← Chapters

အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်

Vol. 103 Ch. 1432

အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်

Vol. 103 Ch. 1432

"အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်..."

ဆေးအနှစ်...

ဆေးလုံး၊ ဆေးရည်၊ ဆေးတောင့်နှင့် ဆေးအနှစ်ဟူသော အဂ္ဂိရတ် ထုတ်ကုန်လေးမျိုးတွင် ဆေးအနှစ်များမှာ တန်ဖိုးအနည်းဆုံး အမျိုးအစားဖြစ်သည်။ အဆင့်တူ အခြား အဂ္ဂိရတ် ထုတ်ကုန်များနှင့် ယှဉ်လျှင် ၎င်းတို့မှာ စျေးနှုန်းအနိမ့်ဆုံးဖြစ်သည်။ ထို့အပြင် ဆေးအနှစ်များမှာ ၎င်းတို့၏ ပါဝင်ပစ္စည်းများကြောင့် ဆေးရည်များ နည်းတူပင် အစုလိုက်အပြုံလိုက် ထုတ်လုပ်ရန် အလွယ်ကူဆုံးဖြစ်သည်။

ထို့ကြောင့်ပင် ကောင်းကင်ဓာတ်တော် မှ ထွက်ပေါ်လာသော အဂ္ဂိရတ် ထုတ်ကုန်မှာ ဆေးအနှစ်တစ်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြချေ။ ထာဝရ နတ်ဘုရား၊ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို ထျန်းတင်းကျန့်နှင့် စန်းလော့ယန်တို့ကဲ့သို့ အဂ္ဂိရတ် ရှန့်ထိုများ ပင်လျှင် ထျန်းရှောင်ချွမ်း၏ ကြေညာချက်ကြောင့် အံ့အားသင့်ခဲ့ကြရသည်။

ဧဒင်ကမ္ဘာ အတွင်း၌ များလှစွာသော အဖွဲ့အစည်းများ၊ အင်အားစုများနှင့် တစ်ကိုယ်တော် ကျင့်ကြံသူ မြောက်မြားစွာမှာ ရောက်ရှိနေကြကာ အမြင့်ဆုံးသော ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး၊ အကောင်းဆုံးသော အတွေ့အကြုံတို့ဖြင့် ဗဟိုစင်မြင့်ထက်ကို ကြည့်ရှုနေကြသည်။ ထိုအထဲတွင် ခပ်သွယ်သွယ် မေးရိုးများ၊ ပါးလွှာ နူးညံ့သည့် နှုတ်ခမ်းများနှင့် အနီရောင် လှိုင်းတွန့် ဆံပင်တိုများကို ပိုင်ဆိုင်ထားသည့် ငယ်ရွယ် ချောမော လှပသော မိန်းကလေး တစ်ဦးလည်း အပါအဝင် ဖြစ်သည်။

သူမ၏ နံဘေးတွင်တော့ ဆံပင် အတို၊ အရှည်မှ လွဲ၍ ချွပ်စွပ်နီးပါး တူသည့် အခြား အမျိုးသမီး တစ်ဦး ရှိနေခဲ့၏။ သူမက ဆံပင်အတို မိန်းကလေးထက် ပိုမို၍ ရင့်ကျက်သည့် အသွင်အပြင်ရှိကာ အရပ်လည်း မဆိုသလောက် ပိုရှည်သည်။ ထိုအရာကပင် သူတို့ နှစ်ယောက်ကို အနည်းငယ် ကွဲပြားစေသည်။ ထို့အပြင် ဒုတိယမြောက် အမျိုးသမီး၏ မျက်လုံးများထဲတွင် မကြာသေးမီကပင် အခက်အခဲများ၊ မုန်တိုင်းများနှင့် ဒုက္ခသုက္ခ မျိုးစုံကို ဖြတ်ကျော်ခဲ့ရသလိုမျိုး ငြိမ်သက်မှုတစ်မျိုး ရှိနေခဲ့သည်။

