← Chapters

ကိုးငရဲဂိုဏ်းကို လှည့်စားခြင်းသည် တာအိုလမ်းစဉ်ဂိုဏ်း၏ဓလေ့

Vol. 22 Ch. 318

ကိုးငရဲဂိုဏ်းကို လှည့်စားခြင်းသည် တာအိုလမ်းစဉ်ဂိုဏ်း၏ဓလေ့

Vol. 22 Ch. 318

"ဒီကောင်းကင်ရုံးတော်ဂိုဏ်းအကြောင်း ငါမကြားဖူးဘူးပါလား။ အခြေခံက ဒီလောက်တောင်ခိုင်မာတယ်ပေါ့"

ပဥ္စမအကြီးကဲ အံ့အားသင့်သွားသည်။

ပဥ္စမအကြီးအကဲ အရူးဖြစ်နေသည်ကိုကြည့်၍ လုယန်ဆက်ပြောသည်။

"ဒီအခြေခံအင်အားတင်မကပါဘူး။ ကောင်းကင်ရုံးတော်ဂိုဏ်းဟာ သိပ်မကြာခင် လူအင်အားစုဆောင်းမှု တိုးချဲ့တော့မှာပါ။ လက်ရှိရည်ရွယ်ထားတဲ့ ရွေးချယ်ခံ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က မသေမျိုးဗီဇခန္ဓာပိုင်ရှင်ပါ။ ရှေးဟောင်းခေတ်မှာ ပထမဆုံးမသေမျိုးဖြစ်ခဲ့တဲ့ ကိုးဆမသေမျိုးဟာလည်း ဒီလိုမသေမျိုးခန္ဓာပိုင်ဆိုင်ခဲ့ပါတယ်။

နောက်တစ်ယောက်က မျိုးနွယ်တစ်ခုလုံးရဲ့ကံကြမ္မာကို ထမ်းဆောင်ထားတဲ့လူပါ။ မြင့်မားတဲ့ကံကြမ္မာရှိပြီး အရိုင်းကျင့်စဉ်လမ်းနဲ့ ကွန်ဖြူးရှပ်ကျင့်စဉ်လမ်းနှစ်ခုလုံးကို လေ့ကျင့်ထားပါတယ်။

ကျုပ်တို့နဲ့ ပူးပေါင်းပါလား အကြီးအကဲ

အစက ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းကို အချိန်ယူပြီး တဖြေးဖြေးတည်ထောင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါမှ မဟာကပ်မှာ ကောင်းကောင်းရပ်တည်နိုင်မယ်လေ။ ဒါပေမယ့် ရွံစရာကောင်းတဲ့ ကိုးငရဲဂိုဏ်းက ကျုပ်တို့ကို ပစ်မှတ်ထားလာပါတယ်။ ဒါကြောင့် ကိုးငရဲဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ ကျုပ်တို့အတွက် ကာကွယ်သူတစ်ယောက် လိုလာပါတယ်"

လုယန် လက်နှစ်ဘက်ဆုပ်၍ အလေးအနက်လေသံဖြင့် ပြောသည်။

"အကြီးအကဲအနေနဲ့ ကောင်းကင်ရုံးတော်ဂိုဏ်းကို ကူညီမယ်ဆိုရင် နောင်တစ်ချိန် ကြီးမားတဲ့ဆုလာဒ်တစ်ခု သေချာပေါက် ကျုပ်တို့ပေးပါ့မယ်"

ပဥ္စမအကြီးအကဲ ခဏအသံတိတ်သွာားသည်။ သူတကယ်လှည့်ကွက်မိပြီဟု လုယန်တွေးနေစဉ် အကြီးအကဲက ဖြေးညှင်းစွာ ပြန်မေးသည်။

"မင်းတို့ကောင်းကင်ရုံး‌တော်ဂိုဏ်းက ရှားနိုင်ငံရုံးတော်မှာ မှတ်ပုံတင်ပြီးပြီလား"

လုယန် မင်သက်မိသွားသည်။

"မှတ်ပုံတင်ရတယ်ပေါ့"

"ဟုတ်တယ်။ မဟာရှားဥပဒေအရ နယ်ခံအစိုးရနဲ့ မှတ်ပုံတင်မထားတဲ့ အဖွဲ့အစည်းမှန်သမျှ တရားမဝင်ဘူးလို့ သတ်မှတ်တယ်။ ပြင်းပြင်းထန်ထန် ဖြိုခွဲခံရတယ်။ အရင်က နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်း..အခုတော့ သုံးဂိုဏ်းပေါ့လေ...သူတို့က လုံးဝမှတ်ပုံတင်မထားကြဘူး"

လုယန် - "..."

