← Chapters

ချီလင်မသေမျိုးဆေးမြစ်၏ မူလဇစ်မြစ်

Vol. 22 Ch. 322

ချီလင်မသေမျိုးဆေးမြစ်၏ မူလဇစ်မြစ်

Vol. 22 Ch. 322

"လူသားတွေ ဘယ်အချိန်ကတည်းကများ မြေကြီးကို ကျင့်ကြံဖို့ သုံးခဲ့တာလဲ'

ဂျင်ဆင်းဘုရင် အံ့အားသင့်သွားသည်။ မြေကြီးလိုအပ်၍ ရောက်လာသည့်ကျင့်ကြံသူမျိုးကို သူတစ်ခါမှမမြင်ဖူး။ မြေဓာတ်မှော်ပညာအလေးပေးလေ့ကျင့်သူများပင် မလာဖူး။

ဆေးစိုက်ခင်းတွင် လိုအပ်ချက်များစွာရှိသော်လည်း မြေကြီးတော့ မရှားပါ။ အထူးသဖြင့် ဤဆေးဘုရင်လေးများအတွက် မြေကြီးကို ငွေဖြင့်ပင်ဝယ်စရာမလို။

"ခဏစောင့်ပါ"

ဂျင်ဆင်းဘုရင် သစ်သားတဲ့အိမ်ထဲသို့ ပြေးဝင်သွားသည်။ ရှာဖွေမွှေနှောက်နေသံများ ကြားရသည်။ ဂေါ်ပြားလေးလက်ကိုင်၍ ပြန်ထွက်လာသည်။

"ရှားပါးမြေဆီတစ်ချို့ သွားတူးပြီး လုယန်နဲ့အသုံးတည့်မလားကြည့်ရအောင်"

ကျန်ဆေးဘုရင်သုံးယောက်ကို ဂေါ်ပြားတစ်လက်စီခွဲပေးသည်။

ဆေးဘုရင်လေးယောက် လူခွဲ၍ထွက်သွားသည်။ မြင်ကွင်းမှချက်ချင်းပျောက်သွားသည်။ ဉာဏ်အလင်းသစ်ပင်၊ လုယန်နှင့် ထာဝရနတ်မယ်သာကျန်ရစ်ခဲ့သည်။

နတ်မယ်က အရင်ဆုံးရောက်လာသည်။ သူ့အမြစ်များဖြင့် အနက်ရောင်မြေကြီးတစ်ချို့ ပိုက်ထားသည်။

"ရော့..ဒါက မြေဆီနက်ပဲ။ မင်းအဆင်ပြေမလား"

ထိုမြေဆီမျိုးကို လုယန်မကြာခဏကြားဖူးသည်။ ဘယ်ဝိညာဉ်ပင်မဆို ရှင်သန်နိုင်သည်ဟု ဆိုကြသည်။ မျက်လုံးပြာကျွဲများ စိုက်ပျိုးသည့် လယ်ယာများသည် ထိုမြေဆီနက်မျိုးဖြစ်သည်။

"ဒါက အပြင်လောကမှာ မင်းမြင်ဖူးတဲ့ မြေဆီနက်မျိုးမဟုတ်ဘူး။ မြေဆီနက်ရဲ့ မူလရင်းမြစ်ပဲ။ စိုက်ပျိုးရေးတွက်သုံးတယ်။ ဘေးပတ်လည်ကမြေဆီအရည်အသွေးကိုလည်း တိုးတက်စေတယ်။ မြေဆီနက်အဖြစ် ပြောင်းလဲပေးနိုင်တယ်။

