← Chapters

ကောင်းကင်မျိုမြေစားပညာ ကိုးငရဲဂိုဏ်း၏ နှစ်တစ်သောင်းစုစည်းထားသည့်ငွေများကို တာအိုလမ်းစဉ်ဂိုဏ်းက နှစ်တစ်ရာကျော်လိမ်ယူခဲ့သည်။ ဂို

Vol. 22 Ch. 319

ကောင်းကင်မျိုမြေစားပညာ ကိုးငရဲဂိုဏ်း၏ နှစ်တစ်သောင်းစုစည်းထားသည့်ငွေများကို တာအိုလမ်းစဉ်ဂိုဏ်းက နှစ်တစ်ရာကျော်လိမ်ယူခဲ့သည်။ ဂို

Vol. 22 Ch. 319

ဏ်းချုပ်သေသည်။ လူအားရော ငွေအားပါ ဆုံးရှုံးခြင်းဖြစ်သည်။

နောက်ထပ်နှစ်ကိုးရာအထိ ကိုးငရဲဂိုဏ်း နလန်ပြန်မထူနိုင်။

အသန်မာဆုံးလူရှင်သန်ခြင်းစည်းမျဉ်း။ ရက်စက်သည့် ကျင့်ကြံသူလောကသည် ဤသို့ပင်ထင်သည်။ ဘာအဓိပ္ပါယ်မှမရှိ။

ဇာတ်လမ်းကို လုယန်ဆက်တွေး၍မရတော့။

ရက်စက်သည့်ကျင့်ကြံသူလောကသည် အားကြီးသူများက အားနည်းသူများကို အနိုင်ကျင့်ခြင်းသာ ဖြစ်သင့်သည်မဟုတ်လော။ ဘာကြောင့် ရင်းနှီးမြှုပ်နှံငွေလိမ်လည်ခြင်းသို့ ပြောင်းသွားသနည်း။

အတုမဲ့စည်းမျဉ်းရှိနေလျှင် ခွန်အားက ဘာဖြစ်သွားသနည်း။

ကိုးငရဲဂိုဏ်း၏ နှစ်တစ်ထောင်ပဟေဠိ ယနေ့မှ ရှင်းသွားသည်။ လီဟော်ရန် ပါးစပ်အဟောင်းသားဖြစ်နေသည်။

အရင်ဂိုဏ်းချုပ်သည် သူနဲ့ဘာမှမဆိုင်သော်လည်း ချင်ဟော်ရန်နှင့် နည်းနည်းသက်ဆိုင်သည်။ အမူအရာတစ်ခုခုတော့ သူပြသင့်သည်ဟု သူယူဆသည်။

ထို့ကြောင့် လက်ခုပ်စတီးသည်။

လူအားလုံး ကိုးငရဲဂိုဏ်းကို စက်ဆုတ်ကြသည်။ သူတို့ကိုလှည့်စားနိုင်ခြင်းသည် ဝမ်းသာစရာကိစ္စဖြစ်သည်။

ပဉ္စမအကြီးအကဲ ချောင်းတစ်ချက်ဟန့်သည်။

"ဘာပဲပြောပြော မင်းတို့ကောင်းကင်ရုံး‌တော်ဂိုဏ်းရဲ့ ကာကွယ်သူဖြစ်ပေးဖို့ ငါသဘောတူပါတယ်။

မင်းတို့ပြောပုံအရ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ အပြင်စခန်းက ယန်ကျန်းကောင်တီက အသားကင်ဆိုင်မဟုတ်လား။ ငါတို့ဘယ်အချိန်သွားကြမလဲ"

"မြန်လေကောင်းလေပေါ့။ မနက်ဖြန်သွားရင်ဘယ်လိုလဲ"

လုယန်က အကြံပြုသည်။

"ကောင်းပြီလေ"

"ပြီးတော့ ရုပ်ဖျက်ဖို့လည်းမမေ့ပါနဲ့ အကြီးအကဲ။ ကိုးငရဲဂိုဏ်းကတစ်ယောက်ယောက် မှတ်မိသွားရင် အဆင်မပြေလောက်ဘူး။