လုယန်တို့ အသံတိတ်သွားသည်ကိုကြည့်၍ ပဥ္စမအကြီးအကဲက တဟားဟား အော်ရယ်သည်။

"ကဲပါ...ကဲပါ...ငါ့ကို အမှန်အတိုင်းပဲ ပြောစမ်းပါ။ အခြေအနေမှန်ကဘာပဲ"

နာမည်ကျော်တာအိုလမ်းစဉ်ဂိုဏ်းတပည့်ကိုးယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်၍ လုယန်လှည့်ကွက်ထဲ အလွယ်တကူမကျနိုင်ပေ။

ဘာရှေးဟောင်းမသေမျိုးအမွေအနှစ်၊ ဘာနာမည်ကျော်မိသားစုများ၏အကူအညီနည်း။ လုယန်တို့ သူတို့အကြောင်းသူတို့ပြောနေမှန်း အကြီးအကဲသိသည်။

ထာဝရဂိုဏ်းပြိုကွဲပြီးနောက် လုယန်ထံ ထာဝရအရှင်၏ အမွေအနှစ်ကျန်ခဲ့သည်။

မုန်ကျင်းကျိုးက ငွေးကြေးအကူအညီပေးနိုင်သည့် နာမည်ကျော်မုန်မိသားစု၏ အကြီးဆုံးသားဖြစ်သည်။

လီဟော်ရန်၏အတိတ်ဘဝသည် ကူးဖြတ်ခြင်းအကြိုအဆင့် စွမ်းအားရှင်ဖြစ်သည်။

ချင်ယန်ယန်၏အဖေက ချင်ဟော်ရန်ဖြစ်၍ သူသည် ကိုးငရဲဂိုဏ်း၏ ပထမဆုံးအမွေခံဖြစ်သည်။

လုယန် မတတ်သာတော့သဖြင့် အဖြစ်အပျက်များကို အမှန်အတိုင်း ပြန်ပြောပြရသည်။ ပဥ္စမအကြီးအကဲ၏မျက်လုံးများ အရောင်လက်လာသည်။

"မင်းတို့အားလုံး တကယ်ပါရမီထူးတာပဲ။ ကိုးငရဲဂိုဏ်းကို လှည့်စားဖို့ စိတ်ကူးယဉ်ကောင်းကင်ရုံးတော်ကို ဖန်တီးပြီး ပူးပေါင်းနိုင်အောင် ကြိုးစားခဲ့တယ်ပေါ့။ ကံကောင်းရင် နေမင်းဂိုဏ်းနဲ့ နှလုံးမဲ့ဂိုဏ်းရဲ့ သဲလွန်စကိုတောင် ရှာတွေ့နိုင်တယ်ကွ"

အကြီးအကဲ အတိတ်အကြောင်း ပြန်တွေးမိလာဟန်ရှိသည်။

"ငါတို့ကိုးယောက်လည်း တစ်ချိန်တုန်းက အဲလိုကိစ္စမျိုး လုပ်ခဲ့ဖူးတယ်"

"ဘယ်လိုဖြစ်ခဲ့တာလဲ"

လုယန်တို့လူစု စိတ်ဝင်စားသွားသည်။

အကြီးအကဲက ကျောက်တုံးတစ်ခုကို ကောက်ယူ၍ စားပွဲနှင့်ကုလားထိုင်များအဖြစ် အမြန်သန့်စင်လိုက်သည်။ ထို့နောက် လုယန်တို့ကို ဝင်ထိုင်ဖို့ ဖိတ်ခေါ်သည်။

စားပွဲကုလားထိုင်များက ပါးလွှာသယောင်ထင်ရသော်လည်း သန့်စင်မှုပါရဂူကြီး ဖန်တီးထားခြင်းဖြစ်၍ ရွှေသန္ဓေအဆင့်တိုက်ခိုက်မှု လေးငါးချက်လောက် ခံနိုင်လောက်အောင် တောင့်တင်းသည်။