အပြင်မှာ မင်းတွေ့ရတဲ့ မြေဆီနက်တွေက ဒီမြေဆီကနေ ပွားလာတာတွေပဲ။ အဲဒီ့မြေပွားတွေက သုံးစွဲနိုင်တဲ့အကန့်သတ်နဲ့ အချိန်အကန့်အသတ်ရှိတယ်။ လေးငါးကြိမ်သုံးပြီးရင် မြေဆီမြေနှစ်ကုန်သွားတယ်။ ဒီနေရာကမြေဆီကမှ မြေဆီနက်အစစ်ပဲ။ ဘယ်တော့မှ မပြောင်းလဲဘူး"

ဆေးဘုရင်းများအကြိုက်ဆုံးမြေဆီကို ဂျင်ဆင်းဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်ပေးသည်။

"အံ့ဩစရာပဲ"

လုယန် မြေကြီးလက်တစ်ဆုပ်ကိုင်၍ ပါးစပ်ထဲထိုးထည့်ပြီး မျိုချလိုက်သည်။

ဂျင်ဆင်းဘုရင်နှင့် ဉာဏ်အလင်းသစ်ပင်တို့ မင်သက်မိသွားကြသည်။ မြေဆီကို ကျင့်ကြံဖို့အတွက် လုယန်ဘယ်လိုသုံးမလဲ သိချင်နေခဲ့ကြသည်။ ယခု တိုက်ရိုက်စားလိုက်သည်ကိုသာ မြင်ရသည်။

"ဘယ်လိုလဲ၊ နင်ဘယ်လိုခံစားရလဲ"

နတ်မယ် စိတ်အားထက်သန်စွာမေးသည်။

လုယန် နှုတ်ခမ်းတစ်ချက်သပ်လျက် အရသာခံနေသည်။

"ဘာမှမထူးခြားဘူး။ မတိုးတက်ဘူး။ ကျုပ်ကိုယ်ထဲက ဝိညာဉ်စွမ်းအင်လည်ပတ်တဲ့နှုန်း မပြောင်းလဲဘူး။ စွမ်းအားတိုးမလာဘူး။ ပေါ့ပါးသွက်လက်မှုလည်း တိုးမလာဘူး။ ဝိညာဉ်အာရုံအစွမ်းလည်း ပြောင်းလဲမသွားဘူး"

"နည်းသေးလို့ဖြစ်မယ်။ ထပ်စားကြည့်ပါလား"

နတ်မယ်က အကြံပြုသည်။

ဖြစ်နိုင်သည်ဟု လုယန်တွေးလိုက်သည်။ ဂျင်ဆင်းဘုရင်ယူလာသည့် မြေဆီနက်အားလုံး စားလိုက်သည်။ သူ့ကျင့်စဉ်ပညာကို တစ်ကြိမ်လည်ပတ်ကြည့်သည်။

"မပြောင်းလဲသေးဘူး"

နတ်မယ် အလေးအနက် စဉ်းစားသုံးသပ်သည်။

"မြေဆီနက်ရဲ့အာနိသင်က ဗီဇစွမ်းရည် တိုးတက်ဖို့ပဲ။ ဥပမာ တြိဝိညာဉ်မြစ်ပိုင်ရှင်ဆိုရင် ဒွိဝိညာဉ်မြစ်ဖြစ်လာတယ်။ ဒွိဝိညာဉ်မြစ်ဆိုရင် ဧကဝိညာဉ်မြစ်ဖြစ်လာတယ်။ နင်က ဧကဝိညာဉ်မြစ်ရှိနေပြီးသားလူမို့ ဆက်တိုးတက်စရာမရှိတော့လို့ဖြစ်မယ်"

လုယန် နတ်မယ်ကို သံသယမျက်လုံးဖြင့်ကြည့်သည်။

"နတ်မယ်၊ ခင်ဗျား ဒါမျိုးတစ်ခါမှ မစားဖူးဘူးလား"

"နင်ဘယ်လိုစကားပြောလိုက်တာလဲ။ ရှေးဟောင်းခေတ်ရဲ့ ထိပ်တန်းဆယ်ယောက်စာရင်းဝင်အလှပိုင်ရှင်အနေနဲ့ ငါကဘာလို့ မြေကြီးစားရမှာလဲ။

