးမှာ တုံ့ပြန်ရန် အမှန်တကယ် ခက်ခဲလှသည်။ သို့သော်လည်း မည်သူမျှ မညည်းညူကြပါချေ။ အဘယ့်ကြောင့်နည်း။

ဤသည်မှာ ချိပ်ပိတ် နယ်မြေ၏ သမိုင်းတစ်လျှောက် အကောင်းဆုံး အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ဖြစ်နေခဲ့သောကြောင့်ပင်။

***

All Chapters