လုယန် သတိပေးသည်။ သူတို့အဖွဲ့ ကိုးငရဲဂိုဏ်းမှလူများနှင့် တွေ့စဉ်က နာမည်တု မျက်နှာတုများ သုံးခဲ့သည်။

"ဒါက လွယ်ပါတယ်။ ငါ့ရုပ်ဖျက်အစွမ်းတွေက ညီကိုးလောက် မကျွမ်းကျင်ပေမယ့် ကိုးငရဲဂိုဏ်းသားတွေလောက်တော့ ကောင်းကောင်းလှည့်စားနိုင်ပါတယ်။ ဒီတစ်ခါ သူတို့ဘက်က စုစည်းခြင်းအဆင့်တစ်ယောက်ယောက် ပါလာနိုင်တယ်။ စုစည်းခြင်းအဆင့်လူဆိုရင်တော့ မင်းဟန်ဆောင်ထားတာတွေကို အလွယ်တကူထိုးဖောက်မြင်မှာပဲ။

ထွက်မသွားခင် မင်းတို့အားလုံးကို ငါရုပ်ဖျက်ပေးမယ်"

ဤအပိုင်းတွင် ပဉ္စမအကြီးအကဲ အတော်အတွေ့အကြုံရင့်ပုံရသည်။

အကြီးအကဲကို နှုတ်ဆက်ထွက်လာပြီးနောက် ကောင်းကင်ရုံးတော်ဂိုဏ်းအဖွဲ့ဝင် စုစည်းသည့်အလုပ်ကို လုယန်ဆက်လုပ်သည်။ ထောင်ယော်ယဲ့နှင့် အရိုးရိုင်းကိုလည်း အဖွဲ့ထဲသွင်း၍ ‌ယန်ကျန်းကောင်တီတွင် ရှေးဟောင်းပါရမီရှင်များအဖြစ် သရုပ်ဆောင်စေချင်သည်။

သို့သော် လုယန်ရောက်ချိန်တါင် အရိုးရိုင်းနှင့် ထောင်ယော်ယဲ့တို့ တံခါးပိတ်လေ့ကျင့်နေသည်နှင့်ကြုံသည်။ ထိုနှစ်ရွှေသန္ဓေအဆင့်အခြေခံစွမ်းအားကို တည်ငြိမ်အောင်လုပ်နေကြောင်း လောလောဆယ် အနှောက်အယှက်ပေး၍မရကြောင်း ယွမ်ကျိကပြောသည်။

"ဒါနဲ့နတ်မယ်၊ ကျုပ်ကို အတော်ရှေးကျပုံပေါ်မယ့် မှော်ပညာများ ကျင့်စဉ်ပညာမျိုး သင်ပေးလို့ရမလား။ ရှေးဟောင်းခေတ်ကပညာမှန်း သိသာမယ့်ဟာပေါ့။

စဉ်းစားကြည့်ပါ။ ကျုပ်အခုလက်ရှိမှာ ရှေးဟောင်းပါရမီရှင်တစ်ယောက်အဖြစ် ဟန်‌ဆောင်ထားတယ်။ ခေတ်သစ်ပညာရပ်တွေ သုံးလိုက်မယ်ဆို သံသယဝင်ဖို့ အလိမ်ပေါ်ဖို့ လွယ်တယ်လေ"

နတ်မယ် လုယန်ကို အသံတိတ်ကြည့်နေသည်။ လုယန်ယခုသုံးနေသည့်ပညာများကလည်း ခေတ်သစ်ပညာပုံစံမပေါက်ဟု တွေးနေသည်။

မြေအောင်းပညာ။ သစ်ပင်စိုက်ပညာ။

သို့သော် ကြင်နာနားလည်စိတ်ရှိသည့် နတ်မယ်တစ်ယောက်ဖြစ်၍ စိတ်ဓာတ်ကျအောင် သူမပြောပါ"

"ရပါတယ်။ ငါ့မှာ ရှေးဟောင်းချီကျင့်ကြံပညာရှိတယ်။ မိုးမြေရဲ့ စွမ်းအင်သန္ဓေတွေ စုစည်းတယ်။ မနက်ပိုင်း ညနေပိုင်း အရောင်အဝါတွေကို စုပ်ယူတယ်။ သန့်စင်နိုင်မယ်ဆိုရင် အသက်ရှည်ပြီး အရွယ်တင်နုပျိုစေတယ်။ ချီသန့်စင်အဆင့်ဆိုတာ အဲဒီ့ရှေးဟောင်းချီကျင့်ကြံမှုပညာကနေ ဆင်းသက်လာတာ။