ပြီးတော့ ဒီပညာလေ့လာတဲ့အချိန်မှာ မသေမျိုးဖြစ်နေပြီ။ ငါ့ကျင့်ကြံမှုရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ။ ဘာလို့ မြေကြီးစားဖို့လိုမှာလဲ"

"ခဏလေးနေပါဦး။ ရှေးဟောင်းခေတ်အလှပိုင်ရှင်ဆယ်ယောက်ဆိုတာ ဘယ်ကပေါ်လာတာလဲ။ ဒီလိုအဆင့်ခွဲတာမျိုး ကျုပ်တစ်ခါမှမကြားဖူးပါဘူး"

"ငါက ရှေးဟောင်းခေတ်မှာ အလှဆုံးပဲမဟုတ်လား"

နတ်မယ်၏ အပြစ်အနာအဆာကင်းသည့်မျက်နှာကိုကြည့်၍ လုယန်ခေါင်းငြိမ့်လိုက်သည်။

"ပထမဆိုတာရှိရင် ဆယ်ယောက်မြောက်ဆိုတာလဲ ရှိမှာပဲမဟုတ်လား"

လုယန် ခေါင်းငြိမ့်သည်။

"ထိပ်တန်းဆယ်ယောက်က ဘယ်သူတွေလဲ ငါမသိပေမယ့် ဆယ်ယောက်မြောက်ဆိုတာရှိရင် ထိပ်တန်းဆယ်ယောက်ဆိုတာ ရှိမှာပဲလေ"

"ဒါဆိုခင်ဗျား ဖန်တီးထားတဲ့စကားပေါ့"

"ဒါက ဖန်တီးထားတယ်လို့ ခေါ်လို့မရဘူးလေ။ ရှိကိုရှိရမယ့်ဟာကို ငါပြောနေတာ။ ပြီးတော့ ထိပ်တန်းဆယ်ယောက်ထဲမှာ သုံးယောက်ကိုတော့ သေချာသိတယ်။ ချီလင်မသေမျိုးရဲ့မိန်းမနှစ်ယောက်နဲ့ ငါ့ရဲ့အယုံကြည်ရဆုံးနောက်လိုက် ချင်ဟဲပဲ"

"ချီလင်မသေမျိုးလား"

ထိုအချိန်တွင် ချီလင်ဆေးဘုရင်က နောက်ထပ်မြေဆီတစ်မျိုးသယ်၍ ရောက်လာသည်။ နတ်မယ်စကားကို တိုက်တိုက်ဆိုင်ဆိုင် ကြားသွားသည်။

"နတ်မယ်၊ ခင်ဗျားပြောတဲ့ချီလင်ဆိုတာ...ကျုပ်နဲ့တစ်ခုခုပတ်သက်နေလား"

စိတ်ဂဏာမငြိမ်ဖြစ်နေသည့် ချီလင်ဆေးဘုရင်ကိုကြည့်၍ ဂျင်ဆင်းဘုရင်ပြောသည့် ကောလဟာလတစ်ခု လုယန်ပြန်သတိရလာသည်။ လောကတွင် ချီလင်အစစ်မရှိဟု ဆိုကြသည်။ ချီလင်ဟု မြင်ကြသည့်အရာများသည် အမှန်တော့ ချီလင်မသေမျိုးဆေးပင်များဖြစ်သည်။

ဆေးဘုရင်များကိုယ်တိုင်လည်း ချီလင်အစစ်ရှိမရှိ မသိကြ။

လုယန်လည်း နတ်မယ်ပြောသည့် ချီလင်မသေမျိုးအကြောင်း ကြားပြီးမှ ထိုကိစ္စကို အတည်ပြုနိုင်ခဲ့သည်။