သူတို့က ထန်ရှင်းယွင် နှင့် သူမ၏ မိခင် ထန်ပိုင်ပိုင် တို့ပင် ဖြစ်ကြသည်။ သူတို့မှာ ထန်ကလန်မှ ပြည်နှင်ဒဏ်ခံ အခြား အဖွဲ့ဝင်များနှင့်အတူ စုဝေး တည်ရှိနေကြသည်။ ပိုင်လင်ထံမှ ဆယ်စုနှစ် အနည်းငယ်ကြာအောင် ညှင်းပန်း နှိပ်စက်မှုများအား ခံခဲ့ရသော်လည်း သူတို့ အသက်ရှင်ခဲ့ကြသည်။ ထို့အပြင် ဝေ့ဝူယင်ထံမှ ရရှိခဲ့သော အိပ်မက် သန့်စင်ရည်က သူတို့ ခံစားခဲ့ရသော စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို အနည်းငယ် သက်သာရာ ရစေခဲ့သည်။

အဖွဲ့ အတွင်း မှန်းဆဆွေးနွေးသံများ၊ ထိတ်လန့်တုန်လှုပ်ဖွယ် တုံ့ပြန်သံများဖြင့် ဆူညံ ပွက်လောရိုက် နေချိန်တွင် ထန်ရှင်းယွင်က မိခင်ဖြစ်သူကို တောင်းပန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း ထန်ပိုင်ပိုင်မှာ သူမကို လုံးဝ လျစ်လျူရှုထားကာ ဗဟိုစင်မြင့်ထက်၌ ရှိနေသည့် ထျန်းရှောင်ချွမ်းကိုသာ အာရုံစိုက်နေခဲ့သည်။

ထန်ရှင်းယွင်က နှုတ်ခမ်းကို အနည်းငယ် စူလိုက်လိုက်၏။

"မေမေ... သမီး သူ့ဆီ ခဏလေး သွားလည်လို့ ရမလား"

"နင်နဲ့ စေ့စပ်ထားတဲ့သူဆီ သွားလည်မလို့လား"

ထန်ပိုင်ပိုင်က ပြန်မေးလိုက်၏။

ထန်ရှင်းယွင်၏ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး မျက်လုံးများမှာ မှေးမှိန်သွားသည်။ သူမနှင့် စေ့စပ်သူထားမှာ ထျန်းရီဝူ ဖြစ်သော်လည်း သူမက သူ့ကို ရည်ရွယ်ချင်း မဟုတ်ပါချေ။ အစစ်အမှန် ချစ်သူ လင်းမင်နှင့်သာ တွေ့ဆုံလိုခြင်းဖြစ်သည်။

ထိုကဲ့သို့ တောင်းဆိုမှုမျိုးကို ထန်ရှင်းယွင်ထံမှ အကြိမ်ကြိမ် အခါခါ ကြားခဲ့ရပြီးနောက် ထန်ပိုင်ပိုင်မှာ စိတ်တို နေခဲ့ပြီ ဖြစ်သည်။

"ဒီနေရာကို ထန်မျိုးနွယ်က လွဲပြီး အခြားလူတွေ ဝင်ခွင့် မပြုဖို့ ငါရဲ့ တောင်းဆိုမှုကို အာဏာရှင် အင်ပါယာဝေ့က လက်ခံတာ နင် ကံကောင်းနေပြီ... ဒါတောင် နင်က ကိုယ့်မစင် ကိုယ်ဖော်ချင် နေတာလား... အင်ပါယာ မျိုးနွယ်ဝင် တစ်ယောက်ယောက်က နင့်ကို သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ... ဟမ်..."

"..."

ထန်ရှင်းယွင် ခေါင်းကို ငုံ့လိုက်ရင်း လက်သီးများကို တင်းတင်းဆုပ်ထားလိုက်၏။ ဘာမှန်း မသိရသည့် အကြောင်းပြချက် တစ်ခုကြောင့် သူမ၏ မူလယင် ဖုံးကွယ်ရေး နည်းလမ်းမှာ ဧဒင်ကမ္ဘာတွင် အလုပ်မဖြစ်ခဲ့ပေ။ သူမက ဤနေရာတွင် လုံးဝ ပေါ်လွင်နေပေသည်။ ထို့ကြောင့် ငြိမ်သက်စွာ နေရမည် ဖြစ်သည်။ အကယ်၍ သူမသာ လင်းမင်ဆီ သွားရောက်လည်ပတ်လိုက်ပါက မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရှေ့တွင် အရာအားလုံး ဗူးပေါ်သလို ပေါ်သွားပေလိမ့်မည်။