ကိုးဆမသေမျိုးက ပထမဆုံးမသေမျိုးအဖြစ် သက်သေပြဖို့ကြိုးစားတဲ့အချိန်မှာ ရှေးကျမ်းစာတွေ အများကြီးဖတ်တယ်။ ရှေးဟောင်းချီကျင့်ကြံမှုပညာအကြောင်းလည်း သူဖတ်ဖြစ်တယ်။ မသေမျိုးနည်းလမ်းတစ်ချို့သုံးပြီး ဒီပညာကို ဆန်းစစ်ကြည့်တယ်။ အဆုံးစွန်ထိ လေ့ကျင့်နိုင်ရင် အရမ်းစွမ်းအားကြီးတဲ့ ခရမ်းချီစါမ်းအင်ကို ကျင့်ကြံနိုင်တယ်တဲ့။ ဒါပေမယ့် စာတွေ့ပဲသိတာ။ ဘယ်သူမှ တကယ်လေ့ကျင့်နိုင်တာမတွေ့ဖူးဘူး"

လုယန်ခေါင်းခါသည်။

"ဒီပညာတော့ အဆင်မပြေဘူး။ ကိုးငရဲဂိုဏ်းရှေ့မှာ သရုပ်ပြခွင့်ရှိမှာမဟုတ်ဘူး။ သူတို့ကလည်း ဒါကို ရှေးဟောင်းချီကျင့်ကြံမှုပညာဟုတ်မဟုတ် သိမယ်မထထင်ဘူး"

"နဂါးအသွင်ပြောင်းပညာဆိုရင်ရော ဘယ်လိုလဲ။ နဂါးမျိုးနွယ်က ရုပ်ခန္ဓာ မယုံနိုင်လောက်အောင် သန်မာတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နဂါးလိုအသွင်ပြောင်းပြီး နဂါးစွမ်းအားတစ်ချို့ရအောင် ကူညီပေးနိုင်တယ်။ လေနဲ့မိုးကို ဆင့်ခေါ်ထာမျိုး၊ မြစ်နဲ့ပင်လယ်ကို ထိန်းချုပ်တာမျိုးပေါ့။

ယင်ထန်မသေမျိုးက နဂါးအသွင်ပြောင်းပညာကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်။ နဂါးအဖြစ် အပြည့်အဝအသွင်ပြောင်းနိုင်တယ်။ နဂါးမျိုးနွယ်ကတောင် သူ့ကို "ယင်နဂါး"လို့ ခေါ်ကြတယ်"

လုယန် မျက်လုံးများ အရောင်လက်လာသည်။

"ဒီပညာကကောင်းသားပဲ။ ကျုပ်ဘယ်လိုသင်ရမှာလဲ"

"အင်း...အရင်ဆုံး နဂါးသွေးထဲမှာ သုံးရက်စိမ်ရတယ်။ ယင်ထန်မသေမျိုးလို ခန္ဓာကိုယ်ပွယောင်းလာနိုင်ပေမယ့် ငါ့လမ်းညွှန်မှုနဲ့ဆို ပြဿနာမရှိနိုင်ပါဘူး။ ဒါပေမယ့် နင့်တို့ခေတ်မှာက နးါးသွေးရှာရခက်တယ်မဟုတ်လား"

ရှေးဟောင်းခေတ်တွင်၊ နဂါးသွေးရလိုလျှင် နဂါးမျိုးနွယ်ထံမှ အင်အားသုံးပြီးအတင်းတောင်းနိုင်သည်။ သို့မဟုတ် သင်းကွဲနဂါးတစ်ကောင်ကို သတ်နိုင်သည်။ သို့မဟုတ် ယင်ထန်မသေမျိုးလို နဂါးမျိုးနွယ်၏ ထောက်ခံချက်ရထားလျှင် ရင်းနှီးမြှုပ်နှံချင်လာလိမ့်မည်။‌