"လွန်ခဲ့တဲ့ နှစ်ကိုးရာလောက်ကဖြစ်မယ်။ ညီရှစ်က အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်လို ဟန်ဆောင်ပြီး သူရဲကောင်းဆန်ဆန် အပြင်လောကမှာ လှုပ်ရှားတယ်။ ကံကောင်းချင်တော့ ကိုးငရဲဂိုဏ်းတပည့်တစ်ယောက်နဲ့ တွေ့တယ်။

ဒါပေမယ့် မရိပ်မိအောင် အဲဒီ့လူနဲ့ ကပ်ပေါင်းတယ်။ ဆောင်ကြာမြိုင်တွေ လောင်းကစားရုံတွေကို ညီရှစ်က ငွေကုန်ခံပြီးခေါ်သွားတယ်။ ကိုးငရဲဂိုဏ်းသားက သူကိုတဖြေးဖြေးယုံကြည်လာတာပေါ့"

အဋ္ဌမအကြီးအကဲကို လုယန်နှင့်မုန်ကျင်းကျိုးတို့ သိပ်မဆုံဖူးသော်လည်း သေချာမှတ်မိနေသည်။ မုန်ကျင်းကျိုးထံ လွန်ခဲ့သည့် နှစ်နှစ်ဆယ်က ဂိုဏ်းဝင်ခွင့်စစ်ဆေးချက်မေးခွန်းများကို မေးခွန်းအစစ်ဟု ကြေညာပြီး ရောင်းချခဲ့သူဖြစ်သည်။

"နောက်တော့ဘာဆက်ဖြစ်လဲ"

"ကိုးငရဲဂိုဏ်းသားကမေးတယ်လေ။ သူတို့နှစ်ယောက်လုံး နတ်ဝိညာဉ်အဆင့်ချင်းအတူတူ ညီရှစ်မှာ ဝိညာဉ်ကျောက်တွေ ဘာလို့အဲလောက်ပေါနေတာလဲပေါ့။ အသက်ရှည်စေတဲ့ ဆေးနည်းတစ်ခုတွေ့ထားတယ်၊

ဆေးစွမ်းက သိပ်မထက်မြက်ပေမယ့် သက်တမ်းကုန်ခါနီးလူတွေ အရူးအမူးဖြစ်အောင် ဆွဲဆောင်နိုင်တယ်လို့ ညီရှစ်ကပြောလိုက်တယ်။ ဒါက သူတို့အဖွဲ့အစည်းရဲ့ အတွင်းသတင်းဖြစ်လို့ ဒီလောက်ရင်းနှီးတဲ့မိတ်ဆွေတွေမဟုတ်ရင် ပြောမပြဘူးပေါ့။

နောက်ပြီး သက်ရှည်ဆေးထုတ်နိုင်တဲ့ပမာဏက အတော်နည်းတယ်။ လိုအပ်ချက်နဲ့ကိုက်ညီအောင် မထုတ်နိုင်ဘူး။ ထုတ်လုပ်အားမြှင့်တင်ဖို့ဆိုရင် ကုန်ကြမ်းပစ္စည်းဝယ်ဖို့ ဝိညာဉ်ကျောက်တွေ အများကြီးလိုတယ်။ အခုလက်ရှိ သူတို့အဖွဲ့အစည်းမှာ ငွေပြတ်နေလို့ ငွေနည်းနည်းချေးနိုင်မလားလို့ ကိုးငရဲဂိုဏ်းသားကို ပြောတယ်။

အလကားချေးမှာတော့မဟုတ်ဘူး။ တစ်နှစ်ကြာရင် အတိုးရောအရင်းပါ ပြန်ဆပ်မယ်လို့ ကတိပေးလိုက်တယ်။

ကိုးငရဲဂိုဏ်းသား စိတ်ဝင်စားသွားတယ်။ ဒါပေမယ့် ယုံတော့မယုံသေးဘူး။ ဝိညာဉ်ကျောက်တစ်သောင်းလောက်ပဲ ချေးတယ်။ နောက်တစ်နှစ်ကြာတော့ ညီရှစ်က ကတိအတိုင်း ငွေရင်းနဲ့ အတိုးနှစ်ဆယ်ရာနှုန်း ပြန်ပေးတယ်။