ထန်ပိုင်ပိုင်မှာ သမီးဖြစ်သူ ခံစားနေရသည်ကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူမ၏ နှလုံးသားက အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။ အမွှာ ညီအမ ဖြစ်သူ အပေါ် သံယောဇဉ် မရှိသော်လည်း ထန်ရှင်းယွင်မှာ သူမ ကိုယ်တိုင် မွေးဖွားခဲ့သည့် အသွေးအသား ဖြစ်သည်။ သမီးဖြစ်သူ ပျော်ရွှင်ဖို့ အတွက် ဆိုလျှင် မည်သည့်အရာကိုမဆို သူမ စွန့်လွှတ်ရဲသည်။ သို့သော်လည်း ကံဆိုးစွာပင် သမီးဖြစ်သူ၏ လုပ်ရပ်များကြောင့်ပင် သူတို့ ထန်မျိုးနွယ်မှာ အန္တရာယ် မုန်တိုင်း တစ်ခု အတွင်း ကျရောက်ခဲ့ရသည်။

အကယ်၍ ထန်ရှင်းယွင်၏ သစ္စာဖောက်မှု အကြောင်းကိုသာ အင်ပါယာ မျိုးနွယ် သိရှိသွားပါက ဝေ့ဝူယင်က သူတို့ကို ကာကွယ်ပေးမည်လား သူမ မသေချာခဲ့ပေ။ လူငယ်မှာ အင်ပါယာ ထျန်းမျိုးနွယ်ကို မကြောက်ဟု ပွင့်ပွင့်လင်းလင်း ဆိုခဲ့သော်လည်း၊ ထိုအရာက အမှန်တကယ် ဟုတ်မဟုတ်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ အဆုံးမဲ့ကောင်းကင် နတ်ဘုရား အင်ပါယာမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နံပတ်တစ် ကျင့်ကြံသူ အကြောင်းရင်းမဲ့ ဖြစ်လာခြင်း မဟုတ်ချေ။

"အခွင့်အရေးရရင် အာဏာရှင် အင်ပါယာဝေ့ဆီမှာ နင်တို့ နှစ်ယောက်ကို သီးသန့် တွေ့ခွင့်ပြုဖို့ တောင်းဆိုပေးမယ်... "

ထန်ပိုင်ပိုင် ထိုကဲ့သို့ ဆိုလိုက်သော အခါတွင်မှ ထန်ရှင်းယွင်၏ မျက်လုံးများက ဝမ်းသာအားရ တောက်ပလာခဲ့တော့သည်။

“ဘာပဲဖြစ်ဖြစ်... နင်က မူလအဆင့် ကျင့်ကြံခြင်း ဝိညာဉ်ကို မွေးဖွားထားနိုင်တဲ့သူပဲလေ... နင့်အခြေအနေက တန်ဖိုးရှိပါတယ်"

မူလ ကျင့်ကြံခြင်း ဝိညာဉ်ဆိုသည်မှာ မူလအဆင့်ရှိ ကျင့်ကြံခြင်း ဝိညာဉ်တစ်ခုကို ဆိုလိုခြင်း ဖြစ်ပြီး ၎င်းမှာ သေမျိုးအဆင့်၏ အဆင့်မြင့်ပုံစံ တစ်မျိုး ဖြစ်သည်။ ကောင်းကင်ဓာတ်တော်ကို ပေါ်ထွက်လာခဲ့ပြီး နောက်တွင် ၎င်းနှင့် ပတ်သက်သည့် အချက်အလက်များမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံလာခဲ့သည်။ ထိုအထဲ၌ မူလ အဆင့် အကြောင်းများလည်း အပါအဝင် ဖြစ်သည်။

ထန်ရှင်းယွင်၏ နှုတ်ခမ်းထက်ရှိ အပြုံးမှာ ဂုဏ်ယူစွာဖြင့် ပေါ်ထွက်လာခဲ့၏။ သူမနှင့် လင်းမင်တို့မှာ နှစ်ကိုယ်တူ ကျင့်ကြံခဲ့ပြီး ကောင်းကင်ဓာတ်တော် အပိုင်းအစ တစ်ခု၏ ကျေးဇူးကြောင့်ပင် မူလအဆင့်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။

မူလ အဆင့်...