"ကျုပ်တို့မှာ နဂါးသွေးရှိပါတယ်"

တာအိုလမ်းစဉ်ဂိုဏ်းသည် နဂါးသွေး ဖီးနစ်သွေး မရှားပါးပါ။ သို့သော် သူတို့မနက်ဖြန် ခရီးထွက်ကျတော့မည်။ နဂါးသွေးထဲတွင် စိမ်နေချိန်မရ။ နောက်ထပ်သုံးရက်လောက်တော့ အားလပ်ဦးမည်မဟုတ်။

နတ်မယ်ကလည်း ယင်ထန်မသေမျိုးလို ဖြစ်လာနိုင်ခြေရှိကြောင်းသာ ပြောခြင်းဖြစ်သည်။

"တစ်ခြားပညာရပ်မျိုးရှိသေးလား"

"ထောင်ထျဲမျိုးနွယ်ရဲ့ ကောင်းကင်မျိုမြေစားပညာဆိုရင်ရော ဘယ်လိုလဲ"

လုယန် အံ့အားသင့်သွားသည်။ ထောင်ထျဲမျိုးနွယ်၏ ကောင်းကင်မျိုမြေစားပညာသည် နာမည်ကျော်ကြားသည်။ သူကျင့်ကြံမှုမစမီက ပုံပြောဆရာများထံမှ ထိုပညာအကြောင်း ကြားဖူးသည်။

ဝိညာဉ်များ၊ ဝိညာဉ်စွမ်းအင်၊ နေ၊ လ၊ ကြယ်တာရာ၊ လေဟာနယ်နှင့် လောကတွင်ရှိသမျှ အရာအားလုံးကို စားသေက်နိုင်သည်ဟု ပြောကြသည်။

ထိုပညာကိုသင်ယူနိုင်လျှင် တကယ်အကျိုးရှိလာလိမ့်မည်။

"ဒါပေမယ့် ဒီပညာက ထောင်ထျဲမျိုးနွယ်တွေပဲ သင်နိုင်တဲ့ ဗီဇစွမ်းရည်ပညာရပ်မျိုးမဟုတ်လား။ ကျုပ်လည်း သင်လို့ရတယ်ပေါ့"

ထာဝရနတ်မယ်က ခါတိုင်းကဲ့သို့ပင် ယုံကြည်မှုအပြည့်ဖြင့် ရင်ဘတ်ကိုပုတ်၍ပြောသည်။

"ငါလမ်းညွှန်ပေးရင် နင်မသင်နိုင်စရာ ဘာအကြောင်းရှိလို့လဲ"

"ဒါဆိုကျုပ် ဒီပညာသင်မယ်"

လုယန်ဆုံးဖြတ်လိုက်သည်။ ပညာရပ်အသစ်တစ်ခု သင်နိုင်တော့မည်ဖြစ်၍ သူပျော်ရွှင်နေသည်။

ကောင်းကင်ဂိတ်တောင်ထိတ်မီးဖိုချောင်နှင့် အတော်ဝေးသည့်နေရာတွင် နေရာလွတ်တစ်ခု လုယန်တွေ့သည်။ နတ်မယ်က သူ့ကိုသင်ပေးရန် ထွက်လာသည်။

"ကောင်းကင်မျိုမြေစားပညာသင်ဖို့ အရေးအကြီးဆုံးအချက်က စားချင်တဲ့ဆန္ဒရှိဖို့ပဲ။ ဒါအခြေခံအကျဆုံးအချက်ပဲ။ ထောင်ထျဲမျိုးနွယ်က ဘာလို့စားသောက်တဲ့နေရာမှာ တော်တာလဲ။ သူတို့စားသောက်လိုတဲ့ဆန္ဒက ထိန်းချုပ်လို့မရအောင် ဗီဇစိတ်အတိုင်း ဖြစ်နေလို့ပေါ့။

နင့်မျက်လုံးကိုမှိန်ပြီး အရမ်းဗိုက်ဆာနေတယ် စားသောက်ချင်နေတယ်လို့ စိတ်သွင်းထားပါ"