ကိုးငရဲဂိုဏ်းသားက အဲလိုမျိုး သုံးနှစ်ကြာအောင် စမ်းသပ်တယ်။ ညီရှစ်ကလည်း နှစ်တိုင်းပြန်ဆပ်တယ်။

နောက်တော့ ဒီကိစ္စကို ကိုးငရဲဂိုဏ်းသားရဲ့ အကြီးအကဲက သိသွားတယ်။ အဲဒီ့အကြီးအကဲကလည်း ငွေရင်းနှီးချင်တယ်လို့ ပြောလာတယ်။ ညီရှစ်က သူ့အထက်အရာရှိနဲ့ တိုင်ပင်ကြည့်ပါဦးမယ်လို့ပြောပြီး မင်းဆရာ တာအိုရှင်ဝစီပိတ်ကို ခေါ်သွားတယ်။

မင်းဆရာက ရင်းနှီးမြှုပ်နှံလို့ရပါတယ်လို့ ပြောလိုက်တော့ ကိုးငရဲဂိုဏ်းအကြီးအကဲကလည်း ပျော်သွားတယ်။ ငွေရင်းနှစ်ဆတိုးပြီး ငါးနှစ်မြှုပ်နှံတယ်။

ဘယ်ကိစ္စမဆို ရေရှည်လျှို့ဝှက်ထားလို့မရဘူးလေ။ နောက်ဆုံးတော့ ဒီကိစ္စ ကိုးငရဲဂိုဏ်းချုပ်ရဲ့နားကို ရောက်သွားတယ်။ ဂိုဏ်းချုပ်က ဘယ်သူ့ကိုမှ မပြောဘူး။ ဒါပေမယ့် ဆေးစပ်တာကို လက်တွေ့ကြည့်ချင်တယ်လို့ တောင်းဆိုတယ်။

ညီရှစ်နဲ့ညီကိုးက ငါတို့ကိုခေါ်ပြီး ဆေးစပ်ခန်းတစ်ခု အတုလုပ်ခိုင်းတယ်။ ငါတို့အကိုကြီးက ဆေးသောက်တဲ့လူအဖြစ်ဟန်ဆောင်တယ်။

သေချာအကဲခတ်လေ့လာပြီးတော့ ကိုးငရဲဂိုဏ်းချုပ် ငါတို့ကိုစိတ်ချသွားပြီး သူ့ကိုယ်ပိုင်ဝိညာဉ်‌ကျောက်တွေကို အရင်ဆုံးရင်းနှီးမြှုပ်နှံတယ်။ အတော်လေး အကျိုးအမြတ်ရသွားတယ်။

ဒါပေမယ့် သူအားမရသေးဘူး။ ဒီတော့ ကိုးငရဲဂိုဏ်းရတနာတိုက်ကို ရင်းနှီးမြှုပ်နှံဖို့ကြံတယ်။ ရတနာတိုက်က ရန်ပုံငွေနဲ့ ရင်းနှီးမြှုပ်နှံပြီး နောက်တစ်နှစ်ကြာတဲ့အခါ ငွေရင်းကို ပြန်ထားမယ်။ အမြတ်ကိုသူယူမယ်ပေါ့လေ။ တကယ်ပြည့်စုံတဲ့ အစီအစဉ်ပဲမဟုတ်လား။

ရတနာတိုက်က ငွေတစ်ချို့ သူယူလာတယ်။ ငွေအမြတ်အစွန်းလည်း ပိုရသွားတယ်။ ဒါပေမယ့် သူမကျေနပ်သေးဘူး။ နောက်ဆုံးကျတော့ ရတနာတိုက်က ငွေအများစုကိုယူပြီး ရင်းနှီးမြှုပ်နှံတယ်။

အဲဒီ့အချိန်ကျမှ ရန်ပုံငွေတွေမ,ပြီး ငါတို့လစ်ကြတယ်။

ဒီအကြောင်း မင်းတို့ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့။ မင်းတို့ရဲ့ ဘိုးဘေးဆရာတောင် ဒီကိစ္စကိုမသိဘူး"