၎င်းမှာ ကျင့်ကြံခြင်းလောကတွင် ဒဏ္ဍာရီဆန်ဆန် အဆင့် တစ်ခု ဖြစ်ကာ ၎င်းကို ထိပ်တန်း ကျင့်ကြံသူများ၊ အထူးသဖြင့် မြေကြီးရှန့်ထိုများ ပင်လျှင် လိုချင် တပ်မက်ကြသည်။ မူလ အဆင့်အား ပိုင်ဆိုင်ထားခြင်းနှင့် အတူ လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်လာရန် သူမ အတွက် အခွင့်အလမ်းများမှာ လုံးဝနီးပါး သေချာနေခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် သူမ၏ ကျင့်ကြံခြင်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့ကာ ၎င်းမှာ မူလအဆင့်၏ ထူးခြားသော အကျိုးကျေးဇူး တစ်ရပ် ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိထားခဲ့သည်။

သူမက မကြာမီမှာပင် အစစ်အမှန် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်လာနိုင်လိမ့်မည် ဖြစ်သည်။ ထိုအခါ သူမ လက်ထပ်လိုသော သူကိုလည်း ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်နိုင်လိမ့်မည် ဖြစ်သည်။ အမြဲတမ်း ခေါင်းငုံ့ကာ ပုန်းကွယ်နေဖို့ မလိုတော့ချေ။

လင်းမင်သည်လည်း အလားတူပင် ဖြစ်သည်။ လက်ရှိ၌ သူတို့နှစ်ဦးစလုံးမှာ ထိပ်တန်း ကျင့်ကြံသူများ၏ လမ်းကြောင်းပေါ်တွင် ရှိနေခဲ့ကြပြီ ဖြစ်သည်။

အနာဂတ်တွင် လင်းမင်နှင့် ထန်ရှင်းယွင်တို့မှာ ဒဏ္ဍာရီဆန်ဆန် ကျော်ကြားသည့် ပြိုင်ဘက်ကင်းစုံတွဲ ဖြစ်လာနိုင်ပြီး၊ သူတို့၏ ပေါင်းစည်းမှုကို မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးက ဂုဏ်ပြုကြလိမ့်မည် ဖြစ်သည်။ ထိုအခါကျလျှင် သူမ အနေဖြင့် အင်ပါယာ ထျန်းမျိုးနွယ်ရှေ့၌ ခေါင်းငုံ့နေစရာ မလိုပါတော့ချေ။

သမီးဖြစ်သူ၏ မျှော်လင့်ချက်များ ပြည့်ဝနေသော မျက်နှာ အမူအရာကို ကြည့်ရင်း ထန်ပိုင်ပိုင် သက်ပြင်းချလိုက်မိသည်။ သူမက မိန်းကလေး၏ လှပသော ဆံနွယ်များကို ချစ်မြတ်နိုးစွာ ပွတ်သပ်ပေးလိုက်သည်။

မီးဖီးနစ် ဧကရီပိုင်၏ ကြင်နာမှုနှင့် အတူ သမီးဖြစ်သူ၏ အနာဂတ်မှာ သူမထက် ပိုမိုသာလွန်လိမ့်မည် ဖြစ်ကာ ပြီးပြည့်စုံသော အမွေအနှစ်တစ်ခုကို ဆက်ခံနိုင်လိမ့်မည် ဖြစ်သည်။

...

ဗဟိုစင်မြင့်ထက်တွင်တော့...

ဧကရီ ရှောင်ချွမ်းက သူမ၏ ကြေညာမှုကို ခဏမျှ ရပ်နားလိုက်ရင်း ပရိသတ်များထံမှ ဝေဖန်မှုများကို နားစွင့် လိုက်သည်။

သို့သော်လည်း အဂ္ဂိရတ် ကုန်စည်ပြပွဲကို တက်ရောက်လာသည့် လူအားလုံးမှာ ထာဝရ အစည်းအရုံးထံမှ သင်ခန်းစာ ယူထားခဲ့ပြီး ဖြစ်ပုံ ပေါ်ကာ ထုတ်ကုန် အသစ်နှင့် ပတ်သက်၍ မည်သည့် ဦးနှောက်မဲ့ မှတ်ချက်မျိုးကိုမှ ပေးဝံ့ခြင်း မရှိပါချေ။

သို့သော်လည်း မကြာခင်မှာပင်... ဘယ်ဆီဘယ်ဝယ်ကမှန်း မသိသည့် မှတ်ချက် စကားသံ အချို့ မှာ ဧဒင်ကမ္ဘာ အတွင်း ထွက်ပေါ်လာခဲ့၏။

"ဆေးအနှစ်တစ်ခုကို ဖော်စပ်လိုက်တာက ကောင်းကင်ဓာတ်တော်ရဲ့ အလားအလာကို ဖြုန်းတီးရာ မကျဘူးလား..."