လုယန် လမ်းညွှန်ချက်အတိုင်း လုပ်သည်။ ဝမ်းဗလာဖြစ်နေသည့် သေမျိုးတစ်ယောက်လို စိတ်ကူးယဉ်ကြည့်သည်။ ဆာလောင်လွန်းသဖြင့် သွားရေယိုနေသည်ဟု ဈာန်သွင်းထားသည်။

သူ့ရှေ့တွင် အရသာရှိသည့် ခရမ်းချဉ်သီးကြက်ဥမွှေကြော်တစ်ပန်းကန်ရှိနေသည်ဟု စိတ်ကူးကြည့်သည်။

ဗိုက်ဆာနေသည့်စိတ် လုံးဝပျောက်သွားသည်။

သူမျက်လုံးဖွင့်လိုက်သည်။ နတ်မယ်က ခေါင်းစောင်းကြည့်၍ အရိုးခံလေသံဖြင့်မေးသည်။

"ဘာဖြစ်တာလဲ"

"...ဘာမှမဟုတ်ပါဘူး။ အတွေးနည်းနည်းလွတ်သွားလို့ပါ။ ထပ်ပြီးစိတ်ကူးယဉ်ကြည့်မယ်"

မွှေကြော်အကြောင်း စိတ်ထဲမှထုတ်၍ တစ်ခြားသွားရေယိုစရာဟင်းလျာများနှင့် အစားထိုးသည်။

နီရဲနူးညံ့၍ အဆီဝေ့နေသည့် ဝက်ခြေထောက်ကြော်၊ မြစ်ခရုချဉ်စပ်၊ ငရုတ်မှုန့်ထည့်ထားသည့် ဆီပြန်ခေါက်ဆွဲ။

လုယန် တကယ်ဗိုက်ဆာလာပြီး သွားရည်ကျနေသည်။

နတ်မယ်၏ စကားသံက အချိန်ကိုက် ပေါ်လာသည်။

"ငါရွတ်ဆိုတဲ့ မန္တာန်ကို လိုက်မှတ်ပါ။ အလွတ်မကျက်နဲ့။ နားလည်အောင်ကြိုးစား။ လေးနက်တဲ့အဓိပ္ပါယ်ကိုတွေးပါ"

ထို့နောက် နားလည်ရခက်သည့် ရှေးဟောင်းဘာသာစကားသံ ပေါ်လာသည်။

လုယန်၏ ဆာလောင်စိတ်နှင့် မန္တာန်က ကွက်တိကျနေ၍လားတော့မသိ။ အပြည့်အဝနားမလည်သော်လည်း နားလည်ဖို့မခက်ဟု ထင်မိသည်။

မွန့်တည့်ချိန်မှ ညနေမိုးချုပ်ချိန်ထိ ဆာလောင်စိတ်ကို ထိန်းထားပြီး မန္တာန်ကို နားလည်အောင် ကြိုးစားသည်။ တဖြေးဖြေး အကျွမ်းတဝင်ရှိလာသည်။ မန္တာန်အဓိပ္ပါယ်ကို နားလည်လာပြီဟု ခံစားရသည်။ စားသောက်လိုစိတ်ကို ညွှန်းဆိုခြင်းဖြစ်သည်။

နောက်တစ်ကြိမ် သူမျက်လုံးဖွင့်လိုက်သည်။ မန္တာန်က သူ့စိတ်တွင် ပဲ့တင်ထပ်နေသည်။ ခြေထောက်အောက်မှမြေပြင်ကို ငုံ့ကြည့်သည်။ ဆန္ဒတစ်ခု ပေါ်လာသည်။

မြေကြီးကို သူစားချင်နေသည်။

"မဟုတ်သေးဘူး၊ ငါဘာလို့ မြေကြီးကိုစားချင်စိတ်ပေါ်လာတာလဲ"

တစ်ခုခုမူမမှန်ကြောင်း သူသတိထားမိလိုက်သည်။

နတ်မယ်က မြေပြင်တွင်ဘေးတစ်စောင်းလှဲ၍ မျက်နှာကို လက်တစ်ဘက်ထောက်ထားရင်း ကြေညာသည်။

"ဂုဏ်ယူပါတယ်။ မြေစားပညာကို နင်တတ်သွားပြီ"

*****************************************

All Chapters