ပဥ္စမအကြီးအကဲက သတိပေးသည်။

ချင်ယန်ယန် နားမလည်အောင်ဖြစ်နေသည်။

"အမြတ်ငွေပြန်ပေးဖို့သုံးတဲ့ ဝိညာဉ်ကျောက်တွေက တာအိုလမ်းစဉ်ဂိုဏ်းကမဟုတ်ဘူးလား။ ဘိုးဘေးဆရာက ဘယ်လိုလုပ်မသိဘဲနေမှာလဲ"

ပဥ္စမအကြီးအကဲ ခေါင်းခါသည်။

"ဂိုဏ်းကငွေတွေကို ငါတို့လုံးဝမထိပါဘူး။ ကိုးငရဲဂိုဏ်းတပည့်ကို အယုံသွင်းတုန်းကပဲ ညီရှစ်က သူ့ကိုယ်ပိုင်ဝိညာဉ်ကျောက်တွေ သုံးခဲ့တာပါ"

ချင်ယန်ယန် ပို၍နားရှုပ်လာသည်။

အကြီးအကဲက သူ့မြေးတပည့်ကို ရှင်းပြသည်။

"စဉ်းစားကြည့်လေ။ အမြတ်ငွေပြန်ပေးတဲ့အချိန်ကျရင်း တစ်ခြားကိုးငရဲဂိုဏ်းတပည့်တွေလည်း ငါတို့ဆီမှာ လာပြီးရင်းနှီးမြှုပ်နှံနေတာပဲမဟုတ်လား"

ချင်ယန်ယန် ခေါင်းငြိမ့်သည်။

"ဒါဆို နောက်လူတွေဆီကငွေနဲ့ အရင်လူတွေကို ပြန်ပေးလိုက်ရုံပဲလေ"

ချင်ယန်ယန် သဘောပေါက်သွားသည်။

"နေပါဦး၊ ဒါဆိုဒါက လိမ်တာမဟုတ်ဘူးလား"

"ငါလည်း ညီရှစ်ကို အဲလိုမေးခဲ့ပါတယ်။ သူကပြောတယ်။ ဒါက လိမ်တာမဟုတ်ဘူး။ လုပ်ငန်းအရှုံးပေါ်တာလို့ခေါ်တယ်တဲ့။ ရင်းနှီးထားတဲ့ငွေတွေ ရှုံးသွားတာ။ လုပ်ငန်းတစ်ခုမှာ အရှုံးနဲ့အမြတ်ရှိတာ သဘာဝပဲ။

သူတို့မကျေနပ်ရင် အာဏာပိုင်တွေဆီ တိုင်ချက်ဖွင့်လို့ရတယ်။ ငါတို့ဖုံးကွယ်ထားစရာ ဘာအကြောင်းမှမရှိဘူး။ ပြီးတော့ အပြစ်ရှိတယ်ဆိုရင်လည်း ဂိုဏ်းရန်ပုံငွေကို အလွဲသုံးစားလုပ်ခဲ့တဲ့ ကိုးငရဲဂိုဏ်းချုပ်ရဲ့အပြစ်ပဲလေ"

ချင်ယန်ယန် - "..."

လီဟော်ရန်မျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်နေသည်ကို သတိထားမိသဖြင့် လုယန်မေးလိုက်သည်။

"ဘာဖြစ်တာလဲ"

လီဟော်ရန်စိတ်ထဲ အတော်အနေရခက်နေဟန်ရှိသည်။

"အလိမ်ခံလိုက်ရတဲ့ဂိုဏ်းချုပ်က ဒေါသအရမ်းထွက်ပြီး သိပ်မကြာခင် သေသွားတယ်။ အဲဒီ့နောက်မှာ ချင်ဟော်ရန် ဂိုဏ်းချုပ်ရာထူးလွှဲယူတယ်။ ကိုးငရဲဂိုဏ်းရဲ့ဘဏ္ဍာရေးကိစ္စ အကြီးအကျယ်ပြဿနာတက်နေတာကို သိသွားတယ်။

အရင်ဂိုဏ်းချုပ်က သေတဲ့အထိ သူ့ကိုလိမ်ခဲ့တဲ့လူ ဘယ်သူလဲဆိုတာ သိမသွားဘူး"

*************************************************

All Chapters