"တကယ်ဆိုရင် ကောင်းကင်ဓာတ်တော်ကို အဂ္ဂိရတ် ရှန့်ထိုတွေရဲ့ လက်ထဲ အပ်လိုက်တာက ပိုပြီး သင့်တော်လိမ့်မယ် ထင်တယ်”

၎င်းတို့က ငြိမ်သက် တိတ်ဆိတ် နေကြသည့် ပရိသတ်များကို ရည်ရွယ်ချက် ရှိရှိ ဆွပေးလိုက်သလိုပင်...။

ထင်မှတ်ထားသည့် အတိုင်းပင် ဆီဝနေသည့် လောင်စာကို မီးညှိပေးလိုက်သည့် အလား... လူများမှာ စိတ်ဝင်စားစွာဖြင့် ပါဝင် ဆွေးနွေး လာကြသည်။

“မှန်တယ်... အဂ္ဂိရတ် အာဏာရှင်ဝေ့က အံ့မခန်း ထူးချွန်တယ် ဆိုပေမဲ့ အဂ္ဂိရတ် ရှန့်ထို တစ်ယောက်မှ မဖြစ်သေးတာ”

"သူ့လက်ထဲမှာ ကောင်းကင်ဓာတ်တော်က ငါတို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာပါ့မလား"

“ဒါနဲ့ ထာဝရ အစည်းအရုံးမှာလည်း ကောင်းကင်ဓာတ်တော်တွေ ရှိတယ်မလား... သူတို့က ဘာလို့ ခုထိ တိတ်ဆိတ် နေရတာလဲ...”

"ကြည့်ရတာ ထာဝရ အစည်းအရုံးက ဒီအခိုက်အတန့်ကို စောင့်နေပုံပဲ... အဂ္ဂိရတ် အာဏာရှင်ဝေ့ ဖန်တီးထားတဲ့ ဆေးအနှစ်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပြီးမှ သူတို့ရဲ့ ထုတ်ကုန်အသစ်ကို ကြေညာမလားမသိဘူး... အဲဒီ နည်းလမ်းက နည်းနည်းတော့ ရက်စက်ပေမယ့် ငါတော့ ကြိုက်တယ်..."

ဘာမှ မလုပ်ရသေးခင်မှာပင် ထာဝရ အစည်းအရုံးမှာ ကောင်းကင်ဓာတ်တော်နှင့် ဆက်နွယ်၍ စိတ်ကူးယဉ်ပြိုင်ပွဲတစ်ခုထဲ ဝေ့ဝူယင်နှင့် အတူ တွန်းပို့ခံလိုက်ရပြီ ဖြစ်လေသည်။

“...”

အားလုံး၏ အကြည့်များမှာ စင်မြင့်ထက်မှ နေ၍ ထာဝရ အစည်းအရုံး အဖွဲ့ဝင်များထံသို့ ရွေ့လျား သွားခဲ့ကြ၏။ အဂ္ဂိရတ် ရှန့်ထို နှစ်ယောက်ထံမှ တုန့်ပြန်မှုများကို မကြာခင် တွေ့မြင်ရတော့မည်ဟု ထင်မှတ် နေကြလေရာ မဟာမိတ် အဖွဲ့များ ဆိုလျှင် ဂုဏ်ပြုစကားများကိုပင် ကြိုတင် ပို့လွှတ် နေကြသည်။

ထာဝရ အစည်းအရုံးဝင် တစ်ချို့၏ အမူအရာများမှာ ကျေနပ် ဂုဏ်ယူမှုများနှင့် ပြည့်နှက် လာခဲ့ကြ၏။ ထာဝရ နတ်ဘုရားထံတွင် ကောင်းကင်ဓာတ်တော် နှစ်ခု ရှိကြောင်း သူတို့အားလုံး သိရှိထားကြပေသည်။ အပြင်လူများသာ မကပဲ အစည်းအရုံးဝင်များမှာလည်း အလားတူ မျှော်လင့် နေကြခြင်း ဖြစ်သည်။ ဆက်တိုက် ဆိုသလို အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး နောက်တွင် သူတို့မှာ ထိုကဲ့သို့ မြင်ကွင်းမျိုးကို တောင့်တ နေကြပေသည်။

***

All Chapters