သာမန်အကြောင်းအရာဟု သူယူဆသည့် ဤအကြောင်းအရာကို စုစည်းခြင်းအဆင့်များပင် သိပ်မသိကြ။ သက်တမ်းရှည်လျားသည့် ဆေးဘုရင်လေးများလည်း မသိကြ။

နတ်မယ်သည် သူ့အတွက် အမှန်တကယ် အဖိုးတန်ရွှေလက်ချောင်များလားမသိ။

"ချီလင်မသေမျိုးဟာ လောကမှာ တစ်ယောက်တည်းပဲရှိတယ်။ နတ်ဆိုးမျိုးနွယ်ထဲက တစ်ဦးတည်းသော မသေမျိုးပင်။ နင်တို့ချီလင်ဆေးပင်တွေဆိုတာက..."

"ကျုပ်တို့က ဘယ်လိုဖြစ်တည်လာတာလဲ'

ချီလင်ဆေးဘုရင် သိချင်စိတ်ကို မထိန်းနိုင်တော့။

"ချီလင်မသေမျိုးရဲ့သွေးက ဝိညာဉ်ပင်တစ်ခုအပေါ်ကို ကျသွားတယ်။ မသေမျိုးသွေးစွမ်းအင်လွှမ်းမိုးမှုကြောင့် အဲဒီအပင်က ချီလင်ပုံစံကိုပြောင်းသွားခဲ့တာ"

သူ့အဆင့်အတန်း မြင့်မားလာသလို ချီလင်ဆေးဘုရင်ခံစားလိုက်ရပြီး ရင်ကော့၍ ရပ်နေသည်။

လုယန်က အံ့အားသင့်သွားသည်။

"မသေမျိုးဖြစ်ပြီးတာတောင် ချီလင်က ဒဏ်ရာရခဲ့သေးတယ်ပေါ့။ သူ့ရန်သူက ဘယ်သူလဲ"

မသေမျိုးများကို ခြိမ်းခြောက်နိုင်သည့် ကြောက်စရာဖြစ်တည်မှုများ ရှေးဟောင်းခေတ်က ရှိခဲ့လေသလားမသိ။ သူ့ကျင့်စဉ်အဆင့်နိမ့်သေး၍ နတ်မယ်က စိုးရိမ်သဖြင့် မပြောပြခဲ့ခြင်းလားမသိ။

နတ်မယ်က ထောက်ထားညှာတာစိတ်ရှိသည်။ သို့သော်ယခု လုယန်စိတ်ထဲ သဲလွန်စတစ်ခု ရလာပြီဖြစ်သည်။

မသိသလိုဟန်ဆောင်သင့်သလား ဆက်မေးရမလား မသိတော့။

ထာဝရနတ်မယ်လည်း ထိုကိစ္စကို တွေးရခက်နေသည်။

"အဲဒီ့တုန်းက ငါအဲဒီ့နေရာမှာမရှိခဲ့တော့ အသေးစိတ်မသိဘူး။ ချီလင်မသေမျိုး လက်ထပ်တဲ့အချိန်မှာ ယင်ထန်တို့သုံးယောက်က သူ့ကိုတိုက်ခိုက်ကြတယ်တဲ့။ ချီလင်မသေမျိုး သွေးအတော်ထွက်သွားတယ်ပြောတယ်။ ဒီလိုပျော်စရာကောင်းတဲ့နေ့မျိုးမှာ ဘာလို့တိုက်ခိုက်ကြလဲဆိုတာ ငါနားမလည်ဘူး။ မင်္ဂလာနေ့မှာ စနောက်ကြတာလည်း ဖြစ်နိုင်တယ်"

လုယန် - "..."

'နတ်မယ်၊ အဲဒီ့လက်ထပ်ပွဲကို မသေမျိုးသစ်သီးနဲ့ ခင်ဗျားပြဿနာစရှာခဲ့လို့ ခင်ဗျားဟင်းချက်ပညာသင်ထားတဲ့ နဂါးနဲ့ဖီးနစ်ပါရမီရှင်သတို့သမီးနှစ်ယောက် ဟင်းချက်ပြိုင်ခဲ့ကြတာမဟုတ်လား။ ယင်ထန်တို့သုံးယောက် ဒိုင်လူကြီးတွေလေ။ နောက်တော့ သူတို့ကို ပြဿနာထဲတွန်းပို့တာ ချီလင်မသေမျိုးပဲလို့ယူဆပြီး ပညာပေးကြတာမဟုတ်လား'

ချီလင်ဆေးပင်ပေါ်လာရသည့်အကြောင်းရင်းက ဤသို့ဖြစ်နေသည်။

ဆေးစိုက်ခင်းထဲမှ ချီလင်ဆေးဘုရင်သည် ထိုပထမချီလင်ပင်၏ မျိုးဆက်ဖြစ်သည်။

"မသေမျိုးတိုက်ပွဲတဲ့လား"

ဉာဏ်အလင်းသစ်ပင်နှင့် ဂျင်ဆင်းဘုရင်တို့ အံ့အားသင့်နေသည်။ ရှေးဟောင်းခေတ်မှာပင် မသေမျိုးဖြစ်ရုံဖြင့် အန္တရာယ်မကင်းနိုင်ကြောင်း နားလည်သွားကြသည်။

နတ်မယ်ပြောစကားကို အခြေခံ၍ ဇာတ်လမ်းကို သူတို့ဖြည့်တွေးကြည့်သည်။

ချီလင်မသေမျိုး လက်ထပ်ပွဲကျင်းပသည်။ နတ်ဆိုးတစ်သောင်း အရိုအသေပေးဖို့ရောက်လာသည်။ ပျော်စရာအခါသမယတွင် ပြိုင်ဘက်မသေမျိုးသုံးယောက်က ချီလင်မသေမျိုးကို ရန်စသည်။ ချစ်ဇနီးများနှင့် ဂုဏ်သိက္ခာအတွက် ချီလင်မသေမျိုး ဒေါသထွက်ပြီး မကြောက်မရွံ့ ပြန်တိုက်ခိုက်သည်။ မသေမျိုးစွမ်းအားကို ကိုင်စွဲ၍ ခေတ်အဆက်ဆက်တုန်လှုပ်ခြောက်ခြားစေခဲ့သည့် လောကတိုက်ပွဲကြီးတစ်ခု ဖြစ်လာသည်။

ဤတိုက်ပွဲသည် နတ်ဆိုးမျိုးနွယ်မှ တစ်ဦးတည်သောမသေမျိုးဟူသည့် သူ့ဂုဏ်သိက္ခာကို ကာကွယ်ခြင်းဖြစ်သည်။

ထိုမသေမျိုး သွေးထွက်သံယိုဖြစ်ခဲ့သည်ဆိုလျှင် တိုက်ပွဲမည်မျှကြမ်းတမ်းခဲ့ကြောင်း သိသာနေသည်။

မသေမျိုးများ၏ တိုက်ပွဲအစစ်ဖြစ်သည်။

နတ်မယ်က ဆေးဘုရင်များကို အပြင်လူဟု သဘောမထား။ ရှေးဟောင်းလျှို့ဝှက်ချက်များကို စကားတစ်ခွန်းတည်းဖြင့် ပြောပြခဲ့သည်။

ဆေးဘုရင်များ လုယန်ကို လှည့်ကြည့်ကြသည်။

နတ်မယ်ဘေးတွင်နေသည့် ဤလူငယ်သည် ရှေးဟောင်းခေတ်၏ ကြမ်းတမ်းရက်စက်သည့် ပဋိပက္ခများအကြောင်း များစွာကြားဖူးထားပြီးဖြစ်မည်။

ရှေးဟောင်းလျှို့ဝှက်ချက် ဘယ်လောက်များများ သိထားသည်မသိ။

All Chapters